ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင် - မကွေးတိုင်း⚠️
  
8:07pm (30 Jul)

စကစ Drone (1) စီး မြိုင်နယ် အလယ်ကြောပေါ် ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
2
ရေစကြိုမြိုနယ်

စစ်ကြောင်းသတင်း
30.7.2026ရက်နေ့ ည8.45pmအချိန်ခန့်တွင်ရေစကြိုဖူလုံ၂၅၈မှခွေးများ အနောက်အရပ်သို့စတင်ထွက်ခွာနေကြောင်းသိရ။

Jul 30, 9:00PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
5👍1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း အနောက်ဘက်သို့ ဦးတည်ထွက်ခွါနေကြောင်း သတင်းရရှိ။

#WES 8:55pm,Jul 30
👍4
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ထွက် ပူးပေါင်းစစ်ကြောင်း မှာ တောင်၊ မြောက်၊ အနောက်ဘက်သို့ ခွဲ၍နေကြောင်း သတင်းရရှိ။

#WES 9:20pm,Jul 30
1
⚠️ရေစကြိုနယ်


ပညှင်းရွာ​ဖြတ်၍​စကစစ်ကြောင်းတောင်အရပ်ထွက်ခွါနေကြောင်းသတင်းရရှိ။

Jul 30,9:23PM

@ArrDanYso2234
4
⚠️ရေစကြိုနယ်


ကံသစ်ရွာအနီးစကစစ်ကြောင်းရောက်ရှိနေကြောင်းသတင်းရရှိ။

Jul 30,9:40PM

@ArrDanYso2234
3
⚠️ရေစကြိုနယ်

ရေစကြိုနယ် အတွင်းရှိမိဘပြည်သူများအနေဖြင့် သတိဝရိယထားပြီးစစ်ကြောင်းသတိထားပြီးအိပ်စက်ကြပါရန် အထူးအသိပေးအပ်ပါသည်။

Jul 30, 10:00PM
#7Starmyaing
📭သတင်းပေးပို့ရန်@ArrDanYso2234
2
⚠️ရေစကြိုနယ်

ရေစကြိုမြို့နယ် ကံသစ်ရွာအ​နောက်ဘက် လေညှင်းတောင်အနီးတွင်စစ်ကြောင်း တစ်ကြောင်းနှင့်ကံသစ်ရွာတောင်ဘက်တွင်စစ်ကြောင်းတစ်ကြောင်းရောက်ရှိနေကြောင်းသတင်းရရှိ။

Jul 30 ,10:50Pm
#7Starmyaing
📭သတင်းပေး@ArrDanYso2234ပို့ရန်@Myaing3star//
2
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
30.7.2026

ယနေ့မနက်စော 4:00 / 5:00 ဝန်းကျင်အတွင်းမှာ
မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာနဲ့
အနီးတဝိုက်ရွာများအနီးကို
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
တံတားဦးလေတပ်မှ Y 12 ဗုံးကြဲလေယာဉ်တစ်စီး

စုစုပေါင်းလေယာဉ် 5 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (16) ကြိမ်
ဗုံးသီး (60) ကျော်ခန့်
ပြုလုပ်ခဲ့တယ်လို့ သိရပြီး

ယနေ့မနက် 9:15 / 10:00 ဝန်းကျင်က
မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာ ပျူစခန်းကို
မိတ္ထိလာလေတပ်မှ Y 8 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာများ
ချပေးထားတယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ
သင်းမရွာရဲ့ အနောက်တောင်ဘက်
ဘောင့်ဘင်ရွာရဲ့ အနောက်မြောက်ဘက်
ဒေသအခေါ် တယ်ပင်လှအနီးတဝိုက်ကို
ရောက်ရှိခဲ့ပြီးနောက်
ညနေ 5:30 ဝန်းကျင်မှာ သင်းမရွာကို
ပြန်ဝင်သွားပြီး ယနေ့ညဦးပိုင်းအချိန်ထိ
သင်းမရွာမှာပဲ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ် အနောက်ပိုင်းနဲ့
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှ
မိဘပြည်သူများအားလုံး သတိဝရိယနဲ့
နေထိုင်ကြဖိူ့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
Jul 31 ,  12:56AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
⚠️ရေစကြိုနယ်

ရေစကြိုဖူလုံ ခလရ တပ်၃တပ်မှထွက်လာသောစစ်ကြောင်း၃​ကြောင်းမှာဖူလုံခလရထဲသို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

Jul 31 ,6:50AM
#7starmyaing
6
ပခုက္ကူမြို့နယ်

ပခုက္ကူတပ်မ ၁၀၁ ခွေးတပ်မှအင်အားအပြည့်ပါ စခကားကြီး(၅)စီးသည် ပခုက္ကူ တံတားပေါ်မှတဆင့်တောင်ဘက်သို့ထွက်ခွာနေကြောင်းသိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Jul 31,8:39AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
Media is too big
VIEW IN TELEGRAM
"အကုသိုလ်ကောင်ရဲ့ အာကာသ အိပ်မက်"

အာကာသ အိပ်မက်ကို မတန်မရာ စိတ်ကူးယဉ်နေရှာတဲ့ အကုသိုလ်ကောင်ရဲ့ ဘုန်းတန်ခိုးက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ ဆိုရင်...

မိုးပေါ်ပျံတက်ရမယ့် မိုးပျံပူဖောင်းတောင် ငရဲစိုက်ဆင်းနေလို့ အောက်ကနေ တဖုန်းဖုန်း ရိုက်တင်ပေးနေရတာကို နတ်ကတော် နောင်တော်လေးရဲ့ Myanmar National Post က အမိအရ ရိုက်ယူထားပြီး ရခိုင်မလင်ကို စောက်ရှက်ခွဲထားပြန်ပါတယ်။

လုပ်သမျှ ဒုက္ခပဲ ဖြစ်နေတဲ့ အကုသိုလ်ကောင်ရဲ့ ဘုန်းတွေကံတွေ ကြီးမားနေပုံများ မိုးပျံပူဖောင်းတောင် ၅ ပေအထက် မတက်ရှာတော့ပူး..

အ..ဟစ်..ဟစ်..🤣

#4C_TruthNews
👍42
ကြီးရွာက စစ်အုပ်စုစစ်ကြောင်းအတွက် လေယာဥ်ဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာထုပ်များချပေး

ဇုလိုင် ၃၁၊ ၂၀၂၆၊ကေျာက်ထု

ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ် ကြီးရွာတွင် ရောက်ရှိနေသည့် စစ်အုပ်စုစစ်ကြောင်းအတွက် Y 12 စစ်ထောက်ပို့ ဘက်စုံသုံးလေယာဥ်တစ်စီးဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများပါဝင်သည့် အထုပ်များကို ယနေ့နံနက်မှာ ချပေးခဲ့ကြောင်းသိရသည်။

ကျောက်ထုအမြောက်တပ်မှ အင်အား ၂၀၀ ခန့် စစ်ကြောင်းသည် ကြီးရွာသို့ ယခုဇူလိုင်လ ၁၈ ရက်နေ့ညနေ ၅ နာရီကစ၍ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရက်သတ္တ ၂ ပတ်မြောက်နေ့အဖြစ် ဆက်လက်တပ်စွဲ နေထိုင်နေတာဖြစ်ကြောင်း သိရသည်။

ထိုစစ်အုပ်စုအတွက် မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 12 စစ်ထောက်ပို့လေယာဥ်တစ်စီးသည် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကနေ ၁၁ နာရီ ၁၅ မိနစ်ခန့်အထိ မိနစ် ၅၀ ခန့်အကြာ ကြီးရွာပေါ်တွင်ပျံဝဲပြီး လေထီးများဖြင့် လက်နက်ခဲယမ်းအများစုပါဝင်သည့် အထုပ် ၁၅ ထုပ်ခန့်ကိုချပေးခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

" ဒရုန်းဗုံးသီးတွေ၊ လက်နက်ကြီးကျည်အချို့နဲ့ ကျည်ဆံတွေ ဖြစ်နိုင်တယ်၊ အထုပ်တွေကိုမြင်ရတာ အတော်လေးမယ့်အနေအထားတွေ့ရတယ်၊လေထီးတစ်ခုမှ ၁ ထုပ်၊ ၂ ထုပ်နှုန်းချတာပါ၊ ရိက္ခာနဲနဲပါးလဲ ပါနိုင်တယ် " ဟု သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ကြီူရွာတွင် ရှိနေကြသည့် စစ်အုပ်စုစစ်ကြောင်းသည် ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ မြောက်ဖက်အရပ် ထီးလင်း-မင်းတပ်-ကျောက်ထု ၃ ပွင့်ဆိုင်နယ်စပ်ရှိ ရွှေအောင်သာရွာသို့ သွားရောက်အခြေချ တပ်စခန်းပြန်ထိုင်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေတာဖြစ်ကြောင်းသိရသည်။

စစ်ကြောင်းထိုးနေစဥ်အတွင်း ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ခုခံတွန်းလှန် တိုက်ခိုက်မှုများကြောင့် ကြီးရွာအတွင်းသို့ နောက်ကြောင်းပြန်ဆုတ်နေရတာဖြစ်ပြီး ယခု ၁၄ ရက်နေ့မြောက်နေ့ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ကြီးရွာမှ စစ်ကြောင်းအတွက် လေယာဥ်ဖြင့် လက်နက်ခဲယမ်းများထပ်မံဖြည့်တင်းပေးပြီးဖြစ်တာကြောင့် စစ်ကြောင်းသည် မြောက်ဖက် ရွှေအောင်သာရွာဆီသို့ ဆက်လက်ရွေ့လျားလာနိုင်ပါသဖြင့် ဒေသတွင်းနေထိုင်နေသူများ ကြိုတင်သတိထား နေထိုင်သွားလညကြရန် လိုအပ်ကြောင်း ဒေသတွင်းစစ်သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 31, 12:23PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1💯1
မြိုင်မြို့နယ်စစ်ကြောင်းနဲ့လေကြောင်းသတင်း
31.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာမှာရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 9:00 ဝန်းကျင်က
သင်းမရွာရဲ့အနောက်တောင်ဘက်
ဒေသအခေါ် တယ်ပင်လှအနီးကို
အင်အား 200 ခန့် အဖွဲ့ခွဲ ရောက်ရှိထားပြီး
လက်ရှိအချိန် အဲ့ဒီနားတဝ်ုက်မှာ ရှိနေတယ်လို့
သိရပါတယ်။

သင်းမရွာမှာလည်း ကားတန်းနဲ့ စစ်ကောင်စီ
တပ်တွေ ကျန်ရှိနေပါသေးတယ်။

ယနေ့နေ့လည် 2:00 / 3:00 ဝန်းကျင်က
သင်းမရွာကို မကွေးလေတပ်မှ E 20 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာထုပ်တွေ
ချပေးထားတယ်လို့ သိရပြီး

မြိုင်မြို့အနောက်မြောက်ဘက်
ရွာသစ်ကြီး ၊ ညောင်ကုန်း ၊ မကျီးကန်၊ ဖန်းကန် စတဲ့
ကျေးရွာများနဲ့အနီးတဝိုက်ကို

ယနေ့ညနေ 3:00 ဝန်းကျင်က
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
ယနေ့ညနေ 3:15 ဝန်းကျင်က
မကွေးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
ယနေ့ညနေ 3:40 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးတို့ဖြင့်
လေကြောင်းတိုက်ခိုက်မှု (7) ကြိမ်ခန့်
ပြုလုပ်သွားတယ်လို့ သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု

#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
9
ခလရ ၅၀ တပ်မှ ဂန့်ဂေါမြို့အနီးဝန်းကျင်ပတ်လည်နေရာများကို ဒရုန်းဖြင့်ကင်းထောက်

ဇူလိုင် ၃၁၊၂၀၂၆၊ ဂန့်ဂေါ

ယောဒေသ ဂန့်ဂေါမြို့အနီးဝန်းကျင်ပတ်လည်နေရာများကို ယနေ့ည အစောပိုင်းက ခလရ ၅၀ တပ် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဒရုန်းတစ်စီးဖြင့် ကင်းထောက်ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ဇူလိုင် ၃၁ ရက်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဂန့်ဂေါမြို့၏ အနောက်ဖက်၊တောင်ဖက်နှင့် အရှေ့မြောက်ဖက် စည့် အရပ်များကို UAV ကင်းထောက်ဒရုန်းအဖြူတစ်စီးဖြင့် မိနစ်အတော်ကြာ ကင်းထောက်ပျံသန်းခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်မှ ပြောသည်။

ယခုလတ်တလောတွင် ဂန့်ဂေါမြို့ပေါ်၌လည်း ခလရ ၅၀ တပ်မှ စစ်အုပ်စုတပ်သားများသည် စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသည်ကိုတွေ့မြင်နေကြရပြီး ယနေ့ညနေအစောပိုင်းက အမှတ် ၃၇၁ ပြည့်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကြောင်း၊ အောင်မြင် (ရှောက်ပင်)ရွာ စစ်အုပ်စုကာကင်းစခန်းမှလည်း သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုနောက်စစ်ရေးသတင်းရင်းမြစ်တစ်ဦး၏ သတင်းပေးပို့ချက်အရ ခလရ ၅၀ တပ်မှ တပ်ဝန်းကျင်နှင့် မြောက်ဖက် ရွာစည်ရွာဘုရားကုန်း စသည့်နေရာများတွင် ယမန်နှစ်က ၎င်း တပ်မှမြေမြှပ်ထောင်ထားခဲ့ကြောင်း၊ ယခုအခါ အဆိုပါမိုင်းများဆောင်ရွက်ခဲ့စဥ်က မိုင်းဆရာမှာ အပြောင်းအရွေ့တခုဖြင့် အခြားဒေသသို့ရောက်ရှိသွားပြီဖြစ်ရာ မိုင်းများကို ဆက်လက်စစ်ဆေးဆောင်ရွက်နေရာတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရပြီး လက်ရှိ ခလရ ၅၀ တပ်အင်အားသည် စုစုပေါင်း ၃၀၀ ကျော်ရှိသည်ဟု သိရသည်။

သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအနေဖြင့် မဖေးတော၊ ရွာစည်ရွာဘုရားကုန်းအပါဝင် ဂန့်ဂေါမြို့နှင့် ခလရ ၅၀ တပ်ဧရိယာ ဝန်းကျင်တွေကို ဖြတ်သန်းသွားလာခြင်းများ အပြုလုပ်ကြရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြသ်က ပြောသည်။

#မြေမြှပ်မိုင်း
#UAVဒရုန်း
#ပစ်ခတ်

Vd- ယနေ့ညနေပျံသန်းကင်းထောက်ခဲ့သည့် UAV ဒရုန်း

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 31, 8:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
31.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်ပြီး
ဒေသအခေါ် တယ်ပင်လှအနီးကို
ရောက်ရှိခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ
ညနေ 6:00 ဝန်းကျင်မှာ သင်းမရွာကို
ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းနဲ့
မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှ
မိဘပြည်သူများအားလုံး သတိဝရိယနဲ့
နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

ယနေ့နေ့လည် 2:00 / 3:00 ဝန်းကျင်က
သင်းမရွာကို မကွေးလေတပ်မှ E 20 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာထုပ်တွေ
ချပေးထားတယ်လို့ သိရပြီး

ယနေ့ညနေ 3:00 ဝန်းကျင်က
မြိုင်မြို့အနောက်မြောက်ဘက်
ရွာသစ်ကြီးရွာ မြောက်ပိုင်းကို
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး

ယနေ့ညနေ 3:15 ဝန်းကျင်က
မြိုင်မြို့အနောက်မြောက်ဘက်
မကျီးကန်ရွာနဲ့ ဖန်းကန်ရွာကြား
ဒေသအခေါ် မြင်းစိုင်းကုန်းလမ်းဆုံကို
မကွေးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး

ယနေ့ညနေ 3:40 ဝန်းကျင်က
မြိုင်မြို့အနောက်မြောက်ဘက်
မန်ကျည်းကန်ရွာကို
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးတို့ဖြင့်

လေကြောင်းတိုက်ခိုက်မှု (7) ကြိမ်ခန့်
ပြုလုပ်ခဲ့ရာ
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့်
ပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့
သိရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
Jul 31, 11:12PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍1
၄နှစ်ကျော် ကာလပတ်လုံးဆိုတော့ အဲ့ဒီလောက်တော့ စုမိဆောင်းမိဖြစ်မှာပေါ့။

ဟို ငရွဲလေးလည်း အခုလောက်ဆို စုမိဆောင်းမိ ဖြစ်လောက်ပြီပေါ့။
👍5
သင်းမရွာကို စစ်တပ်က ထပ်မံမီးရှို့
1.8.2026

မြိုင်မြို့နယ် အနောက်ပိုင်း သင်းမရွာမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက်ပိုင်းမှာ သင်းမရွာကနေ
ရှေ့ပြေးတချို့ စထွက်နေကာ
8:30 ဝန်းကျင်းမှာ သင်းမဇရပ်အနီးကို
ရောက်နေပြီလို့ သိရပြီး

သင်းမရွာထဲမှာ ကျန်နေတဲ့ နောက်ချန်တပ်တွေက
9:00 ဝန်းကျင်မှာ သင်းမရွာကို
ထပ်မံမီးရှိူ့နေတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#သင်းမရွာ #မီးရှို့

#MRSN
Aug 1, 9:35AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2👍2