ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာကနေ ထွက်လာသော ရှေ့ပြေးစစ်ခွေးများသည်၊ 10:30 ဝန်းကျင်မှာ သင်းမရွာရဲ့ အနောက်တောင်ဘက် ဘောင့်ဘင်ရွာရဲ့အနောက်မြောက်ဘက်ဒေသအခေါ် {တယ်ပင်လှ}အနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#7starmyaing
𝐉𝐮𝐥-30, 12:55𝐏𝐌
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
4
မြိုင်မြို့ စစ်ခွေးလှုပ့်ရှားမူ သတင်း

27 ရက်နေ့က စတင်၍ မြိုင်မြို့နယ် အနောက်ပိုင်း သင်းမကျေးရွာတွင် စစ်ခွေးများနှင့်တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည် ထိုအချိန် ကန်နီပျူခွေးခြံမှ ခွေးအချို့ စစ်ရေးလှုပ့်ရှားမူများပြုလုပ့်ခဲ့ပြီး စက်မူ ၂ ခွေးခြံတွင်လဲ လှုပ့်ရှားမူများ ပြုခဲ့တယ်လိုသတင်းရရှိပါသည်။ ယနေ့ 30.7.2.2026ရက်နေ့ မနက်ခင်းအချိန်အတွင်းမှာလဲ သင်းမကျေးရွာအတွင်း ရောက်ရှိနေသော စစ်ခွေးများသည် သင်း‌မကျေးရွာ၏တောင်ဘက် ဒေသအခေါ တယ်ပင်လှ တောတိုက်သို့ ရောက်ရရှိနေပြီး စစ်ခွေးကားတန်းမှာ သင်းမကျေးရွာအတွင်မှာပင် ရှိနေကြောင်း သတင်းရရှိထားပါသည်။

သတင်းတင်ချိန် PM1:42
Date_30.7.2026 july
#MyaingNewsChannel

#7starmyaing
3
စစ်အုပ်စုက Y 8 ထောက်ပို့လေယာဥ်ဖြင့် ထီးလင်းမြို့ကို ရိက္ခာထုပ်များချပေးခဲ့ပြီး ဂန့်ဂေါနှင့် မြစ်
သာဆည်ပေါ်များကို ကင်းထောက်ပျံဝဲခဲ့

ဇူလိုင် ၃၀၊ ၂၀၂၆၊ ထီးလင်း

မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် ယောဒေသ ထီးလင်းမြို့ပေါ်တွင် ယနေ့နေ့လည် ၁၂ နာရီခန့်ကနေ ၁ နာရီခန့်အထိ ပတ်ပျံသန်းပြီး စစ်အုပ်စုအဖွဲ့များအတွက် ရိက္ခာ၊ခဲယမ်းထုပ်များချပေးခဲ့ကြောင်းသိရသည်။

အချိန် ၁ နာရီခန့်ကြာမြင့်သည်အထိ ပတ်ပျံဝဲနေစဥ်အတွင်း ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ် မြစ်သာဆည်ပေါ်သို့ ၂ ကြီမ်၊ဂန့်ဂေါတောင်ပိုင်းနယ်များသို့ ၁ ကြိမ် ကင်းထောက်ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ရိက္ခာနှင့်လစာ မထောက်ပို့တာကြာနေပြီဖြစ်သည့် ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုအဖွဲ့များအတွက် ဆန်၊ဆီ၊ဆား၊ငပိ၊ငါးခြောက်များ၊လက်နက်ခဲယမ်းအချို့နှင့် လစာငွေများ ပါဝင်သည့် အထုပ် ၆၀ ကျော်ကို ချပေးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြစ်သာဆည်ပေါ်ရှိ စစ်အုပ်စုတပ်သားအချို့သည် ၎င်းတို့၏လူမှုကွန်ယက် တစ်တော့အကောင့်များနှင့် ဖေ့စ်ဘုတ်အကောင့်များမှာ " ငါတို့ အိမ်ပြန်ရတော့မည်" ဟု ကခုန်မြူးတူးနေသည့် လှုပ်ရှားဗွီဒီယို များတင်ထားသည်ကိုလည်း တွေ့ရကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

#လက်နက်ခဲယမ်း
#ကင်းထောက်
#စစ်အုပ်စု

@မင်းဒဿ
#MRSN
Jul 30 ,  3:08PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
မြိုင်‌မြို့နယ်

မြိုင်မြို့နယ် ဘောင့်ဘင်ရွာသို့ ဝင်ရောက်ခဲ့သော ရှေ့ပြေးခွေးစစ်ကြောင်းသည် သင်းမကျေးရွာထဲကို ပြန်လယ်ဝင်ရောက်သွားပြီးလို့  Foacebook သတင်း ချန်နယ်တစ်ခု ကဆိုထားပါသည်။ အတည်ပြုခြင်း ကိုတော့ ကျွန်တော်တို့ 3Star/နဲ့-မြိုင်သတင်းချန်နယ်အနေနဲ့ သေခြာမသိနိုင်ပါသဖြင့် နားလယ်ပေးကျပါရန်3Star/နဲ့- မြိုင်သတင်းချန်နယ်က တောင်းဆိုပါသည်။

#MyaingNewsChannel.....🦅

Jul 30, 7:11PM

#MyaingNewsChannel

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
ရေစကြို အခြေစိုက် တပ်ရင်းတွေမှာ စစ်မှုထမ်း (ပစခွေး) အင်အား ၅၀၀ ခန့်ဖြင့် ကျားကန်ထား

ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် ခလရ (၂၅၆)၊ (၂၅၇) နဲ့ (၂၅၈) တပ်ရင်းတွေမှာ သန္ဓေစစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်းလာတာကြောင့် အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း (ပစခွေး) အင်အား ၅၀ဝ ခန့်ကို ရေကြောင်းမှတဆင့် ပို့ဆောင်ကာ အင်အားဖြည့်တင်းထားရကြောင်း သိရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က ရေစကြိုမြို့ကို သင်္ဘောတွေနဲ့ ပစခွေး အင်အား ၅၀၀ ခန့် လာရောက်ပို့ဆောင်ခဲ့ပြီး ရေစကြို အခြေစိုက် ခြေလျင်တပ်ရင်းတွေဆီ ဖြန့်ဝေ နေရာချထားခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။

အဆိုပါ စစ်မှုထမ်း တပ်သားသစ်တွေထဲမှာ အသက်မပြည့်သေးသူတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောဆိုပါတယ်။

အကြမ်းဖက် စစ်တပ်က အင်အားပြုန်းတီးသွားတဲ့ တိုက်ခိုက်ရေး ခြေလျင် ခြေမြန် တပ်ရင်းတွေကို စစ်မှုထမ်း (ပစခွေး) အင်အားတွေနဲ့ အားဖြည့် ကျားကန်နေရပြီး စစ်ကြောင်းတစ်ကြိမ် ထွက်လိုက်တိုင်း သေဆုံးသွားတဲ့ ပစခွေး အရေအတွက်ကလည်း ဆယ်ချီပြီး ရှိနေပါတယ်။

#4C_TruthNews
2
မြိုင် - မကွေးတိုင်း⚠️
  
8:07pm (30 Jul)

စကစ Drone (1) စီး မြိုင်နယ် အလယ်ကြောပေါ် ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
2
ရေစကြိုမြိုနယ်

စစ်ကြောင်းသတင်း
30.7.2026ရက်နေ့ ည8.45pmအချိန်ခန့်တွင်ရေစကြိုဖူလုံ၂၅၈မှခွေးများ အနောက်အရပ်သို့စတင်ထွက်ခွာနေကြောင်းသိရ။

Jul 30, 9:00PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
5👍1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း အနောက်ဘက်သို့ ဦးတည်ထွက်ခွါနေကြောင်း သတင်းရရှိ။

#WES 8:55pm,Jul 30
👍4
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ထွက် ပူးပေါင်းစစ်ကြောင်း မှာ တောင်၊ မြောက်၊ အနောက်ဘက်သို့ ခွဲ၍နေကြောင်း သတင်းရရှိ။

#WES 9:20pm,Jul 30
1
⚠️ရေစကြိုနယ်


ပညှင်းရွာ​ဖြတ်၍​စကစစ်ကြောင်းတောင်အရပ်ထွက်ခွါနေကြောင်းသတင်းရရှိ။

Jul 30,9:23PM

@ArrDanYso2234
4
⚠️ရေစကြိုနယ်


ကံသစ်ရွာအနီးစကစစ်ကြောင်းရောက်ရှိနေကြောင်းသတင်းရရှိ။

Jul 30,9:40PM

@ArrDanYso2234
3
⚠️ရေစကြိုနယ်

ရေစကြိုနယ် အတွင်းရှိမိဘပြည်သူများအနေဖြင့် သတိဝရိယထားပြီးစစ်ကြောင်းသတိထားပြီးအိပ်စက်ကြပါရန် အထူးအသိပေးအပ်ပါသည်။

Jul 30, 10:00PM
#7Starmyaing
📭သတင်းပေးပို့ရန်@ArrDanYso2234
2
⚠️ရေစကြိုနယ်

ရေစကြိုမြို့နယ် ကံသစ်ရွာအ​နောက်ဘက် လေညှင်းတောင်အနီးတွင်စစ်ကြောင်း တစ်ကြောင်းနှင့်ကံသစ်ရွာတောင်ဘက်တွင်စစ်ကြောင်းတစ်ကြောင်းရောက်ရှိနေကြောင်းသတင်းရရှိ။

Jul 30 ,10:50Pm
#7Starmyaing
📭သတင်းပေး@ArrDanYso2234ပို့ရန်@Myaing3star//
2
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
30.7.2026

ယနေ့မနက်စော 4:00 / 5:00 ဝန်းကျင်အတွင်းမှာ
မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာနဲ့
အနီးတဝိုက်ရွာများအနီးကို
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
တံတားဦးလေတပ်မှ Y 12 ဗုံးကြဲလေယာဉ်တစ်စီး

စုစုပေါင်းလေယာဉ် 5 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (16) ကြိမ်
ဗုံးသီး (60) ကျော်ခန့်
ပြုလုပ်ခဲ့တယ်လို့ သိရပြီး

ယနေ့မနက် 9:15 / 10:00 ဝန်းကျင်က
မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာ ပျူစခန်းကို
မိတ္ထိလာလေတပ်မှ Y 8 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာများ
ချပေးထားတယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ
သင်းမရွာရဲ့ အနောက်တောင်ဘက်
ဘောင့်ဘင်ရွာရဲ့ အနောက်မြောက်ဘက်
ဒေသအခေါ် တယ်ပင်လှအနီးတဝိုက်ကို
ရောက်ရှိခဲ့ပြီးနောက်
ညနေ 5:30 ဝန်းကျင်မှာ သင်းမရွာကို
ပြန်ဝင်သွားပြီး ယနေ့ညဦးပိုင်းအချိန်ထိ
သင်းမရွာမှာပဲ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ် အနောက်ပိုင်းနဲ့
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှ
မိဘပြည်သူများအားလုံး သတိဝရိယနဲ့
နေထိုင်ကြဖိူ့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
Jul 31 ,  12:56AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
⚠️ရေစကြိုနယ်

ရေစကြိုဖူလုံ ခလရ တပ်၃တပ်မှထွက်လာသောစစ်ကြောင်း၃​ကြောင်းမှာဖူလုံခလရထဲသို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

Jul 31 ,6:50AM
#7starmyaing
6
ပခုက္ကူမြို့နယ်

ပခုက္ကူတပ်မ ၁၀၁ ခွေးတပ်မှအင်အားအပြည့်ပါ စခကားကြီး(၅)စီးသည် ပခုက္ကူ တံတားပေါ်မှတဆင့်တောင်ဘက်သို့ထွက်ခွာနေကြောင်းသိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Jul 31,8:39AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
Media is too big
VIEW IN TELEGRAM
"အကုသိုလ်ကောင်ရဲ့ အာကာသ အိပ်မက်"

အာကာသ အိပ်မက်ကို မတန်မရာ စိတ်ကူးယဉ်နေရှာတဲ့ အကုသိုလ်ကောင်ရဲ့ ဘုန်းတန်ခိုးက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ ဆိုရင်...

မိုးပေါ်ပျံတက်ရမယ့် မိုးပျံပူဖောင်းတောင် ငရဲစိုက်ဆင်းနေလို့ အောက်ကနေ တဖုန်းဖုန်း ရိုက်တင်ပေးနေရတာကို နတ်ကတော် နောင်တော်လေးရဲ့ Myanmar National Post က အမိအရ ရိုက်ယူထားပြီး ရခိုင်မလင်ကို စောက်ရှက်ခွဲထားပြန်ပါတယ်။

လုပ်သမျှ ဒုက္ခပဲ ဖြစ်နေတဲ့ အကုသိုလ်ကောင်ရဲ့ ဘုန်းတွေကံတွေ ကြီးမားနေပုံများ မိုးပျံပူဖောင်းတောင် ၅ ပေအထက် မတက်ရှာတော့ပူး..

အ..ဟစ်..ဟစ်..🤣

#4C_TruthNews
👍42
ကြီးရွာက စစ်အုပ်စုစစ်ကြောင်းအတွက် လေယာဥ်ဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာထုပ်များချပေး

ဇုလိုင် ၃၁၊ ၂၀၂၆၊ကေျာက်ထု

ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ် ကြီးရွာတွင် ရောက်ရှိနေသည့် စစ်အုပ်စုစစ်ကြောင်းအတွက် Y 12 စစ်ထောက်ပို့ ဘက်စုံသုံးလေယာဥ်တစ်စီးဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများပါဝင်သည့် အထုပ်များကို ယနေ့နံနက်မှာ ချပေးခဲ့ကြောင်းသိရသည်။

ကျောက်ထုအမြောက်တပ်မှ အင်အား ၂၀၀ ခန့် စစ်ကြောင်းသည် ကြီးရွာသို့ ယခုဇူလိုင်လ ၁၈ ရက်နေ့ညနေ ၅ နာရီကစ၍ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရက်သတ္တ ၂ ပတ်မြောက်နေ့အဖြစ် ဆက်လက်တပ်စွဲ နေထိုင်နေတာဖြစ်ကြောင်း သိရသည်။

ထိုစစ်အုပ်စုအတွက် မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 12 စစ်ထောက်ပို့လေယာဥ်တစ်စီးသည် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကနေ ၁၁ နာရီ ၁၅ မိနစ်ခန့်အထိ မိနစ် ၅၀ ခန့်အကြာ ကြီးရွာပေါ်တွင်ပျံဝဲပြီး လေထီးများဖြင့် လက်နက်ခဲယမ်းအများစုပါဝင်သည့် အထုပ် ၁၅ ထုပ်ခန့်ကိုချပေးခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

" ဒရုန်းဗုံးသီးတွေ၊ လက်နက်ကြီးကျည်အချို့နဲ့ ကျည်ဆံတွေ ဖြစ်နိုင်တယ်၊ အထုပ်တွေကိုမြင်ရတာ အတော်လေးမယ့်အနေအထားတွေ့ရတယ်၊လေထီးတစ်ခုမှ ၁ ထုပ်၊ ၂ ထုပ်နှုန်းချတာပါ၊ ရိက္ခာနဲနဲပါးလဲ ပါနိုင်တယ် " ဟု သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ကြီူရွာတွင် ရှိနေကြသည့် စစ်အုပ်စုစစ်ကြောင်းသည် ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ မြောက်ဖက်အရပ် ထီးလင်း-မင်းတပ်-ကျောက်ထု ၃ ပွင့်ဆိုင်နယ်စပ်ရှိ ရွှေအောင်သာရွာသို့ သွားရောက်အခြေချ တပ်စခန်းပြန်ထိုင်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေတာဖြစ်ကြောင်းသိရသည်။

စစ်ကြောင်းထိုးနေစဥ်အတွင်း ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ခုခံတွန်းလှန် တိုက်ခိုက်မှုများကြောင့် ကြီးရွာအတွင်းသို့ နောက်ကြောင်းပြန်ဆုတ်နေရတာဖြစ်ပြီး ယခု ၁၄ ရက်နေ့မြောက်နေ့ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ကြီးရွာမှ စစ်ကြောင်းအတွက် လေယာဥ်ဖြင့် လက်နက်ခဲယမ်းများထပ်မံဖြည့်တင်းပေးပြီးဖြစ်တာကြောင့် စစ်ကြောင်းသည် မြောက်ဖက် ရွှေအောင်သာရွာဆီသို့ ဆက်လက်ရွေ့လျားလာနိုင်ပါသဖြင့် ဒေသတွင်းနေထိုင်နေသူများ ကြိုတင်သတိထား နေထိုင်သွားလညကြရန် လိုအပ်ကြောင်း ဒေသတွင်းစစ်သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 31, 12:23PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1💯1
မြိုင်မြို့နယ်စစ်ကြောင်းနဲ့လေကြောင်းသတင်း
31.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာမှာရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 9:00 ဝန်းကျင်က
သင်းမရွာရဲ့အနောက်တောင်ဘက်
ဒေသအခေါ် တယ်ပင်လှအနီးကို
အင်အား 200 ခန့် အဖွဲ့ခွဲ ရောက်ရှိထားပြီး
လက်ရှိအချိန် အဲ့ဒီနားတဝ်ုက်မှာ ရှိနေတယ်လို့
သိရပါတယ်။

သင်းမရွာမှာလည်း ကားတန်းနဲ့ စစ်ကောင်စီ
တပ်တွေ ကျန်ရှိနေပါသေးတယ်။

ယနေ့နေ့လည် 2:00 / 3:00 ဝန်းကျင်က
သင်းမရွာကို မကွေးလေတပ်မှ E 20 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာထုပ်တွေ
ချပေးထားတယ်လို့ သိရပြီး

မြိုင်မြို့အနောက်မြောက်ဘက်
ရွာသစ်ကြီး ၊ ညောင်ကုန်း ၊ မကျီးကန်၊ ဖန်းကန် စတဲ့
ကျေးရွာများနဲ့အနီးတဝိုက်ကို

ယနေ့ညနေ 3:00 ဝန်းကျင်က
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
ယနေ့ညနေ 3:15 ဝန်းကျင်က
မကွေးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
ယနေ့ညနေ 3:40 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးတို့ဖြင့်
လေကြောင်းတိုက်ခိုက်မှု (7) ကြိမ်ခန့်
ပြုလုပ်သွားတယ်လို့ သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု

#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
9