Hlaing Info
54.3K subscribers
141K photos
5.88K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ရခိုင်တွင် စပါးပေါ်ပြီဖြစ်သော်လည်း ပြည်ပဝယ်လိုအား မရှိ၍ လယ်သမားများ အခက်ကြုံနေ

နိုဝင်ဘာလ ၁၃ ရက်

ရခိုင်ပြည်တွင် အောက်တိုဘာကစပြီး စပါးများ ရိတ်သိမ်းနေကြပြီဖြစ်သော်လည်း ရရှိလာသော စပါးများအား ရောင်းမည့်နေရာ မရှိ၍ တောင်သူလယ်သမားများမှာ ဝင်ငွေနည်းပါးသည့် အခက်အခဲဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

ရခိုင်လယ်သမားများမှာ ယခင်က ဘင်္ဂလားဒေ့ရှ်နှင့် ပြည်မဘက် အထူးသဖြင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ပိတ်ဆို့ခံထားရသည့်အတွက် ပြည်ပ ဝယ်လိုအား ပြတ်တောက်သွားကြောင်း လယ်သမားများက ပြောဆိုကြသည်။

အနည်းငယ်သော ပြည်တွင်းဈေးကွက်ကိုသာ မှီခိုနေရပြီး ပြည်ပဝယ်လိုအား လမ်းတစ်ခုပွင့်လာမည်ကို ရခိုင်တောင်သူများက မျှော်လင့်နေကြသည်။

မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက "အခုရိုးရိုးစပါးတွေက ရိတ်သိမ်းနေတယ်။ စပါးပေါ်လာလို့ ရိတ်သာရိတ်နေရတာ ဝယ်မယ့်သူလည်းမရှိပါဘူး။ စပါးရောင်းချင်ရင် စပါးဝယ်ရောင်းလုပ်သူတွေကို ကိုယ့်စပါးကို ဝယ်ပါ ဝယ်ပါဆိုပြီး အထပ်ထပ်ခါခါသွားပြောရတာ" ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်သို့ ရခိုင်က ဆန်စပါးများအား တင်သွင်းရောင်းချနိုင်ရန် အာရက္ခတပ်တော် တာဝန်ရှိသူများမှ ကြိုးပမ်းနေကြသော်လည်း လတ်တလောတွင် အဆင်မပြေသေးကြောင်းလည်း စုံစမ်းသိရသည်။

ဆန်စပါး ဝယ်လိုအား မရှိခြင်းကြောင့် လယ်သမားများမှာ ရင်းနှီးခဲ့ကြသည့် စိုက်ပျိုးစရိတ် ကုန်ကျငွေကိုပင် ပြန်လည်ရရှိနိုင်ရန် အလွန်ခက်ခဲနေကြသည်ဟု  ကျောက်တော်ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

"အနှစ်ကလိုပဲ စပါးတွေ တင်ကျန်အုံးမယ်ထင်တယ်။ စပါးပေါ်တာ တစ်လနီးပါးလောက်ရှိလာပြီး အခုထိ ရောင်းမထွက်သေးဘူး။ ကျနော်တို့ လယ်သမားတွေဆိုတာ စပါးစိုက်မယ်။ ရလာတဲ့ စပါးတွေကို ရောင်းမယ်။ ဒါနဲ့ပဲ စားဝတ်နေရေး၊ ကလေးတွေ ပညာရေး၊ ကျန်းမာရေးကို ထောက်ပံ့နေရတာ။ အခု စပါးမရောင်းရဘူးဆိုတော့ ဘယ်ကပိုက်ဆံနဲ့ မိသားစုစားဝတ်နေရေး လည်ပတ်ကြမလဲ။ လမ်းကြောင်းတစ်ခုတော့ ပွင့်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဆန်စပါး ဝယ်ရောင်းလုပ်ကိုင်ကြသည့် ဆန်စပါးကုန်သည်များမှာလည်း ပြည်ပဈေးကွက်မရှိ၍ လယ်သမားများထံမှ စပါးများ ဝယ်ယူပေးနိုင်ခြင်းမရှိကြောင်း ပြောဆိုကြသည်။

ရခိုင်ဒေသခံ ဆန်စပါးကုန်သည်တစ်ဦးက "ဒေသတွင်းမှာပဲ ဆန်က ရောင်းနေရပါတယ်။ ဒါပေမယ့် ထွက်တဲ့စပါးက ဒေသတွင်းစားသုံးတာထက် ပိုလျှံတာပေါ့လေ။ ကျနော်တို့မှာလည်း ပြည်ပဈေးကွက်မရှိတော့ ဘယ်နေရာသွားရောင်းရမှန်း မသိဘူး။ နေရာလည်းမရှိဘူးဆိုတော့ လယ်သမားတွေဆီက စပါးအကုန်လုံးကို မဝယ်ယူနိုင်ကြဘူးလေ။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဘက်တွေကို တင်ပို့လို့ရရင် သိပ်ကောင်းမှာပါ” ဟု ဆိုသည်။

ရခိုင်နှင့် ထိစပ်နေသော အာရက္ခတပ်တော် AA လှုပ်ရှားရာ မဟာမိတ်ဒေသ ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီဘက်တို့တွင် ရခိုင်ပြည်မှ ဆန်၊ စပါးများအား ရောင်းချနိုင်ရန်လည်း တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးကြရန် ရခိုင်လယ်သမားများမှ တောင်းဆိုနေကြသည်။

#WN
#HlaingInfo
😢55👍53🔥3👏2🤔2
ရခိုင် AA ထိန်းချုပ်နယ်မြေတွင် တက္ကသိုလ်ပညာရေး အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် အထက်တန်းပြီး ကျောင်းသား၊ ကျောင်းသူများ မျှော်လင့်နေ

နိုဝင်ဘာလ ၁၃ ရက်

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော နယ်မြေများတွင် တက္ကသိုလ်ပညာရေး သင်ကြားနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် အထက်တန်းပညာရပ် ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူများမှ မျှော်လင့်နေကြကြောင်း သိရသည်။

မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့ပေါ်နှင့် စစ်တွေမြို့ပေါ်ကလွဲပြီး ရခိုင်တစ်ပြည်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ရခိုင်လွတ်မြောက်နယ်မြေများတွင် အထက်တန်းပညာ ၁၂ တန်း ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ပညာရေးအတွက် အခွင့်အလမ်းမဲ့နေကြသည်ဟု ကျောင်းသား၊ ကျောင်းသူများက ပြောဆိုကြသည်။

တက္ကသိုလ်ပညာရေးနှင့် လူငယ်များအတွက် အခြားသော အဆင့်မြင့်ပညာရေးအတွက် အာရက္ခတပ်တော် AA မှ အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ပုဏ္ဏားကျွန်းမြို့နယ်က ၁၂ တန်းပညာရပ်ပြီးဆုံးထားသူ ကျောင်းသားတစ်ဦးက ပြောသည်။

"ပညာရေးက ၁၂ တန်းပြီးရင် ပြီးပြီဖြစ်နေပါတယ်။ ဒါပြီးရင်တော့ ငါဘာလုပ်မယ် ဘာကို သင်မယ်လို့ ရည်ရွယ်ချက်လည်းထားလို့ မရပါဘူး။ တက္ကသိုလ်ဆိုတာလည်း မျှော်မှန်းလို့မရသလို တခြားအဆင်မြင့်ပညာရေးအတွက်လည်း ဘာမျှော်လင့်ချက်မှ ထားလို့မရဘူး ဖြစ်နေပါတယ်။ တချို့ဒေသမှာ သင်တန်းနဲ့အလုပ် တွဲခေါ်တာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ၁၂ တန်းပြီးတဲ့ ကျောင်းသားအားလုံးက ဒါကိုပဲ စုပြုံပြီးလျှောက်ကြရတယ်။ အဲ့အလုပ်သာ မရလိုက်လို့ရှိရင် တခြားဆိုဝာာလည်း မရှိတော့ဘူး" ဟု ဆိုသည်။

တက္ကသိုလ်ပညာရေး ဆက်လက် သင်ကြားခွင့် မရရှိသည့် ကြားကာလအချိန်တွင် ကျောင်းသားလူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိဖြစ်နေသည်ဟု မင်းပြားမြို့ဒေသခံ ကျောင်းသူတစ်ဦးက ပြောသည်။

"၁၂ တန်းပညာရပ်လည်း သင်ယူမှု ပြီးဆုံးသွားပြီ။ တက္ကသိုလ် ပညာရေးလည်း မသင်ကြားရဘူး။ တက္ကသိုလ်မတက်ရလည်း အလုပ်ထွက်လုပ်မယ်ဆိုလည်း အလုပ်ကလည်းမရှိဘူး။ အထက်တန်းပညာ ပြီးဆုံးထားတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘာလဲဆိုတာ တိတိကျကျ ရှိမနေဘူး။ ပညာလည်း ဆက်လက်မသင်ကြားရ၊ အလုပ်လည်းမရှိဘူးဆိုတော့ ကျနော်မတို့ လူငယ်တွေ ဘာတွေ လုပ်ကြမှာလဲပေါ့။ တစ်ရက်တစ်ရက် အဲဒါစဉ်းစားရင်း ခေါင်းတွေပါကိုက်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ အထက်တန်းပညာရေးဖြင့် လမ်းဆုံးနေသော ကျောင်းသားလူငယ်များ၏ ရှေးရေးကိုတွေး၍ ရင်မောလျှက်ရှိနေကြသည်ဟု မြောက်ဦးဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"တစ်ယောက်က စစ်ရေးတွေကြောင့် တက္ကသိုလ် ဒုတိယနှစ်နဲ့ ရပ်ထားလိုက်ရတယ်။ ဒီမှာ လွတ်မြောက်နယ်မြေမှာ ဆက်တက်ဖို့က ကျောင်းမရှိဘူး။ ရန်ကုန်ဘက် သွားဖို့ကလည်း လမ်းကြောင်းမကောင်းဘူးလေ။ ခွင့်လည်းမပြုဘူးဆိုတော့။ သားသမီး ပညာရေးအတွက် ရင်ပူနေရပါတယ်။ အခု နောက်တစ်ယောက်က ၁၂ တန်းအောင်ပြီ။ ဒီအတိုင်းရပ်နေရတာပဲ။ သူလည်း ဘာဆက်လုပ်ရမှန်း မသိဘူး။ ကိုယ်လည်း ဘာဆက်လုပ်ပေးရမှန်း မသိတော့ဘူး။ ကလေးတွေပညာရေးအတွက်က တွေးပြီးရင်မော‌နေရတာပဲ" ဟု ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့တို့တွင် တက္ကသိုလ်ပညာရေးက ဆက်လက် လည်ပတ်နေသော်လည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ဒေသများတွင် တက္ကသိုလ်ပညာရေးက ရပ်တန့်နေသည်။

ဩဂုတ်လ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၁၂ တန်းပညာပြီးဆုံထားသော ရခိုင်ပြည်မှ ကျောင်းသားလူငယ်များအတွက် အဆင့်မြင့်တက္ကသိုလ်ပညာသင်ကြားခွင့် ရရှိရေး စီစဉ်ဆောင်ရွက်နေသည်ဟု ပြောခွင့်ရ ဦးခိုင်သုခက ကတိပေး ပြောဆိုသွားသည်။

သို့သော်လည်း လက်ရှိအချိန်အထိ ရခိုင်လွတ်မြောက်နယ်မြေအတွက် တက္ကသိုလ်ပညာရေးမှာ ဖြစ်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

(ပုံဟောင်းဖြစ်သည်)

#WN
#HlaingInfo
👍5613🔥2🥰1😁1😢1
ပေါက်မြောက်ပိုင်း ဒေသခံများ မြို့ပေါ်တက် စျေးဝယ်၍မရ၊ တစ်ဆင့်သယ်သည့် ပစ္စည်းများလည်း အသိမ်းခံနေရ

နိုဝင်ဘာလ ၁၃ ရက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် မြို့ပေါ်တက် စျေးဝယ်၍မရသည့်အပြင် တစ်ဆင့်သယ်သည့် ပစ္စည်းများမှာလည်း အသိမ်းခံနေကြရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပေါက်မြို့နယ်မြောက်ပိုင်းမှ ဒေသခံများအနေဖြင့် မန္တလေး၊ ပခုက္ကူမြို့ကြီးများသို့ ကိုယ်တိုင်သွားရောက်ကာ စျေးဝယ်ယူ၍ မရဘဲ၊ ကုန်သည်နှင့် ကားသမားများထံမှ တစ်ဆင့်မှာယူသည့် ပစ္စည်းများမှာလည်း သိမ်းဆည်းခံနေရခြင်း ဖြစ်သည်။

"ပခုက္ကူမြို့ပေါ်လည်း တက်လို့မရဘူး။ မနှစ်လောက်တွေကတည်းက ကျတော်တို့ဘက်ကပါလို့ ဆိုရင် ပစ္စည်းသိမ်း၊ ငွေညှစ်တာပဲ။ ဘာပစ္စည်းမှကို အသယ်မခံတာ၊ သယ်ပေးတဲ့ကားတွေကလည်း အာမမခံရဲဘူး။ ဓာတ်ဆီပေပါဆိုလည်း အာမမခံရဲတော့ မသယ်ကြတာ များပါတယ်။ အခုဆို ပေါ်တာဆွဲနေတာများတော့ ဘယ်သူမှကို မသွားရဲကြဘူး" ဟု ပေါက်မြို့နယ်မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ မြို့ကြီးများသို့ သွားရောက်ကာ ကုန်ပစ္စည်းများ ဝယ်ယူ၍ မရသဖြင့် နှစ်ဆနီးပါးစျေးကြီးမားသည့် ဗဟင်းနှင့် သပြေညိုရေနံမှော်များ၌သာ ဝယ်ယူနေကြရကြောင်း ဒေသခံများက ဆိုသည်။

"ရေနံမှော်တွေထဲပဲ စျေးသွားဝယ်ရတာပေါ့။ ကိုယ်တိုင်မလိုက်နိုင်လည်း လိုင်းပေါ်ကနေ မှာရတယ်။ လာပို့ပေးတာကတော့ ကုန်ကျတာ များတယ်၊ လူတော့သက်သာတယ်။ ဒီဘက်က စျေးဆိုင်လေးတွေကလည်း သေးသေးလေးတွေပဲရှိတယ်" ဟု ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်တပ်၏ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထားခြင်းခံရသည့် ကျေးရွာများ၏ အမည်ကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်း မရှိပေ။

ထို့ပြင် အရှေ့ဘက်၌ မြိုင်မြို့နယ်မြောက်ပိုင်း၊ အနောက်ဘက်၌ ထီးလင်းမြို့နယ်အရှေ့မြောက်ပိုင်းတို့နှင့် နယ်မြေချင်းထိစပ်နေသည့် အဆိုပါ ပေါက်အနောက်ပိုင်းရှိ ဒေသခံများအနေဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကိုလည်း သတိထားနေထိုင်နေကြရကြောင်း သိရသည်။

"နေ့တိုင်း လေကြောင်းတက်တယ်။ ဒရုန်းတွေ ညတိုင်း ဝဲတယ်။ ပြည်သူလူထုအနေနဲ့ကတော့ အချိန်ပြည့် သတိနဲ့နေနေရတယ်" ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ ပေါက်မြို့နယ်တောင်ပိုင်းတွင်လည်း စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပြီး၊ ပြည်သူ နှစ်သောင်းနီးပါး စစ်ရှောင်နေကြရသည်။

ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည်။

ဓာတ်ပုံ- Google'-ပေါက်မြို့အား Google Maps မှတွေ့ရစဉ်
#MPA
#HlaingInfo
🤬568😢3👎1👏1
မန္တလေးမှာဆောက်လုပ်စ ရုပ်ရှင်ရုံမီးလောင်

နိုဝင်ဘာလ ၁၃ ရက်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်မှာဆောက်လက်စရုပ်ရှင်ရုံ ဒီနေ့ ညနေပိုင်း ၄ နာရီ ခွဲခန့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ညနေပိုင်း ၄ နာရီခွဲဝန်းကျင်က မဟာအောင်မြေ ရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင်မှုဖြစ်ခဲ့တာပါ။ မီးလောင်မှုအကြောင်းရင်းကိုမသိရသေးပါဘူး။

ဓာတ်ပုံ - Than Htay/FB
#LNO
#HlaingInfo
29🔥11👏9👍5😢1
ဖားကန့်မှာ လူ‌နေရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ကလေးငယ် ၁ဦးနဲ့ ဆရာမ ၁ဦး ဒဏ်ရာရ

နိုဝင်ဘာလ ၁၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်က ဒီ‌နေ့(နိုဝင်ဘာ၁၃ရက်) နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စုက မားဆားကျေးရွာကို ဖားကန့်ဗျုဟာကနေ နေ့လယ် ၁၂နာရီခွဲခန့်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ ဖြစ်ပါတယ်။

" ဆရာမကကျ‌တော့ အိမ်ထဲမှာနေရင်း ယမ်းစထိတာ။ သူက ဒဏ်ရာနည်းတယ်။ ကလေးကကျ ဒဏ်ရာများလို့ ဆေးရုံကိုပို့လိုက်ရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။။

ဖားကန့်ဒေသမှာ နိုဝင်ဘာ၆ရက်ကစပြီး စစ်ရေးတင်းမာပြီးနောက် စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

နိုဝင်ဘာ ၁၁ရက်ကလည်း ဖားကန့်မြို့၊ ကထန်ကွက်သစ်ကို လေကြောင်းကနေ ဗုံးကြဲလို့ မိခင်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။နိုဝင်ဘာ ၈ရက်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖားကန့်ဒေသ မှော်စီစာလမ်းဆုံမှာ နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်သေဆုံးသလို ပွိုင့်ဖိုက်အပါအဝင် သေနတ်နဲ့ကျည်ဆန်တွေကို KIA ၊KPDFက သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို KIA ၊KPDFက သတိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၂ရက်နဲ့ ဒီ‌နေ့မှာ ဖားကန့်ဒေသအပြင် မန္တလေးတိုင်းက စဥ့်ကူးမြို့နယ်၊  မကွေးတိုင်းက မြိုင်နဲ့ ပေါက်မြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Kachin Human Rights Watch-KHRWက ထုတ်ပြန်ထားပါတယ်။

(စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲခြင်း၊လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၊ဒရုန်းနဲ့ ဗုံးကြဲမှုတို့မှာ ပြည်သူများ အဓိက​သေ​ဆုံး​နေ​စေသည်။ ဓာတ်ပုံ-စစ်​ကောင်စီ)
#LNO
#HlaingInfo
🤬548😁2🔥1😢1
ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်ဆီးခံနေရ၊

▪️ကိုယ်စားလှယ်လောင်းတွေကပါ လုံခြုံရေး ပေးဖို့အထိ တောင်းဆိုနေ

နိုဝင်ဘာလ ၁၃ ရက်

ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်တချို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲမဲဆွယ်တဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်ဆီးခံနေရပြီး ကိုယ် စားလှယ်လောင်းတွေကလည်း သူတို့လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်းတွေက သူတို့လုံခြုံရေးပါစိတ်မချတော့လို့ စစ်တပ်အနေနဲ့ လုံခြုံ ရေးအပြည့်အဝချထားပေးဖို့ တောင်းဆိုနေကြတာလို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

"ကိုယ်စားလှယ်လောင်းတွေက သူတိုရဲ့လုံခြုံရေးတွေ စိတ်မချရဘူးပေါ့၊ လုံခြုံရေးအာမခံချက်မရှိလို့ မဲဆွယ်စည်းရုံးရေးတောင် မဆင်းနိုင်ဘူးဆိုပြီး စာတွေပို့ထားကြတယ်၊ အခုဆို ဗီနိုင်းဆိုင်းဘုတ်တွေ တောင်ဖျက်ဆီးခံထားရ‌တယ်၊ နောက်ဆိုဘာဖြစ်မလဲမသိ‌ဘူးပေါ့၊ လုံခြုံရေးပေးပါဆိုပြီး စာပို့ထား တယ်" လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက AAMIJ ကို ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် တံတားမြို့ အမှတ် (၁၊ ၂၊ ၃၊ ၄) ရပ်ကွက် တွေမှာ စိုက်ထူထားတဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တွေထဲကမှ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း တွေရဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

အလားတူပဲ ကရင်နဲ့ မွန်ပြည်နယ်တို့မှာလည်း ကြံ့ဖွံ့ပါတီက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးရေးအတွက် ဗီနိုင်းဆိုင်းဘုတ်တွေလည်း ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

#aamij
#HlaingInfo
😁768👏7👍3👎1
ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားပြီး NLD အစိုးရ ဖြုတ်ချရေး ဆန္ဒပြခဲ့သော မဘသ အဖွဲ့ဝင် ကျော်မျိုးရွှေက တစညပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်

နိုဝင်ဘာလ ၁၃ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားပြီး NLD အစိုးရ ဖြုတ်ချရေး ဆန္ဒပြခဲ့သော မဘသ အဖွဲ့ဝင် ကျော်မျိုးရွှေက တစညပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်နေကြောင်း မန္တလေးမြို့ခံများထံမှ သိရှိရသည်။

မဘသအဖွဲ့ဝင်နှင့် အမျိုးသားရေးအစွန်းရောက်၊ စစ်တပ်ထောက်ခံသူ ကျော်မျိုးရွှေက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကို ကိုယ်စားပြု၍ မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ (FTTP ) တွင် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည။

ကျော်မျိုးရွှေမှာ NLD အစိုးရ အာဏာရယူခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားခြင်း၊ NLD အစိုးရကို ဆန္ဒပြခြင်း၊ စစ်တပ်ထောက်ခံသော လှုပ်ရှားမှုများကို ဦးဆောင်ခြင်းများ လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ပုတ်ခတ် စော်ကားရေးသားခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်သည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်  သြဂုတ်လအတွင်း မန္တလေးတွင် NLD အစိုးရဆန့်ကျင်သပိတ် လုပ်ဆောင်ခဲ့ပြီး ယင်းသပိတ်အတွက် ကျော်မျိုးရွှေကို ၀ရမ်းထုတ်ခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် မန္တလေးမြို့တွင် NLD အစိုးရသစ် ဖြုတ်ချရေး သပိတ်မှောက်ခဲ့မှုဖြင့်  ကျော်မျိုးရွှေကို  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လအတွင်း  အမျိုးသားရေး အစွန်းရောက် ဝါဒီ ဘုန်းကြီး ဝီရသူကို ဖေ့ဘွတ် ပို့စ် တခုတွင် စော်ကားသည်ဟုဆိုကာ ကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားလိုအဖြစ် တရားစွဲခဲ့ဖူးသည်။

#KTM
#HlaingInfo
😁44🤬256👍1👎1
This media is not supported in your browser
VIEW IN TELEGRAM
ဒါက ဗားရှင်းအသစ်နဲ့ လာတာ 🤣

မလုပ်ပါနဲ့ မလုပ်ပါနဲ့

Hold Stop မလုပ်ပါနဲ့ 😁

#HlaingInfo
😁682🔥1🤯1
ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာ ၂ ရွာကို ယနေ့ ထပ်မံမီးရှို့ဖျက်ဆီး၊ ကန့်ဘလူ၊ ထီလင်းနှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

နိုဝင်ဘာလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ယနေ့ ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network တာဝန်ခံ ကို မုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ ခန့်တွင် ဝက်လက်မြို့နယ် ပင်ဇင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ယနေ့ မွန်းလွဲ ၂  နာရီကျော်ခန့်တွင်လည်း ကျီးကန်မြောက်ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ် စစ်ကြောင်းက လက်ရှိချိန်တွင် ကျေးရွာများအနီး လှည့်ပတ်သွားလာနေကြောင်း သိရှိရသည်။

"စစ်ကြောင်းစစ်ကြောင်းက ဒီနေ့မှာ ပင်ဇင်းရွာ နဲ့ ကျီးကန်မြောက်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးသွားတာပါ။ နေအိမ်ပျက်စီးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လက်ရှိချိန်ထိ ရွာတွေအနီးမှာ ရှိသေးတယ်။ ပြည်သူတွေလည်း ဆက်လက်တိမ်းရှောင်နေရတယ်" ဟု Wetlet Informational Network တာဝန်ခံ ကို မုန်တိုင်းက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝက်လက်​မြို့နယ်အတွင်း ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ နှင့်  ဦးတည်ကုန်းရွာမှ ရာနှင့်ချီသော နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး ၊ ထုံးဘို ၊ တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး များ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦး-ကန့်ဘလူ မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်သွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၈နာရီမှစပြီး မွန်းလွဲ ၂ နာရီ အထိ တံတားဦးတက် Jet Fighter  ၃ စီးက ခင်ဦး- ကန့်ဘလူ အစပ်ကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြိုနယ်နှင့် ပေါက်မြို့နယ် အစပ်ကိုလည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော K8W  Jet Fighter ၁ စီးက ထီးလင်းမြိုနယ်နှင့် ပေါက်မြို့နယ် အစပ်ကို ဗုံးကျဲတိုက်ခိုက်သွားကြောင်း သိရသည်။

"စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုးလည်း မရှိပါဘူး"ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

#KTM
#Aungpwel
🤬669😢1
ခမရ-၄၂၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ခဲယမ်းများယူဆောင်ကာ နေပြည်တော်ပကဖထံ ထွက်ပြေးခိုလှုံ

နိုဝင်ဘာလ  ၁၃ ရက်

မကွေးတိုင်း၊ မကွေးမြို့ပေါ်ကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ဒီမော့ဆို အခြေစိုက် ခမရ-၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၁ယောက် စစ်ကြောင်းကနေ လက်နက်ခဲယမ်းတွေယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -နေပြည်တော် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ရက်နေ့က ဒီးမော့ဆို အခြေစိုက် ခမရ ၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား စိုးထက်ကျော်ဟာ ပင်လောင်းမြို့ရှိ ရှေ့တန်းစခန်းတစ်ခုကို သွားရောက်နေချိန် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်အလင်းဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

တပ်သား စိုးထက်ကျော်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးအဖွဲ့က သွားရောက်ခေါ်ထုတ်ခဲ့ရတာဖြစ်ပြီး စိုးထက်ကျော်နဲ့အတူ လက်နက်ခဲယမ်းတချို့လည်း ပါဝင်ခဲ့ပါတယ်။

"မကွေးမြို့ပေါ်ကို ဖုန်းသွားဝယ်ပြီးအပြန်မှာ သူ့ကိုစစ်တပ်က ကားပေါ်အတင်းဆွဲတင်သွားတယ်။ အဲ့ကနေ မကွေးစုဆောင်းရေးဌာနကို ပို့လိုက်တာပါ။ အခု အလင်းဝင်ချင်တော့ ကျနော်တို့ နေပြည်တော်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့က သွားခေါ်ထုတ်ခဲ့တာပါ။" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တပ်သားစိုးထက်ကျော်နဲ့အတူ ဒရုန်းဂန်း (၁)လက်၊ ၆၀မမ ဗုံးသီး (၂)လုံး၊ MA-11 ကျည်ဘောက် (၂)ဘောက်၊ ၅.၅၆ကျည် (၅၀)တောင့်၊ ဆက်သွယ်ရေး စကားပြောစက် (၂)လုံးတို့ ပါဝင်ခဲ့ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ကာ ဆုကြေးငွေ ပေးအပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

"သူကတော့ အဓမ္မစုဆောင်းခံရတဲ့အချိန်ကတည်းက တော်လှန်ရေးတပ်တွေဆီ ခိုလှုံဖို့ ဆန္ဒရှိခဲ့တယ်။ အဲ့ကတည်းက ချိတ်ဆက်ဖို့ကြိုးစားခဲ့တယ်။ အခုကျနော်တို့ဆီရောက်လာပြီဆိုတော့ သူက ပြည်သူနဲ့အတူ ရပ်တည်မယ်။ ကျနော်ပေးအပ်တဲ့ တာဝန်တွေကို ကျရာကနေ ထမ်းမယ်လို့ပြောပါတယ်။" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -နေပြည်တော် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တပ်သားစိုးထက်ကျော်အပါအဝင် လက်ရှိမှာ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား (၉)ယောက်လို့ သိရပါတယ်။

ပုံစာ - အလင်းဝင်ရောက်လာသူ တပ်သား စိုးထက်ကျော်နှင့် နေပြည်တော်ပကဖတပ်ဖွဲ့ဝင်များ
#မောင်း
#HlaingInfo
👍6622😁2
လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၁၃ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မွန်းလွဲပိုင်းထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထားဝယ်မြို့ပေါ်မှ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ကာ ရေတပ်မှ စစ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းသည် ရှေ့ဆက်တိုးနိုင်ခြင်းမရှိသောကြောင့် ညင်းမော်ရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ညင်းမော်ရွာကို ပြန်လည် ဆုတ်ခွာလာစဉ် ပြည်သပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ညင်းမော်ရွာအတွင်းမှ ပြန်လည် ဆုတ်ခွာခြင်းမရှိသောကြောင့် စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ 

"မနေ့ကတော့ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်။ စစ်ခွေးတွေ အထိနာလို့ ထားဝယ်မြို့ပေါ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ ခွေးသင်္ဘောက လက်နက်ကြီးတွေနဲ့ကို ဆက်တိုက်ကို ပစ်ခတ်သွားတာ စစ်ရှောင်ပြည်သူတွေ လက်နက်ကြီးကျည် ထိမှန်ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ ညင်းမော်ရွာက နေအိမ်တွေလည်း စစ်ခွေးတွေက မီးရှို့ထားတယ်။ မြေပြင်မှာတော့ ဆက်လက် စစ်ရေးတင်းမာနေတုန်းပဲ ခွေးတွေက ညင်းမော်ထဲမှာရှိသေးတယ်။ တိုက်ပွဲမှာလည်း စစ်ခွေးတွေ အထိအခိုင်များတယ်။ စစ်ရေးအခြေအနေကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက် ထုတ်ပြန်ပါလိမ့်မယ်" ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်အင်အားထပ်မံ ဖြည့်တင်းနိုင်ရန် ထားဝယ်မြို့ပေါ်တွင် အင်အားစုဖွဲ့မှုလုပ်ဆောင်နေပြီး ရေကြောင်းဖြင့် စစ်အင်အား လာရောက်ဖြည့်တင်းနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ညင်မော်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#KTM
#HlaingInfo
👍43🔥8🤬6🥰31😢1
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၃၉ ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၁၃ ရက်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း PDF - Tatkon Battalion 803 မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်၏ လေးက တံတားဂိတ်စခန်းကို နေပြည်တော်တပ်ကုန်း PDF တပ်ရင်း အမှတ် ၈၀၃ မှ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေး အင်အားက ၁၅ယောက် လောက်ရှိမယ်။ ဂိတ်စခန်း အသေးပါ။ စစ်ခွေးသေစာရင်း ထပ်တိုး သေဆုံးတာမျိုး မကြားမိဘူး။ ကျနော်တို့ကတော့ နေပြည်တော် တိုင်းစစ်ဌာန တပ်တွေဖြစ်လို့ နေပြည်တော် အဝန်းအဝိုင်းကို ပြောက်ကျားတိုက်ခိုက်ဖို့ အမြဲ ကြိုးစားနေမှာပါ" ဟု PDF - Tatkon "Battalion 803" မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ပြောဆိုသည်။

ထို တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်း အနောက်ဘက်ခြမ်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေ၍ ကျေးရွာနေပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်  တပ်ရင်းမှူး ရဲဘော်ရာမွန်က ဆက်လက် ပြောဆိုသည်။

#KTM
#HlaingInfo
👍53👏197🔥1😁1
ကျောက်ဖြူ သိုင်းချောင်းအနီး AA နဲ့ စစ်တပ်တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ

နိုဝင်ဘာလ ၁၃ ရက်

ကျောက်ဖြူမြို့နယ် သိုင်းချောင်းရွာနဲ့ ချောင်းဝကျေးရွာအကြားမှာ အာရက္ခတပ်တော်(AA)နဲ့ အကြမ်းဖက် စစ်တပ်တို့ အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က နိရဉ္စရာကို ပြောပါတယ်။

"ဖြစ်နေတာ မနေ့ညကနေ ဒီနေ့ထိဖြစ်နေတုန်းဘဲ။ ဒရုန်း။ လက်နက်ကြီး၊ လေယာဉ် အကုန်ပါတယ်။ နေဗီကပစ်ကူပေးနေတယ်။ စစ်တပ်ကလည်း ထိုးစစ်ဆင်သလို AA ကလည်း ခံစစ်ကနေ ထိုးစစ်ဆင်တယ်။ ဒီတွက် တိုက်ပွဲက ပြင်းထန်နေပါတယ်"လို့ပြောပါတယ်။

#NJ
#HlaingInfo
👍60🥰116😁2😢1
စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အောက်တိုဘာအတွင်း ကလေးငယ် ၃၈ဦးသေဆုံးရဟု NUG ထုတ်ပြန်

နိုဝင်ဘာလ ၁၃ ရက်

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာအတွင်း ပြည်သူ ၁၈၅ဦးသေဆုံးခဲ့ရာ (၁၈) နှစ်အောက် ကလေးငယ် ၃၈ဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၁၃ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့အောက်တိုဘာအတွင်းအကြမ်းဖက်ကျူးလွန်မှုမှတ်တမ်းတွေကို ထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။

" အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှု တွေကို သက်သေပြနေတဲ့ သွေးစွန်းတဲ့ကိန်းဂဏန်းတွေကတော့မရပ်တန့်သေးဘဲဆက်လက်မြင့်တက်နေတာကိုပြီးခဲ့တဲ့ အောက်တိုဘာလမှတ်တမ်းတွေအရ တွေ့မြင်နိုင်ပါတယ်”လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြပါတယ်။

အောက်တိုဘာအတွင်းမှာတော့ စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၅၉မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ၁၈၅ဦး သေဆုံးကာ ၅၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ရာမှာ ရှမ်းမြောက်က TNLA ထိန်းချုပ် ဒေသကိုလည်း အောက်တိုဘာလအတွင်းမှာ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀ ခန့်သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ ကလေးငယ် ၁၀ဦး ပါဝင်ပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုနဲ့ အောက်တိုဘာလကုန်မှာ စစ်တပ်နဲ့ TNLA အပစ်ရပ်စဲရေး ပြုလုပ်အပြီးမှာတော့ ရှမ်းမြောက်ကို ဗုံးမကြဲတော့ဘဲ TNLA ရဲ့ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA) ထိန်းချုပ်မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေသေဆုံးထိခိုက်များခဲ့ပါတယ်။
စစ်အုပ်စုဟာလူထုကို အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်နေပြီး အောက်တိုဘာလ တလတည်းမှာပဲ နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စုစုပေါင်း ၁၁ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၁၆ ဦးသေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အဲဒီထဲမှာတော့အသက် (၁၈)နှစ်အောက်ကလေးငယ် ၁၆ဦးအထိပါဝင်ပါတယ်။ ဒါဟာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၅ဦးနဲ့အထက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြန်လည်စုစည်းထားတာလည်းဖြစ်ပါတယ်။

အောက်တိုဘာအတွင်း စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားတွေကို ဖော်ပြထားရာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သားအဖြစ် ခိုင်းစေမှု၊ ဆေးဘက်ဆိုင်ရာ စင်တာတွေကို တိုက်ခိုက်တာ၊ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ အတင်းအဓမ္မ စေခိုင်းတာ၊ တရားလက်လွတ်သတ်ဖြတ်တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာ စတာတွေ ပါဝင်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၂၆၀ကျော်၊ ကျောင်း ၂၄ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၈လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

" ဒီလိုကျူးလွန်မှုတွေကို သက်သေအထောက်အထားအပြည့်နဲ့ စုဆောင်းထားပြီး ဒါတွေဟာ နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ဖို့နဲ့၊ ကျူးလွန်ခံရသူတွေ ရဲ့ နစ်နာမှုအတွက် တရားမျှတမှုရဖို့အတွက် သက်သေမှတ်တမ်းတွေဖြစ်ပါတယ်”လို့လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ တရားမဝင်ရွေးကောက်ပွဲကို ကြိုးပမ်းနေတာနဲ့အမျှ မြေပြင်မှာလူထုအပေါ် အကြမ်းဖက်မှုတွေလည်း ဆက်တိုက်တိုးမြှင့်လုပ်ဆောင်နေကြောင်း ဖော်ပြပါတယ်။ တရားမဝင်ရွေးကောက်ပွဲဥပဒေကို အသက်သွင်းပြီးလူထုကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို အကြောက်တရားရိုက်သွင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ပုံဖော်နေကြောင်း ထုတ်ပြန်ပါတယ်။

(ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း TNLAထိန်းချုပ် နယ်မြေအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA)
#LNO
#HlaingInfo
😢59🔥10🤬62
ပြည်နယ်အတွင်းက စစ်ရှောင်ပြည်သူများကို ကူညီပံ့ပိုးရန် မွန် ၂ ဖွဲ့ ကတိပြု

နိုဝင်ဘာလ ၁၃ ရက်

မွန်ပြည်နယ်အတွင်း  စစ်ပွဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူများရဲ့ အသက်လုံခြုံရေး၊ ဘေးကင်းရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီများကို ပံ့ပိုးပေးသွားမယ်လို့ မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC) တို့က ကတိကဝတ်ပြုကြောင်း ပူးတွဲကြေညာချက်ကို မနေ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကို ရည်ရွယ်ကာ  မွန်ပြည်နယ် (၁၀) မြို့နယ်ထဲမှ (၇) မြို့နယ်က  ပြည်သူများကို  တိုက်ခိုက်နေတဲ့အတွက် ရှေ့ဆက်ပြီး   ပြည်သူအများ အပြား အိုးအိမ်မဲ့ ဖြစ်လာနိုင်မယ့်  အရေးပေါ်အခြေအနေကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

အထက်ပါ အခြေအနေကို  အရေးယူတုံ့ပြန်နိုင်ရန် MSFC နဲ့  MSCC တို့ဟာ  နိုဝင်ဘာ ၁၁ ရက်မှာ  အရေးပေါ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး၊ ပူးပေါင်းကူညီရေးစနစ်များကို အားဖြည့်ဆောင်ရွက် ရန် သဘောတူညီခဲ့ကြတာပါ။

ကူညီရေး လုပ်ငန်းစဥ်များအဖြစ်  စစ်ဘေးရှောင်ပြည်သူများ (IDPs) ရဲ့ အချက်အလက်များကို တိကျစွာ စိစစ်မှတ်တမ်း တင်သွားမယ်။ ဒုက္ခသည်မိသားစုများအား ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနေရာချထားရေး အကူအညီ ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်  အစားအစာ၊ ယာယီနေရာထိုင်ခင်း နဲ့  ကျန်းမာရေးအထောက်အပံ့များ စနစ်တကျ ဖြန့်ဝေ ထောက်ပံ့သွားမှာဖြစ်ပြီ ၊  ဒေသခံအဖွဲ့များ၊ ရပ်ရွာကွန်ရက်များ နဲ့  ပူးပေါင်းပြီး  ကူညီတုံ့ပြန်ရေးယန္တရားများ ဖော်ဆောင်ခြင်း တို့ကို ပူးပေါင်း အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့  တိုက်ရိုက်ချိတ်ဆက်ကာ  လူသားချင်းစာနာရေး အကူအညီများကို  ထိခိုက် ခံစားနေရသူများထံ  တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားတဲ့ နယ်မြေများမှတဆင့် ပိုမိုကူညီ ထောက်ပံ့ ပေးအပ်နိုင်ရန် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီများကို လျင်မြန် ထိရောက်စွာ ပို့ဆောင်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ  လူသားချင်းစာနာ ကူညီရေးအဖွဲ့များ၊ ရပ်ရွာအခြေပြုအဖွဲ့များ၊  နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းပါဝင်မှုတွေကိုပါ ဖိတ်ခေါ်ထားပါတယ်။

#PVTV
#HlaingInfo
54👍9🔥2
စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ သုံးနှုန်း မဲဆွယ်ခဲ့သည့် ပြည်သူ့ပါတီ အမတ်လောင်း ဥပဒေနှင့်မညီ၊ ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဟု ပြစ်တင်ခံနေရ

နိုဝင်ဘာလ ၁၃ ရက်

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ မဲဆွယ်စည်းရုံးတဲ့နေရာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာကြောင့် ဥပဒေနဲ့မညီဘူး၊ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်အချို့မှာ ဝေဖန်ပြစ်တင်နေကြပါတယ်။

ပြည်သူ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက် ဖြစ်ပြီး စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

ဦးလွင်မြင့်က သူတို့ရဲ့ မျိုးဆက် ၃ခုဟာ တော်လှန်ရေးမျိုးဆက်တွေ၊ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ကြောင်း မဲဆွယ်ပြောကြားရင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။

“ကျနော် (ဦးလွင်မြင့်) ဆိုတာလည်း နိုင်ငံရေးမျိုးဆက် ၃ဆက်တိုင်တိုင် ကျနော်တို့ဟာ နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့တဲ့ ဦးလွင်မြင့်ဖြစ်တယ်။ အဲ့တော့ ကျနော့်အဖေ ဦးသန်း.. သူဆိုရင်လည်း ကိုကိုးကျွန်းပြန်ကြီးပေါ့။ မဆလရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်တော်လှန်ခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်။ ကျနော့်အဖေဟာလည်း ထောင် အကြိမ်ကြိမ် ကျခဲ့တယ်။ အခု ကျနော်ဆိုရင်လည်း ၈၈ နောက်ပိုင်း ကျောင်းသားခေါင်းဆောင်များနဲ့အတူ အင်းစိန်ထောင်၊ သရက်ထောင်တွေမှာ ကျခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက်ဖြစ်တယ်။ ကျနော့်သားကတော့ အခု ၂၀၂၁ ဒီအရေးတော်ပုံမှာ ထပ်မံပြီးတော့ ကျခဲ့တာ ပြီးခဲ့တဲ့ လပိုင်းကပဲ ပြန်လွတ်လာတာဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ဟာ ပြည်သူအတွက်ကို ထောင်ပဲကျကျ တန်းပဲကျကျဆိုတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ကျနော်တို့ဟာ ယုံယုံကြည်ကြည်ပဲ ပြည်သူတွေအတွက် အာမခံချက် ပေးနိုင်ပါတယ်” လို့ ပြောခဲ့တာပါ။

စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေကတော့ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကြောင့် အာဏာကို ရယူခဲ့ရကြောင်း၊ NLD ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ လှုံ့ဆော်မှုတွေကို စစ်အစိုးရက အကြမ်းဖက်မှုအဖြစ် ကြေညာထားကြောင်း၊ ဒီလို အကြမ်းဖက်မှုအဖြစ် စစ်တပ်က ကြေညာထားတဲ့ လှုပ်ရှားမှုကို “တော်လှန်ရေး” “အရေးတော်အပုံ” အဖြစ် သုံးနှုန်းတာဟာ ဥပ‌ဒေနဲ့မညီသလို ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ ကိုက်ညီမှုမရှိကြောင်း ပြစ်တင်ပြောဆိုထားတာ ဖြစ်ပါတယ်။

ဦးလွင်မြင့်ကတော့ သူတို့ပါတီဟာ ခေတ်အဆက်ဆက် တော်လှန်ရေး အစဥ်တစိုက် လုပ်လာတဲ့ ပါတီဖြစ်တယ်လို့ ပြောဆိုသွားပါသေးတယ်။

“ပြည်သူ့ပါတီဆိုတာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ စုစည်းထားတဲ့ ပါတီတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ၈၈ ကျောင်းသားခေါင်းဆောင်၊ အဲဒီခေတ်ကာလက ဗကသ ဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပါတီဖြစ်တယ်။ ဒါ့ကြောင့်မလို့ ခေတ်အဆက်ဆက်မှာ တော်လှန်ရေးကို အစဥ်တစိုက်လုပ်လာတဲ့ ပါတီတစ်ခုဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

ပုံစာ - ရွေးကောက်ပွဲအတုတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ပြိုင်မည့် ဦးလွင်မြင့် (ပြည်သူ့ပါတီ)
#မောင်း
#HlaingInfo
😁37🔥2814👍1👎1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

နိုဝင်ဘာလ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆို ချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
44👍18👏6😁1
‼️ နိုဝင်ဘာလ ၁၃ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုများအတွက် DKBA တပ်ဖွဲ့နှင့် ခေါင်း ဆောင် ၄ ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။

02-ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

03-စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်နှင့် ပျူစောထီးခေါင်း ဆောင် အားပေါင်တို့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့အရာရှိ အငြိမ်းစား နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ခဲ့ရာ ညတွင်း ချင်းဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

04-မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာပေမယ့် စစ်မှုထမ်းတပ်သားတွေ စုဆောင်းပေးဖို့ ဆက်တိုက်ဖိအားပေးနေတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

05-အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တ‌လေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ ဆွေးနွေးပွဲ အစည်း အဝေး(၂၃/၂၀၂၅)ကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

06-အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ICC တရားရုံး၏ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုများအတွက် တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ကြေ ညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တင်ပြလိုက်သည်။

07-မနေ့က နိုဝင်ဘာ ၁၂ရက်ညနေက ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်ကနေ တရုတ်နိုင်ငံကိုပို့လိုက်တဲ့ ကျားဖြန့်ခေါင်းဆောင်ရှီကျစ်ကျန်းဟာ တရုတ်နိုင်ငံထဲကိုရောက်သွားပါပြီ။ သူ့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံကို မနေ့ကလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။

08-‌‎ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ နေ့စဉ်နီးပါးထွက်ပြေးလျက်ရှိကြောင်း သိရသည်။

09-မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော မာလဲရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

10-အာဏာသိမ်းစစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာလေလေ ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကိုလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာရာ အခုဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၇၇ယောက်အထိ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။

11-ရခိုင်ပြည် ရသေ့တောင်မြို့နယ် ရခိုင်ရေပိုင်နက် ပင်လယ်ပြင်တွင် နယ်စပ်ကျူးကျော် တရားမဝင် လာရောက် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃ ဦးကို အာရက္ခတပ်တော် AA မှ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

12-ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

13-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၎င်းလက်အောက်ရှိ ဝန်ကြီးဌာန အချို့ကို ဦးစီးဌာနအဖြစ် ပြောင်းလဲရန် အဖွဲ့တွင်း ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း NUGနှင့် နီးစပ်သည့် မဇ္ဈိမ၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

14-မွန်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ ထိုးစစ်အရှိန်မြှင့်လာနိုင် သောကြောင့် စစ်ဘေးရှောင်ပြည်သူ ကူညီပေးရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန် ပြည်နယ် အတိုင်ပင်ခံကောင်စီတို့‌ ပူးပေါင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ဥက္ကဌ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

15-အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် (၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းက တပ်ဖွဲ့ဝင် များအားလုံး ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ အခမ်းအနားကို နိုဝင် ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက PVTV ကိုပြောပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍4314🔥3
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါရှင့်။

Sweet Dreams
💞💞💞

#HlaingInfo
86👍4🔥1🥰1
မင်္ဂလာနံနက်ခင်းပါရှင့်🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
95👍11🥰2🔥1
အမေရိကန် မှ ကျားဖြန့် နှိမိနှင်ရေး အဖွဲ့ ကို ဖွဲ့စည်းလိုက်ပြီ
****

အရှေ့တောင်အာရှ တဝှမ်းရှိ ဆိုက်ဘာ ငွေလိမ်ဂိုဏ်း များကို နှိမ်နှင်းရန် Scam Center Strike Force ခေါ် ချေမှ့န်းရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့တွင် တရားရေး ဝန်ကြီးဌာနမှ ရှေ့နေများ၊
အက်ဖ်ဘီအိုင် အေးဂျင့်များ၊ Secret Service ခေါ် လျို့ဝှက် ဝန်ဆောင်မှု အဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အရာရှိကြီးများ ပါဝင်သည်။

အဆိုပါ တပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အဆိုးရွားဆုံးသော ကျုးလွန်နေသော လိမ်လည်မှုစင်တာများနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးမည်၊ အနှောင့်အယှက်ပေး ဖျက်ဆီးပစ်မည်၊ တရားစွဲဆိုမည် ဖြစ်ရာ၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဟု ကြေညာချက် တွင် ပါရှိသည်။

၂၀၂၄ အတွင်း အမေရိကန် နိုင်ငံသားများ ထံမှ ဒေါ်လာ ၁၀ ဘီလီယံ ခန့် လိမ်လည်ခဲ့ကြ၍ တသက်တာ စုဆောင်းထားငွေများ ဆုံးရှုံး ဘဝ ပျက်သွားသူ အများအပြား ရှိလာခဲ့၍ ယခုလို ပြတ်ပြတ်သားသား အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အဆိုပါ ဂိုဏ်းများအား အကာအကွယ် ပေးနေသည့် DKBA အဖွဲ့ နှင့် ခေါင်းဆောင်များ အားလုံး၊ ပါဝင် ပတ်သက်‌ နေသည့် ထိုင်း ကုမ္ပဏီ များ အားလုံး ကို ပထမအဆင့် အနေဖြင့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုများ ပြုလုပ် ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ကြေညာခဲ့သည်။

စက်တင်ဘာလ အတွင်းက စောချစ်သူ ၏ ကရင် အမျိုးသား တပ် ဆိုသည်ကိုလည်း အလားတူ ပိတ်ဆို့ ဒဏ်ခတ်လာခဲ့သည်။

လက်ထောက် ဘဏ္ဍာရေး ဝန်ကြီး ဂျွန် ဟားလ် လီ မှ ထိုငွေလိမ်ဂိုဏ်း များသည် မြန်မာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်နေသော ပြည်တွင်းစစ်ကြီး အားလည်း ကူညီ အားဖြည့်ပေးနေကြောင်း၊ အမေရိကန် သည်။ ဆိုက်ဘာရာဇ၀တ်ကောင်များ မည်သည့်နေရာတွင် လှုပ်ရှားနေစေကာမူ လိုက်လံဖမ်းဆီးရန်နှင့် အမေရိကန် မိသားစုများကို ၎င်းတို့၏ ခေါင်းပုံဖြတ်မှုများမှ ကာကွယ်ရန်အတွက် မိမိတို့ ပိုင်ဆိုင်သည့် ကိရိယာ အားလုံးကို ဆက်လက် အသုံးပြုသွားမည်ဖြစ် ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

လိမ်လည် ၍ ရလာသော ငွေ အချို့သည် DKBA ထိန်းချုပ်ထားသည့် KK Park အတွင်းရှိ တိုက်ချန် ဟု အမည်ပေးထားသည့် ဌာနချုပ်သို့ ရောက်ရှိသွားသည်ဟု အမေရိကန်က ယုံကြည်လျက် ရှိသည်။

အမေရိကန်သည် အဆိုပါ ဂိုဏ်းများကို ဖြိုခွင်းရန် မြန်မာ စစ်အုပ်စုအား သွယ်ဝိုက် ဖိအားပေးခဲ့သော်လည်း ၎င်းတို့ဖက်က အပေါ်ယံ ဟန်ပြ လူကြားကောင်းအောင် လုပ်ပြပြီး လိမ်လည်လာခဲ့၍ အမေရိကန် မှ အုံ နှင့် ကျင်း နှင့် ပါဝင် ပတ်သက်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

စစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီး သန်း‌ ဆွေ မှ ကြောက်လန့်တကြား ဖြင့် ရန်ကုန်ရှိ သံတမန်များကို ဖိတ်ခေါ်ပြီး KK Park ရှိ အဆောက်အဦးပေါင်း ၆၂၅ လုံး ရှိသည့်အနက် ၁၄၈ လုံး ကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ ဆက်၍ လည်း လုပ်သွားမည် ဆိုသည့် 'အ‌ခြေ အနေ အမှန်" ကို မိမိတို့ အစိုးရများထံ တင်ပြပေးကြပါဟု တောင်းဆိုသွားသည်။

စစ်အုပ်စုသည် ဖျက်ဆီးမှုများအား ဟန်ပြသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တရုတ် ဂိုဏ်းခေါင်းဆောင်များ ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်သွားကြောင်းနှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် နယ်ခြားစောင့်တပ် (BGF) မှတစ်ဆင့်ဒေါ်လာဘီလျံပေါင်းများစွာ အကျိုးအမြတ်ရရှိနေကြောင်းနှင့် စောချစ်သူ အား အဘယ်ကြောင့် အရေးမယူဘဲ လွှတ်ထားရသနည်း ဟူသော ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာမှုများကို ဖြေရှင်းပေးနိုင်နိုင်ခဲ့ခြင်း မရှိဟု ဧရာဝတီ သတင်းက သုံးသပ်ထားသည်။

အမေရိကန်သည် မြန်မာအား ဗင်နီဇွဲလား ကဲ့သို့ လုပ်မလာဟု မည်သူမျှ တပ်အပ်သေချာ မပြောနိုင်၊ ထို့ပြင် တရုတ်တို့ ရွှေလို အုကာ အရိပ်တကြည့်ကြည့် လုပ်နေသော မြန်မာ စစ်အုပ်စု သည်လည်း အမေရိကန်၏  ခေါင်းစဉ် ပြောင်းတပ်လာသော ဖြေရှင်းမှု နှင့် ရင်ဆိုင်လာရဖို့ ရှိနေသည်။

၎င်းတို့ နိုင်ငံသားများ လိမ်လည်ခံနေရသည့် အတွက် တရုတ် အစိုးရ မှ ရှမ်းမြောက်ဒေသတခုလုံးကို စစ်‌ ရေး အရ ထိန်းချုပ်ပြီး အဆိုပါ ဂိုဏ်းများကို နှင်ထုတ်လိုက်၍ ထိုင်း-မြန်မာ နယ်စပ် သို့ ပြောင်းရွှေ့ လာခြင်း ဖြစ်ရာ၊ အမေရိကန် ဖက်မှလည်း မိမိတို့ကော အဘယ်ကြောင့် ထိုသို့ လုပ်၍ မရနိုင် ရသနည်း ဟု မေးခွန်းထုတ် လာပုံ ရသည်။

‌တနှစ် အတွင်း ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးနေမှုသည် ငွေမျက်နှာသာ ကြည့် တတ်သော ဒေါ်နယ် ထရမ့် အဖို့ မျက်လုံး ပြူးစရာ ဖြစ်လာရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👏6822👍18🔥1