ရေစကြိုမြို့နယ်မှာ စစ်တပ်တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့ ပြည်သူရင်ခွင် ခိုလှုံ
ဖေဖော်ဝါရီလ ၇ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေစကြိုပကဖက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ နေ့လယ် ၁၁ နာရီခန့်မှာ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ စစ်တပ်တပ်ဖွဲ့ဝင်ကိုမျိုးမင်းသန့်က ပြည်သူရင်ခွင်ကို ခိုလှုံလာတာလို့ ရေစကြိုပကဖက အသိပေးပါတယ်။
အဆိုပါစစ်သားက MA1 တစ်လက်၊ ကျည်ဘောက် လေးဘက်၊ ၅.၅၆ ကျည်အတောင့် တစ်ရာကို ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုက ကျပ် ၂၅ သိန်းကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့က ခလရ ၂၅၆ မှ တပ်ဖွဲ့ဝင်ဟိန်းထက်လင်းကလည်း လက်နက်ယူဆောင်ပြီး ရေစကြိုပကဖထံ အလင်းဝင်ခဲ့ပါသေးတယ်။
Photo - ရေစကြိုပကဖ
#RP
#7starmyaing

❤4🫡2🔥1
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပေါက်မြို့နယ်က ရေပြာရွာ နဲ့ ကုက္ကိုလ်စုရွာက အကြမ်းဖက်စစ်တပ်စစ်စခန်းတွေ သိမ်းပိုက်
ဇွန်လ ၄ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ နဲ့ ကုက္ကိုလ်စုရွာက အကြမ်းဖက်စစ်တပ်စစ်စခန်းတွေကို သိမ်းပိုက်ရရှိပြီးပြီလို့ ဒေသခံသတင်းရင်းမြစ်နှစ်ခုက Red Peacock သတင်းမီဒီယာကို ဒီညနေပိုင်းမှာ ပြောပါတယ်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးက “ ကျွန်တော်တို့ပြည်သူတွေ ဝမ်းသာရအောင် ပြောပြတာ။ ကုက္ကိုလ်စုက ရပြီ၊ ရေပြာလည်း ရပြီးပြီ” လို့ ပြောပါတယ်။
တစ်ခြားဒေသခံသတင်းရင်းမြစ်ကတော့ ပုသိမ် - မုံရွာလမ်း နဲ့ မင်းတပ် - ပခုက္ကူလမ်းဆုံက ရေပြာရွာကို ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့မှာ သိမ်းပိုက်ခဲတာ့ ဖြစ်ပြီး ပုသိမ် - မုံရွာလမ်း နဲ့ Gapyo - Tamadau လမ်းဘေးက ကုက္ကိုလ်စုရွာကို ဒီညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ကို ထောက်ခံတဲ့ပေါက်ကိုယ်တော်က ရေပြာရွာ နဲ့ ကုက္ကိုလ်စုရွာကို တော်လှန်ရေးတပ်တွေ က တိုက်ခိုက်နေတယ်ဆိုတာ ပြောဆိုထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က အိန္ဒိယနိုင်ငံကို ရောက်ရှိချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တွေကို လုံခြုံရေး နဲ့ ငြိမ်းချမ်းရေးအတွက် ရှင်းလင်းမယ်လို့ ပြောခဲ့ပါတယ်။
Photo: Googlemap

❤10👍2