Hlaing Info
50.3K subscribers
146K photos
6K videos
5 files
14.3K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
Forwarded from Linn Yaung Ni Youth Association (LYNYA)
This media is not supported in your browser
VIEW IN TELEGRAM
Never Give Up

ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#OwlCommunity
#KyimyindaingNetworks_KMD18
#Yangon4brothers
👍12641👏9🥰8🔥1
ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံ

ဇန်နဝါရီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ တာဝန်ခံ ကိုမင်းမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော အင်အား ၁၀၀ ကျော်ခန့်ရှိသည့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍131👏28🥰72🔥1
ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချဖို့ စီစဉ်

ဇန်နဝါရီလ ၁၀ ရက်

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာအကြံပေးထားတဲ့ အတိုင်း ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြောင်း လက်ထောက်ဝန်ကြီးချုပ် ပီချိုင် ချွတ်ဟာ ဗာဂျီရာက ပြောကြားလိုက်ပါတယ်။

ယခုနှစ် လာမယ့်နှစ်ကုန်ပိုင်းမှာ လျှပ်စစ်မီတာ တစ်ယူနစ်ကို ဘတ် ၃ ဒဿမ ၇၀ နှုန်းအထိ လျှော့ချဖို့ အစိုးရက ရည်ရွယ်ထားကြောင်း ဖူထိုင်းပါတီ ခေါင်းဆောင် သက်ဆင်က ချင်းရိုင်ပြည်နယ်ရှိ မဲပေးသူတွေကို ပြောကြားခဲ့တယ်လို့ လက်ထောက်ဝန်ကြီးချုပ် ပီချိုင်က ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်တဲ့ ပီချိုင်က ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မဆွေးနွေးရသေးတာကြောင့် နောက်ထပ် အသေးစိတ်ကို မှတ်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

အခု ဇန်နဝါရီလက စတင်ပြီး ဧပြီလအထိ အိမ်ထောင်စုတွေရဲ့ လျှပ်စစ် ဓာတ်အား သုံးစွဲမှု ကုန်ကျစရိတ်ဟာ တစ်ယူနစ်ကို ၄ ဒဿမ ၁၅ဘတ် ဖြစ်မယ်လို့ ပီချိုင်က ဇန်နဝါရီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဆက် - ⤵️⤵️
👍158😢195🔥3🤔2😁1
ချောင်းဦးတွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ဇန်နဝါရီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင် ခရီးသွားပြည်သူများကို ဖမ်းဆီး၍ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေ တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကျန်ရှိနေသော စစ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍141👏315🥰3👎2
ခင်မောင်တိုး_လွန်ခဲ့သောနေ့256k
<unknown>
🎼 လွန်ခဲ့သောနေ့ 🎼

🎙️ ခင်မောင်တိုး

ညစဉ်သီချင်းများကို Hlaing Info အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်
နီးစပ်ရာ သတင်းများ ပေးပို့ခြင်းဖြင့်
ဒီနွေဦးတော်လှန်ရေးတွင် တဖက်တလမ်းကနေ ပါဝင်ကူညီ‌ပေးကြပါရန် Hlaing Info အဖွဲ့သားများမှ မေတ္တာရပ်ခံပါသည်ရှင့်။

🗞️ သတင်းများပေးပို့လိုလျှင် 🗞️
https://www.facebook.com/share/X8o5XwC44qUbBsts/
(or)
https://t.me/infohlaing Channel

ပြည်သူမှ ပြည်သူသို့ ၊ ပြည်သူမှ သူရဲကောင်းရဲဘော်သို့ သတင်းမှန်များ အချိန်နှင့်တပြေညီ တင်ဆက်နိုင်ရန်အတွက် အောက်ပါ Telegram အကောင့်များသို့ လုံခြုံစိတ်ချစွာသတင်းများပေးပို့ နိုင်ပါသည်ရှင့်။

🌿 - https://t.me/pyithuaungpwel
🌿 - https://t.me/infoAthlaing

▪️HlaingInfo
👍8521🔥1
လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ဇန်နဝါရီလ ၁၀ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ ယာယီ စစ်ကြောင်းမှူး အပါအဝင် ၈ ဦး ကျော်သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စမ်းလှမ်းကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး ၁ ဦးအပါ အဝင် ၈ ဦးကျော်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️
👍129😢2315👏9🔥2🥰2
This media is not supported in your browser
VIEW IN TELEGRAM
နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန်

ဇန်နဝါရီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်​သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front - BLDF က ဒီက​နေ ညမှာထုတ်ပြန်လိုက်သည်။

စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။

နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။

တိုက်ပွဲအတွင်း အမတ(၅၀၈)တပ်ရင်း မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခမှ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့သည်ဟု သိရသည်။

အဆက် - ⤵️⤵️
👏169👍6222😁4🥰3🔥1
ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီးတွင် လူငယ် ၁ ဦး ဖမ်းဆီးခံရကြောင်း

ဇန်နဝါရီလ ၁၀ ရက်

ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီးတွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်၌ စစ်ကောင်စီလက်အောက်ခံများမှ  လူငယ် ၁ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံချန်နယ်ဖြစ်သော Kamayut Information Scout Channel  မှ ဖော်ပြထားပါသည်။


ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီး စစ် SC ၁ စီး ရပ်ကာ လမ်းသွားလမ်းလာ ယောကျ်ားလေး ၁ ဦးကို စစ်ဆေးပြီး ကားပေါ် ဖမ်းခေါ်တင်သွားကြောင်း သိရှိရသည်။

#HlaingInfo
🤬144👍16🔥14
This media is not supported in your browser
VIEW IN TELEGRAM
"မန္တ​လေးကို သိမ်းမယ် ၊ မန္တ​လေးကိုသိမ်းမယ်"

ဇန်နဝါရီလ ၁၀ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အ
ခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်​တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ် ။ PDF ​တွေဟာ "မန္တ​လေးကို သိမ်းမယ် ၊မန္တ​လေးကို သိမ်းမယ်" လို့ သင်တန်းဆင်းပွဲမှာ​ကြွေး​ကြော်ခဲ့ကြသလို ၊ အဆို​တော် လင်းလင်းရဲ့
"​ရောင်နီ " ​သီချင်းကိုဟစ်​ကြွေးခဲ့ကြပါတယ် ။ သင်တန်းဆင်းပွဲကို ဘယ်​နေ့က ဆင်းတယ်ဆိုတာမထုတ်ပြန်​ပေမယ့် ဒီရက်သတ္တပါတ်အတွင်းမှာဖြစ်ဖွယ်ရှိပါတယ် ။မန္တ​လေး PDF ဟာ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်​ပေါက်လာတဲ့ ​တော်လှန်​ရေးတပ်​တွေထဲမှာ တိုက်စွမ်းရည်ထက်မြတ်လှတဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။ စစ်အုပ်စုကို အကြိမ်ကြိမ် အထိနာ​အောင်တိုက်ခိုက်နိုင်ခဲ့သလို မန္တ​လေးPDF ဟာ
မဟာမိတ်တပ်​တွေနဲ့ပူး​ပေါင်းပြီးစဥ့်ကူးမြို့နယ် ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ဒါအပြင်မတ္တရာမြို့နယ်​ရှေ့ပိုင်း က စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါအပြင် TNLA အပါအဝင် မဟာမိတ်တပ်​တွေနဲ့အတူ ​နောင်ချို ၊ မိုးကုတ် ၊မိုးမိတ် မြို့​တွေကိုလည်း သိမ်းပိုက်ထားပါတယ်။

ရုပ်သံ-မန္တ​လေး(PDF)
#LNO
#HlaingInfo
340👍78👏12🥰10😁8
ရွှေသောင်ယံကမ်းခြေတွင် စစ်တပ်ခံစစ်​ပြင်​နေ
စဥ် ​AAနှင့် PDF များက မကျီးဇင်ရွာရဲစခန်းကိုသိမ်းပိုက်


ဇန်နဝါရီလ ၁၀ ရက်

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုအများဆုံးပြုလုပ်‌နေစဥ်မှာပင် အာရက္ခတပ်​တော်(AA)
နှင့် PDF များက မကျီးဇင်ရွာနယ်မြေရဲစခန်းကိုသိမ်းပိုက်လိုက်

၂၀၁၈ ခုနှစ် ဖေ ဖော်ဝါရီလက ကြည်းရေလေစစ်ဆင်ရေးလုပ်ဖူးသည့် ရွှေသောင်ယံကို ယနေ့မှစ၍  ရေတပ်နှင့် တင့်ကားများပို့ပြီးစစ်ကောင်စီ ခံစစ်ပြင်နေသည်။

ယ‌နေ့ည ၇နာရီခန့်တွင် စစ်သားအင်အား ၁၀၀ ထက်မနည်းပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေသောင်ယံ-ဂွမြို့နယ်စပ်ရှိ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်သဘ်ောဖြင့်ထွက်ခွာသွားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့မှ ရောက်ရှိလာခြင်းဖြစ်ပြီး ရွှေသောင်ယံမြို့နယ်၊ ဝက်သေကျေးရွာသို့ ကားများဖြင့် ရောက်လာပြီး ဝက်သေကျေးရွာကမ်းခြေမှတစ်ဆင့် စစ်သင်္ဘောဖြင့် ဆက်ထွက်ခြင်းဖြစ်သည်။

အဆက် - ⤵️⤵️
👍19337😁11👏6🥰3🔥1😢1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးသေဆုံး

ဇန်နဝါရီလ ၁၀ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၀ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၈၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍133👏297🥰2😁1😢1
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။


#HlaingInfo
145👍39🥰4👎2🔥1
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
160👍34🥰8🔥1👏1
မင်းအောင်လှိုင်က လုပ်ငန်းရှင်များကို  ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်ရေး  ဆောင်ရွက်ကြရန် ညွှန်ကြား၊

▪️သားအောင်ပြည့်စုံက ဆိုလာပြားများစွာ  တင်သွင်းနေဆဲဖြစ်ပြီး သမီးခင်သီရိသက်မွန်ကလည်း EV ကားများ တိုးမြှင့်တင်သွင်းနေဆဲ


ဇန်နဝါရီလ ၁၁ ရက်

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားရရှိရေး လုပ်ငန်းရှင်များက ၀ိုင်းဝန်း ဆောင်ရွက်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုသည်။

ယမန်နေ့ မိတ္တီလာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေပြီး လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့် ပတ်သက်၍  ဖျက်ဆီးခံရမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှု များကြောင့် အခက်အခဲများရှိကြောင်း၊

အဆက် - ⤵️⤵️
😁172🤬27👍12👎71😱1😢1
ရမ်းဗြဲ ကျောက်နီမော် ဗုံးကြဲခံရမှု သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ပျက်စီးဟု AA ထုတ်ပြန်

ဇန်နဝါရီလ ၁၁ ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ်ကျေးရွာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ခံရ၍ အပြစ်မဲ့အရပ်သား ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် လူနေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်က ရမ်းဗြဲကျောက်နီမော်ဆိပ်ကမ်းနှင့် ရွာထဲကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း AA က ဆိုသည်။

အဆက် - ⤵️⤵️
🤬164😢32👍4🔥3👏2
ထိုင်း ကွန်ဒို အဝယ်လိုက်
*****

စစ်ကောင်စီသည် ၎င်းတို့အား အကာအကွယ် ပေးနိုင်ရန် အရွယ်ရောက်သူတိုင်း တယောက်မကျန် စစ်ထဲဆွဲသွင်းနိုင်ဖို့ ဂမူးရှုးထိုး ကြံစည်လာ‌နေပြီး ယခင်က ကင်းလွတ်ခွင့် ပေးထားသော အသက် ၁၅ နှစ် အထက် ကျောင်းသား ကျောင်းသူ အမည်စာရင်းများကို ပေးပို့ရန် ထွေအုပ်ရုံးများမှ စာနှင့် ပေ နှင့် ညွှန်ကြားလာပြီဟု ဧရာဝတီ မှ သတင်းအရင်းအမြစ်များ ကိုးကား၍ ဖေါ်ပြလာသည်။

ယခင်ကလို လမ်းများပေါ်မှ၊ အိမ်များ၊ ဘတ်စ်ကား ဂိတ် များ မှ ဖမ်းဆီး ခေါ်ဆောင်သွားယုံ နှင့် အားမရတော့ဘဲ တက္ကသိုလ် ကျောင်းတိုက်များ၊ အထက်တန်း ကျောင်း စာသင်ခန်းများ အထိပါ ကျူးကျော် ဝင်ရောက်လာကြပြီ ဖြစ်သည်။

စစ်ခေါင်းဆောင် များ အနား ခစားနေသူများပင် ၎င်းတို့ ရန်ကို ကြောက်လာနေသည်ကို  ထိုင်း ကွန်ဒိုများ နိုင်ငံခြားသားများသို့ အရောင်းစာရင်း တွင် မြန်မာ သည် ရုရှားကို ဖြတ်တက်ပြီး တရုတ် နောက်တွင် ဒုတိယ အဖြစ် ကပ်လိုက်လာသည်က ပြဆိုနေသည်။

အဆက် - ⤵️⤵️
🤬130👍16🔥3🥰1👏1😢1
❐ တော်လှန်ရေးရဲ့ လိုကေးရှင်း

ကိုယ် လိုချင်တဲ့ ပန်းတိုင်ဆီ သွားနိုင်ဖို့ အခု ကိုယ် ရောက်နေတဲ့ နေရာနဲ့ အနေအထားကိုမှ မသိရင် ဘာမှ ဆက်လုပ်လို့ မရဘူး မဟုတ်လား။ ဒီနေ့ခေတ်မှာ ဂရဘ်လို ကားငှားစီးတတ်နေကြတော့ ကိုယ့်တည်နေရာရဲ့ အရေးပါပုံကို သဘောပေါက်ကြမှာပါ။ အဲဒီသဘောပေါက်မှုကို နိုင်ငံရေးထဲ ခေါ်လာနိုင်ကြဖို့ လိုနေတာပေါ့။

လတ်တလော ဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်ရတာ ပန်းတိုင်တော့ ရှိပါရဲ့။ ပန်းတိုင်ကိုလည်း မြင်ကြည့်နိုင်ကြပါရဲ့။ ခက်နေတာက ကိုယ့်တည်နေရာကို ကိုယ် အမှန်အတိုင်း၊ အရှိအတိုင်း သဘောမပေါက်နိုင်၊ ရှာမတွေ့နိုင် ဖြစ်နေကြတာမျိုးပေါ့။

စကစနဲ့ မအလဟာ စစ်တပ်အနေနဲ့ အာဏာကို ထာဝရလက်မလွှတ်ရေးပန်းတိုင် ရှိပါတယ်။ ရွေးကောက်ပွဲနည်းလမ်းနဲ့ အဲဒီပန်းတိုင်ကို ဦးတည်ဖို့ဆိုပြီးတော့လည်း မြင်ကြည့်ထားပါတယ်။ ခက်နေတာက သူ့အနေအထားက ဘယ်နားရောက်နေလဲဆိုတာကို သူ ပြန်ပြီး အကဲမဖြတ်နိုင်၊ သဘောမပေါက်နိုင်၊ လက်မခံနိုင် ဖြစ်နေတာပါ။ စကစဟာ စစ်ချည်း ရှုံးနေတာမှ မဟုတ်ဘဲ။ လူထု ထောက်ခံမှုကလည်း မရ။ နိုင်ငံတကာကလည်း ပျားရည်နဲ့ ဝမ်းချသလောက်လေး ဆက်ဆံနေကြ။ တပ်တွင်း လူသားရင်းမြစ်ကလည်း အရေအတွက်၊ အရည်အချင်းနဲ့ အသိအမြင်မှာပါ ချွတ်ချုံကျ။

အဆက် - ⤵️⤵️
👍1406😁1
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ဘုန်းကြီး ၁ ပါးနှင့်ရဲ ၁ ဦးသေဆုံး၊

▪️ရွှေသောင်ယံမြို့မှ စစ်အရာရှိနှင့်စစ်သည် ၃၀ ထက်မနည်းထွက်ပြေး၍ စစ်ဆေးရေးတင်းကျပ်နေ


ဇန်နဝါရီလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သောကြောင့်  သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ ရဲ ၁ ဦးလည်းသေဆုံးခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်တိုက်နယ်ရှိ ကုလားချောင်းရွာ၊‌ ပေါက်တူးကွင်းရွာနှင့် မကျီးဇင်ဖျားရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျေးရွာတစ်ရွာ ပျက်စီးသွားပြီး ကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ရဲ ၁ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍128🤬16😁12😢2🥰1
လျှပ်စစ်မီးရရှိရေးဟာ အစိုးရတရပ်လုပ်ဆောင်ရတဲ့ သမားရိုးကျတာ၀န်ပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တမူထူးခြားပါတယ်။ " တခြားနိုင်ငံတွေ လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျမတို့ နိုင်ငံမှာတော့ ပြည်သူတွေနဲ့အတူ ဝိုင်းရုန်းကြရတာပဲ " လို့ အမေစုက အညာဒေသ ခရီးစဉ်တခုမှာ ပြောဖူးပါတယ်။

ပြည်သူ့သမ္မတကြီး ဦး၀င်းမြင့်က လျှပ်စစ်ဓါတ်အား ပြည့်၀စွာ သုံးစွဲနိုင်ရေးနဲ့ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်မှ ပြည်သူတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေးကို များစွာ အကျိုးသက်ရောက်စေမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အာဏာရှင်တွေကတော့ ဒီစကားနဲ့ ဆန့်ကျင်ဘက်ပေါ့။ တိုင်းပြည်လူထုကို မီးအလင်းထဲ ထားရမဲ့ကိစ္စကို အာဏာရှင်တွေက ၎င်းတို့အာဏာတည်မြဲရေးအတွက်သာကြည့်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားခဲ့ကြပါတယ်။ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရင် ပြည်သူတွေအနေနဲ့ ကမ္ဘာနဲ့ ဆက်သွယ်ခွင့်တွေ ရရှိလာပြီး အတွေးတွေ ဖြန့်ကျက်လာနိုင်တဲ့အခါ အာဏာရှင်တွေအဖို့ နယ်ကျဉ်းသွားမှာ ဖြစ်ပါတယ်။

အဆက် - ⤵️⤵️
👍224😁93🤯3🥰1
ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို ဖမ်းဆီး အချုပ်ချ အရေးယူ

ဇန်နဝါရီလ ၁၁ ရက်

ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ်၊ တောင်ပုံကြီး စစ်တပ်စခန်းမှ စစ်ရှုံး အရေးနိမ့် ဆုတ်ခွာလာသော ဥသျှစ်ပင်၊ ကပစ ၆ မှ တပ်သားများကို စစ်ကောင်စီက ဖမ်းဆီး အချုပ်ချ အရေးယူထားကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့  AA နှင့် တော်လှန်ရေးတပ်များက ပန်းတောင်းမြို့နယ်၊ တောင်ကုတ်-ပန်းတောင်းလမ်းရှိ တောင်ပုံကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းသည် တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးတပ်များ စုပေါင်းထားသော တပ်စခန်းဖြစ်ပြီး ကပစ ၆ မှ တပ်သားအများအပြားလည်း ယင်းစခန်းတွင် တာဝန်ချထားခံရကြောင်း၊ တောင်ပုံကြီး စခန်း သိမ်းပိုက်ခံရချိန် ကပစ ၆ မှ တပ်သားအများအပြားမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး မိခင်တပ်ရင်းဌာနချုပ်ရှိရာ ဥသျှစ်ပင် ကပစ ၆ စက်ရုံတပ်ရင်းသို့ ပြန်လာကြကြောင်း၊

အဆက် - ⤵️⤵️
👍113😁52👏14
"ပြည်သူ့ပိုက်ဆံ တို့ပိုက်ဆံဟေ့"

ကာတွန်း - လက်ပံတန်း
#HlaingInfo
🤬145😁157👍6