Hlaing Info
50.3K subscribers
146K photos
6K videos
5 files
14.3K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
မြန်မာဘက်သို့ လိမ်လည်ခေါ်ဆောင်ခံရတော့မည် တရုတ်ခရီးသည် ၂ ဦးကို ထိုင်းစစ်တပ်က  မဲဆောက်တွင် ကယ်တင်၊

▪️ချင်းမိုင်သို့ သွားလည်မည့် တရုတ် ၂ ဦးကို  ကားသမားက လမ်းကြောင်းပြောင်း၍ နယ်စပ်သို့ ပို့ဆောင်


ဇန်နဝါရီလ ၁၀ ရက်

ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ လိမ်လည်ခေါ်ဆောင်ခံရတော့မည် တရုတ်ခရီးသည် ၂ ဦးကို ထိုင်းစစ်တပ်က ကယ်တင်လိုက်ကြောင်း  Khaosod English သတင်းဌာနက သတင်းဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်အနီး တက်ခရိုင်တွင် တရုတ်နိုင်ငံသား ခရီးသည် အသက် ၂၇ နှစ်အရွယ် Wu နှင့် အသက် ၃၆ နှစ်အရွယ် Zhu တို့ ၂ ဦးကို ထိုင်းစစ်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း၊  အဆိုပါ တရုတ်ခရီးသည် ၂ ဦးသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ချင်းမိုင်သို့ သွားရောက် လည်ပတ်စီစဉ်ထားခဲ့ကြသော်လည်း ကားသမားက လမ်းကြောင်းပြောင်းကာ တက်ခရိုင်၊ ဖုတ်ဖရမြို့နယ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် နယ်စပ်သို့ ဖြတ်သန်းရန် အချိန်စောင့်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍93😁32😱7👎2
ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု မြန်မာက ဒုတိယအများဆုံးဖြစ်

ဇန်နဝါရီလ ၁၀ ရက်

၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယအများဆုံး ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလမှာ မြန်မာနိုင်ငံက ဘတ် ၅ ဒသမ ၄၆ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၁၀၅၀ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမကိုးလမှာတော့ ဘတ် ၂ ဒသမ ၂၅ တန်ဖိုးရှိတဲ့ ကွန်ဒို ၃၄၇ လုံးထက်မနည်း ဝယ်ယူမှုရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာတော့ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူသူတွေကို ဘတ် ၃ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၅၆၄ လုံး ရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ ဘတ် ၂ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၃၄၉ လုံး ရောင်းချခဲ့ရတာကြောင့် ဝယ်လိုအား သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို တရုတ်နိုင်ငံသားတွေက အများဆုံးဝယ်ယူခဲ့ပြီး ဘတ် ၂၀ ဒသမ ၂ ဘီလီယံ တန်းဖိုးရှိတဲ့ ကွန်ဒို ၄,၃၈၆ လုံး ရောင်းချခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

အဆက် - ⤵️⤵️
👍94😱15🔥52
အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေဟု AA က ပြောဆို

ဇန်နဝါရီလ ၁၀ ရက်

အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေကြောင်း  AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း ၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၄၀ သေဆုံးခဲ့ပြီးနောက် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတွင် နိုင်ငံရေးအရ ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မူဝါဒ မရှိသည်ကို လေကြောင်းတိုက်ခိုက်မှုများက ရှင်းရှင်းလင်းဖော်ပြနေကြောင်း ၎င်းက ဆိုသည်။

အဆက် - ⤵️⤵️
👍22016😁7🔥2
တရုတ်နိုင်ငံမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသူ အမျိုးသားတစ်ဦး ပြန်လည်ရောက်ရှိလာ

ဇန်နဝါရီလ ၁၀ ရက်

တရုတ်နိုင်ငံမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး ဇန်နဝါရီ ၃ ရက်က နေရပ်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ဝ လူငယ်အသံ WNL က ဒီနေ့(ဇန်နဝါရီ၁၀) မှာ မျှဝေလာပါတယ်။

ပြန်လည်ရောက်ရှိလာသူဟာ ပန်ဝိုင်မြို့(ဆောဖာ)၊ ယောင်းမော်ကျေးရွာက အသက်၃၂ နှစ်အရွယ်ရှိ ဦးအိုက်နပ်ဆိုသူဖြစ်ပြီး ရန်ကုန်လေဆိပ်က တစ်ဆင့် နေရပ်ကို ဇန်နဝါရီ ၃ ရက်က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးအိုက်နပ်ကို  အလုပ်သမားခေါင်းဆောင်က  လုပ်ခလစာ ခေါင်းပုံဖြတ်ပြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရတာလို့ သိရပါတယ်။

ဝ လူငယ်အသံမှတ်တမ်းအရ ၂၀၂၄ခုနှစ်၊  ဒီဇင်ဘာ ၁၁ ရက်ကလည်း လွန်ခဲ့တဲ့အနှစ် ၂၀ကျော်၊ အသက် ၁၃နှစ်အရွယ်ကတည်းက လူကုန်ကူးခံခဲ့ရတဲ့ မိုင်းမောခရိုင်၊ လုံထန်မြို့နယ် ထန်စီးလုံရွာက မအီဟောမ်ဟာ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနဲ့ အန်းဟွေဘက်တွေမှာနေထိုင်ခဲ့ရပြီး ကလေးနှစ်ယောက်ရပြီးကာမှ ရဲဖမ်းမိလို့ မြန်မာကို ပြန်ပို့ခံရတာရှိခဲ့တယ်လို့ သိရပါတယ်။

အဆက် - ⤵️⤵️
👍94😢34🤬6🔥2
ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊

▪️ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား

ဇန်နဝါရီလ ၁၀ ရက်

ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဆက်တိုက် ဖမ်းဆီးခံနေရသဖြင့် အရာရှိနှင့် ဝန်ထမ်းများ ခရီးသွားမည်ပါက ဝန်ထမ်းဖြစ်ကြောင်း သက်သေအထောက်အထားနှင့်လက်ကိုင် မိုဘိုင်းလ်ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ လုံခြုံရေးအရ ပယ်ဖျက်ထားရန် ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ် အသိပေးတိုက်တွန်းညွှန်ကြားလာကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် လမ်းခရီးများတွင် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရန်၊ လမ်းကြောင်းအခြေအနေကို သက်ဆိုင်ရာ နယ်မြေများမှ စစ်တပ်၊ ရဲနှင့် ထွေ/အုပ်တို့ထံသို့မေးမြန်း စုံစမ်းရန်၊ ဝန်ထမ်းဖြစ်ကြောင်း သက်သေခံကတ်ပြားကို ယူဆောင်မသွားရန်၊

အဆက် - ⤵️⤵️
😁211👍21🔥21
စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ

▪️လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်ရေး ဆောင်ရွက်သွားမည်


ဇန်နဝါရီလ ၁၀ ရက်

အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စု ပေါင်းရုန်းကန် အရှိန်အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဖြစ်ကြောင်း တအာင်း TNLA က ယနေ့ ထုတ်ပြန်ကြေညာသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ နှစ်ပတ်လည်အစည်းအဝေးက ယင်းသို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပကာ အဖွဲ့ဝင်  ၁၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

"ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေး အင်အားစု အသီးသီးတို့သည် နိုင်ငံတဝန်း နယ်မြေအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီက သမိုင်းတွင်သည့် ကျဆုံးများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း၊

အဆက် - ⤵️⤵️
185👍88😁6🥰3👏2
မြိုင်နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရင်း တော်လှန်ရေးတပ်ဖွဲ့ ဒရုန်းနှစ်စင်းပျက်စီး

▪️ကင်းထောက်ဒရုန်းမို့ အရေးတကြီး ပြန်လိုအပ်နေ

ဇန်နဝါရီလ ၁၀ ရက်

မိုင်းဆွဲခံရမှာ ကြောက်လို့  ယာခင်းတွေထဲ ဖြတ်မောင်း‌နေတဲ့ စစ်အုပ်စု ရိက္ခာပို့ ယာဉ်တန်းကို ဒရုန်းနဲ့လိုက်လံတိုက်ခိုက်ရာမှာ ယာဉ်တန်းမှာပါတဲ့ စစ်အုပ်စု Jammer ကားကြောင့် ဒရုန်း နှစ်စင်း ပျက်စီးခဲ့ရတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း ဒရုန်းတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။

ပခုက္ကူ အထိုင်တပ်ကနေ မြိုင်မြို့ပေါ် စစ်အုပ်စုတပ်ဆီ ရိက္ခာပို့လာတဲ့ အဲဒီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး စစ်အုပ်စု Jammer ကြောင့် ကင်းထောက်ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်ရေးသုံး RC Plane အမျိုးအစားဒရုန်းတစ်စင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။

“သူတို့က ကားဂျန်ဘာ နဲ့ စစ်ကြောင်းထိုးလာတာပါ၊ကျနော်တို့ တပ်ရင်းက ဒရုန်း တစ်စီးနဲ့ RC Plane တစ်စီး ပျက်စီးခဲ့ပါတယ်” လို့ အမှတ် ၁၇ တပ်ရင်း ဒရုန်းတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။

အဆက် - ⤵️⤵️
👍149🥰15😢143😁3🤔2
သပိတ်ကျင်း၊ စဉ့်ကူးနှင့် မိုးကုတ် မြို့နယ်တို့ကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိ

ဇန်နဝါရီ ၁၀ ရက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိကြောင်း Thabeikkyin Revolution - TR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီခန့်မှ ၁၂ နာရီထိ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေလုပ်ကွက်များနှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ကံတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
😢136🤬64👍18😁5🔥3👎2👏21
မုံရွာ-နမခ ထောက်ပို့ယာဉ်တန်းက ကားငါးစီး၊ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိ

ဇန်နဝါရီလ ၁၀ ရက်

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( မုံရွာ-နမခ) က ထွက်လာတဲ့ စစ်အုပ်စုထောက်ပို့ကားတန်းကို တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာမှာ ‌ထောက်ပို့ကားတွေကို ဖျက်ဆီးနိုင်ခဲ့သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲ ယမ်း တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၉ က ထုတ်ပြန်ပါတယ်။

မုံရွာ-နမခ ကနေ ဇန်နဝါရီလ ၉ ရက် မနေ့က ထွက်လာတဲ့ စစ်အုပ်စုထောက်ပို့ကား ၁၀ စီးကို တိုက်ခိုက်ခဲ့ရာမှာ ကားငါးစီးကို ဖျက်ဆီးနိုင်ခဲ့သလို စစ်အုပ်စု ကိုးဦး သေဆုံးပြီး အရှင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“ မိမိတို့မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်းနှင့် အတူ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများက မနက် ၁၀နာရီ ၃၀ မိနစ်ခန့် အချိန်မှ နေ့လယ် ၁၂နာရီ အချိန်ထိ တိုက်ပွဲကြာချိန် ၁နာရီ မိနစ်၃၀အကြာ ကြားဖြတ် တိုက်ပွဲ ဖော် ဆောင်ခဲ့ပါသည်။

အဆက် - ⤵️⤵️
👏162👍3837🥰4😁1
ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာထိ AAနှင့်ပူးပေါင်းတပ်များသိမ်းပိုက်ထားပြီး စစ်ကောင်စီမှ ပြင်းထန်စွာခုခံနေ

ဇန်နဝါရီလ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာတွင် ခုခံနေသော စစ်ကောင်စီ တပ်ဖွဲ့၀င်များကို ဇန်နဝါရီ ၉ ရက်နေ့ညပိုင်းတွင် အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။

ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် မကျီးဇင်ကျေးရွာရှိ ရဲစခန်းအပါအ၀င် စစ်ကောင်စီတပ်နှင့်ရဲများ ထိခိုက်သေဆုံးမှုများပြားပြီး  စစ်ကောင်စီမှ လေကြောင်း၊ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများကြောင်း
သိရှိရသည်။

"မနေ့ကထိ နောက်ဆုံးသိရတာတော့ လေကြောင်းကဗုံးကြဲတာ၊ ရွာကအိမ်တွေရော ၊ ဘုန်းကြီးကျောင်းတွေပါ မီးလောင်သွားတယ်ပြောတယ်။  မပြေးပဲကျန်တဲ့သူတွေလည်း ခုထိအဆက်အသွယ်မရဘူးဖြစ်နေတယ်"ဟု ကျေးရွာကို စွန့်ခွာထွက်ပြေးလာသူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘောမိကျေးရွာသို့ဆုတ်ခွာပြီး ခံစစ်ပြင်ဆင်ထားကာ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
128👏54👍32🥰5🔥4
အမှန်တရားဆိုတာ
သက်သေမလိုပါဘူး
မှန်နေဖို့ပဲလိုတယ်
အမှန်တရားကိုတွေ့မြင်ဖို့အတွက်
ကြည့်မယ့်လူတွေရဲ့မျက်လုံးက
အဝိဇ္ဇာကင်းဖို့လိုတယ်။ ။


မောင်လှမျိုး(ချင်းချောင်းခြံ)

#HlaingInfo
181👍66🥰6👎2🔥1
ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံး၊ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က  မြေဖို့ သဂြိုလ်ခဲ့

ဇန်နဝါရီလ ၁၀ ရက်

မကွေးတိုင်း၊ ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံးသွားပြီး ၎င်း၏ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က  မြေဖို့ သဂြိုလ်ခဲ့ကြောင်း COBRA ONE Pakokku မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ပခုက္ကူမှ မြို့သို့ ရိက္ခာလာပို့သည့် စစ်ယာဉ်တန်း လုံခြုံရေးအတွက် စစ် ကြောင်းထိုးလာစဉ် ခလရ ၂၃၅ တပ်ရင်းမှ တပ်ကြပ်စိုးထိုက်ဦးသည် မိုင်းထိမှန်ခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၈ ရက်နေ့   နံနက်၃ နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်ဆောက်ကျေးရွာ ကားလမ်းဘေးတွင် ခလရ ၂၃၅ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး မင်းကျော်အောင်က အမိန့် မြေဖို့ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။ 

အဆက် - ⤵️⤵️
👍121👏26😁7🔥2
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အတွက် ကမ်ပိန်းပြုလုပ်မည်ဟု သားဖြစ်သူပြော

ဇန်နဝါရီလ ၁၀ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် ကမ်ပိန်းပြုလုပ်ရန်ရှိကြောင်း ၎င်း၏ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးသည်။

ယခုနှစ်ထဲတွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အမှတ်တရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေများကို လူ​​ပိုသိလာအောင်လုပ်ဆောင်ရင်း ဘေးဒုက္ခရောက်နေသည့် ပြည်သူများဆီ လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်ပေးလိုကြောင်း ကိုထိန်လင်းက ဆိုသည်။

“မေမေဟာ သူ့ဘဝရဲ့ လေးပုံတပုံကို ချုပ်နှောင်မှုတွေအောက်မှာ နေနေရပါတယ်။ ကျွန်တော်နဲ့အတူတူ ဒီအစီအစဉ်မှာပါဝင်ပြီးတော့ မေမေနဲ့ မြန်မာပြည်သူတွေကိုချစ်ကြောင်း ကူညီနေကြောင်းပြရင်း ဒီ ၈၀ နှစ်ပြည့် မွေးနေ့အစီအစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေလည်း အသိအမှတ်ပြုရမယ့် စံချိန်တင်ပွဲလေးတခုဖြစ်အောင် လုပ်ကြရအောင်” ဟု ကိုထိန်လင်းက တိုက်တွန်းထားသည်။

အဆက် - ⤵️⤵️
250👍58🥰13😁4
ဘီးလင်းရှိ လဂွန်းပျိုတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်နှင့်တကွ အလင်းဝင်

ဇန်နဝါရီလ ၁၀ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ လဂွန်းပျိုတပ်စခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသည်  ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း စစ်ဒေသ ၁ ထံမှ သိရသည်။

၎င်းတို့ အလင်းဝင်လာနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါ ၁ ၆ ဉီးထံမှ ၈၀ မမ လက်နက်ကြီး ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၅၀ မမ စိန်ပြောင်း ၁လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁ လက်၊ MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဒေသ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြောင်းအရာအသေးစိတ်ကိုတော့ ထုတ်ပြန်ဖော်ပြလာခြင်း မရှိသေးပေ။

#NA
#HlaingInfo
👍182👏4510🥰3🔥2
တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင်တို့၏ ပြင်ဆင်ဆောင်ရွက်မှုကြောင့် ဒေသခံများ ကြိုတင်တိမ်းရှောင်

ဇန်နဝါရီလ ၁၀ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင် (CB) တို့၏ ပြင်ဆင်ဆောင်ရွက်မှုကြောင့် ဒေသခံပြည်သူများသည် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

CC အဖွဲ့ဝင်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (တီးတိန်) က တီးတိန်မြို့ဒေသခံပြည်သူများကို တစ်ပတ်တွင်း အရေးကြီးတန်ဖိုးရှိသည့် ပစ္စည်းများနှင့် စာရွက်စာတမ်းများကို ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်ကပင် သတိပေးထားသည်။

"ကိုယ့်ရဲ့ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ခိုင်းတာပါ။ တိုက်ပွဲဖြစ်ရင် ပစ္စည်းတွေပြောင်းရတာ အဆင်မပြေမှာစိုးလို့ ပြောတယ်။ လူကတော့ တိမ်းရှောင်ကြဖို့ မပြောသေးပါဘူး။ တိုက်ပွဲဖြစ်တဲ့ခါ သတိပေးမယ်ပြောတယ်” ဟု  တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆက် - ⤵️⤵️
99👍61🥰13🔥1
10- JAN -2025 Japan
ညီမငယ် မြသွဲ့သွဲ့ခိုင်နှင့် ကြွေကျကြယ်တွေကို မမေ့​ကြေး
အသည်းနှလုံးပတ်ပတ်လည်မှာ
သံတွေလိုစိုက်ဝင်နေမယ့်
မှတ်ဉာဏ်တွေ ငါတို့လိုတယ်
မှတ်ဉာဏ်တွေမရှိခဲ့ရင်
သေသူတွေ လာလည်တဲ့အခါ
ငါတို့ ဘာနဲ့ဧည့်ခံကြရမှာ
ဂျပန်နိုင်ငံ တိုကိိုမြို့မြန်မာစစ်ဒေါက်တိုင် သံရုံးရှေ့တွင် အမိမြေချစ်သူများ စုပေါင်းပြီး မအလ အကြမ်းဖက်ကို နေ့စဉ် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ
ရုံးဖွင့်ရက်များနေ့စဉ်
၁၅:၃၀မှ ၁၆:၃၀
Khin Aung  NLD  Japan +818010594589

Myanmar Democracy Activists Group

#HlaingInfo
159👍59🥰8😢2🔥1
Forwarded from Linn Yaung Ni Youth Association (LYNYA)
This media is not supported in your browser
VIEW IN TELEGRAM
Never Give Up

ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#OwlCommunity
#KyimyindaingNetworks_KMD18
#Yangon4brothers
👍12641👏9🥰8🔥1
ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံ

ဇန်နဝါရီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ တာဝန်ခံ ကိုမင်းမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော အင်အား ၁၀၀ ကျော်ခန့်ရှိသည့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍131👏28🥰72🔥1
ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချဖို့ စီစဉ်

ဇန်နဝါရီလ ၁၀ ရက်

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာအကြံပေးထားတဲ့ အတိုင်း ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြောင်း လက်ထောက်ဝန်ကြီးချုပ် ပီချိုင် ချွတ်ဟာ ဗာဂျီရာက ပြောကြားလိုက်ပါတယ်။

ယခုနှစ် လာမယ့်နှစ်ကုန်ပိုင်းမှာ လျှပ်စစ်မီတာ တစ်ယူနစ်ကို ဘတ် ၃ ဒဿမ ၇၀ နှုန်းအထိ လျှော့ချဖို့ အစိုးရက ရည်ရွယ်ထားကြောင်း ဖူထိုင်းပါတီ ခေါင်းဆောင် သက်ဆင်က ချင်းရိုင်ပြည်နယ်ရှိ မဲပေးသူတွေကို ပြောကြားခဲ့တယ်လို့ လက်ထောက်ဝန်ကြီးချုပ် ပီချိုင်က ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်တဲ့ ပီချိုင်က ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မဆွေးနွေးရသေးတာကြောင့် နောက်ထပ် အသေးစိတ်ကို မှတ်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

အခု ဇန်နဝါရီလက စတင်ပြီး ဧပြီလအထိ အိမ်ထောင်စုတွေရဲ့ လျှပ်စစ် ဓာတ်အား သုံးစွဲမှု ကုန်ကျစရိတ်ဟာ တစ်ယူနစ်ကို ၄ ဒဿမ ၁၅ဘတ် ဖြစ်မယ်လို့ ပီချိုင်က ဇန်နဝါရီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဆက် - ⤵️⤵️
👍158😢195🔥3🤔2😁1
ချောင်းဦးတွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ဇန်နဝါရီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင် ခရီးသွားပြည်သူများကို ဖမ်းဆီး၍ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေ တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကျန်ရှိနေသော စစ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
👍141👏315🥰3👎2
ခင်မောင်တိုး_လွန်ခဲ့သောနေ့256k
<unknown>
🎼 လွန်ခဲ့သောနေ့ 🎼

🎙️ ခင်မောင်တိုး

ညစဉ်သီချင်းများကို Hlaing Info အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်
နီးစပ်ရာ သတင်းများ ပေးပို့ခြင်းဖြင့်
ဒီနွေဦးတော်လှန်ရေးတွင် တဖက်တလမ်းကနေ ပါဝင်ကူညီ‌ပေးကြပါရန် Hlaing Info အဖွဲ့သားများမှ မေတ္တာရပ်ခံပါသည်ရှင့်။

🗞️ သတင်းများပေးပို့လိုလျှင် 🗞️
https://www.facebook.com/share/X8o5XwC44qUbBsts/
(or)
https://t.me/infohlaing Channel

ပြည်သူမှ ပြည်သူသို့ ၊ ပြည်သူမှ သူရဲကောင်းရဲဘော်သို့ သတင်းမှန်များ အချိန်နှင့်တပြေညီ တင်ဆက်နိုင်ရန်အတွက် အောက်ပါ Telegram အကောင့်များသို့ လုံခြုံစိတ်ချစွာသတင်းများပေးပို့ နိုင်ပါသည်ရှင့်။

🌿 - https://t.me/pyithuaungpwel
🌿 - https://t.me/infoAthlaing

▪️HlaingInfo
👍8521🔥1