Hlaing Info
50.3K subscribers
146K photos
6K videos
5 files
14.3K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ထိုင်း ကွန်ဒို အဝယ်လိုက်
*****

စစ်ကောင်စီသည် ၎င်းတို့အား အကာအကွယ် ပေးနိုင်ရန် အရွယ်ရောက်သူတိုင်း တယောက်မကျန် စစ်ထဲဆွဲသွင်းနိုင်ဖို့ ဂမူးရှုးထိုး ကြံစည်လာ‌နေပြီး ယခင်က ကင်းလွတ်ခွင့် ပေးထားသော အသက် ၁၅ နှစ် အထက် ကျောင်းသား ကျောင်းသူ အမည်စာရင်းများကို ပေးပို့ရန် ထွေအုပ်ရုံးများမှ စာနှင့် ပေ နှင့် ညွှန်ကြားလာပြီဟု ဧရာဝတီ မှ သတင်းအရင်းအမြစ်များ ကိုးကား၍ ဖေါ်ပြလာသည်။

ယခင်ကလို လမ်းများပေါ်မှ၊ အိမ်များ၊ ဘတ်စ်ကား ဂိတ် များ မှ ဖမ်းဆီး ခေါ်ဆောင်သွားယုံ နှင့် အားမရတော့ဘဲ တက္ကသိုလ် ကျောင်းတိုက်များ၊ အထက်တန်း ကျောင်း စာသင်ခန်းများ အထိပါ ကျူးကျော် ဝင်ရောက်လာကြပြီ ဖြစ်သည်။

စစ်ခေါင်းဆောင် များ အနား ခစားနေသူများပင် ၎င်းတို့ ရန်ကို ကြောက်လာနေသည်ကို  ထိုင်း ကွန်ဒိုများ နိုင်ငံခြားသားများသို့ အရောင်းစာရင်း တွင် မြန်မာ သည် ရုရှားကို ဖြတ်တက်ပြီး တရုတ် နောက်တွင် ဒုတိယ အဖြစ် ကပ်လိုက်လာသည်က ပြဆိုနေသည်။

အဆက် - ⤵️⤵️
🤬130👍16🔥3🥰1👏1😢1
❐ တော်လှန်ရေးရဲ့ လိုကေးရှင်း

ကိုယ် လိုချင်တဲ့ ပန်းတိုင်ဆီ သွားနိုင်ဖို့ အခု ကိုယ် ရောက်နေတဲ့ နေရာနဲ့ အနေအထားကိုမှ မသိရင် ဘာမှ ဆက်လုပ်လို့ မရဘူး မဟုတ်လား။ ဒီနေ့ခေတ်မှာ ဂရဘ်လို ကားငှားစီးတတ်နေကြတော့ ကိုယ့်တည်နေရာရဲ့ အရေးပါပုံကို သဘောပေါက်ကြမှာပါ။ အဲဒီသဘောပေါက်မှုကို နိုင်ငံရေးထဲ ခေါ်လာနိုင်ကြဖို့ လိုနေတာပေါ့။

လတ်တလော ဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်ရတာ ပန်းတိုင်တော့ ရှိပါရဲ့။ ပန်းတိုင်ကိုလည်း မြင်ကြည့်နိုင်ကြပါရဲ့။ ခက်နေတာက ကိုယ့်တည်နေရာကို ကိုယ် အမှန်အတိုင်း၊ အရှိအတိုင်း သဘောမပေါက်နိုင်၊ ရှာမတွေ့နိုင် ဖြစ်နေကြတာမျိုးပေါ့။

စကစနဲ့ မအလဟာ စစ်တပ်အနေနဲ့ အာဏာကို ထာဝရလက်မလွှတ်ရေးပန်းတိုင် ရှိပါတယ်။ ရွေးကောက်ပွဲနည်းလမ်းနဲ့ အဲဒီပန်းတိုင်ကို ဦးတည်ဖို့ဆိုပြီးတော့လည်း မြင်ကြည့်ထားပါတယ်။ ခက်နေတာက သူ့အနေအထားက ဘယ်နားရောက်နေလဲဆိုတာကို သူ ပြန်ပြီး အကဲမဖြတ်နိုင်၊ သဘောမပေါက်နိုင်၊ လက်မခံနိုင် ဖြစ်နေတာပါ။ စကစဟာ စစ်ချည်း ရှုံးနေတာမှ မဟုတ်ဘဲ။ လူထု ထောက်ခံမှုကလည်း မရ။ နိုင်ငံတကာကလည်း ပျားရည်နဲ့ ဝမ်းချသလောက်လေး ဆက်ဆံနေကြ။ တပ်တွင်း လူသားရင်းမြစ်ကလည်း အရေအတွက်၊ အရည်အချင်းနဲ့ အသိအမြင်မှာပါ ချွတ်ချုံကျ။

အဆက် - ⤵️⤵️
👍1406😁1
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ဘုန်းကြီး ၁ ပါးနှင့်ရဲ ၁ ဦးသေဆုံး၊

▪️ရွှေသောင်ယံမြို့မှ စစ်အရာရှိနှင့်စစ်သည် ၃၀ ထက်မနည်းထွက်ပြေး၍ စစ်ဆေးရေးတင်းကျပ်နေ


ဇန်နဝါရီလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သောကြောင့်  သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ ရဲ ၁ ဦးလည်းသေဆုံးခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်တိုက်နယ်ရှိ ကုလားချောင်းရွာ၊‌ ပေါက်တူးကွင်းရွာနှင့် မကျီးဇင်ဖျားရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျေးရွာတစ်ရွာ ပျက်စီးသွားပြီး ကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ရဲ ၁ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍128🤬16😁12😢2🥰1
လျှပ်စစ်မီးရရှိရေးဟာ အစိုးရတရပ်လုပ်ဆောင်ရတဲ့ သမားရိုးကျတာ၀န်ပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တမူထူးခြားပါတယ်။ " တခြားနိုင်ငံတွေ လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျမတို့ နိုင်ငံမှာတော့ ပြည်သူတွေနဲ့အတူ ဝိုင်းရုန်းကြရတာပဲ " လို့ အမေစုက အညာဒေသ ခရီးစဉ်တခုမှာ ပြောဖူးပါတယ်။

ပြည်သူ့သမ္မတကြီး ဦး၀င်းမြင့်က လျှပ်စစ်ဓါတ်အား ပြည့်၀စွာ သုံးစွဲနိုင်ရေးနဲ့ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်မှ ပြည်သူတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေးကို များစွာ အကျိုးသက်ရောက်စေမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အာဏာရှင်တွေကတော့ ဒီစကားနဲ့ ဆန့်ကျင်ဘက်ပေါ့။ တိုင်းပြည်လူထုကို မီးအလင်းထဲ ထားရမဲ့ကိစ္စကို အာဏာရှင်တွေက ၎င်းတို့အာဏာတည်မြဲရေးအတွက်သာကြည့်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားခဲ့ကြပါတယ်။ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရင် ပြည်သူတွေအနေနဲ့ ကမ္ဘာနဲ့ ဆက်သွယ်ခွင့်တွေ ရရှိလာပြီး အတွေးတွေ ဖြန့်ကျက်လာနိုင်တဲ့အခါ အာဏာရှင်တွေအဖို့ နယ်ကျဉ်းသွားမှာ ဖြစ်ပါတယ်။

အဆက် - ⤵️⤵️
👍224😁93🤯3🥰1
ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို ဖမ်းဆီး အချုပ်ချ အရေးယူ

ဇန်နဝါရီလ ၁၁ ရက်

ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို စစ်ကောင်စီက ဖမ်းဆီး အချုပ်ချ အရေးယူထားကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့  AA နှင့် တော်လှန်ရေးတပ်များက ပန်းတောင်းမြို့နယ်၊ တောင်ကုတ်-ပန်းတောင်းလမ်းရှိ တောင်ပုံကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းသည် တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးတပ်များ စုပေါင်းထားသော တပ်စခန်းဖြစ်ပြီး ကပစ ၆ မှ တပ်သားအများအပြားလည်း ယင်းစခန်းတွင် တာဝန်ချထားခံရကြောင်း၊ တောင်ပုံကြီး စခန်း သိမ်းပိုက်ခံရချိန် ကပစ ၆ မှ တပ်သားအများအပြားမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး မိခင်တပ်ရင်းဌာနချုပ်ရှိရာ ဥသျှစ်ပင် ကပစ ၆ စက်ရုံတပ်ရင်းသို့ ပြန်လာကြကြောင်း၊

အဆက် - ⤵️⤵️
👍113😁52👏14
"ပြည်သူ့ပိုက်ဆံ တို့ပိုက်ဆံဟေ့"

ကာတွန်း - လက်ပံတန်း
#HlaingInfo
🤬145😁157👍6
ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့် စျေးများ မပိတ်ဖို့အတွက် စစ်ကောင်စီဖိအားပေးညွှန်ကြားထား

ဇန်နဝါရီလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်များနှင့် စျေးများမပိတ်ဖို့အတွက် စစ်ကောင်စီက ဖိအားပေးညွှန်ကြားထားကြောင်း ဟိုတယ်ဝန်ထမ်းများထံမှ သိရသည်။

ချောင်းသာကမ်းခြေနှင့် ၁၀ မိုင်ဝန်းကျင်သာ ဝေးသည့် ရွှေသောင်ယံမြို့အနီး တိုက်ပွဲများနီးကပ်လားချိန်တွင် စစ်ကောင်စီတပ်က ဟိုတယ်နှင့် စျေးများမပိတ်ဖို့အတွက် ဖိအားပေးညွှန်ကြားလာခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်ဝန်ထမ်းများမှ ပြောသည်။

“ ခုက ဟိုတယ်တွေရော စျေးတွေရောပိတ်ဖို့လုပ်နေတာ အဲ့တာကို မပိတ်ရဘူးဆိုပြီး ဖိအားပေးလာတာ၊ စျေးဆိုင်ခန်းတွေဆိုလည်း ပိိတ်ထားရင် ချိပ်ပိတ်အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်” ဟု ချောင်းသာမြို့ခံ ဟိုတယ်ဝန်ထမ်း အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ချောင်းသာကမ်းခြေရှိ ဟိုတယ်အများစုသည် ဇန်နဝါရီလ ၁၃ ရက်နေ့အထိသာ ဧည့်သည်လက်ခံထားပြီး နောက်ပိုင်းတွင် ဟိုတယ်အဖွင့်ပြပြီး ဧည့်သည်လက်မခံဖို့စီစဉ်ထားကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အဆက် - ⤵️⤵️
😁141👍53🤬133😢1
သန်လျင်မြို့နယ် တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း

ဇန်နဝါရီလ  ၁၁ ရက်

သန်လျင်မြို့နယ်  တစ်နေရာတွင် ယနေ့  ညမနက် ( ၅  ) နာရီ (  ၃၀  )မိနစ်ဝန်းကျင်အချိန် ၌    🧨   ပေါက်ကွဲသံအကျယ်ကြီး    💣  ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing  Info သို သတင်းပေးပိုလာပါသည်။

ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။

#HlaingInfo
👍136👏26😁42🥰1
မနာလိုတာလည်း မပြောနဲ့လေ …
ဟောဒီ ကမ္ဘာမြေမှာ လမင်းက
တစင်းတည်း ရှိတာကို....။

မောင်လှမျိုး(ချင်းချောင်းခြံ)

#HlaingInfo
405👍33🥰3🔥2🤬1
ဗန်းမော်လေယာဉ်ကွင်း ကာကင်း စစ်စခန်းတချို့ကို သိမ်းပိုက်ရရှိ၊ စစ်တပ်က  ဒရုန်းဖြင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ်အများအပြား မီးလောင်

ဇန်နဝါရီလ ၁၁ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်လေယာဉ်ကွင်းအနီးရှိ စစ်တပ်ကာကင်းစခန်းတချို့ကို ဆက်တိုက်သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဗန်းမော်မြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ထိုးစစ်များ အရှိန်အဟုန်မြှင့်တင်လျက်ရှိပြီး အထူးသဖြင့် စကခ ၂၁ နှင့် ဗန်းမော်လေယာဉ်ကွင်းအနီးကို ဦးတည်၍ ထိုးစစ်ဆင်နေကြောင်း၊ စကခ ၂၁ တွင် စစ်ကောင်စီတပ်များ စုဝေး၍ ခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဗန်းမော်လေယာဉ်ကွင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

"ဗန်းမော်မြို့ လေယာဉ်ကွင်းကိုတော့ ရတယ်ဆိုတဲ့ သတင်းတွေက မဟုတ်သေးပါဘူး။ ကာကင်းတွေတော့ရတယ်။ လေဆိပ်ကိုတော့ မရသေးဘူး။ စကခ ၂၁ ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်။ နေ့တိုင်း တိုက်ပွဲ ပြင်းထန်နေပါတယ်" ဟု ဗန်းမော်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆက် - ⤵️⤵️
👍159👏14😁53🔥3🥰2🤬2👎1
Media is too big
VIEW IN TELEGRAM
ကောင်းလိုက်တဲ့ တရား

ဆရာတော်အရှင်ဇောတိသာရ

#HlaingInfo
👍10313🥰8🔥1
ဝက်လက်၊ ဆောနှင့် ပခုက္ကူ တို့တွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး PDF ထံ အလင်းဝင်

ဇန်နဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ အတွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝက်လက်မြိုနယ်၊ ရှိမ္မကား ကျေးရွာတွင် ယာယီ တပ်စွဲထားသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးသည့် ခမရ-၁၃ တပ်ရင်းမှ ပြည်သူ့စစ် တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်၊  MA ကျည် ၄၆၀ တောင့် ယူဆောင်လာပြီး ရွှေဘိုခရိုင် တပ်ရင်း-၂ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G-3 သေနတ် ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၂ ခုတို့ ယူဆောင်လာပြီး ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍16814👏7🥰2😁1
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍  လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံသို့ တင်ပို့ရောင်းချမှု  ချက်ချင်း ရပ်တန့်ရန် BMC တောင်းဆို

ဇန်နဝါရီလ ၁၁ ရက်

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍ အာဆီယံ အပါအဝင် ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် အကြမ်းဖက်မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချခြင်းကို  ချက်ချင်း ရပ်တန့်ရန်  သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့(BMC) က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တောင်းဆိုသည်။

အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာက ဆက်လက်ပံ့ပိုးနေသဖြင့် အရပ်သား ပြည်သူများ၏ အသက်အန္တရာယ် ဆုံးရှုံးရသည့်အပြင် နေ့စဉ် လူမှုဘဝ အသက်မွေးဝမ်းကျောင်း နှင့် အခြေခံ လိုအပ်ချက်များ  အပေါ်  ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေကြောင်း ထုတ်ဖော်ထောက်ပြထားသည်။

အဆက် - ⤵️⤵️
👍161😢22😁32🔥1🥰1
" ရဲဘော်ရဲဘက် ဆိုတာ ကိုယ်နဲ့အတူ အသင်းအဖွဲ့ တစ်ခုမှာ လက်တွဲလုပ်မှ မဟုတ်ပါဘူး။ တူညီတဲ့ ပန်းတိုင်ရောက်ဖို့ ပံ့ပိုးတဲ့ ပုဂ္ဂိုလ်များဟာ ရဲဘော်ရဲဘက်တွေ ပါပဲ။ "

              ဒေါ်အောင်ဆန်းစုကြည်
            နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

       နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများ
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။

#HlaingInfo
236👍43🥰14🤬1
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီလ ၁၁ ရက်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့  ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ပျက်စီးခဲ့ကြောင်း Aung San's Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက  ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ ရှိ စိုင်ကောင်း ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ရောက်ရှိလာစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍210👏2115🥰4😁2
Hlaing Info pinned Deleted message
BREAKING NEWS -  ကျောက်တော်မြို့ထဲ ဗုံးကြဲခံရ၊ ထိခိုက်သေဆုံးမှုများပြားဟုဆို

ဇန်နဝါရီလ ၁၁ ရက်

ရခိုင်ပြည် ကျောက်တော်မြို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်တော်မြို့ ရှမ်းရွာနှင့် ပန်းထိမ်တန်းမှာ ဗုံး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးမှု စာရင်းအား ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးပေ။

Western News က အချက်အလက်အပြည့်အစုံအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်ကလည်း ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၁ ဦးသေဆုံးပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း သိရသည်။

ပုံစာ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ကျောက်တော်မြို့ထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ဒဏ်ရာရရှိသူများနှင့် အပျက်အစီးများအား တွေ့ရစဉ်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြသည်။(ဓါတ်ပုံ - CJ/ပုံဟောင်းများဖြစ်သည်)

#WN
#HlaingInfo
🤬172😢31👍11😁1
🛑 ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ် ဇင်ပြွန်ကုန်းအုပ်စု ရဲကင်းမှူးသန်းစိုးသည် ငါးသိုင်းချောင်းသို့ သွားရမည်ဟု အထက်မှညွှန်ကြားစာကျလာသဖြင့် ယမန်နေ့ည၌ အရက်မူးမူးဖြင့် ဆိုင်ကယ်မောင်းရာ ကြိုးတံတားပေါ်တွင် ကားကို ဝင်တိုက်ပြီး ဆေးရုံရောက်သွားကြောင်း သိရသည်။🛑

# 11.1.2025  Saturday
# သတင်းပေးပို့လိုပါက
# @specialnewspt007
# သတင်းအထူးတပ်ဖွဲ့-ပုသိမ်
# https://t.me/newsspecialforces
😁157👍39👏141
ပုသိမ်း-မုံရွာလမ်းနှင့် ​ဘေးဝန်းကျင်တွင်အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​ကြောင်းအထက်မင်းလှ
ပကဖ သတိ​ပေး


ဇန်နဝါရီလ ၁၁ ရက်

ပုသိမ်-မုံရွာလမ်းမကြီး‌ပေါ်နှင့် ဘေးပတ်ဝန်းကျင်များ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများအ​နေဖြင့်လမ်းမကြီးတလျောက်နှင့်လမ်း​ဘေး ကျေးရွာချင်းဆက် လမ်းများ အား ယာယီ
သွားလာခြင်းမပြုလုပ်ကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးချက်ထုတ်ပြန်သည်။

ဇန်နဝါရီ ၈ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာချင်းများ ဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားမှ လက်နက်ကြီးများ
ဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းများအသုံး
ပြု၍ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်။ထိုစစ်​ကြောင်းသည်  ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မဂ်လာဘုန်းတော်ကြီးပညာသင်(ဘက)
ကျောင်းတွင်း တပ်စွဲထားသည်ဟု သတိပေးထားသည်။

ထို့ကြောင့်ပုသိမ်-မုံရွာလမ်းမကြီး‌ပေါ် နှင့် ဘေးပတ်ဝန်းကျင်ရှိကျေးရွာ၃၉ ရွာကို စစ်ရေးသတိပြုနေထိုင်ကြရန် သတိပေးထားသည်။

အဆက် - ⤵️⤵️
👍18314🥰5