Hlaing Info
54.5K subscribers
141K photos
5.87K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံ ပြည်သူတွေကို သောက်သုံးရေ လှူဒါန်း

ဒီဇင်ဘာလ ၂ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာခရိုင်မှာ ရေးကြီးမှုဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနက သောက်သုံးရေလှုဒါန်းမှုတွေ ပြုလုပ်ခဲ့ တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဆုန်ခလာခရိုင်အတွင်း ရေးကြီးမှုဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက လိုအပ်ချက်တွေ ဖြည့်ဆည်းကူညီပေးတာနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွင်း သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်မှုက အရေးပါတဲ့ လိုအပ်ချက်ဖြစ်တာ ကြောင့် သန့်ရှင်းသော သောက်သုံးရေတွေကို ကူညီထောက်ပံ့ခဲ့တယ်လို့ အသိပေးထုတ်ပြန်ခဲ့တာပါ။

ရေကြီးမှုဖြစ်ပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ ဝမ်းပျက်၊ ဝမ်းလျောရောဂါနဲ့ သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

သောက်သုံးရေသန့်လိုအပ်နေတဲ့ ဒေသခံပြည်သူတွေထံကို ထောက်ပံ့ပေးနိုင်ရန် စေတနာ ထက်သန်စွာဖြင့် ကူညီပေးခဲ့တဲ့ အလှူရှင်နဲ့ လူမှုအဖွဲ့အစည်း အားလုံးကိုလည်း ဝန်ကြီးဌာနအနေနဲ့ ကျေးဇူးအထူးတင်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
45👍14😁3🥰2👏2
မြ၀တီကျားဖြန့်တွင် ပါဝင်ပတ်သက်သည့် တရုတ် ၁၂၀၈ ဦးထဲမှ ပထမအသုတ် အယောက် ၃၀၀ ကို မဲဆောက်လေဆိပ်မှ တရုတ်သို့ ပြန်ပို့

ဒီဇင်ဘာလ ၂ ရက်

မြန်မာနိုင်ငံ မြ၀တီမြို့ရှိ ကျားဖြန့်လုပ်ငန်းများကို အောက်တိုဘာလတွင်း စတင်နှိမ်နင်းရာ KK Park နှင့် ရွှေကုက္ကိုလ်ကျားဖြန့်စင်တာများမှ သောင်ရင်းမြစ်ဖြတ်ကူးလာသည့် ကျားဖြန့်နှင့်ပတ်သက်သော တရုတ်နိုင်ငံသား ၁၂၀၈ ယောက်ထဲမှ ပထမအသုတ် အယောက် ၃၀၀ ကို ဒီဇင်ဘာ ၁ ရက်တွင် ထိုင်း လ၀ကနှင့် အာဏာပိုင်များက မဲဆောက်လေဆိပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အဆိုပါ အယောက် ၃၀၀ ကို လေယာဉ်ပေါ် မပို့ဆောင်မီ မှတ်ပုံတင်အချက်အလက် စစ်ဆေးခြင်း၊ ခန္ဓာကိုယ် ရှာဖွေခြင်းများ ပူးပေါင်းလုပ်ဆောင် ပြီးမှ လုံခြုံရေးတင်ကြပ်စွာဖြင့် ခေါ်ဆောင်လာကာ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်သူ ၁၂၀၈ ယောက်ရှိသည့်အတွက် ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ဒီဇင်ဘာ ၄ ရက်အထိ လေကြောင်းခရီးစဉ် ၆ ခု ပြေးဆွဲပြီး တရုတ်သို့ ပြန်ပို့သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

မြန်မာစစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းခဲ့သည်ဟု ထုတ်ပြန်သော်လည်း ခိုင်မာသော သတင်းရင်းမြစ်များအရ ကျားဖြန့် ခေါင်းဆောင်များသည် နေရာ ရွှေ့ပြောင်းကာ ဒုစရိုက်နယ်မြေသစ်များတွင် ဆက်လက်လုပ်ကိုင်နေသည်ဟု သိရှိရသည်။ ရွှေကုက္ကိုလ် မြို့သစ်ကျားဖြန့်စင်တာများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ပြီး ၆ ရက်ကြာ နှိမ်နင်းမှုတွင် ပြည်ပသား ၁၇၄၆ ယောက် ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။

ထိုင်းအာဏာပိုင်များက တရုတ်ကျားဖြန့်ပတ်သက်သူများအားလုံးကို စစ်ဆေးမှုများ ပြုလုပ်ပြီးသဖြင့် ဦးစွာ နိုင်ငံပြန်ပို့ခြင်းဖြစ်ကာ တရုတ်များပို့အပြီးတွင် နိုင်ငံစုံမှ ကျားဖြန့် လုပ်သားများကို ထပ်မံပို့ ဆောင်ရန် စီစဉ်ထားသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Ref: Khaosod
#MKN
#HlaingInfo
😁567👍3🔥1
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ အပတ်စဥ် (၅) စစ်သင်တန်းဆင်းပွဲ

ဒီဇင်ဘာလ ၂ ရက်

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို အညာမြေဒေသ တနေရာမှာ ပြုလုပ်ခဲ့ပြီး BLDF ရဲဘော်တွေအနေနဲ့ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခက်အခဲမျိုးစုံ၊ လိုအပ်ချက်မျိုးစုံကြားကနေ အခုလို ကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းကို ပြီးမြောက်အောင် ဖြတ်သန်းနိုင်တဲ့ ရဲဘော်တွေအတွက် ဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - BLDF
#မောင်း
#HlaingInfo
53👍18🥰3😁2🔥1
မုံရွာမှာ အသက် ၈၀ ကျော် အဘွားနဲ့ မြေးဖြစ်သူတို့ ပြန်ပေးဆွဲဖမ်းဆီးခံရ၊

▪️စစ်အုပ်စု ကြီးစိုးထားတဲ့ မုံရွာမြို့မှာ ပြန်ပေးဆွဲ၊ ပေါ်တာဆွဲ၊ လုယက်၊ ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေ၊

ဒီဇင်ဘာလ ၂ ရက်

အာဏာသိမ်း စစ်အုပ်စု ကြီးစိုးလွှမ်းမိုးထားတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ ယမန်နေ့က အသက် ၈၀ ကျော်အဖွားနဲ့ မြေးဖြစ်သူတို့ ပြန်ပေးဆွဲဖမ်းဆီးခံရပြီး ကျပ်သိန်း ၂၅၀၀ နဲ့ ပြန်လာရွေးဖို့ ခြိမ်းခြောက် စာပို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းအချိန် မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားတစ်ဦးနဲ့ မြေးဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသမီးတို့ကို လက်နက်ကိုင် လူတစ်စုက  သေနတ်နဲ့ထောက်ကာ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ ရပ်ကွက်အနီးမှာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု အထိုင်ချတပ်စွဲ ဂိတ်ဖွင့်ထားတဲ့ မုံရွာပညာရေးကောလိပ်ရှိပြီး အိမ်စီးကားနဲ့ လာတဲ့ လက်နက်ကိုင်တစ်စုက အဲ့ဒီ စစ်အုပ်စု ဂိတ်အနီးက နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် မြေးအဘွားနှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"အဘွားကြီးက အသက် ၈၀ ကျော်ပြီ၊ မြေးမလေးက ၂၀ ကျော်ပဲ ရှိသေးတာ၊အိမ်မှာ သူတို့ပဲ ရှိတဲ့အချိန် ၀င်ဖမ်းသွားတာ၊ သေနတ်ပြပြီး ခေါ်သွားတာ၊ အိမ်စီးကား နှစ်စီးနဲ့ လူ ငါးယောက်က"

ပြန်ပေးဆွဲဖမ်းဆီးခံရသူတွေဟာ လုပ်ငန်းရှင်မိသားစုတွေ မဟုတ်ဘဲ သာမန်တောင်သူ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသွားပြီး ညပိုင်းမှာ မိသားစု၀င်တစ်ဦးဆီကို ဖုန်းကနေမက်ဆေ့ပို့ပြီး သိန်း၂၅၀၀ နဲ့ ရွေးဖို့ အကြောင်းကြားလာတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

"ဖမ်းသွားတဲ့အချိန် ဖုန်းတွေလည်း ယူသွားတယ်၊ အဲ့ဒီဖုန်းနဲ့ပဲ အဘွားကြီးရဲ့ သမီး၊ ကောင်မလေးရဲ့ မအေဆီကို မက်ဆေ့ပို့လာတာ၊ သိန်း ၂၅၀၀ နဲ့ရွေးဖို့တဲ့"

စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ပြန်ပေးဆွဲ၊ ပေါ်တာဆွဲ၊ ဓားပြမှုတွေ ပိုမိုဖြစ်ပွားနေပြီး နေထိုင်သွားလာရေး မလုံခြုံတာကြောင့် မုံရွာမြို့က စီးပွားရေး လုပ်ငန်းရင်အများစု တခြားဒေစတွေဆီ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ မြဝတီလမ်းမှာ သားအမိနှစ်ယောက် ဆိုင်ကယ်စီး သွားလာနေချိန် လက်နက်ကိုင် လူတစ်စုက သေနတ်ထောက်ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားကာ ကျပ်သိန်း ထောင်ချီနဲ့ ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။

စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ တည်ရှိသလို မြို့ပေါ် နေရာအနှံ့ စစ်အုပ်စု လက်နက်ကိုင်တွေ ကြီးစိုးထားတဲ့ မုံရွာမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှူ၊ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လစဉ် ပြန်ပေးဆွဲမှုနဲ့ ဓားပြမှုက ငါးကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ပြင်ဆင်နေကာ မြို့၊အ၀င်အထွက်တွေကို ပိတ်ဆို့ စစ်ဆေးတာ၊ မြို့ပေါ်ရပ်ကွက်တွေထဲ အိမ်စီးကားတွေနဲ့ လှည့်ပတ်သွားလာတာ၊ မြို့အနီးဝန်းကျင် ကျေးရွာတွေကို စိုးမိုးထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုး မီးရှို့ လူသတ်တာ၊ လက်နက်ကြီး ထုတာတွေ ပိုမိုအရှိန်မြင့် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် စစ်အုပ်စုရဲ့ စိုးမိုးထိန်းချုပ်မှု ပိုမိုအားကောင်းလာလေ ခိုး၊ဆိုး၊လုယက်၊ ပြန်ပေးဆွဲနဲ့ ပေါ်တာဆွဲခံရမှုတွေ ပိုမို များပြားလာလေ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်း စစ်အုပ်စုက မုံရွာမြို့မှာ စျေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေလည်း ပိုမို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မုံရွာမြို့အနှံ့ လမ်းပေါ်ဂိတ်ဖွင့်၊ ဖမ်းဆီးငွေညှစ်နေသလို မြို့ အဝင်အထွက် တွေကို ပိတ်ဆို့ စစ်ဆေးနေတဲ့ ကြားက အခုလို မြို့ပေါ်မှာ ဓားပြတိုက်၊ ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မုံရွာမြို့မှာ အိမ်စီးကားတွေ သုံးပြီး ပေါ်တာလိုက်ဆွဲနေတဲ့ စစ်အုပ်စု/Photo – မုံရွာရပ်ကွက် ကင်းထောက်များ
#MFP
#HlaingInfo
🤬6214😁2👎1👏1😢1
မြန်မာစစ်ကော်မရှင်ကို ရန်ပုံငွေဖြတ်တောက်မယ့် အက်ဥပဒေ ကန်အောက်လွှတ်တော် အတည်ပြု

ဒီဇင်ဘာလ ၂ ရက်

လွှတ်တော်အမတ် နီကီမာဝီလီယံ တင်သွင်းတဲ့ မြန်မာနိုင်ငံသို့ ရန်ပုံငွေသစ် မထောက်ပံ့ရေး အက်ဥပဒေ No New Burma Funds Act ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာလ ၁ ရက်မှာ ထောက်ခံမဲ ၃၈၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။

အဆိုပါအက်ဥပဒေဟာ မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်မှ ငွေကြေးထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ ရည် ရွယ်တယ်လို့ သိရပါတယ်။ ယခုအက်ဥပဒေရဲ့ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေကြေး ထောက်ပံ့မှုအသစ်တွေ သို့မဟုတ် ချေးငွေထုတ်ချေးမှုမှာ အမေရိကန်နိုင်ငံ မပါဝင်ဖို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ဖြုတ်ချခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့ဘဏ်မှတစ်ဆင့် ငွေကြေးထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ ဖြစ်လာတာပါ။

အက်ဥပဒေအရ မြန်မာနိုင်ငံသို့ ရန်ပုံငွေထောက်ပံ့မှု ဆက်လက် ရပ်ဆိုင်းဖို့ ကမ္ဘာ့ဘဏ်မှာရှိတဲ့ အမေရိကန် အမှုဆောင်ညွှန်ကြားရေးမှူးကို ဘဏ္ဍာရေးဝန်ကြီးက ညွှန်ကြားဖို့ လုပ်ပိုင်ခွင့်ရှိပါတယ်။

အက်ဥပဒေအရ မြန်မာစစ်ကော်မရှင်သို့ ထပ်တိုးချေးငွေ သို့မဟုတ် ငွေကြေးအကူအညီတွေ ပေး အပ်ခွင့်မရှိတော့ပါဘူး။
No New Burma Funds Act ကို အတည်ပြုရတဲ့ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး စစ်တပ်ဉီးဆောင်တဲ့ အစိုးရကို ဖိအားပေးဖို့နဲ့ နိုင်ငံတကာ ငွေကြေးအရင်းအမြစ်တွေနဲ့ စစ်ကော်မရှင်ကို မပံ့ပိုးဖို့ ဖြစ်ပါတယ်။

ကိုးကား - Quiver Quantitative
Ref; Congress Vote: The House has passed H.R. 4423 - No New Burma Funds Act
#AYAT
#HlaingInfo
69👍11😁5🥰4
တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်းပို့

ဒီဇင်ဘာလ ၂ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက် ညပိုင်းက ၅၄ရပ်ကွက် လမ်းပိုင်းတွေနဲ့ တိုးချဲ့ရပ်ကွက်နေ လူငယ် ၁၀ ယောက် ထက်မနည်းကို စစ်အုပ်စုလက်ပါးစေတွေက အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ရပ်ကွက်ရုံးမှာ ညအိပ်ခိုင်းကာ နောက်တစ်နေ့မှာ စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

"တောင်ဒဂုံ၊ ၅၄ တိုးချဲ့ရပ်ကွက်ထဲမှာ တအိမ်ချင်း လိုက်ဝင်ပြီး လူငယ်တွေကို ဆွဲသွားတာ။ ကနဦးသိရသလောက် ၁၀ယောက်လောက် ပါသွားတယ်။ အဲ့ဒါ ရပ်ကွက်ရုံးမှာ ညသိပ်ချုပ်ထားပြီး နောက်နေ့ကျ မြို့နယ်ရုံးကို ပို့လိုက်တာ" လို့ Rangoon Scout Network က ပြောပါတယ်။

"အစ်မတို့သိတဲ့ ကောင်လေး ၁ယောက်ပါသွားတယ်။ အဲ့ကောင်လေးက ဉာဏ်ရည်အားနည်းတယ်။ ဒီတော့ သူ့မိဘတွေကလည်း မပါလောက်ဘူးထင်ပြီး ထားထားတာ အခုပါသွားပြီ။ မိဘတွေသိတော့ ကလေးက သင်တန်းကျောင်းရောက်နေပြီ။ ခဏပဲဖုန်းရတယ်ပြောတယ်။" လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ရပ်ကွက်နေ ပြည်သူတစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။

၅၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်ဟာ မဘသ တစ်ယောက်ဖြစ်သလို NLD အစိုးရလက်ထက် ဘာသာရေးအကြောင်းပြ ဆူပူမှုတွေလုပ်ဆောင်ခဲ့မှုအတွက် မိုက်ကယ်ကျော်မြင့်နဲ့အတူ ထောင်ကျခဲ့ပြီး၊ စစ်အုပ်စုထောက်ခံပွဲ၊ ဘာသာရေးအဓိကရုဏ်းပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် သူအာဏာရချိန် ရပ်ကွက်ရုံးမီးရှို့ခံရမှုကြောင့် အရပ်သားတော်တော်များများ မတရား ဖမ်းဆီးထောင်ချခံခဲ့ရသလို လူငယ်တွေကိုရိုက်နှက်တာ၊ အတင်းအကျပ်စစ်မှုထမ်းပို့ဆောင်တာတွေအပြင် NLD နောက်ခံ နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေညှစ်တာတွေကို ရပ်ကွက်နေ လူမိုက်တွေ လက်သပ်မွေးပြီး လုပ်ဆောင်နေတာကြောင်း သိရပါတယ်။

ပုံစာ - ရန်ကုန်တိုင်း၊ ဆင်ခြေဖုံးမြို့နယ်တစ်ခုတွင် ညအချိန် စစ်အုပ်စုနှင့် အပေါင်းအပါများ လုံခြုံရေးဝင်ရောက်နေစဥ် (ပုံဟောင်း)
#မောင်း
#HlaingInfo
🤬606🔥6👍1👏1😢1
စဉ့်ကူးမြို့နယ်တွင် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံး ၊ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါ ၄ ဦးဒဏ်ရာရ

ဒီဇင်ဘာလ ၂ ရက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂ရက်မှာ စစ်ကော်မရှင်တပ်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာြဖစ်ပြီး ၃၅ နှစ်အရွယ် အမျိုးသား ၁ယောက် သေဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှု ဘာမှမရှိဘူး။ ဒီအတိုင်း ဘလိုင်းကြီး ကြဲတာ။ ဒေသခံတွေကတော့ ရှောင်တိမ်းနေတာမျိုး ရှိတယ်” လို့ စဥ့်ကူးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က စဥ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ယောက် သေဆုံးပြီး ၁၀ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

#မောင်း
#HlaingInfo
😢34🤬265🔥4👏2
မန္တလေးမှာ အင်အားအသင့်တင့်ငလျင်လှုပ်လို့ ပြည်သူတွေ နေအိမ်တွေထဲက ပြေးရပြန်

ဒီဇင်ဘာလ ၂ ရက်

စဉ့်ကိုင်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားအသင့်တင့်ရှိတဲ့ ငလျင်ကြောင့် ညနေပိုင်းက မန္တလေးမြို့အနီးတဝိုက်က ပြည်သူတွေ သိသာစွာ ခံစားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂ ရက် ညနေ ၅နာရီခွဲခန့်က မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၉ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူတွေ နေအိမ်အတွင်းကနေ ထွက်ပြေးခဲ့ရကြောင်း မြို့ခံတွေက ပြောတယ်။

"အသံကြီးလည်းပါတယ်။ တော်တော်သိသာတယ်။ လူကိုမူးနောက်သွားတယ်။ အကုန်ထွက်ပြေးကြတာ"လို့ မန္တလေးမြို့တွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် ၅ နာရီခွဲခန့်ကလည်း မန္တလေးမြို့မှာ ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး သိသာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ဒီကနေ့ မနက် ၈ နာရီ၂၆ မိနစ်ခန့်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီး၊ မြေအောက်အနက် ၁၀၀ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၄ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြဖို့ အထက်ပါဝန်ကြီးဌာနက အသိပေးထားပါတယ်။

(မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇အဆင့်ရှိ ငလျင်ဒဏ်သင့် အဆောက်အအုံရှေ့က မန္တလေးမြို့ခံ အမျိုးသမီး ၂ ဦး။
ဓာတ်ပုံ - Getty Images)
#LNO
#HlaingInfo
😢539🔥5😱3👍1👏1😁1
ကတ္တရာစေးကို ဘယ်လိုထုတ်ကြတာလဲဆိုတာ သိပြီးရင် တကယ်အံ့သြမယ်

ကတ္တရာဆိုတာ ဘယ်လိုဖန်တီးတာလဲ၊ ဘာကြောင့် ဆောက်လုပ်ရေး၊ ရေလုံအောင်လုပ်တာနဲ့ လမ်းခင်းရာမှာ ရာစုနှစ်ပေါင်းများစွာ သုံးခဲ့ကြတာလဲဆိုတာကို သိချင်ဖူးပါသလား?

ဒီဗီဒီယိုထဲမှာ သစ်သားကတ္တရာ၊ ကျောက်မီးသွေးကတ္တရာနဲ့ ရေနံကတ္တရာ (ဘစ်တူမင်) တို့လို ကတ္တရာအမျိုးအစားတွေကို ရှင်းပြထားပြီး သူတို့ကို ထုတ်လုပ်တဲ့ စိတ်ဝင်စားစရာဖြစ်စဉ်တွေကိုလည်း ဖော်ပြပေးထားပါတယ်။ ရှေးခေတ် သင်္ဘောတည်ဆောက်ရေးကနေ ခေတ်သစ် ကတ္တရာလမ်းတွေအထိ ကတ္တရာဟာ လူ့သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
https://youtu.be/4JZt0L1oRG8

ဒီဗီဒီယိုကို အဆုံးထိ ကြည့်ပြီး ကတ္တရာရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနဲ့ ရေရှည်တည်တံ့တဲ့ အခြားရွေးချယ်စရာတွေကိုလည်း လေ့လာလိုက်ပါ။

သုတများစွာ စုစည်းရာ " သိချင်စရာ " များသိနိုင်ဖို့
ချန်နယ် Subscribe လုပ်လိုက်စို့။
👍424🔥1😁1
ရွှေဘိုမြို့ ကန်တော်ဂိတ်တွင် စစ်သားများက ပြည်သူများထံမှ နေ့စဉ် ဓားပြတိုက်ပြီး ငွေကျပ် သိန်းရာချီ တောင်းယူ၊

▪️သီပေါမြို့နယ်တွင်လည်း စစ်သား ၂ ဦးက ဈေးဆိုင် ၂ ဆိုင်ကို ဓားပြဝင်တိုက်

ဒီဇင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် ကန်တော်ဂိတ်တွင် အကြမ်းဖက် စစ်သားများက ပြည်သူများထံမှ နေ့စဉ် ဓားပြတိုက်ပြီး ငွေကျပ် သိန်းရာချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ကန်တော်ဂိတ်ကို အကြမ်းဖက် စစ်တပ်က ထိန်းချုပ်ထားပြီး ရွှေဘိုမြို့ရှိ ခြေမြန်တပ်ရင်းဖြစ်သော ခမရ ၁၁ မှ ဒုအရာခံဗိုလ်သန်းဌေးက ဦးစီး၍ ဂိတ်ဖွင့်ထားခြင်းဖြစ်ကြောင်း၊ ဒုအရာခံဗိုလ် သန်းဌေးသည် ပြည်သူများ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများအပေါ် အဆမတန် ငွေကြေး ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆန်စပါး ကား ၁ စီးကို ၂၀၀၀၀ ကျပ် ၊ စိုက်ပျိုးရေးသုံး ၊ အိမ်သုံးပစ္စည်းတွေ တင်လာတဲ့ ကားတစ်စီးကို ကျပ် ၁ သိန်းကနေ ၂ သိန်းအတွင်း ပေးနေရတယ်။ နေ့စဉ် သိန်းရာချီရနေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ဒုအရာခံဗိုလ် သန်းဌေးသည် ဂိတ်ဖွင့်သည့် ၂ နှစ်အတွင်း ပြည်သူများထံမှ ငွေကျပ် သိန်းထောင်ချီ ကောက်ခံခဲ့မှုအတွက် တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မခံရသည့်အပြင် ယခင်ထက်ပို၍ ဓားပြတိုက် ငွေကြေး တောင်းခံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အကြမ်းဖက် စစ်သား ၂ ဦးက ပြည်သူ့နေအိမ် ဈေးဆိုင် ၂ ဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်ခဲ့သဖြင့် စစ်တပ်အရာရှိထံတိုင်ကြားသော်လည်း ဆိုလာပြားနှင့် ဘက်ထရီအိုးတစ်လုံးသာပြန်ပေးပြီး ကျန်ငွေနှင့်ပစ္စည်းများကို ပြန်ပေးခြင်းမရှိကြောင်း SSPP Info က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၂၀ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု ကွန်စံလိတ်ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း အကြမ်းဖက်စစ်သား ၂ ဦးက ဝင်ရောက်ပြီး အိမ်ရှင် များကို သေနတ်ဖြင့်ထောက်ကာ နေအိမ်နှင့်ဈေးဆိုင်အတွင်းကို မွှေနှောက်ကာ ငွေကျပ် ၇ သိန်း တန်ဖိုးရှိပစ္စည်းများနှင့်ငွေသားများကို ယူဆောင်သွားကြောင်း ၊ ယင်းနေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်၌လည်း အခြားနေအိမ်ဈေးဆိုင်အတွင်းသို့ ဝင်ရောက်ကာ အိမ်ရှင်များကို သေနတ်ဖြင့်ထောက်ထားပြီး ပစ္စည်းများကို‌ မွှေနှောက်ယူဆောင်သွားကြောင်း သိရသည်။

“အိမ်ရှင်လည်းစစ်သားဆိုတော့ တံခါးဖွင့်ပေးတာ အိမ်ထဲရောက်တာနဲ့ သေနတ်နဲ့ ထောက်ပြီး အိမ်ထဲ ဆိုင်ထဲက ပစ္စည်းတွေ မွှေတော့တာ ကုန်ပစ္စည်းတွေ ပိုက်ဆံတွေယူသွားတယ် နှစ်အိမ် စလုံး ဒီပုံစံနဲ့ပဲ ဓါးပြတိုက်သွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးကပြောကြားသည်။

ထိုသို့ ဓားပြတိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရပ်ကျေးတာဝန်ရှိသူများက စစ်ကော်မရှင် အရာရှိများထံ တိုင်ကြားခဲ့ရာ ပြစ်မှုကျုးလွန်သူ တပ်သားနှစ်ဦး ယူဆောင်သွားသည့် ဘက်ထရီနှင့် ဆိုလာပြား ကို အိမ်ရှင်ထံ ပြန်လည် ပို့ဆောင်ပေးခဲ့သော်လည်း ကျန်ရှိသည့် စားသောက်ဖွယ်ရာ များနှင့်ငွေ ကြေး များကို ပြန်လည်ပေးဆောင်ခြင်းမရှိကြောင်း သိရသည်။

"ပြစ်မှုကျုးလွန်တဲ့ တပ်သားကိုတော့ အရေးယူမယ်လို့တော့ပြောပါတယ် ဒါပေမယ့် ဘယ်လိုအရေး ယူ မယ်တော့မသိဘူးပေါ့။ ယူသွားတဲ့ ဆိုလာပြားတွေ ဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီ။ ကျန် တဲ့စားသောက်ဖွယ်ရာတစ်ချို့တော့ သုံးကုန်ပြီမို့လို့ နောက်မှ ပြန်ဆောင်ရွက်ပေးမယ်လို့ ပြော တယ် ခုထိတော့ ဘာမှပြန်မပေးသေးဘူး" ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုးတေကျေးရွာအုပ်စုကို လွန်ခဲ့သည့် အောက်တိုဘာလက စစ်ကော်မရှင်တပ်မှ ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ် စိုးမိုးလှုပ်ရှားသည့် နေရာ ဖြစ်ကြောင်း သိရသည်။

#KTM
#HlaingInfo
🤬5710👎6😁4😢1
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှထပ်မံပို့ဆောင်

‎ဒီဇင်ဘာလ ၂ရက်

‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က စစ်ကူပို့ရန်အတွက် တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရန်ကုန်မှနေ၍ ရေကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

‎စစ်‌ကော်မရှင်သည် တပ်မ (၁၁) နည်းဗျူဟာမှူး နဗဟ-၁၁၁ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉တို့မှ ခန့်မှန်းအင်အား ၅၀၀ခန့်ကို ကျောက်ဖြူသို့ ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။

‎"ကျောက်ဖြူမှာက ရေတပ်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ နယ်မြေရလည်းခဏပဲ။ AA က အမှည့်ခြွေတာကို စစ်တပ်ကခံရတာပဲ။ စစ်တွေက တပ်တွေခွဲပြီး ကျောက်ဖြူပို့ထားတာပဲ ဒါပေမယ့် စစ်ကြောင်းလိုက်ကိုပြုတ်တာ" ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ကျောက်ဖြူတိုက်ပွဲမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်နေ့ကတည်းက သိုင်းချောင်း၊ မင်းပြင် စသည့်ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ဓညဝတီရေတပ်ဌာနချုပ်အနီး လမ်းခွဲဘက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက်က AA နှင့် စစ်ကော်မရှင်တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။

‎စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်သည့် သိုင်းချောင်းရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် AA က ပြန်လည်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့တွင်မူ မင်းပြင်ရှိ စစ်ရေးအရ အချက်အချာကျသည့်နေရာအချို့နှင့် သိုင်းချောင်းရွာကို AAက စိုးမိုးမှု ပြန်လည် ရယူထားသည်ဟု သိရသည်။

ပုံစာ- ဧရာဝတီတိုင်းအတွင်း စစ်ရေးလေ့ကျင့်နေသည့် စစ်ကော်မရှင်တပ် (ပုံဟောင်း)၊ တပ်မ (၁၁) နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့်
#AYAT
#HlaingInfo
👍4417😁11👏4🔥2👎1
မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ဒီဇင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Myaung Drone Force MDF မှ တာဝန်ခံ  ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ  ထိခိုက်မှုရှိ‌ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

"စစ်ခွေး ၅၀ လော​က်ရှိပါတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ဗုံးသီးကျတာတော သူတို့ ပိုက်ဆံကောက်တတဲ့ ဂိတ်နာကျပါတယ်။ စစ်ခွေးဘက်ကတော့ ၂ ယောက် ၃ ယောက်လောက် ထိတယ်တယ်။ အသေဆုံးတော့မရှိဘူး။ လက်နက်ကြီးတွေနဲ့ တော့ ပြန်ပစ်ခံရပါတယ်။ ၃လုံးပြန်ပစ်ခံရပါတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်မှုရှိတယ်။ ဒရုန်း ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ M.D.F Drone ကျားခင်စိန် အဖွဲ့က ၆ လတ် ဒရုန်းဖိုးချေဖို့ လိုအပ်နေတာလည်းရှိတယ်။ ရှေ့ဆက်ပြီးလည်း စစ်တပ်ကို တိုက်ခိုက်သွားပါမယ်"ဟု Myaung Drone Force MDF မှ တာဝန်ခံ  ကျားခင်စိန်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို  Myaung Drone Force MDFနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ. ၊  SDDF စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့ ၊ HAWK GUERRILLA FORCE ၊  ဧရာမြွေပွေး NZN ၊  JUSTICE WARRIORSတပ်ဖွဲ့ ၊ Revolutionary Air Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

#KTM
#HlaingInfo
👍53👏116😁4
တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုက ပြည်သူ ၁၀ ဦးကို ဖမ်းဆီး၊

ဒီဇင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်၊ ကြေးနီတူးနေတဲ့ တရုတ်တွေကို ဂိတ်စောင့်လုံခြုံရေး ယူပေးနေရတဲ့ စစ်အုပ်စုက နိုဝင်ဘာ ၂၆ရက် ညပိုင်းမှာ ကျေးရွာတွေကို စီးနင်းပြီး ရွာခံ ပြည်သူ ၁၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၂၆ရက် ညသန်းခေါင်အချိန် တရုတ်ကြေးနီစက်ရုံထဲကနေ တိတ်တဆိတ် ထွက်လာတဲ့ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက တရုတ်ကြေးနီစက်ရုံနဲ့ ဆားလင်းကြီးမြို့ကြား၊ ရေခါးကျေးရွာကို အလစ်အငိုက်ချောင်း စီးနင်းပြီးနောက် ရွာခံအမျိုးသား ၁၀ဦးကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

“ညအိပ်ပျော်နေချိန်ဆိုတော့ စစ်ကြောင်းဝင်တာ မသိကြဘူး။ လူငယ်၊လူလတ်ပိုင်း ၁၀ယောက် အဖမ်းခံရတယ်၊ နောက်မနက် ဆားလင်းကြီးကနေ ငါးယောက် ပြန်လွတ်လာတယ်"လို့ ဒေသခံတစ်ဦးက MFP ကိုပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ အင်အား ၁၀၀ ကျော် ပါရှိပြီး ဆားလင်းကြီးမြို့ပေါ် ငါးရက်ကြာပြီးနောက် နိုဝင်ဘာ ၃၀ရက်မှာ တရုတ်ကြေးနီစက်ရုံထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စု ဆားလင်းကြီးကနေ တရုတ်ကြေးနီစက်ရုံညက် ပြန်ဝင်လာချိန် ရေခါးရွာအနီးမှာ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး အထက်ပါ ဖမ်းဆီးခံရသူတွေထဲက လူငယ်တစ်ဦး ထပ်မံ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲဖြစ်နေတဲ့အချိန် ထွက်ပြေးလာလို့ တယောက် လွတ်လာတယ်။ လေးယောက်ကတော့ အခုထိ မလွတ်သေးဘူး"

နိုဝင်ဘာ ၃၀ရက် ညဦးပိုင်းက ရေခါးရွာအနီး တိုက်ပွဲဖြစ်ချိန် တရုတ်ကြေးနီစက်ရုံထဲကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်သလို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေလည်း ပါရာမော်တာ (Paramotor - စက်တပ်လေထီး) နှစ်စီးနဲ့ လာရောက်ကာ ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုံရွာမြို့ အိုရှင်းစင်တာထဲမှာ တပ်ဆင်ထားတဲ့ လက်နက်ကြီးနဲ့ မုံရွာမြို့အဝင် မအူဂိတ်မှာ တပ်ဆင်ထားတဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ဆားလင်းကြီးဘက် ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်စက်ရုံထဲကနေ အနီးဝန်းကျင်ကျေးရွာတွေကို ညလုံးပေါက် လက်နက်ကြီးနဲ့ ဆက်လက် ပစ်ခတ်သလို ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းအထိ ဆက်လက်ပစ်ခတ်လို့ တရုတ်ကြေးနီစက်ရုံအနီးက ဘင်းဂါးရွာထဲ လက်နက်ကြီးကျည် ၁၀လုံး ကျရောက်ပေါက်ကွဲကာ နှစ်လုံးက ကျေးရွာအတွင်း နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး ကျန်ရှစ်လုံးက ရွာအပြင် တောစပ်ကို ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စု ရန်ကြောင့် တရုတ်ကြေးနီစက်ရုံ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးကင်းမယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင်နေရကာ စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဆားလင်းကြီးနယ် တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုက နိုဝင်ဘာ ၃၀ရက် ညပိုင်း အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းဖမ်းဆီး၊ လက်နက်ကြီး ထုလို့ ပြည်သူတွေ ထွက်ပြေးနေရစဉ်/Photo - မုံရွာရပ်ကွက်ကင်းထောက်များ
#MFP
#Aungpwel
🤬619👍3😁3😢2👏1
Media is too big
VIEW IN TELEGRAM
ကမ္ဘာမကြေးဘူး - English Version

#Credit
#HlaingInfo
87👍16😁3😢2🥰1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

ဒီဇင်ဘာလ ၂ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍4318👏3😁3🥰1
‼️ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ခံရမှုနှင့် စစ်ရေးအရ အရှုံးများစွာ ကြုံနေရမှုတို့ကြောင့်  ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ပြင်းပြင်းထန်ထန် တရားဝင် သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

02-အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ  မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကြပ်လုပ်ယူတဲ့ အတုအယောင်ရွေးကောက်ပွဲကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ပါတယ်။

03-ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်တွင် ခမရ ၃၅ တပ်ရင်း၏ အထိုင်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်မီးရှို့ ရှင်းလင်းမှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ဗိုလ်တိမ်တိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

04-စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းတို့တွင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများက ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုုးဖောက်မှု၊ ရာဇဝတ်မှုများကို စောင့်ကြည့်ခဲ့ရာ ၄ လအတွင်း ပြည်သူ ၂၈၄ ဦးကာ နေအိမ် ၂၂၇၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပဉ္စမမဏ္ဍိုင် (Pyisama Mandai Civil Surveillance Group – PMCSG) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

05-အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ မဖြစ်မနေ မဲပေးဖို့ ခြိမ်းခြောက်ဖိအားပေး ခိုင်းစေနေတယ်လို့ မန္တလေးမြို့ခံ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။

06-၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသော မိုးကုတ်-မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးလိုက်ရမှုကြောင့် နစ်နာသူများကို တောင်းပန်သော်လည်း ဆဲလိုသူများကို နားနားပြီးဆဲကြရန် နှင့် မိုးကုတ်ကို ပြန်လည်သိမ်းယူမှု မြင်တွေ့လိုကြောင်း တအာင်း TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

07-မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံရေး ပါတီတွေဟာ အခုရက်ပိုင်းအတွင်း လုံခြုံရေးအပြည့်နဲ့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

08-စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီး၊ မြေအောက်အနက် ၁၀၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၄ အဆင့်အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုဒီဇင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၈နာရီ၂၆ မိနစ်အချိန်ခန့်မှာ လှုပ်ခတ်ခဲ့ပါတယ်။

09-မြန်မာစစ်တပ်သည် မြန်မာနိုင်ငံတည်ရှိနေသရွေ့ တည်ရှိနေမည်ဖြစ်ပြီး အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

10-စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာ တဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုသည်။

11-ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှိမစ်ဆုဟာ ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီ ဘစ်ရှော့ပ်နဲ့ တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ပါတယ်။

12-စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချောင်းဦးမြို့နယ်နဲ့ မန္တလေးတိုင်း၊ တကောင်းမြို့တို့ကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်လို့ ကလေးငယ်အပါ ဒေသခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

13-မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံသားတစ်ဦးနဲ့ ဒေသခံ တစ်ဦးတို့ထံကနေ စိတ်ကြွဆေးပြားအများအပြားဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ဒေသတွင်းသတင်းများရဲ့ဖော်ပြချက်အရသိရပါတယ်။

14-စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စပါယ်နံ့သာဂိတ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကာ ပြည်သူ ၄ ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍3912
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။

#HlaingInfo
76🥰4👍3🔥1
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
83👍7🥰3🔥1
ဘယ်သူမှ မယုံ၊ ကိုယ့်ကိုကိုယ်လည်း မယုံ ဖြစ်လာနေသော စစ်အုပ်စု
******

ရွေးကောက်ပွဲ နီးလာသည် နှင့် အမျှ မင်းအောင်လှိုင်သည် ဗြောင်ကျကျ ထုတ်ပြောလာပြီ ဖြစ်သည်။ ယခင်က နိုင်ငံကို ကာကွယ် စောင့်ရှောက်လိုစိတ် ရှိသူများ အား မဲပေးရန်၊ ထိုမှ တဆင့် အမျိုးဘာသာ ကာကွယ်လိုစိတ် ရှိသူများ ဖြစ်လာပြီး ယခု အခါ တွင်တော့ စိုးရိမ် ပူပန်စိတ် အားကြီးလာပုံ ရပြီး အင်အား ကိုးသိန်း ခန့် ရှိသော ဝန်ထမ်းများအား စစ်တပ် နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် လူများကိုသာ မဲ ထည့် ရန် ထုတ်ပြောလာခဲ့ရပြီ ဖြစ်သည်ဟု ဧရာဝတီ တွင် ဖေါ်ပြထားသည်။

ထိုသို့ထုတ်ပြောလာခြင်းသည်ကလည်း မဲဆွယ်ပေးခြင်းထက်  ဝန်ထမ်းများကို သွယ်ဝိုက် ခြိမ်းခြောက်လာခြင်း ဖြစ်သည်၊ ပြည်သူများ အနေဖြင့် ၎င်းတို့ အရှိုက်ကို ထိုးနိုင်ရန် မဖြစ်မနေ မဲပေးရဖို့ ဖြစ်လာက ကြံ့ဖွတ်မှ လွဲ၍ အခြား ပါတီငယ်များ ကို မဲထည့်ဖို့ လုပ်ရတော့မည် ဖြစ်သည်။

လက်တဆုပ်စာ မျှ သာ ရှိသော ၎င်းတို့အား အပြင်တွင် ရှိသော အင်အားစု များက ဝိုင်းဝန်း တိုက်ခိုက်နေကြသည် ဆိုသော siege mentality မှ ဆင်းသက်လာခြင်းပင် ဖြစ်သည်။ ထိုသို့ မိမိတို့ မှ လွဲ၍ မည်သူကိုမျှ မယုံကြည်သော စိတ်အခြေအနေ ဖြစ်ပေါ်လာရခြင်းသည် လေ့လာသိရှိရသလောက်အကြောင်း ငါးချက် ရှိနေသည်။

(၁) ကြောက်ရွံခြင်း နှင့် သံသယ ဝင်နေခြင်း။
မိမိတို့ အဖွဲ့အစည်း ကို ဖျက်ဆီးပစ်ရန် အပြင်လူများက လျှို့ဝှက်ကြံစည်‌ နေခြင်း၊ သို့တည်းမဟုတ် ထိုးဖောက်ဖို့ ကြိုးစားနေသည်ဟု ခံစားရခြင်း။
(၂) ကာကွယ်ရေးစိတ်ဓာတ် အလွန်အကျွံရှိခြင်း:။ အဖွဲ့အစည်း၏ အရင်းအမြစ်များ၊ ယုံကြည်ထားသည်များနှင့် ရည်ရွယ်ချက်များကို ကာကွယ်ရန်အလွန်အကျွံ ခေါင်းမာပြီး မာကျောသည့် သဘောထားကို ထိန်းသိမ်းထားခြင်း။
(၃) အတွင်းလူ/အပြင်လူ ခွဲခြားထားမှု၊
အုပ်စုအတွင်းရှိ လူများကိုသာ ယုံကြည်ပြီး အပြင်လူများအပေါ် အပြည့်အဝ သံသယရှိခြင်း၊ မယုံသင်္ကာဖြစ်ခြင်း။
(၄) ဝေဖန်မှုများကို ခံနိုင်ရည်နည်းခြင်း။
ပြင်ပမှလာသည့် မည်သို့သော ဝေဖန်မှုမျိုး၊မေးခွန်းထုတ်မှုမျိုး ကိုမဆို ရန်လိုတိုက်ခိုက်မှု အဖြစ် မြင်ခြင်း။
(၅) ရွေးချယ်စရာ နည်းပါးခြင်း (Tunnel Vision): အခြေအနေကို အောင်နိုင်ရမည် သို့မဟုတ်က ဖျက်စီးခံရမည်ဟူသော နှစ်မျိုးတည်းသာ ရှိသည်ဟု မြင်ပြီး အခြားနည်းလမ်းတွေကို စဉ်းစားဖို့ ငြင်းဆိုခြင်း။
တို့ ဖြစ်သည်ဟု စိတ်ပညာရှင်များက သုံးသပ်ထားသည်။ ထိုသုံးသပ်ချက်သည်လည်း ၎င်းတို့ နှင့် ကွက်တိကျနေ၍ တိုင်းပြည်သည် လူကောင်း လူတော် များ အုပ်ချုပ်နေပါသည်ဟု ပြောနိုင်ဖို့ ဝေးစွ ပုံမှန်စိတ်နေစိတ်ထား ရှိသူများ အုပ်ချုပ်နေပါသည်ဟု ပင် ပြောမရသည့် အခြေအနေမျိုး ဖြစ်လာနေသည်။

ဘာတေး လစ်တနာ က ဧရာဝတီ တွင် ၎င်းတို့ မည်သူ့ ကိုမျှ မယုံမကြည် ဖြစ်နေမှု ကို ယခုလို ရေးသားလာခဲ့သည်။

ဘဲလာရုစ် သမ္မတ လူကာရှင်ကို ရောက်လာသည်ကို လမ်းနာမည် ပြောင်းသည်ကအစ တခမ်းတနား ဝမ်းသာအားရ ကြိုဆိုခဲ့ကြခြင်း သည်ကပင် ၎င်းတို့ အပယ်ခံ ဘဝ ရောက်နေရသည်ဟု ခံစားနေရမှု ကို လှစ်ဟ ပြလိုက်ခြင်းသာ ဖြစ်သည်။ သိူ့သော် လက်ရှိ တွင် ပုလင်းတူ ဗူးဆို့ ပေါင်းနေရသည့် တရုတ်၊ ရုရှား၊ မြောက်ကိုရီယား အာဏာရှင် အသိုက်အဝန်း မှ ဖောက်မထွက် နိုင်သေးပဲ ဖြစ်နေရှာသည်။ ရုန်းထွက်အောင် လုပ်မည်ဆို က ၎င်းတို့လည်း ဆက်၍ ရပ်တည်နိုင်တော့မည် မဟုတ် ဆိုသည်ကိုလည်း သိထားကြပြီး ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မတ်လ ၂၇ ရက် ရောက်တိုင်း အနော်ရထာ၊ အလောင်းဘုရား၊ ဘုရင့်နောင်တို့ နှင့် ချာလပတ် ရမ်းနေခြင်း ဖြစ်သည်။

၎င်းတို့တွင် ကိုယ်ပိုင် စစ်တပ်၊ မီဒီယာ၊ ဘဏ်လုပ်ငန်း၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ အာမခံလုပ်ငန်းများ နှင့် ယင်းတို့ကို ထောက်ကူပေးမည့် အခြေခံ အဆောက်အအုံများ၊ စစ်မှုထမ်းများ နှင့် မိသားစု များ၊ အမာခံ ထောက်ခံပေးသူ များ စုစုပေါင်း တိုင်းပြည်လူဦးရေ၏ ၂.၅ သန်း ခန့်ကို စုစည်း ထားနိုင်၍ ထိုင်း၊ အင်ဒိုနီရှားကဲ့သို့ ဒီမိုကရေစီ အသွင် ကူးပြောင်းစရာ မလို၊ လိုအပ်သည် မှန်သမျှ လက်ဝယ် ရှိထားပြီဟု ယူဆနေကြောင်း မြန်် မာ စစ်တပ် နှင့် ပတ်သက်၍ ကျွမ်းကျင်သူ ဩစတေလျှ ပညာရှင် အင်ဒရူး ဆဲလ်က ၂၀၂၁ က တင်သွင်းသော ၎င်း၏ စာတမ်းတွင် ရေးသားထားခဲ့သည်။

စစ်တပ် သည် ပြိုကွဲသင့်နေပါလျက် ယခုထိ ရပ်တည် နိုင်နေခြင်းမှာလည်း အထက်တွင် ဖေါ်ပြထားသည့် ဝိုင်းရံ ပိတ်ဆို့ ခံထားရသည် ဟူသော siege mentality ကြောင့်ပင် ဖြစ်သည်။

၁၉၈၈ နောက်ပိုင်း ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု နှင့် အတူ တရုတ်အား အသည်းအသန် မှီခိုလာနေရသည့် အဖြစ်မှ ရုန်းထွက်လို၍ အနောက်အုပ်စု နှင့် ပလဲနံပါ့ သင့်ရန် ဒီမိုကရေစီ ဗန်းပြ ပြုပြင်ပြောင်းလဲမှု များ လုပ်လာရခြင်းလည်း ဖြစ်သည်။ တရုတ်တို့ လက်ချက်ဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ နှင့် တိုက်ပွဲများတွင် စစ်သား သောင်းချီ ကျဆုံးခဲ့ရမှု သည် စစ်တပ် အဖို့ အသဲကို မြှားစိုက်ဝင်နေသည့် အလား တနုံ့နုံ့ ခံစားနေရဆဲ ဖြစ်သည်။ ယခုထိလည်း တရုတ်သည် ကွန်မြူနစ် ပါတီ နှင့် မဟာမိတ် ဖြစ်ခဲ့သော ဝ များ နှင့် နီးနီးကပ်ကပ် ဆက်ဆံနေဆဲ ပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍6222🔥3😁1😢1
Hlaing Info pinned Deleted message
ဘီးလင်းမှာ ပြည်သူ့စစ်တွေက စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲ သေနတ်ပြစားသောက်

ဒီဇင်ဘာလ ၃ ရက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သစ်တိုကျွန်းကျေးရွာမှာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းချိန် လုံခြုံ ရေးလိုက်ပေးတဲ့ ပြည်သူ့စစ်တွေက စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲ သေနတ်ပြစားသောက်မှုတွေကြောင့် ဆိုင်ရှင်တွေ နစ်နာခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တို့မှာ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေ သစ်တိုကျွန်းနဲ့အနီးအနားကျေးရွာတွေကို မဲဆွယ်စည်းရုံးမှုဆင်းခဲ့ရာ လုံခြုံရေးလိုက်ပါလာတဲ့ ပြည်သူ့စစ်တွေက လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲ စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခံရတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ ပြည်သူ့စစ်အဖွဲ့တွေရဲ့ စားသောက်မှုအပေါ် ဆိုင်တစ်ဆိုင်က ငွေကြေးတောင်းခံမှုကြောင့် သေနတ်ပြ ခြိမ်းခြောက်ခဲ့တဲ့အတွက် အချေအတင် ဖြစ်ခဲ့တယ်လို့ သိရပါတာယ်။

အဲဒီဖြစ်စဉ်တွေအတွင်း ပြည်သူ့စစ်အဖွဲ့တွေဟာ လက်နက်ပြ ခြိမ်းခြောက်ပြီး ငွေမပေးဘဲ စားသောက်ခဲ့တဲ့ ဆိုင် ၅ ဆိုင်အထိရှိခဲ့ပြီး တစ်ဆိုင်ကို ငွေကျပ် ၃၀၀၀၀ ကနေ ၅၀၀၀၀ ကျပ်ထိ နစ်နာခဲ့ရတယ်လို့ သိရပါတယ်။

အခုလို စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲစားသောက်တဲ့သူတွေဟာ ကိုယ်စားလှယ်လောင်းတွေနဲ့ပါတီဝင်တွေမပါဘဲ ပြည်သူ့စစ်အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေရဲ့ ပြည်သူတွေအပေါ် သေနတ်နဲ့ခြိမ်းခြောက်မှုတွေကို ထိရောက်စွာ အရေးယူပေးဖို့ ဒေသခံတွေနဲ့ ဆိုင်ရှင်တွေက တောင်းဆိုတာတွေ ရှိနေပါတယ်။

ဘီးလင်းမြို့နယ်မှာ ပြည်သူ့စစ်အင်အား ၃၀၀ ကျော်ရှိပြီး စစ်ဆေးရေးဂိတ်တွေမှာ စစ်ကော်မရှင်တပ်သားတွေနဲ့အတူ ကင်းစောင့်တာ၊ ငွေတောင်းတာနဲ့ လှည့်ကင်းလုံခြုံရေးတွေမှာပါ လိုက်ပါလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Social Media
#TLT
#HlaingInfo
🤬6912👍3😁2👏1😢1