ထွေရာလေးပါး သတင်းစုံ
1.87K subscribers
48.9K photos
7.12K videos
6.57K links
Download Telegram
Forwarded from People Media (htetmyat)
လက်ပံတန်းမြို့နယ်တွင် မိုင်းထောင်နေသည့် PDF ၂ ဦးအား ပစ်ခတ်ဖမ်းဆီး
………………………………………

နေပြည်တော်၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ နလင်ကျော်ကျေးရွာအဝင်လမ်းမပေါ်တွင် မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက မိုင်းထောင်နေသည့် PDF အကြမ်းဖက်သမား ၂ ဦးအား လုံခြုံရေးတပ်ဖွဲဝင်များမှ ပစ်ခတ်ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အကြမ်းဖက်သမား အလောင်း ၂ လောင်းနှင့် လက်လုပ်မိုင်းနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#PeopleMedia
Forwarded from People Media (htetmyat)
စစ်ကိုင်းမြို့တွင် လဝက ဝန်ထမ်းများကို လာဖမ်းသည့် PDF အဖွဲ့ဝင် (၅) ဦး အသေဖမ်းဆီးရမိ
………………………………………

နေပြည်တော်၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်အခွန် ဦးစီးဌာနသို့ ရောက်ရှိလာပြီး ဝန်ထမ်းများကို လာရောက်ဖမ်းဆီးသည့် PDF အဖွဲ့ဝင် (၅) ဦးကို လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မေလ (၂၁)ရက် ညနေ (၅)နာရီခွဲအချိန်က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ လဝကရုံးသို့ PDF အဖွဲ့ဝင် (၇)ဦးခန့်မှ မော်တော်ယာဉ် (၂)စီး ဆိုင်ကယ် (၁)စီးတို့ဖြင့် ရောက်ရှိလာပြီး ရုံးအတွင်းရှိ ဝန်ထမ်းများအား ဖမ်းဆီး ခေါ် ဆောင်ရန် လုပ်ဆောင်ခဲ့သည်။

ယင်းသို့ လုပ်ဆောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF အဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွါးခဲ့ကြောင်းနှင့် PDF အဖွဲ့ဝင်များသည် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် PDF အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် လဝက ဝန်ထမ်း (၁)ဦးရှိပြီး အခြား ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF (၅)လောင်း၊ အမ်အေ-၁၃ သေနတ် (၁)လက်၊ Sigsauer P-320 ပစ္စတို (၁)လက်၊ အမ်အေ-၁၃ ကျည်အိမ် (၁)ခု၊ ပစ္စတိုကျည်အိမ် (၁)ခု၊ ပစ္စတိုကျည် (၃)တောင့်၊ ၉ မမ ကျည် (၁၅)တောင့်၊ ကား (၁)စီး၊ ဆိုင်ကယ် (၁)စီးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
မြန်မာ-အိန္ဒိယနယ်စပ်မြို့၊မြန်မာနိုင်ငံ၊ချင်းပြည်နယ်၊တွန်းဇံမြို့ရှိ စီးပွားရေးဘဏ်ကို ဝင်ရောက် ဖောက်ခွဲရာ ကျပ်သိန်း ၃ထောင်ကျော် ရရှိခဲ့ကြောင်း စစ်သွေးကြွ ချင်း PDF အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
ရေစကြိုမြို့မှ လက်ထောက်လ-ဝ-ကမှူး ဖမ်းဆီးခံရပြန်

ရေစကြို၊မေ-၂၃


ယနေ့ နံနက် ၈နာရီ အချိန်က မကွေးတိုင်း၊ရေစကြိုမြို့၊လ-ဝ-က ရုံး၊လက်ထောက်လ-ဝ-ကမှူးဖြစ်သူ ဦးကျော်နန္ဒ(အသက် ၃၅)သည် ပညှင်းကျေးရွာမှ လ-ဝ-က ရုံးသို့အသွား၌ PDF စစ်သွေးကြွ အဖွဲ့က ၎င်းကို ဖမ်းဆီးလိုက်သည်။


ပညှင်းကျေးရွာ နှင့် ရေစကြိုမြို့သည် ၃မိုင်ခန့် အကွာသာတည်ရှိပြီး အဆိုပါ ၃မိုင်အတွင်း၌ လုံခြုံရေးဂိတ်အချို့ရှိကြောင်း မြို့မိမြို့ဖများက ဆက်သွယ်ပြောဆိုသည်။

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
နွားထိုးကြီးမြို့ပေါ်မှာ မှုခင်းသတင်းတပ်ဖွဲ့ဝင် တစ်ဦးကို စစ်သွေးကြွ PDF က ဖမ်းဆီးသွား

နွားထိုးကြီး၊မေ-၂၃

ယနေ့ (မေ-၂၃) ညနေ ၅နာရီ အချိန်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ မှုခင်းသတင်းတပ်ဖွဲ့ဝင် ကိုမင်းမင်းနိုင်သည် နွားထိုးကြီးမြို့၊အမှတ် ၇ရပ်ကွက်၊ကွမ်းယာဆိုင်၌ ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် ၄ယောက်က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ကိုမင်းမင်းနိုင်ကို ပစ္စတိုဖြင့် ထောက်ပြီး ဖမ်းဆီးသွားကြောင်း
မြို့မိ/မြို့ဖများက ဆက်သွယ်ပြောဆိုသည်။

#PeopleMedia
Forwarded from People Media (htetmyat)
Media is too big
VIEW IN TELEGRAM
စစ်ကိုင်းမြို့မှာ ဝန်ထမ်းတွေကို လာဖမ်းတဲ့ ပဒက်အဖွဲ့မှ ပဒက် ကျား/မ ၅ ကင်ရရှိ

ပြည်သူတွေဘဝ မလုံခြုံတော့သည့် စဉ့်ကူးမြို့နယ် အခြေအနေ

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို န-စ-က ဖွဲ့စည်း

စောဘဦးသည် တိုင်းပြည်တည်ဆောက်သူမဟုတ်၊ ၎င်းအဖွဲ့ KNU လက်ချက်နဲ့ ဘီးလင်းမှာ တံတားအချိုးခံရပြန်

ချင်းပြည်နယ်၊တွန်းဇံမြို့ စီးပွားရေးဘဏ် အဖောက်ခံရပြီး ကျပ်သိန်း ၃ထောင်ကျော်ပါသွားပြန်

#PeopleMedia
Forwarded from Nay Zin Latt
.
☯️

" ပြင်သစ်ကတော့ လုပ်ချပြန်ပြီ"

နေတန်ယာဟုကို ICC တင်မှာကို အမေရိကန်နဲ့ မဟာမိတ်တွေက သဘောမတူဘူး၊

ပြင်သစ်က မဟာမိတ်တွေနဲ့ဆန့်ကျင်ပြီး ICC ဆုံးဖြတ်ချက်ကို သဘောတူပါသတဲ့၊
ပြင်သစ်က အဲ့သလိုမျိုး၊

ICC ကလဲ
" No one is above the International law" တဲ့
ရွေးကောက်ခံဖြစ်ဖြစ်၊ ရွေးကောက်ခံ ဟုတ်ဟုတ်-မဟုတ်ဟုတ်၊ အရပ်သားဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ်၊ ရာဇဝတ်မှုလို့သတ်မှတ်ရင် ICC ကအရေးယူမှာပဲတဲ့၊

ထရမ့်လက်ထက်တုန်းကတော့
" ICC ကသူတွေလာရင် ဖမ်းပစ်မယ်" လို့ ဆိုလိုက်တာနဲ့ ဘာသံမှမကြားရတော့ဘူး၊

ဖိလစ်ပိုင်က ဒူတာတေးကြီးကလဲ
" ICC လာရင် ရိုက်လွှတ်မယ်လို့ ကြိမ်းဘူးတယ်၊

နေတန်ယာဟုကတော့ ဘာပြောမယ်မသိသေးဘူး

☯️

.