ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
638 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
သက်ဆိုင်ရာမြို့နယ်များ ဆက်သွယ်ခေါ်ယူပါရန်

ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကန့်ဘလူမြို့နယ် ဇီးကုန်း–မလယ်လမ်းဆုံစစ်ခွေးဂိတ်၊ဘူးကုန်းစစ်ခွေးဂိတ်နဲ့ ကျီကျင်းစစ်ခွေးဂိတ်တို့မှာ အောက်တိုဘာလလယ်ပိုင်းနဲ့ နိုဝင်ဘာလ ယခုရက်ပိုင်းများအတွင်း အဓမ္မတပ်သားစုဆောင်းခံရပြီး ကျွန်းလှမြို့သို့ ပို့ဆောင်ခံရသော ခရီးသွားပြည်သူ အမျိုးသား (၄) ဦးဟာ ၁၃.၁၁.၂၅ ရက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကန့်ဘလူတော်လှန်ရေးအဖွဲ့အစည်းများမှ ကောင်းမွန်စွာ ထိန်းသိမ်းထားလျှက်ရှိပါတယ်။

ကျွန်းလှမြို့စစ်ခွေးပျူခွေးများထံမှ ထွက်ပြေးလွတ်မြောက်လာသူများမှာ

(၁)အောင်သူမြင့်
မိဘများ–ဦးစိုးဆွေ + ဒေါ်လှပု
ဇာတိ–ပိတောက်ကုန်း(တ)၊ ပုလဲမြို့နယ်

(၂)စိုးလင်းအောင်
မိဘများ–ဦးဖိုးပု + ဒေါ်စန်းမော်
ဇာတိ–ဂွေးကုန်း၊ ရေစကြိုမြို့နယ်

(၃) နေလင်းဦး
မိဘများ–ဦးသက်နိုင်လင်း + ဒေါ်စန်းစန်းခိုင်(ခ) မဦးကြည်
ဇာတိ–အင်ချောင်၊ ကနီမြို့နယ်

(၄) သန့်ဇင်ဖြိုး
မိဘများ–ဦးတင်အေး + ဒေါ်သီတာလင်း
ဇာတိ–ချမ်းသာကျွန်း၊ မုံရွာမြို့နယ်

#InfinityGroup
#SSN
Nov 14, 11:02 AM

📫သတင်းပို့ရန် @SagaingSNetworkbot
2