Hlaing Info
56.1K subscribers
140K photos
5.84K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တပ်မ ၃၃ စစ်သားများ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရ (ရုပ်/သံ)

နိုဝင်ဘာလ ၁၂ ရက်

ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကော်မရှင်တပ်သားတွေကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၂ ရက်မှာ ကန့်ဘလူခရိုင်နဲ့ ရွှေဘိုခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် အများအပြား သေဆုံးပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့နယ် ပကဖ ဓူဝံအဖွဲ့၊ ရွှေဘိုခရိုင် အမှတ် (၃) တပ်ရင်း (ခင်ဦး)၊ အမှတ်(၂၅)တပ်ရင်း(တန့်ဆည်)နဲ့ တော်လှန်ရေးအင်အားစုများက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Phyo Wai Paing
#မောင်း
#HlaingInfo
70👏24👍14😁5
ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီ အတွင်း တပ်စွဲထား‌‌သော စစ်တပ်ကို ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

နိုဝင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသ‌‌တွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်မှစတင်ပြီး ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေ ကို အတည်ပြုနိုင်ခြင်းရှိသေးဘဲ စစ်တပ်ကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ဆည်ထဲရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

"PDF က ဝမ်ပေါင်ထဲကို ရှော့တိုက်ဒုံး အလုံး ၃၀နဲ့ ပစ်တာ မနေ့က ည ၁၀ နာရီလောက်ကနေ ၁၁ ကျော်လောက်အထိကို ပြည်သူတွေက ပွဲဖြစ်တယ် ထင်ကြတာ စစ်ခွေးတွေကလည်း ပြန်ပစ်တယ် လက်နက်ကြီတွေနဲ့ ဆည်ထဲရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး" ဟု ဒေသ‌‌တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နေရာပေါင်းစုံမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကုမ္ပဏီဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး မီးများလောင်ကျွမ်းခဲ့ ကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အရေးပေါ် ဥဩစွဲသံများ တစ်ညလုံး ထွက်ပေါ်ခဲ့ပြီး မီးသတ်ကားများ၊ စစ်ကားနှင့်ရဲကားများဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း မကြာခဏ ဆိုသလို လုပ်ဆောင်နေ၍ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#KTM
#HlaingInfo
👍7024👏10😁6🔥1
၂.၁၁.၂၀၂၅ တိုကျို ဂျပန်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး”
လှုပ်ရှားမှုကော်မတီမှ တောင်းဆိုဆန္ဒထုတ်ဖော်ပွဲ ဖိတ်ခေါ်ခြင်း။
၁။ လက်ရှိမြန်မာနိုင်ငံတွင်စစ်ရေး၊ နိုင်ငံရေး၊ စီပွါးရေး၊ လူမှုရေး၊ ပြည်သူလူထုစားဝတ်နေရေး စတဲ့ အထွေထွေ အကြပ်အတည်းများ ရင်ဆိုင်နေရပါတယ်။
၂။ ဤအထွေထွေ အကြပ်အတည်းဖြေရှင်းပေးနိုင်သူသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာရှိပါသည်။
၃။ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု လျှင်မြန်စွာ တည်ဆောက်နိုင်ရေး လမ်းကြောင်းပေါ် ရောက်ရှိရန်အတွက် အရေးကြီးဆုံးအချက်ဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးသည် အဓိက ဖြစ်သည်ဟု မိမိတို့မှ ယူဆသည်။
၄။ ထို့ကြောင့် ဤတောင်းဆိုဆန္ဒဖော်ထုတ်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်း ပါဝင်ပေးနိုင်ကြပါရန် ဖိတ်ခေါ်ပါသည်။
အစီအစဉ်…..
- ဗုဒ္ဓဟူး နေ့စဉ်
- ညနေ ၁၅:၃၀ မှ ၁၆:၃၀ နာရီအထိ
- မြန်မာ ဖက်ဆစ် အခွန်ရုံးရှေ့
- (ဆက်သွယ်ရန်…)
ကိုခင်အောင်(လှုပ်ရှားမှုကော်မတီ)
[080 1059 4589]

#HlaingInfo
73👍10😁5
UPDATE - ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် ပွိုင့် ၆၆၆ ကုန်းကို စစ်ကော်မရှင်က လက်နက်ကြီးစခန်းအဖြစ် ပြင်ဆင်နေ၊

▪️ထိခိုက်သေဆုံးမှုများကာ ဗိုလ်ကြီးရာထူးအဆင့်ရှိသူများပါ သေဆုံး

နိုဝင်ဘာလ ၁၂ ရက်

ပန်းတောင်းတပ်နယ်အတွင်းရှိ အမှတ် (၁၆) ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းကို စစ်ကော်မရှင်က လက်နက်ကြီးစခန်းအဖြစ် ပြင်ဆင်မွမ်း မံပြီး အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကို အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ၎င်းတို့ ပြန်လည်သိမ်းယူထားသည့် ပွိုင့် ၆၆၆ စခန်းကို အခိုင်အမာခြေကုပ်ယူ၍ လက်နက်ကြီးစခန်းအဖြစ် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

"‌အပြင်းအထန်ကာကွယ်နေရတဲ့ ၆၆၆ စခန်းကိုလည်း လက်နက်ကြီးတွေထပ်ဖြည့်လာတယ်။ ညောင်ခြေထောက်ဘက်က စစ်ကြောင်းကလည်း လက်နက်ကြီးပစ်ကူယူပြီး ရှေ့တိုးလာတယ်။ တောင်ကုတ်တောင် ကြားလမ်းအနောက်ပိုင်းကို ဦးတည်နေတဲ့ စစ်ကြောင်း ရှေ့ဆက်တက် လာနေတယ်"ဟု တပ်သတင်းများဖော်ထုတ်ကာ  စစ်ရေးသုံးသပ်ချက်များကို ဖော်ပြပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသည့် စခန်းကုန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးမှုများနေပြီး ဗိုလ်ကြီးအဆင့် စစ်အရာရှိတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရသည့်အခြေအနေရှိနေ ကြောင်း သိရသည်။

ညောင်ခြေထောက်နှင့် ဆင်လန်အကြား လှုပ်ရှားချီတက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများ လက် နက်ကြီးပစ်ကူများယူ၍ ရှေ့တိုးလာကြောင်း သိရသည်။

ပန်းတောင်းစစ်မျက်နှာပြင်တွင် စစ်ကော်မရှင်တပ်မှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထွက်ပြေးသူများ ကြောင့် အင်အားပြုန်းတီးနေသော်လည်း နောက်တန်းမှနေ၍ ထိုးစစ်ဆင်မှု မပြတ်လပ်စေရန် အင်အားဖြည့် စစ်ကူပို့နေသည်ကို တွေ့ရသည်။

ဥသျှစ်ပစ်လမ်းမှနေ၍ အင်အားဖြည့်နေရာမှ ၂၇ မိုင်လမ်းပိုင်းကို အသုံးပြု၍ စစ်အင်အား ဖြည့်တင်းမှုများကို ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပန်းတောင်း-တောင်ကုတ်လမ်းကြောကို နယ်မြေစိုးမိုးမှုရယူနိုင်ရန် စီစဉ်နေ သော်လည်း ညောင်ကျိုး၊ လေသာတောင်ကြောကို မတက်နိုင်ဘဲ AA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့်  တပ်ဆုတ်နေရပြီး ကပစ ၁၆ ကာကင်းကိုပါ စစ်ကော်မရှင်က အပြင်းအထန် ကာကွယ်နေရကြောင်း သိရသည်။

ရခိုင်-ဧရာဝတီအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ် တိုက်ပွဲများသို့ ပို့ဆောင်ခံထားရသည့် စကခ ၁၀၊ ၁၇ နှင့် ရန်ကုန်ရှိ အခြေစိုက်တပ်ရင်းများမှ စစ်ကော် မရှင်တပ်ဖွဲ့ဝင်များမှာ ဆိုင်ရာနယ်မြေများတွင် အပြင်းအထန်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများလျက်ရှိသည်။

ကပစ ၆ နှင့် ကပစ ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံနှစ်ခုကို ကာကွယ်ရန်အတွက် စစ်ကော်မရှင်က စစ်အင် ဂျင်နီယာတပ်ရင်းများကိုပါ ထုတ်နုတ်အသုံးပြုရသည့်အခြေအနေထိ ရောက်ရှိနေကြောင်း သိရသည်။

ပန်းတောင်းတပ်နယ်အတွင်း တိုက်ပွဲများမှ ထိခိုက်သေဆုံးလာသည့် စစ်ကော်မရှင်တပ်များကို ပြည်နှင့် ရန်ကုန်သို့ ပြန်လည်သယ်ယူရန်အတွက် အရပ်သုံး လူမှုကူညီရေးကားများကို အသြံးပြုခဲ့ရာ သေဆုံး စာရင်းပေါက်ကြားသည့်အတွက် အမိုးအုပ်စစ်သုံးကားကြီးများဖြင့် သေဆုံးသူများကို တိတ်တဆိတ် ပြန်လည်သယ်ယူနေရသည်အထိ ပဲခူးအနောက်ခြမ်း တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှာ အထိနာလျက်ရှိ သည်။

ဓာတ်ပုံ-AA Info Desk
#AYAT
#HlaingInfo
👍5823🔥3🥰3😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
မလုပ်ပါနဲ့ မလုပ်ပါနဲ့

Hold Stop မလုပ်ပါနဲ့


#HlaingInfo
65😁10👍7🔥1👏1😢1
ဖားကန့်မှာ တိုက်ပွဲကြားထဲက‌ စစ်မှုထမ်းတပ်သားနှစ်ဦး သေနတ်ယူပြီး KIA၊KPDFထံ ထွက်ပြေးလာ

နိုဝင်ဘာလ ၁၂ ရက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာစစ်ရေးတင်းမာနေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူထွက်ပြေးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ထံ အလင်းဝင်လာခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲတွေဖြစ်ပွားနေအချိန်မှာ KIA၊KPDFထံ ဆက်သွယ်ပြီး ထွက်ပြေးလာတာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

" တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သေနတ်နှစ်လက်ပါယူလာတာသူတို့တွေက။ အန္တရာယ်လည်းကင်းတယ်" လို့ ၎င်းက ပြောပါတယ်။

ထွက်ပြေးလာတဲ့ တပ်သားနှစ်ဦးဟာ ဧရာဝတီတိုင်းကနေ စစ်သားစု‌ဆောင်းခံရပြီး ဖားကန့်ဒေသကို ပြီးခဲ့တဲ့ဇူလိုင်မှာ ပို့ဆောင်ခံရတာဖြစ်ပါတယ်။  သူတို့နှစ်ဦးကို ဂုဏ်ပြုဆုငွေ သိန်း(၃၀)ပေးအပ်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ထားရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာကလည်း ဖားကန့်ဒေသ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းသင်တန်းဆင်း ၃၀ဦးဟာ KIA ၊ KPDF ပူးပေါင်းတပ် ထံ အလင်းဝင်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းမှာ ပါဝင်လာတဲ့သူတွေအနေနဲ့ အလင်းဝင်ကြဖို့ KIA၊KPDFက တိုက်တွန်းထားပြီး နွေးထွေးစွာကြိုဆိုနေမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဖားကန့်ဒေသကို အင်အား ၃၀၀ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိနေပြီး နိုဝင်ဘာ ၆ရက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။ 

ဖားကန့်နဲ့ ကာမိုင်းကြားက နမ့်ယားရွာ၊ လုံးခင်းကျေးရွာအုပ်စုပတ်ဝန်း ကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး လက်ရှိစစ်ရေးအခြေအနေအရ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA ၊KPDFက သတိပေးထားပါတယ်။

စစ်မှုထမ်း နှစ်ဦး ထွက်ပြေးလာတဲ့နေ့က စစ်ကောင်စီတပ်စစ်ကြောင်းကို KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း များခဲ့ပါတယ်။

ပွိုင့်ဖိုက်အပါအဝင် သေနတ်နဲ့ကျည်ဆန် တွေကို KIA ၊KPDFက သိမ်းယူနိုင်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၁ရက်မှာတော့ လေကြောင်းက‌နေ ဗုံးကြဲလို့ ကလေးမိခင်တစ်ဦးသေဆုံး ကလေးငယ်ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ၁၂ရက် နေ့လယ်ပိုင်းမှာလည်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ညပိုင်းမှာတော့ ပြင်းထန်တဲ့ပေါက်ကွဲသံနှစ်ကြိမ်ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လက်နက်နဲ့ အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို KPDFတာဝန်ရှိသူက ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ - CJ)
#LNO
#HlaingInfo
54👍28🔥1🥰1👏1😁1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံး

နိုဝင်ဘာလ ၁၂ ရက်

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၁၂ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍5614😢3😁2
Hlaing Info pinned Deleted message
‼️ နိုဝင်ဘာလ ၁၂ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-အာရက္ခတပ်တော်(AA) ထံ လက်နက်ချသူတွေအပါအဝင် ဖမ်းဆီးခံရသူတွေ (၇၁) ဦးအထဲမှာ  ပဲခူးတိုင်း ကပစ (၁၆)နဲ့ လေသာတောင်အနီးမှ ၃၀ ဦး၊ မကွေးတိုင်း နတ်ရေကန်မှ လက်နက်ချက်သူ တပ်ကြပ် ၁ ဦးနဲ့ ဧရာတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာ မြို့နယ်မှာ ၄၀ ဦးအထိ ရှိတယ်လို့  AA ရဲ့  နိုဝင်ဘာ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာဖော်ပြထားပါတယ်။ 

02-ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပစိုစောစိုးမြင့်အပါအဝင် ၂၂ ဦးကို ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။

03-စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ABSDF Column - 2 က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

04-စစ်ကိုင်းတိုင်း ကနီမြို့မြောက်ခြမ်း ဝင်းမနားရွာက ဆေးရုံတစ်ခုကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။

05-အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDF တပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်သူ MDY PDF ရဲ့ ဒေါက်တာစိုးရသူဇော်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် “Dr. Soe Thuya Zaw” ကို နိုဝင်ဘာ ၁၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီမှာ PVTV ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

06-အမေရိကန်နိုင်ငံ အခြေစိုက် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ MoneyGram နှင့် မြန်မာနိုင်ငံ အခြေစိုက် ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်သွားမည်ဟု စစ်ကော်မရှင်ပိုင် မြန်မာ့ရုပ်မြင်သံကြား (MRTV)  ဝါဒဖြန့် သတင်းဌာနက နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်က ထုတ်ပြန်သည်။


07-ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်း TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့မှ ABSDFနှင့် PDF တို့ကို KIA က စစ်ရေး ကူညီမည်ဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

08-ဂျပန်နိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက “ဖက်ဒရယ် ပွဲတော်”ကို တိုကျိုမြို့မှာ လာမယ့် နိုဝင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမယ်လို့ Karenni National Society-JP ထံက သိရပါတယ်။

09-အာဏာသိမ်း စစ်အုပ်စု ကြီးစိုးထားရာ မန္တလေးတိုင်း၊ မေမြို့မှာ ဒီကနေ့မနက်ပိုင်း မြို့လယ် နာရီစင်နားက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။

10-တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးမှ  ကြိုတင်ဆန္ဒမဲ ပေးရန် ဆော်အော်နေကြောင်း တရုတ်နိုင်ငံရောက် ပြည်သူတစ်ဦးမှ Hlaing Info သို့ သတင်းပေးပို့လာပါသည်။

11-AAMIJ News သတင်းဌာနအပေါ် အာဏာသိမ်းစစ်အုပ်စုက တရားစွဲဆိုထားသည့် ကိစ္စရပ်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြတ်ပြတ်သားသား သဘောထားထုတ်ပြန်အပ်ပါသည်။

12-Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌၄ဖွဲ့နှင့် ပြည်သူများမှ စုပေါင်းပြီး စက်တင်ဘာလနှင့်အောက်တိုဘာ ၂လ (ရက်ပေါင်း ၆၀‌) အတွင်း ငွေကျပ် ၁၅ သိန်းဖိုးခန့် ပြည်သူများအကြားတွင် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရန် စာသားပါပိုက်ဆံများအားဖြန့်ဝေသုံးစွဲမှု လှုပ်ရှားမှုအားပြုလုပ်ခဲ့ပါသည်။

13-တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး မြို့လုံးကျွတ် ထောင်ချီသော ပြည်သူများ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

14-အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်တွင် ရွှေဆိုင် ဓားပြတိုက်မှု ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး ကာ ဓားပြတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

15-AAPP ရဲ့ နိုဝင်ဘာ ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၄၅) ရက်အတွင်း ပြည်သူ (၇၄၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍3810🔥2
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါ။

#HlaingInfo
70👍8🥰2🔥1
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

#HlaingInfo
86👍6🥰2🔥1
ရွေးကောက်ပွဲ ၏ အခီလီ ဟီးလ်
*****

စစ်အုပ်စု၏ ရွေးကောက်ပွဲက ခြောက်ပတ် လောက်သာ လိုတော့ချိန်တွင် မည်သူကမျလည်း အားတက်သရော မကြိုဆိုကြသည့် အပြင် ကုလသမဂ္ဂ ကပင် ယုံကြည်နိုင်ဖို့ အကြောင်းမရှိဟု ပြောဆိုလာနေသည်။

ဤသည်ကို တန်ပြန်သည့် အနေဖြင့် မြန်မာ နိုင်ငံသားများ အသိအမှတ် ပြုလျင် ရပြီဟု ဂျစ်ကန်ကန် ပြောဆိုလာခဲ့သည်၊

မကြာမီက ကောက်ယူခဲ့သော စစ်တမ်းတွင် ၉၈ ရာနှုန်းသည် ရွေးကောက်ပွဲ ဆိုသည်ကို အယုံအကြည် မရှိကြ၊ လက်ရှ်ိ အကျပ်အတည်း သည်လည်း ပြေလည် သွားဖို့ မရှိ ဟု သဘောထား မှတ်ချက် ပေးခဲ့ကြသည်။ ၉၆ ရာနှုန်းက မဲသွားထည့်မည် မဟုတ်၊ ၉၉ ရာနှုန်းက စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်သည်ဟု ဆိုသည်။

မည်သည့် တိုင်းရင်းသား အုပ်စုကမျှ ရွေးကောက်ပွဲကို အသိအမှတ်ပြု ‌ပူးပေါင်းဆောင်ရွက်ပါမည်ဟု တရားဝင် ကြေညာချက် ထုတ်ပြန်လာကြခြင်း မရှိ။

သို့သော် စစ်အုပ်စု အတွက်က ရွေးကောက်ပွဲ တွင် ၎င်းတို့ ပါတီ အနိုင်ရအောင် မည်မျှပင် သေချာသည် ထက် သေချာအောင် စီစဉ်ထား‌ သော် ငြားလည်း အခီလီ ဟီး အဖြစ် အန္တရာယ် ပေးလာနိုင်သည့် အားနည်းချက်ကြီး ရှိနေသည်ကို စိုးရိမ်ကြောင့်ကြလာကြသည်။

အဆိုပါ အခီလီ ဟီးလ်သည်က ခင်ရီ၊ ဘူးလက်လှဆွေ တို့ ဦးဆောင်နေသော ကြံ့ဖွတ်ပါတီအား လူထု တရပ်လုံးက ၎င်းတို့ ယခုလို ဆင်းရဲ ဒုက္ခ အဝဝ နှင့် ဒုက္ခ အဖုံဖုံ ရောက်၊ လူပေါင်း ၆,၀၀၀ ခန့် အသက်ဆုံးခဲ့ရပြီး လူပေါင်း နှစ်သောင်းကျော် အဖမ်းခံရ၊ မြို့ရွာ များ ပျက်စီးခဲ့ရ၊ ဗုံးကြဲ ခံနေရ၍ တိုင်းပြည် ပျက်စီး လုမတတ် ဖြစ်လာရခြင်း အတွက် ရွံရှာ မုန်းတီး နေကြခြင်းပင် ဖြစ်သည်။ ထို့အပြင် ဦးဆောင်နေသူများ အားလည်း လူဆိုးလူမိုက်များ ဟုသာ သဘောထား နေကြသည်။

လက်ရှိ အီလက်ထရောနစ် မဲပေး စနစ်သည် ပယ်မဲလုပ်၍ မရ‌ တော့ပဲ တယောက်ယောက်ကို မဖြစ်မနေ မဲထဲ့ရတော့မည် ဖြစ်သည်။ လူထုကြီးက စစ်အုပ်စု အား ဒဏ် ခတ်ခြင်၍ အခြား ပါတီများကို ထဲ့သွားမည် ဆိုက ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ ၂၆ ရာနှုန်းပင် မရဘဲ အရှက်တကွဲ ဖြစ်ရပေတော့မည်၊ ထိုအခါ ကျမှ ၁၉၉၀ ကလို ခြေဥ အသစ် ရေးဆွဲ ရန် လုပ်၍ မရတော့။ လက်ရှိတွင်တော့ ကြံ့ဖွတ် အမတ် ၃၀ သည် ပြိုင်ဖက်မရှိဘဲ အရွေးခံရဖို့ ရှိနေသည်။

မဲပေးမည့် အခန်းလေးထဲတွင် မည်သူက မည်သည့် ပါတီကို မဲထည့်သည်ဟုလည်း သိခွင့်မရ၊ ပြည်သူများက မဖြစ်မနေ ထည့်ကြစတမ်း ဖြစ်လာလျင် ထိုသို့သာ လက်စားချေမည် လည်း ဖြစ်သည်။

သက်သက်ခိုင်အားလည်း ဇူလိုင်လ တွင် တည်ဆဲဥပဒေ ကို အပိုဒ် ထပ်တိုးပြီး ကိုယ်စားလှယ် လောင်း အဖြစ်မှ ပယ်ဖျက်လိုက်သည်ကို ကြည့်မည်ဆိုက မည်သို့သော ကိစ္စ မျိုးကိုမှ မဖြစ်လောက်ဟု ပေါ့ပေါ့ဆဆ မနေရဲကြသည်ကို အထင်အရှား တွေ့နေရသည်။

စစ်အာဏာသိမ်းကာစ တွင် အကြံပေး အဖြစ် ပါဝင်လာသော ခင်မောင်ဆွေ၏ NDF ပါတီကိုပင် စံချိန်စံနှုန်း မပြည့်မှီဟု ဆိုကာ ပယ်ဖျက် ပစ်ခဲ့ကြသည်။

ကိုကိုကြီး ကိုတော့ ဖေါက်ပြန်ရေး သမား ဆိုကာ လူထုက အယုံအကြည်မရှိကြ မှန်းသိ၍ လွှတ်ပေးထားခြင်းသာ ဖြစ်မည်ဟု ယူဆရသည်။ ‌၎င်းသည် ထောင်ထဲတွင် နှစ်ရှည်လများ အချိန်ကုန်ခဲ့ရသည်သာ အဖတ်တင်ခဲ့၍ ထိုက်ထိုက်တန်တန် ဖြစ်အောင် ရသမျှ ပြန်ယူချင်နေသူ ဖြစ်သည်။ ထို့အတွက်လည်း ၎င်း ထောင်ကျခံ အတိုက်အခံ လုပ်ခဲ့သည့် ဗိုလ်သန်းရွှေ အဖွဲ့ထက် အပြန်တရာမက ဆိုးဝါးလှသည့် မင်းအောင်လှိုင် နှင့် လက်တွဲ၍ ရနေသည်ကပင် အံ့ဩစရာ ဖြစ်ခဲ့ရသည်။

အရွေးခံရသော်ငြားလည်း စစ်အုပ်စု ၏ သစ္စာခံ အဖြစ် "နွားချေး" သာသာ ဘဝ ဖြင့် နေသွားကြရမည့် လူများ သာ ဖြစ်သည်။

စစ်အုပ်စုက ကေကေ ပတ်ခ် ရှိ ကျားဖြန့် ဂိုဏ်းများ အခြေပြုထားသည့် အဆောက်အအုံ အားလုံး နီးပါး ဖျက်ဆီး ပစ်နိုင်ခဲ့ပြီဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည့် နိုဝင်ဘာ ၉ ရက် နေ့တွင်ပင် ဂြိုလ်တု မှ ရိုက်ကူးထားသော ဓါတ်ပုံများကို AFP သတင်းဌာန က ကမ္ဘာ သတင်း မီဒီယာများသို့ ထုတ်ပြန်ခဲ့ရာ လေးပုံတပုံ ခန့်သာ ပျက်စီး သွားခဲ့သည်ကို တွေ့မြင်ကြရသည်။

ထို့အတွက် စစ်အုပ်စု မှ ကျားဖြန့်ဂိုဏ်းများကို ဖြိုလှဲခဲ့ပြီ ဆိုသော အပြောသည် လိမ်ညာနေခြင်းသာ ဖြစ်သည် ကလည်း ဗူးပေါ်သလို ပေါ်သွားခဲ့ပြန်သည်။ စစ်အုပ်စုသည် ၎င်းတို့ စစ်ယန္တရားကြီး အတွက် အဆိုပါ ဂိုဏ်းများမှ ပေးစာကမ်းစာ များကို မှီခိုနေရဆဲ ဖြစ်သည်။

နည်းပညာများ တိုးတက်နေသော ခေတ်ကြီးထဲတွင် တင်းပုတ်ကြီး တကိုင်ကိုင် နှင့် ရန်ရှာလာလျင် ထုမည် ရိုက်မည် ဆိုသည့် ဂူအောင်းလူသား အဆင့် အတွေးအခေါ်မျိုး နှင့် လိမ်လို့ ကောင်းနေဆဲပင် ဖြစ်သည်။ ထိုသို့သော လူမျိုးများက လုပ်သည့် ရွေးကောက်ပွဲ ဆိုသည်ကလည်း အခွင့်အရေးသမား များ နှင့် စိတ်ပေါ့သွပ်နေသူများသာ ယုံကြည်ကြပေမည်။

အာဏာသိမ်း အဖွဲ့သည် အစိုးရကောင်းတရပ် ဖြစ်လာအောင် အာရုံစိုက် လုပ်ဆောင်နေကြသူများ မဟုတ်ဘဲ ၎င်းတို့ အား ဆန့်ကျင်နေကြသူများကို လိုက်လံ သတ်ဖြတ် အကြမ်းဖက်သည့် နည်းဖြင့်သာ စခန်းသွားကြမည်သူများ ဖြစ်နေသည်ကပင် ပြည်သူများ အတွက် အန္တရာယ်ကြီးက ဆက်ရှိနေဦးမည်သာ ဖြစ်သည်။

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

Hla Soewai
#HlaingInfo
👍8016😁2😢1
မြန်မာစစ်တပ်နှင့်ပူးပေါင်းနေသော DKBA တပ်ဖွဲ့နှင့် ခေါင်း ဆောင် ၄ ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုများအတွက် အမေရိကန်က အရေးယူဒဏ်ခတ်

▪️အမေရိကန်က ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့  ဖွဲ့စည်းလိုက်ပြီး မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည်

နိုဝင်ဘာလ ၁၃ ရက်

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုများအတွက် DKBA တပ်ဖွဲ့နှင့် ခေါင်း ဆောင် ၄ ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုအတွက် မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း၊ အမေရိကန်၏ ပိတ်ဆို့မှုတွင် DKBA ခေါင်းဆောင် ၄ ဦးဖြစ်သည့်  စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနှင့် စောဆန်းအောင် တို့လည်း ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် DKBA နှင့် ပူးပေါင်းဆောင်ရွက်နေသော  Trans Asia International Holding Group Thailand Company Limited နှင့် Troth Star Company Limited တို့ကိုလည်းကောင်း၊   ထိုင်းနိုင်ငံသား Chamu Sawang တို့ကိုလည်း အရေးယူခဲ့ကြောင်း သိရှိရသည်။

ကျားဖြန့် စင်တာများတွင် လူမှောင်ခိုကူးခံရထားသော ဝန်ထမ်းများ လိမ်လည်မှုမှ  ရရှိသော ဝင်ငွေများဖြင့်  DKBA က ၎င်း၏ အန္တရာယ်ရှိသော လှုပ်ရှားမှုများအတွက် ငွေကြေးထောက်ပံ့သုံးစွဲလျက်ရှိကြောင်း သိရှိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းရေးဆိုင်ရာ လက်ထောက်အတွင်းဝန် John K. Hurley က “မြန်မာနိုင်ငံကနေ လှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကတစ်ဆင့် အမေရိကန်တွေဆီက ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြပါတယ်။ ဒီကွန်ရက်တွေဟာ လူတွေကိုလည်း မှောင်ခိုကူးနေပြီး မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို ပိုပြီး မီးထိုးပေးနေပါတယ်။ ဒီ ဆိုင်ဘာရာဇဝတ်ကောင်တွေကို— သူတို့ ဘယ်နေရာမှာပဲ လှုပ်ရှားနေပါစေ— နောက်ယောင်ခံလိုက်ဖို့ နဲ့ အမေရိကန်မိသားစုတွေကို သူတို့ရဲ့ အမြတ်ထုတ်မှုကနေ ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းအပြင် အမေရိကန် FBI အပါအဝင် အစိုးရ အေဂျင်စီများ ပါဝင်သော  လိမ်လည်မှုစင်တာ ကျားဖြန့် တိုက်ခိုက်ရေးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပြီး အမေရိကန်နိုင်ငံသားများအပေါ်  လိမ်လည်မှုများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်ရေးအဖွဲ့က မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကို အဓိကထား၍ အဆိုးရွားဆုံးသော အရှေ့တောင်အာရှမှ ကျားဖြန့်လိမ်လည်မှုစင်တာများနှင့် ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးရန်၊ တရားစွဲဆိုရန်အတွက် အစိုးရအေဂျင်စီများ၊ ထောက် လှမ်း ရေးအေးဂျင့်များနှင့် အစိုးရရှေ့နေများကို တာဝန်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

ကျားဖြန့်လိမ်လည်မှုစင်တာ တိုက်ခိုက်ရေးအဖွဲ့တွင် အမေရိကန် OFAC၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများနှင့် ပူးပေါင်း၍ အစိုးရတွင်ရှိသော နည်းလမ်းအားလုံးကို အသုံးပြုကာ ပိတ်ဆို့အရေးယူမှုများ၊ ပိုင်ဆိုင်မှုသိမ်းဆည်းမှုများ၊ နှင့် လူပုဂ္ဂိုလ်များကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းများဖြင့်လိမ်လည်မှုစင်တာများကို တိုက်ဖျက်ရန်၊ အမေရိကန် အခြေခံအဆောက် အအုံများကို ကာကွယ်ရန် ၊ အများပြည်သူ ပညာပေးခြင်း  နစ်နာသူများကို ကာ ကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်က ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့ စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ နှင့် ၎င်း၏သားနှစ်ဦးဖြစ်သော စောထူးအယ်မူး နှင့် စောချစ်ချစ် တို့နှင့်အတူ အမေရိကန်နိုင်ငံသားများကို ထိခိုက်စေသည့် လူကုန်ကူးမှုနှင့် ဆိုင်ဘာလိမ်လည်မှုများ လွယ်ကူချောမွေ့စေရာတွင် ပါဝင်သည့်အတွက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်း (TCO) အဖြစ် သတ်မှတ်အရေးယူခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
59👏16👍9😁2
ရန်ကုန်မှာ ဈေးအလုယက်လာဝယ်​နေတဲ့ ရုရှားစစ်သားများ

နိုဝင်ဘာလ ၁၃ ရက်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

" စီးတီးမတ်ထဲမှာတွန်းလှည်းကြီးတွေနဲ့ကို ပစ္စည်း တွေ အပြည့် ဝယ်ကြတာ။ အသက်အရွယ်က
တော့ လူငယ်တွေရော လူလတ်ပိုင်းတွေရောပဲ" လို့ ‌မြင်‌တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

ပြည်ပခရီးသွားတွေပုံစံမဟုတ်ပဲ အများစုဟာ ဆံပင်ကို စစ်သား​တွေလို အတိုညှပ်ထားပြီး ကိုယ်ဟန်အ​နေအထား​တွေအရ စစ်သား​တွေဖြစ်ဖို့များတယ်လို့ ​​​ရန်ကုန်မြို့ခံ​တွေက​ပြောပါတယ်။
ဘာသာစကားအနေနဲ့လည်း အင်္ဂလိပ်လိုပြောတာမဟုတ်ပဲ ရုရှားလိုပဲပြောတာကို ကြားခဲ့ရတယ်လို့ ပြည်သူအချို့က​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့
ကျင့်ခန်းတွေလုပ်ဖို့ ရုရှားပစိဖိတ်ရေတပ် (Russian Pacific Fleet)က  စစ်သင်္ဘော ၃ စီး  မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်ကရောက်ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ဒါ​ကြောင့် နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့လယ်မှာ အုပ်စုလိုက် ​ဈေးဝယ်ကြသူ​တွေဟာ ရုရှား​ရေတပ်စစ်သား​တွေဖြစ်ဖို့များတယ်လို့ မျက်မြင်​တွေ့ရှိသူ​တွေက​ပြောပါတယ်။

‌‌အရက် ၊ ဘီယာ ၊ ဆေးလိပ် ကိုအများဆုံးဝယ်ယူကြသလို အအေး ၊အာလူးကြော်နဲ့ အသင့်စားအစားအ‌သောက် တွေ အများ အပြားဝယ်တာမြင်ခဲ့ရတယ်လို့ ​သိရပါတယ်။

"ဆိုင်ဝန်ထမ်းတွေက ကုန်တဲ့ပစ္စည်းတွေဖြည့်ပေးရတာကို လက်မလည်ဘူး။ ဆေးလိပ်တွေ ထပ်ဖြည့်ပေးဖို့ပြောနေတာတော့ကြားခဲ့ရတယ်" လို့ပြည်သူတစ်ဦးကပြောပါတယ်။

တစ်ယောက်ချင်းစီက ပစ္စည်းအများကြီးဝယ်ယူကြဝာာကြောင့် ကောင်တာမှာ ငွေရှင်းဖို့အတွက် ​ဈေးဝယ်သူ​တွေဟာ မိနစ်များစွာစောင့်ကြရတယ်လို့လည်းဆိုပါတယ်။

"ငွေရှင်းတော့တစ်သောင်းတန်အသစ်ချပ်ကျွတ်တွေ လိပ်ကိုင်ထားတာ ကောင်တာကလူကိုပေးလိုက်တာ။ ကောင်တာကလူကကျသင့်ငွေကို ယူပြီးပြန်ပေးတာတွေ့တယ်" လို့ ‌အသက် သုံးဆယ်ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

အဆိုပါ ရုရှား​တွေကစီးတီးမတ်အပြင် ဈေးဝယ်စင်တာထဲကနေရာတော်တော်များများကိုသွားပြီး​ဈေးဝယ်တာတွေ့ရပြီး တချို့ဆိုရင် အိမ်က ကလေးတွေအတွက် အိမ်ပြန်လက်ဆောင်​ပေးတာမှာ အဝယ်များတဲ့အရုပ်တွေကိုပါ ဝယ်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

ရန်ကုန်ကို​ရောက်​နေတဲ့ရုရှားနိုင်ငံမှရောက်ရှိလာသည့် စစ်သင်္ဘောတွေကတော့ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ် ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့ဖြစ်တယ်လို့သိရပါတယ်။

ယူကရိန်းကို ကျူး​ကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားဟာ ရက်ပိုင်းအတွင်းယူကရိန်ကို အနိုင်ယူနိုင်မယ်ထင်​ပေမယ့် ယူကရိန်ပြည်သူ​တွေရဲ့ခုခံ​တော်လှန်မှု​ကြောင့် စစ်ပွဲရှည်ကြာပြီး စစ်ပွဲအတွင်း​သေဆုံး၊ဒဏ်ရာရသူအများအပြားနဲ့စစ်ပန်းပြီး  အာဏာရှင်ဒဏ်ခံ​နေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ယူကရိန်းကျူး​ကျော်စစ်​​ကြောင့် ဥ​ရောပသမဂ္ဂနဲ့ အ​နောက်နိုင်ငံ​တွေရဲ့ စီးပွား​ရေးအရပိတ်ဆို့ဒဏ်ခတ်မှုလည်းကြုံ​နေရပါတယ် ။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ​နောက်ပိုင်းအာဏာသိမ်းစစ်
တပ်ကိုအ​​မေရီကန်နိုင်ငံနဲ့ အ​နောက်နိုင်ငံ​တွေက စီးပွား​ရေးအရဒဏ်ခတ်အ​ရေးယူခဲ့သလို နိုင်ငံ
တကာလုပ်ငန်းအများစု ရင်းနှီးမြှုပ်နှံမှု​တွေထွက်
ခွာသွားတာ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေ​ကြောင့် မြန်မာနိုင်ငံကိုနိုင်ငံတကာက ခရီးသွားလာ​ရောက်မှု နည်းပါး​နေပါတယ်။ဒီအ​ခြေအ​နေမှာ စစ်တပ်နဲ့ ဆက်ဆံ​ရေး​ကောင်းသလို ၊လက်နက်ခဲယမ်း​တွေအများဆုံး​ရောင်းချ​ပေး​နေတဲ့ နိုင်ငံ​တွေထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံစစ်သား​တွေ မြန််မာနိုင်ငံလာ​ရောက်မှုပိုများလာပါတယ်။ရုရှားတိုက်​လေယာဥ်​ပျံ​တွေကိုမောင်းနှင်သင်ကြား​ပေးတာအပါအဝင် စစ်ဘက်နည်းပညာ​သင်ကြား​ပေးမှု​တွေကို ရုရှားစစ်တပ် နဲ့ အာဏာသိမ်းစစ်တပ်ကြားပိုများလာပါတယ်။

ဒါ​ကြောင့် ​နေပြည်​တော် ၊မန္တ​လေး တံတားဦးက ​လေတပ်​တွေမှာ ရုရှားစစ်သားအများအပြား​တွေ့ရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

( ရန်ကုန်မှာ ရုရှား​စစ်သားလို့ယူဆရတဲ့အမျိုးသား​တွေ ​ဈေးဝယ်​နေကြစဥ်။ဓါတ်ပုံ-CJ)
#LNO
#HlaingInfo
👎5119🔥12👍2🤬2😢1
ကလေးမြို့တွင် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်နှင့် ပျူစောထီးခေါင်းဆောင် အားပေါင်တို့ ပူးပေါင်းပြီး  အငြိမ်းစားရဲအရာရှိ နေအိမ်ကို ဓားပြတိုက်မှု ညတွင်းချင်းဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်

နိုဝင်ဘာလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်နှင့် ပျူစောထီးခေါင်း ဆောင် အားပေါင်တို့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့အရာရှိ အငြိမ်းစား နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ခဲ့ရာ ညတွင်း ချင်းဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၈ ရက် ညပိုင်းက ကလေးမြို့၊ အောင်သစ္စာရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်အောင်သည် စစ်တပ်မှ ဒုအရာခံဗိုလ် အောင်ဝင်းစိုး၏ သား၊ ပျူစောထီးခေါင်းဆောင် အား ပေါင်နှင့် ပူးပေါင်းပြီး တာဟန်းရပ်ကွက်ရှိ ရာထူးကြီး အငြိမ်းစား ရဲအရာရှိကြီး၏ နေအိမ်ကို ဓားပြ ဝင်တိုက်ကာ ငွေကျပ်သိန်း ၃၀၀၀ တောင်းယူခဲ့ကြောင်း၊ ထိုသို့ တောင်းသည့်ငွေကို အိမ်ရှင်များက ပေးအပ်ခဲ့ပြီး ဖုန်းဆက်တိုင်ကြား ဖမ်းဆီးခိုင်းသဖြင့် ညတွင်းချင်းဖမ်းမိခဲ့ကြောင်း သိရ သည်။

“အုပ်ကြီးအောင်အောင်ရဲ့ မတ်တူးကားထဲမှာ သုံးလေးယောက်ပါတယ်။ နောက်ပြီးတော့ ကလေးမြို့ စစ်တပ်တစ်ခုရဲ့ ဒုအရာခံဗိုလ်ရဲ့ သားက ပျူဖြစ်နေတာ၊ အဲဒီအုပ်စုနဲ့ အုပ်ကြီးအောင်အောင်တို့ ပေါင်း ပြီး ဓားပြဝင်တိုက်တာ၊ သိန်း ၃၀၀၀ တောင်းတယ်၊ အိမ်ရှင်တွေကလည်း တောင်းတဲ့ငွေ သိန်း ၃၀၀၀ ကို ပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ ဖုန်းဆက်လို့ သူတို့အချင်းချင်း ပြန်ဖမ်းတာ။  အကုန်လုံးကို ညတွင်း ဖမ်းမိတယ်လို့ သိရတယ်။ အဲဒီလို ဖမ်းပြီးတော့ အကုန်လုံးကို ထောင် ၁၅ နှစ်ချလိုက်ပြီ။” ဟု ကလေးမြို့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဓားပြတိုက်မှု ကျူးလွန်ခဲ့သည့် အောင်သစ္စာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်အောင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ရပ် ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာချိန်မှစ၍ လူငယ်များကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို လုပ်ဆောင်သူဖြစ်ကြောငး်၊  ၎င်းကြောင့် လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“အခုသူ့ကို အမှုတွေအများကြီးနဲ့ စွဲတယ်လို့ ကြားတယ်။ သူအခုလိုဖြစ်သွားတော့ အောင်သစ္စာရပ် ကွက်မှာနေတဲ့ ပြည်သူတွေကတော့‌ တော်တော်လေးကို ပျော်ရွှင်နေကြတယ်။ သူမရှိတော့ တော် တော်လေးအေးချမ်းသွားပြီဆိုပြီး ပျော်နေတာ၊ သူပေးတဲ့ဒုက္ခတွေ ခံရတယ်ဆိုတော့လေ။” ဟု ကလေးမြို့နေပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ဓားပြခေါင်းဆောင် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်။
#KTM
#HlaingInfo
28👍15😁13👏9🔥2
မွန်မှာ ရွေးကောက်ပွဲနီးလာပေမယ့် စစ်မှုထမ်းပေးဖို့ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်ဖိအားပေးခံနေရ

နိုဝင်ဘာလ ၁၃ ရက်

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာပေမယ့် စစ်မှုထမ်းတပ်သားတွေ စုဆောင်းပေးဖို့ ဆက်တိုက်ဖိအားပေးနေတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် တပ်သားအင်အား အများအပြား လို အပ်နေသလို သူတို့ လုပ်မယ့် ရွေးကောက်ပွဲ အတွက်လည်း လုံခြုံရေး အင်အားတွေ လိုအပ်နေတာကြောင့် စစ်မှုထမ်း လူသစ်ရရှိအောင် ဖိအားပေးနေတာပါ။

အရင်က စစ်မှုထမ်း သင်တန်းအတွက် ငွေကြေးလိုအပ်သူတွေကို ငွေကြေးပေးဆောင်ကာ လူစား ထိုးအငှား ခေါ်ယူလို့ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စစ်မှုထမ်း သင်တန်း ဆင်းတာနဲ့ ရှေ့တန်း စစ် မြေပြင်ကို တန်းပို့တာ၊ ထိခိုက် သေဆုံးမှုတွေလည်း များပြားတာတွေကြောင့် လူစားထိုး အငှား ခေါ်ယူရ အခက်အခဲ ဖြစ်နေတာပါ။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးကတော့ ရွေးကောက်ပွဲနီးလာပေမယ့် စစ်မှုထမ်းသင် တန်းအတွက် လူသစ်စုဆောင်းပေးဖို့ ဖိအားပေး ရှာခိုင်းနေပြီး ခြိမ်းခြောက်အကျပ်ကိုင်တာတွေလည်း ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက ဘယ်လိုလဲဆိုတော့ စစ်မှုထမ်းသင်တန်းအတွက် လူသစ်ကိုမရရအောင် ရှာခိုင်းတာ၊ သူတို့ ပြောတာတော့ အရင်သတ်မှတ်ထားတဲ့ လူအရေအတွက် ရအောင်ပေါ့နော်။အဲဒီထက် ပိုလည်း ရတယ်။လူသစ်မရလို့တော့ မရဘူး။ မဖြစ်မနေ ရှာပေးရမယ့် ပုံစံပေါ့။ မရလို့ ရှိရင် အရေးယူ ခံရမယ် ဘာညာပေါ့။အရင်ကတော့ အငှားခေါ်လို့ ရတယ်။ အခုက ဘယ်သူမှ မလုပ်ချင် ကြတော့ ဘယ်လို ရှာပေးရမလဲ မသိတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က လူသစ် ရှာဖွေဖို့ ဖိအားပေးလာတာကြောင့် တချို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း သင်တန်းအတွက် ဒေသတွင်းက လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးစု ဆောင်းတာ၊ ဆင့်ခေါ်စာ ပေးပို့တာအပြင် မဲနှိုက်ခိုင်းတာတွေကအစ လုပ်ဆောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံ တစ်ဦးကလည်း စစ်မှုထမ်းအတွက် အုပ်ချုပ်ရေးမှူးတွေက ကယ်ရီသမားကအစ ပိုက်ဆံပေးပြီး စည်းရုံးနေသလို အတင်းအဓမ္မတပ်သား စုဆောင်းတဲ့အတွက်လည်း လူငယ်တွေ ထွက်ပြေးတာတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီဘက်ခြမ်းမှာတော့ ကယ်ရီသမားတွေကို ပိုက်ဆံပေးပြီး စည်းရုံးပြီးတော့ လုံခြုံရေးပဲ လိုက်ရမယ်တို့ ဘာတို့ အဲဒီလိုမျိုးရှိတယ်။ သူတို့က လူသစ်ရှာတယ် ဆိုတာက ပြောမယ်ဆို မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ ဘဝကို သူတို့ ဖျက်ဆီးတာနဲ့ ရိုက်ချိုးနေတာနဲ့ တူတူပါပဲ။ အတင်းအဓမ္မ တပ်သား စုဆောင်းတဲ့အတွက် တချို့ လူငယ်တွေဆိုရင် နိုင်ငံခြား ထွက်တာ များပါတယ်။ တချို့ လူငယ်တွေ ကြတော့ စာရင်းပါတယ်။ အဲဒီစာရင်းမှာပါပြီး ဆိုတာနဲ့ ထွက်ပြေးကြတယ်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ စစ်‌ကော်မရှင် လက်အောက်ခံတွေဟာ လူငယ်တွေကို ညဘက်အချိန်တွေမှာ ဖမ်းဆီးတာ၊ ဆိုင်ကယ် အမျိုးသား နှစ်ယောက် မစီးရ နေရာမှာ နှစ်ယောက်စီးပါက ဖမ်းဆီးတာအပြင် အလုပ်သွားအလုပ်ပြန်ကအစ ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် စုဆောင်းနေတာပါ။

အခုလို စစ်ကော်မရှင်က အကြောင်း အမျိုးမျိုး ပြကာ လူငယ်တွေကို ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းမှု များလာတာကြောင့် လူငယ် အများစု အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာမှု မြင့်တက်နေပြီး တချို့ တရားမဝင် လမ်းကြောင်းတွေကတဆင့် သွားရောက်တဲ့ အတွက် မကြာခဏ ဆိုသလို ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၈ အထိ ဒေသတွင်းက စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၃၃၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
👎46👍75🤬1😢1
Gmail နှင့် အခြား Platform များတွင် Gemini AI ကို ခိုးပြီးဖွင့်ထားခြင်းကြောင့် Google အား အစုလိုက်အပြုံလိုက် တရားစွဲဆိုခြင်း

အနှစ်ချုပ်-
Google သည် သုံးစွဲသူများ၏ ထင်ရှားသော ခွင့်ပြုချက်မရှိဘဲ ၎င်း၏ Gemini AI Assistant ကို Gmail၊ Chat နှင့် Meet တို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၌ လျှို့ဝှက်စွာ အသက်သွင်းခဲ့သည်ဟု စွပ်စွဲကာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့ရှိ ဖက်ဒရယ်တရားရုံးတွင် တင်သွင်းထားသော အဆိုပြုထားသည့် အစုလိုက်အပြုံလိုက် တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါသည်။ တိုင်ကြားချက်တွင် ဤလျှို့ဝှက်လုပ်ဆောင်မှုသည် Gemini AI အား သုံးစွဲသူများ၏ စာပေးစာယူ မှတ်တမ်းများ၊ အီးမေးလ်များ၊ ပူးတွဲဖိုင်များ၊ ချတ်မက်ဆေ့ခ်ျများနှင့် ဗီဒီယိုခေါ်ဆိုမှု မှတ်တမ်းများ အပါအဝင် အချက်အလက်အားလုံးကို ရယူခွင့်နှင့် ခွဲခြမ်းစိတ်ဖြာခွင့်ပေးကာ သီးသန့်ဆက်သွယ်မှုများကို ရှင်းလင်းသော အသိပေးချက် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ထိရောက်စွာ ခြေရာခံခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

အသုံးပြုသူများသည် Gemini ကို ပိတ်နိုင်သည်ဟု သတင်းများက ဆိုသော်လည်း တရားစွဲဆိုမှုတွင် ထိုသို့ပြုလုပ်ရန် ရှုပ်ထွေးပြီး လျှို့ဝှက်ထားသော ကိုယ်ရေးကိုယ်တာ ဆက်တင်များမှတစ်ဆင့် လုပ်ဆောင်ရသောကြောင့် သုံးစွဲသူများအတွက် ရွေးချယ်မှုမှ ဖယ်ရှားရန် ခက်ခဲသည်ဟု ဆိုထားသည်။ ဤလုပ်ဆောင်မှုသည် ၁၉၆၇ ခုနှစ် ကယ်လီဖိုးနီးယား ကိုယ်ရေးကိုယ်တာ ကျူးကျော်မှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ ၎င်းဥပဒေသည် ပါဝင်ပတ်သက်သူအားလုံး၏ ခွင့်ပြုချက်မရှိဘဲ လျှို့ဝှက်ဆက်သွယ်မှုများကို ခိုးယူမှတ်တမ်းတင်ခြင်း၊ စောင့်ကြည့်ခြင်း သို့မဟုတ် ကြားဖြတ်ခြင်းတို့ကို တားမြစ်ထားသည်။ တရားစွဲဆိုမှုတွင် Google အား ထိုသို့သော ခွင့်ပြုချက်မရှိဘဲ ဒေတာစုဆောင်းခြင်းမှ ကာကွယ်ရန် နစ်နာကြေးနှင့် တားမြစ်မိန့်ကို တောင်းဆိုထားသည်။

ဤအမှုသည် အဓိကနည်းပညာကုမ္ပဏီများမှ AI Assistants များကို အသုံးပြုခြင်းနှင့် ပတ်သက်၍ အရေးကြီးသော ကိုယ်ရေးကိုယ်တာနှင့် ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မီးမောင်းထိုးပြထားပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူသုံးစွဲနိုင်သည့် AI ကိရိယာများကို အသက်သွင်းခြင်းမပြုမီ ရှင်းလင်းပြီး သိရှိနားလည်သော အသုံးပြုသူ ခွင့်ပြုချက်လိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်။ Google သည် တရားစွဲဆိုမှုနှင့် ပတ်သက်၍ လူသိရှင်ကြား တုံ့ပြန်ခြင်းမရှိသေးသော်လည်း ၎င်း၏ မွမ်းမံထားသော ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများတွင် Gemini သည် သုံးစွဲသူဒေတာကို လျှို့ဝှက်ထားရှိရန် ဒီဇိုင်းထုတ်ထားပြီး ခွင့်ပြုချက်မရှိဘဲ AI လေ့ကျင့်ရေးအတွက် အကြောင်းအရာများကို အသုံးမပြုကြောင်း ဖော်ပြထားသည်။

ဤတရားစွဲဆိုမှုသည် AI-enabled ကိရိယာများအတွက် ကိုယ်ရေးကိုယ်တာ စံနှုန်းများနှင့် စည်းမျဉ်းမူဘောင်များအတွက် နမူနာတစ်ခု ဖြစ်လာနိုင်ပြီး AI ပေါင်းစည်းမှု တိုးချဲ့လာချိန်တွင် နည်းပညာကုမ္ပဏီကြီးများမှ သုံးစွဲသူဒေတာကို ကိုင်တွယ်ပုံအပေါ် စစ်ဆေးမှုများ တိုးလာနေခြင်းကို ထင်ဟပ်စေသည်။

ဤအသေးစိတ်အနှစ်ချုပ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ထုတ်ပြန်ခဲ့သည့် မကြာသေးမီက ထုတ်ပြန်ချက်များနှင့် တရားရုံးမှတ်တမ်းများစွာ အပေါ် အခြေခံထားသည်။

#iforyou
နည်းပညာ သတင်းများကို  တစ်နေရာတည်း စုံစုံလင်လင်သိနိုင်ဖို့ iForYou ရှိနေပါပြီ။

Telegram:
@iforyouthuta

Facebook Page:
#iforyouthuta
👍406🔥1
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မ‌န္တ‌လေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ပြုလုပ်

နိုဝင်ဘာလ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တ‌လေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ ဆွေးနွေးပွဲ အစည်း အဝေး(၂၃/၂၀၂၅)ကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သိရှိလိုတာ၏များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးရဲ့ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါအစည်းအ‌ဝေးကို အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ မန္တလေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ထားပါတယ်။

#PVTV
#HlaingInfo
👍427🔥1🥰1
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်နှင့်  NUG က ICC တရားရုံး၏ တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ကြေညာချက်ကို ဦးကျော်မိုးထွန်း တင်ပြ

နိုဝင်ဘာလ ၁၃ ရက်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ICC တရားရုံး၏ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုများအတွက် တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ကြေ ညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တင်ပြလိုက်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ အကြိမ် ၈၀ မြောက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေး၏ "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လာမည့် ဆိုးရွားလှသည့် ရာဇဝတ်မှုများကို ကြိုတင်မျှော်လင့်ထားသည်နှင့်အညီ အရပ်သားပြည်သူများ၏ အသက်များ ကယ်တင်ရန်၊ ကာကွယ်ရန်၊ အကြမ်းဖက်စစ်တပ်၏ ထပ်မံရက်စက်မှုများကို တားဆီးနိုင်ရန်၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှု ရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်တို့အတွက် မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် တရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ပုဒ်မ ၁၂ (၃) ကြေညာချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ မှတ်ပုံတင်အရာရှိထံ တင်ပြခဲ့ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး၏ တရားစွဲအရာရှိက အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင် အား ဖမ်းဝရမ်းထုတ်ရန် တရားရုံးသို့ လျှောက်ထားခဲ့မှုကြောင့် မြန်မာပြည်သူများအနေဖြင့်  မျှော်လင့်ချက်များ ပြန်လည်မြင့်တက်လာခဲ့၊ တစ်နှစ်နီးပါး အချိန်ကြာမြင့် လာသည့်အချိန်အထိ တရားစွဲအရာရှိ၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သိသာ ထင်ရှားသော တိုးတက်မှုများ မရှိသေးကြောင်း၊  ပြည်သူများ၏ စိတ်ပျက်မှုများမှာ ပို၍ ကြီးမားလာကာ တရားရုံး၏ အချိန်မီ ထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

ယခုအခါ အကြမ်းဖက်စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်၍ ၎င်းတို့၏ ကြီးလေးသော ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ ရှောင်လွှဲရန်၊ ၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုကို လှည့်ဖြားရန် ကြိုးပမ်းနေကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ရက်စက်မှုများ ဆက်လက်ကျူးလွန်နေခြင်း၊ ထိရောက်သော နယ်မြေ ထိန်း ချုပ်နိုင်မှု မရှိခြင်း၊ နိုင်ငံခေါင်းဆောင်များကို ဥပဒေမဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နှင့် စနစ်တကျ ကျူးလွန်လျက် ရှိခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ပျက်သုဉ်းနေခြင်း၊ ပြည်သူလူထု၏ သတင်း အချက်အလက် ရရှိနိုင်မှုအခွင့်အရေးကို ဆိုးဆိုးရွားရွား ကန့်သတ်ထားခြင်း၊ ပြည်သူများအပေါ် ခြိမ်းခြောက်မှုများ တိုးမြှင့်ခြင်း၊ ပြည်သူများအနေဖြင့် အမြဲတစေ ကြောက်ရွံ့မှုနှင့်ဒွန်တွဲ နေထိုင်ရလျက်ရှိခြင်း အစရှိသည့်အခြေအနေများအောက်တွင် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင်နှင့် လိမ်လည်မှုသာ ဖြစ်မည်ဖြစ်၊ ထိုသို့သော ရွေးကောက်ပွဲသည် မည်သည့်အခါမှ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
60👍30🔥2😁2🥰1🤔1