ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
684 photos
64 videos
517 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
15.8.2026

ယနေ့နေ့လည် 2:00 ကျော်ခန့်က
မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ
Well -2 နဲ့ Well -1 အနီးတဝိုက်ကို
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာလေးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (5) ကြိမ်ခန့်
ပြုလုပ်သွားတယ်လို့ သိရပါတယ်။

အခြေအနေ အသေးစိတ် မသိရပါ။

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ တောင်စုံရွာနဲ့
အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။

အဆိုပါစစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းမှ
သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ
နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 15 , 11:34PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ဖူလုံခလရ၂၅၈မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိ။

#WES 9:17am, Aug 16
1
🚨ရေစကြိုနယ်

ရေစကြိုနယ်ဖူလုံခလရ၂၅၈မှ ဟောင်ဝှေဇာလက်နက်ကြီး ၄ကြိမ်မြောက် ရမ်းသမ်းပစ်ခတ်နေကြောင်း။

Update

ဖူလုံခလရ ၂၅၈မှလက်နက်ကြီးများ အဆက်မပျက်ဆက်တိုက်ပစ်ခတ်နေကြောင်းသတင်း ရရှိ။

မိဘပြည်သူများအနေဖြင့် လက်နက်ကြီးအထူးသတိထားကြပါရန်။

Aug 16,9:35AM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot
👍3
ဆောမြို့နယ်နိမိတ်ထဲရောက်ရှိနေတဲ့ တပ်မ ၉၉ လက်အောက်ခံ စခများမှ ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့မှုကြောင့် စစ်ရှောင်နေကြတဲ့အပြစ်မဲ့ပြည်သူ (၃)ဦးသေဆုံး
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၆ ရက်

ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးကာရောက်ရှိနေကြတဲ့ တပ်မ ၉၉ လက်အောက်ခံ စခတွေဟာ ဆောမြို့ အနီးအနား၀န်းကျင်တွေကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်း၊ဒရုန်းဗုံးသီးများကျဲချခြင်းတွေကို နေ့စဉ်လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ 15.08.2026 ရက်နေ့ နေ့လည် (၀၁:၀၀)နာရီခန့်မှာ အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့်ဗုံးသီးချရမ်းသန်းတိုက်ခိုက်ခဲ့မှုကြောင့် သီးကုန်းကျေးရွာမှ တောတိုက်ထဲစစ်ရှောင်နေကြတဲ့ အပြစ်မဲ့ပြည်သူ (၃)ဦး ဒရုန်းဗုံးသီးစထိမှန်သေဆုံးခဲ့ကာ အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။အပြစ်မဲ့ပြည်သူများဖြစ်ကြတဲ့ ဒေါ်မြ၀င်း (၆၆)နှစ်၊ ဦးနန်းမြိုင် (၅၀)နှစ် နှင့် ဒေါ်ဌေးဌေး (၄၆)နှစ်တို့ဟာ တောတိုက်ထဲမှာ စစ်ရှောင်နေရင်း အကြမ်းဖက်စစ်တပ်မှ ဒရုန်းဗုံးသီးချရမ်းသန်းတိုက်ခိုက်ခဲ့တာကြောင့် ဒရုန်းဗုံးစထိမှန်ကာ နေရာတွင် ပွဲခြင်းသေဆုံးခဲ့သလို နောက်ထပ် အပြစ်မဲ့ပြည်သူတစ်ဦးကတော့ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဆောမြို့ နှင့် လောင်းရှည်တိုက်နယ်ကြား၊ ကျောက်ထုတိုက်နယ် နှင့် ရွှေအောင်သာကြားတွေမှာ အကြမ်း ဖက် စစ်တပ်မှ Jet Fighter များ၊Y-12များ၊လက်နက်ကြီးများ၊ဒရုန်းများ အသုံးချကာ နေ့စဉ် ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အရသိရှိရပါတယ်။

ဓါတ်ပုံ - ဒရုန်းဗုံးထိခိုက်မှု့ကြောင့်သေဆုံးသူများ
Aung Gyi
ယောအလင်း တန်း

#7starmyaing
📩သတင်းပေးပို့ရန်
@Myaing3star
1
ဖမ်းဆီးခံဓားစာခံများပါဝင်သည့် ကျောက်ထုစစ်ကြောင်း ကြီးရွာဖက်ကိုဦးတည်လာနေ

သြဂုတ် ၁၆၊၂၀၂၆၊ ကျောက်ထု

ယောဒေသ ဆောမြို့နယ်၊ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယဖန့နံနက် ၆ နာရီခန့်ကထွက်လာသည့် စစ်ကြောင်းသည် ပန်းဆန်ရွာမှတဆင့် မြောက်ဖက်ဖက်ကားလမ်းမကြီးအတိုင်း ကြီးရွာဖက်သို့ဦးတည်လာနေကြောင်းသိရသည်။

ကျောက်ထုတပ်ကနေ ပန်းဆန်ရွာဖက်သို့ ယောချောင်းကိုဖြတ်ကူးကာ ထွက်ခွာလာစဥ်လမ်းတောက်လျှောက်နှင့် ပန်းဆန်ရွာတွင်းမှာ တွေ့ရှိရတဲ့ တောသွားတောလာအရပ်သားပြည်သူများ(အရေအတွက်စီစစ်ဆဲ)ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"လမ်းမှာတွေ့ရတဲ့ လူတွေကို ဖမ်းသွားတာပါ၊ အရေတံက်တော့အတိကျမပြောတတ်ဘူး၊ များတာကတော့များတယ်၊ မိအယ်ဖက်လမ်းအတိုင်းမြောက်ဖက်ကို ထွက်သွားပါတယ်" ဟု ဒေသတွင်းစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ပါရှိပြီး ပန်းဆန်လမ်းဆုံမှ ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်ဖက်အရပ်ကိုထွက်ခွာသွးနေကြကြောင်းသိရပြီး ဖမ်းဆီးခံဓားစာခံအရေအတွက်နှင့် အရပ်သူပြည်သူများတွင် အမျိုးသမီးများ ပါ၊မပါကို ယောအလင်းတန်းအနေဖြင့် ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ပါသည်။

#ဓားစာခံ
#ဖမ်းဆီး
#စစ်အုပ်စု

ပုံ-စစ်အုပ်တပ်မှ အရပ်သားပြည်သူတစ်ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပုံ (အဟောင်း)

@မင်းဒဿ
ယောအလင်းတန်း

#7starmyaing
📩သတင်းပေးပို့ရန်
@Myaing3star
3👍3
စစ်အုပ်စုက ယောဒေသ ဆောနယ်နှင့် ကျောက်ထု-ထီးလင်းကြား နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ

သြဂုတ် ၁၆၊၂၀၂၆၊ ဆော-ကျောက်ထု

ယခု ၂၀၂၆ ခုနှစ် မေလ စတုတ္ထပတ်မှစ၍ ယနေ့သြဂုတ်လ တတိယပတ်အထိ စစ်အုပ်စုက မကွေးတိုင်းယောဒေသ ဆောမြို့နယ်နှင့် ကျောက်ထု-ထီးလင်းနယ်များကြားနေရာများကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါး ပြုလုပ်နေကြောင်းသိရသည်။

ယနေ့နံနက်အစောပိုင်း ယမန်နေ့ည ၁၂ နာရီ ၁၅ မိနစ်ခန့်ကနေ ၁ နာရီ ၂၀ မိနစ်ခန့်အထိ Y 12 ဘက်စုံသုံးဗုံးကြဲလေယာဥ်တစ်စီးဖြင့် ဗုံးအလုံးရေ ၅၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ညနေ ၃ နာရီ ၁၃ မိနစ်ခန့်မှာလည်း ဆောမြို့နယ်တနေရာကို တံတားဦးလေတပ်မှပျံသန်းလာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၃၀၀ ဗုံး ၁ လုံးကြဲချခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်ခန့်ကနေ ၄ နာရီ ၃၅ မိနစ်ခန့်အထိ မိနစ် ၅၀ ခန့်ပျံသန်းကာ တံတားဦးလေတပ်မှ ပျံသန်းလာသည့် Y 12 ဘက်စုံသုံးလေယာဥ်တစ်စီးဖြင့် ဗုံးအလုံးရေ ၅၆ လုံးထက်မနည်းကြဲချခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ည ၈ နာရီ ၃၂ မိနစ်ခန့်တွင် ကျောက်ထုမြို့တိုက်နယ်နှင့် ထီးလင်းမြို့နယ်တောင်ပိုင်း ကြားတနေရာကို တံတားဦးလေတပ်မှ ပျံသန်းလာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချသွားကြောင်းသိရသည်။

အဆိုပါ ဆောမြို့နယ်နှင့် ကျောက်ထု-ထီးလင်းနယ်ကြားနေရာများတွင် စစ်အုပ်စုဖက်က စစ်ကြောင်းထိုးလှုပ်ရှားမှုများပြုလုပ်နေပြီး ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်မာနေပြီး ၂ ဖက်ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားနေတာကြောင့် စစ်အုပ်စုက ယခုလို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေတာဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

#လေကြောင်းတိုက်ခိုက်
#ဗုံးကြဲ
#ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့
#ထိတွေ့တိုက်ပွဲ

ပုံ-စစ်အုပ်စု၏ တိုက်လေယာဥ်

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Aug 16 , 9:18PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ဖူလုံခလရ၂၅၈မှ လက်နက်ကြီးဖြင့် ၂ ကြိမ်မြောက်ပစ်ခတ်နေကြောင်း သတင်းရရှိ။

#WES 10:02am, Aug 16
👍2
⚠️ရေစကြိုမြို့နယ်

ရေစကြို ဖူလုံခလရ256/ 257/ 258မှအနောက်အရပ်သို့လက်နက်ကြီးများဖြင့်ရမ်းသမ်းကစ်ခတ်နေတယ်လို့သတင်းရရှိ။

Aug 16,10:05PM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot
1
⚠️ရေစကြိုမြို့နယ်

ရေစကြို ဖူလုံခလရ256/ 257/ 258မှအနောက်အရပ်သို့လက်နက်ကြီးများဖြင့်ရမ်းသမ်းကစ်ခတ်နေတယ်လို့သတင်းရရှိပါသဖြင့် အနီးအနားရှိတော်လှန်ရဲဘော်များနှင့်တော်လှန်ပြည်သူများသတိထားနေထိုင်ကြပါရန်နှိုးဆော်အပ်ပါသည်။

Aug 16,10:08PM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot
2
မင်္ဂလာ နံနက်ခင်းလေးပါ
🙏🌺🍀🙏🌺🍀🙏🌺

🙏 မြတ်ဗုဒ္ဓ၏ မေတ္တာတရားတော်များကြောင့်
ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးပါစေ ...

🙏 {၇}ရက် သား သမီး
များနှင့်တကွ ကမ္ဘာမြေကြီးပေါ်တွင် မှီတင်း
နေထိုင်ကြသော ဝေနေယျသတ္တဝါ အားလုံး ...
🌺 ကျန်းမာပါစေ
🍀 ချမ်းသာပါစေ
🌺 လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ
🍀 ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်
ပါစေ ...

🌺🍀🌺🍀🌺🍀🌺🍀🌺🍀🌺🍀🌺🍀🌺🍀
🙏65
ကျွန်တော် အညာမြေတပ်ပေါင်းက ပြုလုပ်နေတဲ့
အဖွဲ့၏ တိုက်ခိုက်ရေးနှင့် အထွေထွေ စရိတ်များအတွက် "ပြည်သူ့လက်ခုပ်သံ" ကျပ်သိန်းတစ်ထောင် ကမ်ပိန်း ကို ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့ရဲ့ မြေပြင်လှုပ်ရှားမှု ပုံရိပ်များကို
စုံစမ်းနိုင်၊ ခြေရာခံနိုင်ပါတယ်။
နှစ်သက်တယ်၊ တော်လှန်ရေး ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ယုံကြည်ရင် ပြည်သူ့လက်ခုပ်သံ မှာ ပါဝင်နိုင်ပြီး

မနှစ်သက်ဘူး၊ ဝေဖန်စရာတွေရှိတယ်ဆိုရင်လည်း
ထောက်ပြဝေဖန် အကြံပြုနိုင်ပါတယ်။

#ပြည်သူ့လက်ခုပ်သံကမ်ပိန်း
#အညာမြေတပ်ပေါင်းစု
#ညီညွတ်စွာဖြင့်ဖက်ဒရယ်ဆီသို့
5
ကပစ-၁၂က ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို ဗမာပြည်ကာကွယ်ရေးတပ် တိုက်ခိုက်

ဩဂုတ်လ ၁၇ ရက်

မကွေးတိုင်း၊သရက်မြို့နယ်က အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA က တာ၀န်ရှိသူက ပြောပါတယ်။

မင်းတုန်းမြို့နယ်အတွင်း သရက် - မင်းတုန်း လမ်းပိုင်းနဲ့ ပုသိမ် - မုံရွာ လမ်းပိုင်းတွေမှာ အခု ဩ ဂုတ်၁၂ ရက်ကစပြီး ၁၅ ရက်အထိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၆၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့ကို ဦးတည်ပြီး အဲဒီစစ်ကြောင်းအတွက် မင်းတုန်းမြို့ဘက်ကနေ လမ်းပိုင်းလုံခြုံရေးယူပေးခဲ့တဲ့ အင်အား ၅၀ ၀န်းကျင် နဲ့ မင်းတုန်းကျောက်တိုင်ဂိတ်စခန်းက နောက်ထပ်အင်အား ၄၀ ပါတဲ့ စုစုပေါင်း စစ်ကြောင်း ၃ခုနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ အသိပေးပါတယ်။

တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်စစ်ကြောင်းတွေမှာ သေဆုံးသူ ၇ ဦးနဲ့ ၄ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။အဲဒီသေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ ကပစ (၁၂) ကလာတဲ့ ထောက်ပို့စစ်ကြောင်းနဲ့ လမ်းပိုင်း လုံခြုံရေးယူပေးတဲ့မင်းတုန်းစစ်ကြောင်းတွေက မင်းတုန်းမြို့ထဲကို ရောက်ရှိသွားပြီး ကျောက်တိုင်အထိုင်ဂိတ်စခန်းက စစ်ကြောင်းကလည်း အဲဒီဂိတ်စခန်းအတွင်းမှာပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ရေးအချက်အလက်တွေအရ သရက်မြို့နယ် စခမ်းကြီးကျေးရွာနဲ့ ပိတောက်ပင်ကျေးရွာအနီးမှာရှိတဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂ )ဟာ ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမ ဗုံးသီးတွေကို ထုတ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေသတွင်းစစ်ရေးအရ အရေးပါတဲ့ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဩဂုတ် ၁၀ ရက်ကလည်း သရက်-မင်းတုန်းလမ်းပိုင်းမှာ တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူတွေရှိပြီးလက်နက်နဲ့ခဲယမ်းတချို့ရရှိတယ်လို့ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်တပ်က သရက်-မင်းတုန်းလမ်းပိုင်း အသုံးပြုပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမကို စစ် ကြောင်းထိုးနေပေမယ့် နှစ်လကျော်ကြာတဲ့အထိ ရိုးမပေါ် မတက်နိုင်သေးဘဲ အနီးတဝိုက်ကျေးရွာတွေမှာပဲ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

(ဗမာပြည်ကာကွယ်ရေးတပ် - USBA က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - USBA)
#LNO
#HlaingInfo
1
Media is too big
VIEW IN TELEGRAM
🚫ကြောတတ်သူများ မကြည့်ရ🚫

ဘာမှမလုပ်နိုင်တဲ့ မိခင် အမျိုးသမီးကွာ... အနူးညွှတ်တောင်းပန်နေလျက်နဲ့ ရက်ရက်စက်စက် သတ်ပစ်တာ။

သတ်ဖြတ်သည့် မှတ်တမ်းကို ဖမ်းဆီးရမိသည့် ဝါရာဇွပ် ပျူသူ့စစ်တကောင်ရဲ့ ဖုန်းထဲမှရရှိသည်။
😢6
စစ်အုပ်စုက ယောဒေသ ဂန့်ဂေါနှင့် ထီးလင်းနယ်ကြား တနေရာကို ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်

သြဂုတ် ၁၇၊၂၀၂၆၊ ဂန့်ဂေါ-ထီးလင်း

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့နယ်တောင်ပိုင်းနှင့် ထီးလင်းမြို့နယ်မြောက်ပိုင်း ကြားတနေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တံတားဦးလေတပ်မှ ပျံတက်လာသည့် YAK- 130 ဂျက်ဖိုက်တာတစ်စီးဖြင့် ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဗုံး ၄ လုံးကြဲချခဲ့တာဖြစ်ကြောင်းနှင့် အထိခိုက်အပျက်စီးရှိ၊ မရှိကိုဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

"တိုက်ပွဲ ဖြစ်တာလဲ မဟုတ်ပါဘူး၊စစ်ရေးလှုပ်ရှားမှုတွေလဲမရှိပါဘူး၊ အကြောင်းမဲ့သက်သက် ဗုံး ၄ လုံးလာကြဲသွားတာပါ၊ အထိခိုက်အပျက်စီးတော့ မသိရသေးဘူး " ဟုဒေသခံတစ်ဦးက ယောအလင်းတန်းကိုပြောသည်။

ယခုရက်ပိုင်းအတွင်း ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့တိုက်နယ်များကို စစ်အုပ်စုဖက်မှ မြေပြင်စစ်ကြောင်းများတပ်လန်ကျနေတာကြောင့် ဝေဟင်မှနေ၍ လေကြောင်းပစ်ကူများ ရက်ဆက်ပေးနေပြီး ကျန်ယောဒေသ (ဂန့်ဂေါ၊ထီးလင်း) နယ်များကိုပါ မြေပြင်စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနိုင်တာကြောင့် လေကြောင်းအပါဝင်ဘစစ်ရေးသတိ အမြဲရှိနေပေးသင့်ကြောင်း စစ်သတင်းရင်းမှ ပြောကြားသည်။

#ဗုံးကြဲတိုက်ခိုက်
#စစ်ရေးလှုပ်ရှားမှု
#မြေပြင်စစ်ကြောင်း
#အထိခိုက်အပျက်စီး
#တပ်လန်ကျ

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Aug 17 ,  4:31PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
မိတ္ထီလာကထွက်လာသည့် တပ်မ ၇၇ ၏ ၃၀ စီးပါစစ်ကားတန်း ချောက် ခလရ ၁၃ မှာရောက်နေ

ယောနယ်တွင်းဝင်ရောက်လာနိုင်ပြီး ချင်းပြည်တောင်ပိုင်းသို့ ဆက်လက်ဝင်ရောက်နိုင်

သြဂုတ် ၁၇၊၂၀၂၆၊ ယောအလင်းတန်း

တပ်မ ၇၇ မှတပ်သားများကိုတင်ဆောင်ထားသည့် Sinotruck စစ်ကားကြီး ၃၀ စီးသည် ယခုအခါ ချောက်မြို့ခလရ ၁၃ တပ်တွင်ရောက်ရှိနေကြောင်း စစ်သတင်းရင်းမြစ်များအရ သိရသည်။

ထိုကားတန်းသည် မန္တလေးတိုင်း မိတ္ထီလာမြို့မှ ယခုသြဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ကျောက်ပန်းတောင်းမြို့ဖက်သို့ စတင်မောင်းနှင်ထွက်ခွာလာခဲ့ကြတာဖြစ်ကြောင်း သိရသည်။

ယခုအခါ ၃၀ ကားစီးပါ တပ်မ ၇၇ ကားတန်းသည် မကွေးတိုင်း ချောက်မြို့ ခလရ ၁၃ တွင်ဝင်ရောက်နားခိုနေကြောင်းသိရပြီး ထိုမှတဆင့် ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များကိုဖြတ်သန်းကာ ယောဒေသကို ခြေကုပ်ယူလျက် ချင်းပြည်နယ်တောင်ပိုင်း (မင်းတပ်၊ကန်ပက်လက်)နယ်များသို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနိုင်ကြောင်း စစ်သတင်းရင်းမြစ်မှ သုံးသပ်ထားပါသည်။

သတင်းများကို ယောအလင်းတန်းအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါသည်။

Vd- စစ်အုပ်စု၏စစ်ကားများ

@မင်းဒဿ
#MRSN
Aug 17 ,  5:28PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
⚠️ညောင်ဦး

ညောင်ဦး မြင်းခြံ လမ်း တံတားနားမှာ စစ်ခွေး ကားတွေ ငွေတောင်းနေကြောင်း သိရ။

#MdySN
Aug 17  , 5:30PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
မိတ္ထီလာကထွက်လာသည့် တပ်မ ၇၇ ၏ ၃၀ စီးပါစစ်ကားတန်း ချောက် ခလရ ၁၃ မှာရောက်နေ

ယောနယ်တွင်းဝင်ရောက်လာနိုင်ပြီး ချင်းပြည်တောင်ပိုင်းသို့ ဆက်လက်ဝင်ရောက်နိုင်

သြဂုတ် ၁၇၊၂၀၂၆၊ ယောအလင်းတန်း

တပ်မ ၇၇ မှတပ်သားများကိုတင်ဆောင်ထားသည့် Sinotruck စစ်ကားကြီး ၃၀ စီးသည် ယခုအခါ ချောက်မြို့ခလရ ၁၃ တပ်တွင်ရောက်ရှိနေကြောင်း စစ်သတင်းရင်းမြစ်များအရ သိရသည်။

ထိုကားတန်းသည် မန္တလေးတိုင်း မိတ္ထီလာမြို့မှ ယခုသြဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ကျောက်ပန်းတောင်းမြို့ဖက်သို့ စတင်မောင်းနှင်ထွက်ခွာလာခဲ့ကြတာဖြစ်ကြောင်း သိရသည်။

ယခုအခါ ၃၀ ကားစီးပါ တပ်မ ၇၇ ကားတန်းသည် မကွေးတိုင်း ချောက်မြို့ ခလရ ၁၃ တွင်ဝင်ရောက်နားခိုနေကြောင်းသိရပြီး ထိုမှတဆင့် ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များကိုဖြတ်သန်းကာ ယောဒေသကို ခြေကုပ်ယူလျက် ချင်းပြည်နယ်တောင်ပိုင်း (မင်းတပ်၊ကန်ပက်လက်)နယ်များသို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနိုင်ကြောင်း စစ်သတင်းရင်းမြစ်မှ သုံးသပ်ထားပါသည်။

သတင်းများကို ယောအလင်းတန်းအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါသည်။

Vd- စစ်အုပ်စု၏စစ်ကားများ (အဟောင်း)

@မင်းဒဿ

#7starmyaing
📩သတင်းပေးပို့ရန်
@Myaing3star
6
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
17.8.2026

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ တောင်စုံရွာနဲ့
အနီးတဝိုက်မှာပဲ ရှိနေပါတယ်။

ဘယ်အချိန် ဘယ်ကို ထွက်ပြီး
စစ်ကြောင်းထိုးမလဲ မသိရတာကြောင့်
စစ်ကြောင်းရောက်ရှိနေရာ
မြိုင်မြို့နယ်အနောက်ပိုင်းမှ မိဘပြည်သူများအားလုံး
သတိဝရိယနဲ့ နေထိုင်ကြဖို့ လိုပါမယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 18 ,  2:29AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
စစ်အုပ်စုက ဆောနယ်နှင့် ကျောက်ထုနယ်များကို လေကြောင်းကနေ အဆမတန်ဖိအားပေးတိုက်ခိုက်နေ

ဆောနယ်တွင် အထုပ်ချပေးနေစဥ်အတွင်း ဂျက်ဖိုက်တာဖြင့်ကာဗာပေး တိုက်ခိုက်

သြဂုတ် ၁၈၊ ၂၀၂၆၊ ဆော-ကျောက်ထု

စစ်အုပ်စုဖက်က မကွေးတိုင်း ယောဒေသ ဆောမြို့နယ်နှင့် ကျောက်ထုမြို့တိုက်နယ်အတွင်း နေရာများကို နေ့စဥ်ရက်ဆက် လေကြောင်းကနေ အဆမတန်ဖိအားပေး တိုက်ခိုက်နေကြောင်းသိရသည်။

ယနေ့နံနက် ၉ နာရီ ၅၂ မိနစ်ခန့်က ဆောမြို့နယ်တနေရာကို မိတ္ထီလာရှမ်းတဲလေးလေတပ်မှပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် စစ်အုပ်သုတပ်သားများအတွက် အထုပ်ချပေးနေစဥ်၊ ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာတစ်စီး ရုတ်တရက်ရက်ရောက်ရှိလာပြီး လေကြောင်းကနေ Y 8 လေယာဥ်အတွက် ကာဗာပေး လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရသည်။

ထို့နောက် ယမန်နေ့ည ၁၁ နာရီ ၃၁ မိနစ်ခန့်က တစ်ကြိမ်၊ နောက် ၁၁ နာရီ ၄၁ မိနစ်နှင့် ၁၁ နာရိ ၄၄ မိနစ်တို့တွင် တံတားဦးလေတပ်မှ ရှေ့ဆင့်နောက်ဆင့် ပျံသန်းလာခဲ့ကြသည့် YAK -130 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်ထုမြို့တိုက်နယ် ကြီးရွာနှင့် ရွေအောင်သာရွာ (မင်းတပ်မြို့နယ်)ကြားကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ည၊ ယနေ့နံနက်အစောပိုင်း ၁၂ နာရီ ၁၁ မိနစ်ခန့်ကနေ ၁ နာရီခန့်အထိ ကျောက်ထုတိုက်နယ် ကြီး-ရွှေအောင်သာကြားနေရာကိုပင် မိနစ် ၅၀ ခန့်ကြာပျံဝဲပီး ဗုံးအလုံးရေ ၆၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အလားတူ ယမန်နေ့သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကလည်း ယောဒေသ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်မြောက်ပိုင်း ထိစပ်နယ်တနေရာကို တံတားဦးလေတပ်မှ ပျံသန်းလာကြသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွေမှာ စစ်အုပ်စုဖက်မှ ဆောမြို့နယ်အပါဝင် ယောဒေသများကို လေကြောင်းဖြင့် အဆမတန်ဖိအားပေးတိုက်ခိုက်နေတာကြောင့် ပြည်သူများ၊ပြည်သူ့တော်လှန်ရေးအဖွဲ့များအနေဖြင့် ကြိုတင်သတိထားနိုင်ကြရန် လိုအပ်ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Aug 18 ,  11:21AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1