ထွေရာလေးပါး သတင်းစုံ
1.89K subscribers
47K photos
6.84K videos
6.13K links
Download Telegram
Forwarded from Nay Zin Latt
.
☯️

" သင်... ဘယ်ထဲမှာပါလဲ"

- အညံ့ဆုံးလူက ရသမျှသုံးပစ်တယ်
- များများ ညံ့သူက ငွေစုတယ်
- နည်းနည်း ညံ့သူက ဘဏ်မှာငွေအပ်တယ်၊

🐠 နည်းနည်းတော်သူက Inflation ကိုသိတယ်
🐠 နည်းနည်း"ပို" တော်သူက Inflation ထက်
ပိုတဲ့ ငွေကိုရအောင်ယူနိုင်တယ်
( ဥပမာ- $, ရွှေ ဝယ်ထားတာမျိုး )
🐠 အတော်ဆုံးလူက ချမ်းသာအောင်လုပ်သူ

ဥပမာ ထပ်ပေးရရင် -

- ဝန်ထမ်း (၁၀၀) နဲ့ရှာတဲ့ ပမာဏထက်
- ဝန်ထမ်း (၃၀) ဦးနဲ့ရှာတဲ့ငွေပမာဏကပိုများရင်
အဲ့ဒီသူဟာ ပီပြင်တဲ့စီးပွားရေးသမားလို့ သတ်
မှတ်နိုင်တယ်၊
- သူတို့အားလုံးထက် ပိုများတဲ့ငွေကို ဝန်ထမ်း
(၅) ယောက်လောက်နဲ့ရှာနိုင်ရင်...
အဲ့ဒီလူဟာ.... နိုင်ငံတကာစီးပွားရေးကို အမှန်
တကယ်သိပြီး.. ကိုယ်တိုင် Highflyer ဖြစ်သွား
ပါပြီ၊

လူငယ်တွေ
ကိုယ့်ကိုယ်ကို ဘယ်ထဲမှာ ပါနေပြီလဲ
ဘာတွေထပ်လုပ်ရဦးမလဲ
စဉ်းစားလိုရနိုင်ပြီလို့ ယူဆပါတယ်၊


BaMg ☯️

.
.
☯️

ပထဝီနိုင်ငံရေးက
ပထဝီစစ်ရေးထက်ပို အရေးကြီးတယ်လို့ နေ့လည်ပိုင်းကပဲ တင်လိုက်ပါသေးတယ်၊

ညနေပိုင်းကျတော့ တူရကီရဲ့မအောင်မြင်တဲ့ အာဏာသိမ်းမှုအကြောင်း ဖတ်လိုက်ရတယ်၊

တူရကီဟာ NATO အဖွဲ့ဝင်ပါ၊ အမေရိကန်ရဲ့ အထူးအရေးပေးခံရတဲ့ မဟာမိတ်လဲဖြစ်ပြန်ပါတယ်၊ အရှေ့အလယ်ပိုင်းကို New landscape ဖြစ်ဖို့ 1980s ကာလတွေမှာ အီရန်ကိုအသုံးချခဲ့တယ်၊ အီရန်မလေးတွေ အနောက်တိုင်း စကပ်တိုလေးတွေဝတ်တဲ့အဆင့်အထိ ဖြစ်ခဲ့ဘူးတယ်၊
ရှားဘုရင်လက်ထက်ပေါ့၊

ရှားဘုရင်နဲ့ အီရတ်အကြား အမေရိကန်နိုင်ငံရေး ကစားတော့ ဘမောင်ကရှေ့တန်းမှာ၊ ရေဒီယိုတလုံး အားကိုးနဲ့ ပြည်ပသတင်းနားထောင်ခဲ့ရတယ်၊

အီရန်ကိုစွန့်လွှတ်လိုက်ပြီး တူရကီကိုအခြေခံ၊ အရှေ့အလယ်ပိုင်းကို အမေရိကန်ကသူလိုချင်တဲ့ပုံစံပြောင်းဖို့ ထပ်ကြိုးစားရာမှာ တူရကီမှာလဲ အမျိုးသမီးတွေ အနောက်ယာဉ်ကျေးမှုကို လက်ခံ လာကြတဲ့အထိ အောင်မြင်ခဲ့ပြန်တယ်၊

တူရကီကို အမေရိကန်ဘယ်လောက်ယုံကြည်သွား သလဲဆိုတော့ အမေရိကန် အနုမြူထိတ်ဖူးထားပြီး Joint command နဲ့ပစ်နိုင်တဲ့အဆင့်အထိ ဖြစ် လာတယ်၊

အာဒိုဂန် နိုင်ငံရေးကစားမှုလွန်သွားတာရယ်၊ ပေါ်လာတဲ့အခွင့်အလမ်းကို ရုရှားက အပိုင်အသုံးပြု သွားနိုင်တာရယ်ကြောင့် တူရကီဟာ NATO မှာရော၊ အမေရိကန်နဲ့ရောမှာပါ Black apple ဖြစ်သွားပြီ၊ ရုရှားနဲ့နဲနဲတော့ပိုနီးစပ်သွားတယ်၊
2016 မှာ CIA အကူအညီနဲ့ အာဒိုဂန်ကိုအာဏာသိမ်းဖို့လုပ်ရာမှာ အာဒိုဂန်ထွက်ပြေးဖို့အထိဖြစ်ခဲ့တယ်၊ FSB အကူအညီနဲ့ အာဏာသိမ်းမှုကို ဖြိုချလိုက်နိုင်တယ်၊ ရုရှားဟာ အာဒိုဂန်ရဲ့ကျေးဇူးရှင်ဖြစ် သွားတယ်၊

2024 မေလဲထဲမှာလဲ အာဏာသိမ်းမှုပျက်ပြယ် သွားပြန်တယ်၊ FSB ပဲကူညီလိုက်မယ်လို့ယူဆရတယ်၊

ပြောချင်တာက
အာဒိုဂန်အနေနဲ့ လှေနံ နှစ်ဖက်နင်း မူဝါဒဟာ ပထဝီနိုင်ငံရေးမှာ သူ့အတွက်အလွန်အန္တရာယ် ကြီးနေပြီဆိုတာပဲ၊

အာဏာသိမ်းမှုဟာ
အမြဲတမ်း သူ့လက်တကမ်းမှာ ဖြစ်သွားခဲ့ပြီ။


BaMg ☯️

.
Forwarded from Aung Moe Kyaw
Media is too big
VIEW IN TELEGRAM
မေလ ၂၃ ရက်နေ့အတွက်ရုပ်သံ
ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
Forwarded from Aung Moe Kyaw
KIA က လမ်းမှာ ဖြတ်တောက်ထားလို့
ပူတာအိုဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပါတယ်။ ဆီတစ်လီတာကို ၅၀၀၀၀ အထိ ဈေးပေါက်နေပြီး စားနပ်ရိက္ခာ ခက်ခဲနေပါတယ်။

#AungMoeKyaw
Forwarded from View of Sue
၂၂.၅.၂၀၂၄

လွိုင်လင်လေးမြို့

ကယား pdf ၄ လောင်း
Forwarded from People Media (Kyaw Soe Oo)
ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ဘီးလင်းမြို့အနီး၊ရန်ကုန်-မော်လမြိုင် ပြည်ထောင်စု လမ်းမပေါ်ရှိ မစောတံတားကို KNU စစ်သွေးကြွ တံတားမိုင်းခွဲရေးအဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးနင်းသူ ၃ဦး အပြင်းအထန် စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်။

#PeopleMedia
Forwarded from People Media (htetmyat)
ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစောတံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီး၊ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
……………………………………………

နေပြည်တော်၊ မေ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာအထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစောတံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/9uwyZ
Forwarded from People Media (htetmyat)
တမူးမြို့နယ်တွင် တမူး PDF အလောင်း လေးလောင်း အသေရရှိ
……………………………………………

နေပြည်တော်၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အထက်ပိုင်း ကျွန်းပင်သာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တမူး PDF အလောင်း လေးလောင်း အသေရရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/Ay6So