မြိုင်နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရင်း တော်လှန်ရေးတပ်ဖွဲ့ ဒရုန်းနှစ်စင်းပျက်စီး
▪️ကင်းထောက်ဒရုန်းမို့ အရေးတကြီး ပြန်လိုအပ်နေ
ဇန်နဝါရီလ ၁၀ ရက်
မိုင်းဆွဲခံရမှာ ကြောက်လို့ ယာခင်းတွေထဲ ဖြတ်မောင်းနေတဲ့ စစ်အုပ်စု ရိက္ခာပို့ ယာဉ်တန်းကို ဒရုန်းနဲ့လိုက်လံတိုက်ခိုက်ရာမှာ ယာဉ်တန်းမှာပါတဲ့ စစ်အုပ်စု Jammer ကားကြောင့် ဒရုန်း နှစ်စင်း ပျက်စီးခဲ့ရတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း ဒရုန်းတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
ပခုက္ကူ အထိုင်တပ်ကနေ မြိုင်မြို့ပေါ် စစ်အုပ်စုတပ်ဆီ ရိက္ခာပို့လာတဲ့ အဲဒီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး စစ်အုပ်စု Jammer ကြောင့် ကင်းထောက်ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်ရေးသုံး RC Plane အမျိုးအစားဒရုန်းတစ်စင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
“သူတို့က ကားဂျန်ဘာ နဲ့ စစ်ကြောင်းထိုးလာတာပါ၊ကျနော်တို့ တပ်ရင်းက ဒရုန်း တစ်စီးနဲ့ RC Plane တစ်စီး ပျက်စီးခဲ့ပါတယ်” လို့ အမှတ် ၁၇ တပ်ရင်း ဒရုန်းတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
အဆက် - ⤵️⤵️

👍149🥰15😢14❤3😁3🤔2
သပိတ်ကျင်း၊ စဉ့်ကူးနှင့် မိုးကုတ် မြို့နယ်တို့ကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိ
ဇန်နဝါရီ ၁၀ ရက်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိကြောင်း Thabeikkyin Revolution - TR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီခန့်မှ ၁၂ နာရီထိ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေလုပ်ကွက်များနှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ကံတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း သိရှိရသည်။

😢136🤬64👍18😁5🔥3👎2👏2❤1
မုံရွာ-နမခ ထောက်ပို့ယာဉ်တန်းက ကားငါးစီး၊ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိ
ဇန်နဝါရီလ ၁၀ ရက်
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( မုံရွာ-နမခ) က ထွက်လာတဲ့ စစ်အုပ်စုထောက်ပို့ကားတန်းကို တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာမှာ ထောက်ပို့ကားတွေကို ဖျက်ဆီးနိုင်ခဲ့သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲ ယမ်း တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၉ က ထုတ်ပြန်ပါတယ်။
မုံရွာ-နမခ ကနေ ဇန်နဝါရီလ ၉ ရက် မနေ့က ထွက်လာတဲ့ စစ်အုပ်စုထောက်ပို့ကား ၁၀ စီးကို တိုက်ခိုက်ခဲ့ရာမှာ ကားငါးစီးကို ဖျက်ဆီးနိုင်ခဲ့သလို စစ်အုပ်စု ကိုးဦး သေဆုံးပြီး အရှင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“ မိမိတို့မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်းနှင့် အတူ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများက မနက် ၁၀နာရီ ၃၀ မိနစ်ခန့် အချိန်မှ နေ့လယ် ၁၂နာရီ အချိန်ထိ တိုက်ပွဲကြာချိန် ၁နာရီ မိနစ်၃၀အကြာ ကြားဖြတ် တိုက်ပွဲ ဖော် ဆောင်ခဲ့ပါသည်။

👏162👍38❤37🥰4😁1
ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာထိ AAနှင့်ပူးပေါင်းတပ်များသိမ်းပိုက်ထားပြီး စစ်ကောင်စီမှ ပြင်းထန်စွာခုခံနေ
ဇန်နဝါရီလ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာတွင် ခုခံနေသော စစ်ကောင်စီ တပ်ဖွဲ့၀င်များကို ဇန်နဝါရီ ၉ ရက်နေ့ညပိုင်းတွင် အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။
ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် မကျီးဇင်ကျေးရွာရှိ ရဲစခန်းအပါအ၀င် စစ်ကောင်စီတပ်နှင့်ရဲများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကောင်စီမှ လေကြောင်း၊ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများကြောင်း
သိရှိရသည်။
"မနေ့ကထိ နောက်ဆုံးသိရတာတော့ လေကြောင်းကဗုံးကြဲတာ၊ ရွာကအိမ်တွေရော ၊ ဘုန်းကြီးကျောင်းတွေပါ မီးလောင်သွားတယ်ပြောတယ်။ မပြေးပဲကျန်တဲ့သူတွေလည်း ခုထိအဆက်အသွယ်မရဘူးဖြစ်နေတယ်"ဟု ကျေးရွာကို စွန့်ခွာထွက်ပြေးလာသူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘောမိကျေးရွာသို့ဆုတ်ခွာပြီး ခံစစ်ပြင်ဆင်ထားကာ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရှိရသည်။

❤128👏54👍32🥰5🔥4
အမှန်တရားဆိုတာ
သက်သေမလိုပါဘူး
မှန်နေဖို့ပဲလိုတယ်
အမှန်တရားကိုတွေ့မြင်ဖို့အတွက်
ကြည့်မယ့်လူတွေရဲ့မျက်လုံးက
အဝိဇ္ဇာကင်းဖို့လိုတယ်။ ။
▫မောင်လှမျိုး(ချင်းချောင်းခြံ)
#HlaingInfo
သက်သေမလိုပါဘူး
မှန်နေဖို့ပဲလိုတယ်
အမှန်တရားကိုတွေ့မြင်ဖို့အတွက်
ကြည့်မယ့်လူတွေရဲ့မျက်လုံးက
အဝိဇ္ဇာကင်းဖို့လိုတယ်။ ။
▫မောင်လှမျိုး(ချင်းချောင်းခြံ)
#HlaingInfo
❤181👍66🥰6👎2🔥1
ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံး၊ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က မြေဖို့ သဂြိုလ်ခဲ့
ဇန်နဝါရီလ ၁၀ ရက်
မကွေးတိုင်း၊ ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံးသွားပြီး ၎င်း၏ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က မြေဖို့ သဂြိုလ်ခဲ့ကြောင်း COBRA ONE Pakokku မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ပခုက္ကူမှ မြို့သို့ ရိက္ခာလာပို့သည့် စစ်ယာဉ်တန်း လုံခြုံရေးအတွက် စစ် ကြောင်းထိုးလာစဉ် ခလရ ၂၃၅ တပ်ရင်းမှ တပ်ကြပ်စိုးထိုက်ဦးသည် မိုင်းထိမှန်ခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်၃ နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်ဆောက်ကျေးရွာ ကားလမ်းဘေးတွင် ခလရ ၂၃၅ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး မင်းကျော်အောင်က အမိန့် မြေဖို့ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

👍121👏26😁7🔥2
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အတွက် ကမ်ပိန်းပြုလုပ်မည်ဟု သားဖြစ်သူပြော
ဇန်နဝါရီလ ၁၀ ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် ကမ်ပိန်းပြုလုပ်ရန်ရှိကြောင်း ၎င်း၏ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးသည်။
ယခုနှစ်ထဲတွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အမှတ်တရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေများကို လူပိုသိလာအောင်လုပ်ဆောင်ရင်း ဘေးဒုက္ခရောက်နေသည့် ပြည်သူများဆီ လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်ပေးလိုကြောင်း ကိုထိန်လင်းက ဆိုသည်။
“မေမေဟာ သူ့ဘဝရဲ့ လေးပုံတပုံကို ချုပ်နှောင်မှုတွေအောက်မှာ နေနေရပါတယ်။ ကျွန်တော်နဲ့အတူတူ ဒီအစီအစဉ်မှာပါဝင်ပြီးတော့ မေမေနဲ့ မြန်မာပြည်သူတွေကိုချစ်ကြောင်း ကူညီနေကြောင်းပြရင်း ဒီ ၈၀ နှစ်ပြည့် မွေးနေ့အစီအစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေလည်း အသိအမှတ်ပြုရမယ့် စံချိန်တင်ပွဲလေးတခုဖြစ်အောင် လုပ်ကြရအောင်” ဟု ကိုထိန်လင်းက တိုက်တွန်းထားသည်။

❤250👍58🥰13😁4
ဘီးလင်းရှိ လဂွန်းပျိုတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်နှင့်တကွ အလင်းဝင်
ဇန်နဝါရီလ ၁၀ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ လဂွန်းပျိုတပ်စခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသည် ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း စစ်ဒေသ ၁ ထံမှ သိရသည်။
၎င်းတို့ အလင်းဝင်လာနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါ ၁ ၆ ဉီးထံမှ ၈၀ မမ လက်နက်ကြီး ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၅၀ မမ စိန်ပြောင်း ၁လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁ လက်၊ MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဒေသ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြောင်းအရာအသေးစိတ်ကိုတော့ ထုတ်ပြန်ဖော်ပြလာခြင်း မရှိသေးပေ။
#NA

👍182👏45❤10🥰3🔥2
တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင်တို့၏ ပြင်ဆင်ဆောင်ရွက်မှုကြောင့် ဒေသခံများ ကြိုတင်တိမ်းရှောင်
ဇန်နဝါရီလ ၁၀ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင် (CB) တို့၏ ပြင်ဆင်ဆောင်ရွက်မှုကြောင့် ဒေသခံပြည်သူများသည် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။
CC အဖွဲ့ဝင်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (တီးတိန်) က တီးတိန်မြို့ဒေသခံပြည်သူများကို တစ်ပတ်တွင်း အရေးကြီးတန်ဖိုးရှိသည့် ပစ္စည်းများနှင့် စာရွက်စာတမ်းများကို ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်ကပင် သတိပေးထားသည်။
"ကိုယ့်ရဲ့ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ခိုင်းတာပါ။ တိုက်ပွဲဖြစ်ရင် ပစ္စည်းတွေပြောင်းရတာ အဆင်မပြေမှာစိုးလို့ ပြောတယ်။ လူကတော့ တိမ်းရှောင်ကြဖို့ မပြောသေးပါဘူး။ တိုက်ပွဲဖြစ်တဲ့ခါ သတိပေးမယ်ပြောတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

❤99👍61🥰13🔥1
10- JAN -2025 Japan
ညီမငယ် မြသွဲ့သွဲ့ခိုင်နှင့် ကြွေကျကြယ်တွေကို မမေ့ကြေး
အသည်းနှလုံးပတ်ပတ်လည်မှာ
သံတွေလိုစိုက်ဝင်နေမယ့်
မှတ်ဉာဏ်တွေ ငါတို့လိုတယ်
မှတ်ဉာဏ်တွေမရှိခဲ့ရင်
သေသူတွေ လာလည်တဲ့အခါ
ငါတို့ ဘာနဲ့ဧည့်ခံကြရမှာ
ဂျပန်နိုင်ငံ တိုကိိုမြို့မြန်မာစစ်ဒေါက်တိုင် သံရုံးရှေ့တွင် အမိမြေချစ်သူများ စုပေါင်းပြီး မအလ အကြမ်းဖက်ကို နေ့စဉ် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ
ရုံးဖွင့်ရက်များနေ့စဉ်
၁၅:၃၀မှ ၁၆:၃၀
Khin Aung NLD Japan +818010594589
Myanmar Democracy Activists Group

❤159👍59🥰8😢2🔥1
Forwarded from Linn Yaung Ni Youth Association (LYNYA)
This media is not supported in your browser
VIEW IN TELEGRAM
Never Give Up
ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့
#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#OwlCommunity
#KyimyindaingNetworks_KMD18
#Yangon4brothers
ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့
#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#OwlCommunity
#KyimyindaingNetworks_KMD18
#Yangon4brothers
👍126❤41👏9🥰8🔥1
ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံ
ဇန်နဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ တာဝန်ခံ ကိုမင်းမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော အင်အား ၁၀၀ ကျော်ခန့်ရှိသည့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

👍131👏28🥰7❤2🔥1
ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချဖို့ စီစဉ်
ဇန်နဝါရီလ ၁၀ ရက်
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာအကြံပေးထားတဲ့ အတိုင်း ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြောင်း လက်ထောက်ဝန်ကြီးချုပ် ပီချိုင် ချွတ်ဟာ ဗာဂျီရာက ပြောကြားလိုက်ပါတယ်။
ယခုနှစ် လာမယ့်နှစ်ကုန်ပိုင်းမှာ လျှပ်စစ်မီတာ တစ်ယူနစ်ကို ဘတ် ၃ ဒဿမ ၇၀ နှုန်းအထိ လျှော့ချဖို့ အစိုးရက ရည်ရွယ်ထားကြောင်း ဖူထိုင်းပါတီ ခေါင်းဆောင် သက်ဆင်က ချင်းရိုင်ပြည်နယ်ရှိ မဲပေးသူတွေကို ပြောကြားခဲ့တယ်လို့ လက်ထောက်ဝန်ကြီးချုပ် ပီချိုင်က ပြောပါတယ်။
ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်တဲ့ ပီချိုင်က ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မဆွေးနွေးရသေးတာကြောင့် နောက်ထပ် အသေးစိတ်ကို မှတ်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။
အခု ဇန်နဝါရီလက စတင်ပြီး ဧပြီလအထိ အိမ်ထောင်စုတွေရဲ့ လျှပ်စစ် ဓာတ်အား သုံးစွဲမှု ကုန်ကျစရိတ်ဟာ တစ်ယူနစ်ကို ၄ ဒဿမ ၁၅ဘတ် ဖြစ်မယ်လို့ ပီချိုင်က ဇန်နဝါရီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

👍158😢19❤5🔥3🤔2😁1
ချောင်းဦးတွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
ဇန်နဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင် ခရီးသွားပြည်သူများကို ဖမ်းဆီး၍ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေ တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကျန်ရှိနေသော စစ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

👍141👏31❤5🥰3👎2
ခင်မောင်တိုး_လွန်ခဲ့သောနေ့256k
<unknown>
🎼 လွန်ခဲ့သောနေ့ 🎼
🎙️ ခင်မောင်တိုး
ညစဉ်သီချင်းများကို Hlaing Info အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။
မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်
နီးစပ်ရာ သတင်းများ ပေးပို့ခြင်းဖြင့်
ဒီနွေဦးတော်လှန်ရေးတွင် တဖက်တလမ်းကနေ ပါဝင်ကူညီပေးကြပါရန် Hlaing Info အဖွဲ့သားများမှ မေတ္တာရပ်ခံပါသည်ရှင့်။
🗞️ သတင်းများပေးပို့လိုလျှင် 🗞️
https://www.facebook.com/share/X8o5XwC44qUbBsts/
(or)
https://t.me/infohlaing Channel
ပြည်သူမှ ပြည်သူသို့ ၊ ပြည်သူမှ သူရဲကောင်းရဲဘော်သို့ သတင်းမှန်များ အချိန်နှင့်တပြေညီ တင်ဆက်နိုင်ရန်အတွက် အောက်ပါ Telegram အကောင့်များသို့ လုံခြုံစိတ်ချစွာသတင်းများပေးပို့ နိုင်ပါသည်ရှင့်။
🌿 - https://t.me/pyithuaungpwel
🌿 - https://t.me/infoAthlaing
▪️HlaingInfo

👍85❤21🔥1
လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
ဇန်နဝါရီလ ၁၀ ရက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ ယာယီ စစ်ကြောင်းမှူး အပါအဝင် ၈ ဦး ကျော်သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စမ်းလှမ်းကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး ၁ ဦးအပါ အဝင် ၈ ဦးကျော်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

👍129😢23❤15👏9🔥2🥰2
This media is not supported in your browser
VIEW IN TELEGRAM
နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန်
ဇန်နဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front - BLDF က ဒီကနေ ညမှာထုတ်ပြန်လိုက်သည်။
စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။
နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။
တိုက်ပွဲအတွင်း အမတ(၅၀၈)တပ်ရင်း မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခမှ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့သည်ဟု သိရသည်။

👏169👍62❤22😁4🥰3🔥1
ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီးတွင် လူငယ် ၁ ဦး ဖမ်းဆီးခံရကြောင်း
ဇန်နဝါရီလ ၁၀ ရက်
ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီးတွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်၌ စစ်ကောင်စီလက်အောက်ခံများမှ လူငယ် ၁ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံချန်နယ်ဖြစ်သော Kamayut Information Scout Channel မှ ဖော်ပြထားပါသည်။
ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီး စစ် SC ၁ စီး ရပ်ကာ လမ်းသွားလမ်းလာ ယောကျ်ားလေး ၁ ဦးကို စစ်ဆေးပြီး ကားပေါ် ဖမ်းခေါ်တင်သွားကြောင်း သိရှိရသည်။

🤬144👍16🔥14
This media is not supported in your browser
VIEW IN TELEGRAM
"မန္တလေးကို သိမ်းမယ် ၊ မန္တလေးကိုသိမ်းမယ်"
ဇန်နဝါရီလ ၁၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အ
ခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ် ။ PDF တွေဟာ "မန္တလေးကို သိမ်းမယ် ၊မန္တလေးကို သိမ်းမယ်" လို့ သင်တန်းဆင်းပွဲမှာကြွေးကြော်ခဲ့ကြသလို ၊ အဆိုတော် လင်းလင်းရဲ့
"ရောင်နီ " သီချင်းကိုဟစ်ကြွေးခဲ့ကြပါတယ် ။ သင်တန်းဆင်းပွဲကို ဘယ်နေ့က ဆင်းတယ်ဆိုတာမထုတ်ပြန်ပေမယ့် ဒီရက်သတ္တပါတ်အတွင်းမှာဖြစ်ဖွယ်ရှိပါတယ် ။မန္တလေး PDF ဟာနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်တွေထဲမှာ တိုက်စွမ်းရည်ထက်မြတ်လှတဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။ စစ်အုပ်စုကို အကြိမ်ကြိမ် အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သလို မန္တလေးPDF ဟာ
မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးစဥ့်ကူးမြို့နယ် ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ဒါအပြင်မတ္တရာမြို့နယ်ရှေ့ပိုင်း က စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါအပြင် TNLA အပါအဝင် မဟာမိတ်တပ်တွေနဲ့အတူ နောင်ချို ၊ မိုးကုတ် ၊မိုးမိတ် မြို့တွေကိုလည်း သိမ်းပိုက်ထားပါတယ်။
ရုပ်သံ-မန္တလေး(PDF)
#LNO

❤340👍78👏12🥰10😁8
ရွှေသောင်ယံကမ်းခြေတွင် စစ်တပ်ခံစစ်ပြင်နေ
စဥ် AAနှင့် PDF များက မကျီးဇင်ရွာရဲစခန်းကိုသိမ်းပိုက်
ဇန်နဝါရီလ ၁၀ ရက်
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုအများဆုံးပြုလုပ်နေစဥ်မှာပင် အာရက္ခတပ်တော်(AA)
နှင့် PDF များက မကျီးဇင်ရွာနယ်မြေရဲစခန်းကိုသိမ်းပိုက်လိုက်
၂၀၁၈ ခုနှစ် ဖေ ဖော်ဝါရီလက ကြည်းရေလေစစ်ဆင်ရေးလုပ်ဖူးသည့် ရွှေသောင်ယံကို ယနေ့မှစ၍ ရေတပ်နှင့် တင့်ကားများပို့ပြီးစစ်ကောင်စီ ခံစစ်ပြင်နေသည်။
ယနေ့ည ၇နာရီခန့်တွင် စစ်သားအင်အား ၁၀၀ ထက်မနည်းပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေသောင်ယံ-ဂွမြို့နယ်စပ်ရှိ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်သဘ်ောဖြင့်ထွက်ခွာသွားသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့မှ ရောက်ရှိလာခြင်းဖြစ်ပြီး ရွှေသောင်ယံမြို့နယ်၊ ဝက်သေကျေးရွာသို့ ကားများဖြင့် ရောက်လာပြီး ဝက်သေကျေးရွာကမ်းခြေမှတစ်ဆင့် စစ်သင်္ဘောဖြင့် ဆက်ထွက်ခြင်းဖြစ်သည်။

👍193❤37😁11👏6🥰3🔥1😢1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးသေဆုံး
ဇန်နဝါရီလ ၁၀ ရက်
မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၀ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၈၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
#KTM

👍133👏29❤7🥰2😁1😢1