ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်⚠️

မြိုင်နယ် အလယ်ကြော တစ်နေရာတွင် မိတ္ထီလာ လေတပ်တက် ATR 42 MPA ကင်းထောက်လေယာဉ် ၁စီး ပျံဝဲနေ။

#SAS
Jul 29, 12:48 PM
2
မြိုင်မြို့နယ်လေကြောင်းသတင်း
29.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာအနီး ရွာသစ်ကြီးရွာအနီးနဲ့
ဘောင့်ဘင်ရွာအနီးကို
ယနေ့နေ့လည် 2:00 ဝန်းကျင်မှ 3:00 ဝန်းကျင်အတွင်းမှာ

ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ် 1 စီး
မကွေးလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ 3 စီး
စုစုပေါင်း လေယာဉ် 6 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (20) ကြိမ်ခန့်
ပြုလုပ်သွားတယ်လို့ ကနဦးသတင်း
သိရပြီး

ယနေ့နေ့လည် 12:40 ခန့်ကနေ လက်ရှိအချိန်ထိ
မြိုင်နယ်အနောက်ပိုင်းမှာ
မိတ္ထိလာလေတပ်မှ ကင်းထောက်လေယာဉ်တစ်စီး
ပျံဝဲကင်းထောက်နေတယ်လို့
သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
Jul 29 ,  4:07PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍1
ရေစကြိုမြို့ပေါ်သို့ မအလစခများက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းပေးထားသော တပ်သားသစ် (၅၀၀) ခန့်ကို ဇူလိုင်လ ၂၈ ရက်နေ့က သင်္ဘောဖြင့် လာရောက်ပို့ဆောင်ခဲ့ပြီး ထိုနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့နယ်ရှိ ၂၅၆/၂၅၇/၂၅၈ တပ်ရင်းများဆီသို့ ကျွဲအုပ် နွားအုပ်များမောင်းသွားသည့်ပမာ ခေါ်ဆောင်သွားကြကြောင်း၊ အချို့မှာ အသက်ပင် မပြည့်သေးသည့် ကလေးငယ်များပင် ပါလာကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် ကင်းဝေးကြပါစေ)

ဇူလိုင် ၂၉၊ ၂၀၂၆

#InfoCommitteeYesagyo
#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
3
ရေစကြို- မကွေးတိုင်း⚠️
  
7:36pm (29Jul)

ရေစကြိုနယ်အနောက်ခြမ်းနယ်ပေါ် စကစ Drone (1) စီး ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
1
This media is not supported in your browser
VIEW IN TELEGRAM
အကုသိုလ်ကောင်ရဲ့ အကျိုးပေးကြောင့် ဂျပန်တောင်ပိုင်းတွင် အင်အား ၇.၁ ငလျင်လှုပ်ခတ်

ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ MCC ခန်းမမှာ ဂျပန်-မြန်မာ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို အကုသိုလ်ကောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး နာရီပိုင်းအကြာ-

ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူးကျွန်းရှိ ခူမာမိုတိုခရိုင်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ်ခန့် (မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်) မှာ အင်အား ၇.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပြီး အဆာက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ကာ လက်ရှိအချိန်အထိ လူဆယ်ချီပြီး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2
ပေါက်- မကွေးတိုင်း⚠️
  
7:40pm (29Jul)

ပေါက်နယ်အနောက်မြောက်ခြမ်းနယ် ဖြတ်၍ စကစ Drone (1) စီး အရှေ့ဘက်သို့ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
ရေစကြို- မကွေးတိုင်း⚠️
  
7:43pm (29Jul)

ရေစကြိုနယ်အနောက်ခြမ်းနယ်ဖြတ်၍ စကစ Drone (1) စီး အရှေ့တောင်ဘက်သို့ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
1
မြိုင်

မြိုင်နယ်အလယ်ကြော ဖြတ်၍ ကင်းထောက် ဒရုန်း ၁စီး
အရှေ့ အရပ်သို့ ပျံသန်း။

#WaiHin
Jul 29, 07:51PM
3
မြောက်မယမ်မီယာနိုင်ငံဘက်ခြမ်းရှိ စစ်ခွေးဘောစုပ်များ အဟာရပြည့်ဝစေရန် ဝရမ်းပြေးခွေးပြီးတို နဲ့ ရခိုင်မ​ ခေါဘဏီတို့ ပေါင်းပြီး အာကာသကြက်ဥများ နေ့စဥ် ဖင်သနီလံအောင် ဥချပေးနေကြောင်း သိရှိရသည်။😗😗
2
⚠️ရေစကြိုနယ်

တောင်အို ခွေးဂိတ်မှ ခွေးများလက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

Update -မရပ်မနားပစ်ခတ်နေကြောင်းထပ်မံသတင်းရရှိ။

Jul 29,9:45PM
#7star myaing
3
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️ရေစကြိုနယ် တောင်အို ခွေးဂိတ်မှ ခွေးများလက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။ Update -မရပ်မနားပစ်ခတ်နေကြောင်းထပ်မံသတင်းရရှိ။ Jul 29,9:45PM #7star myaing»
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

တောင်အိုဂိတ်မှ စကစများ ပတ်ဝန်းကျင်သို့လက်နက်ငယ် ပစ်နေကြောင်းသတင်းရရှိ။

#WES 9:43pm,Jul 29
1
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
29.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ သင်းမရွာမှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းရောက်ရောက်ရှိရာနေရာနဲ့
အနီးတဝိုက်ရွာတွေဖြစ်တဲ့
မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာအနီး ရွာသစ်ကြီးရွာအနီးနဲ့
ဘောင့်ဘင်ရွာအနီးကို
ယနေ့နေ့လည် 2:00 ဝန်းကျင်မှ 3:00 ဝန်းကျင်အတွင်းမှာ

ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ် 1 စီး
မကွေးလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ 3 စီး
စုစုပေါင်း လေယာဉ် 6 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှုတွေ (20) ကြိမ်ခန့်
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ပျက်စီးအခြေအနေကိုတော့ အသေးစိတ်
မသိရပါ။

မြိုင်နယ်အနောက်ပိုင်းရှိ ကျေးရွာများကို
ယနေ့နေ့လည် 12:40 ခန့်ကနေ ညနေ 4:00 ခန့်အထိ
မိတ္ထိလာလေတပ်မှ ကင်းထောက်လေယာဉ်တစ်စီး
ပျံဝဲကင်းထောက်ခဲ့တယ်လို့ သိရပြီး
ယနေ့ညဦးပိုင်းမှာလည်း ကင်းထောက်ဒရုန်းများ
ပျံဝဲကင်းထောက်ထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းရောက်ရှိနေရာ သင်းမရွာကို
ယနေ့ညနေ 5:00 ဝန်းကျင်က
မကွေးလေတပ်မှ E 20 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာများ
ချပေးခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ် အနောက်ပိုင်းနဲ့
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှ
မိဘပြည်သူများအားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 29 ,  10:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
5
⚠️မြိုင်

မြိုင် ကန်နီပျူခွေးများ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရ။

#MRSN
Jul 29 ,  10:20PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ်လေကြောင်းသတင်း
30.7.2026

ယနေ့မနက်စော 4:00 / 5:00 ဝန်းကျင်အတွင်းမှာ
မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာနဲ့
အနီးတဝိုက်ရွာများအနီးကို
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
တံတားဦးလေတပ်မှ Y 12 ဗုံးကြဲလေယာဉ်တစ်စီး

စုစုပေါင်းလေယာဉ် 5 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (16) ကြိမ်
ဗုံးသီး (60) ကျော်ခန့်
ပြုလုပ်သွားတယ်လို့ ကနဦးသတင်း သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု

#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
4
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
30.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်
ရှေ့ပြေးတွေးဟာ
10:30 ဝန်းကျင်မှာ
သင်းမရွာရဲ့ အနောက်တောင်ဘက်
ဘောင့်ဘင်ရွာရဲ့အနောက်မြောက်ဘက်
ဒေသအခေါ် တယ်ပင်လှ အနီးမှာ
ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း

#MRSN
Jul 30 ,  10:50AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
30.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်
ရှေ့ပြေးတွေးဟာ
10:30 ဝန်းကျင်မှာ
သင်းမရွာရဲ့ အနောက်တောင်ဘက်
ဘောင့်ဘင်ရွာရဲ့အနောက်မြောက်ဘက်
ဒေသအခေါ် တယ်ပင်လှ အနီးမှာ
ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ


Jul 30 ,  11:20AM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
YU ATARASHI
⚠️မြိုင် မြိုင် ကန်နီပျူခွေးများ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရ။ #MRSN Jul 29 ,  10:20PM #Threestarsmyaing #7starmyaing 📬သတင်းပေးပို့ရန် @myaing3starbot
မြိုင်‌

မြိုင်နယ် မြောက်ခြမ်း ကန်နီပျူစောထီး ခွေးခြံပေါ်သို့ မိတ္ထီလာ လေတပ်မှ Y-8 စစ်ထောက်ပို့လေယာဉ် ၁ စီး ပျံဝဲ။ ရိက္ခာထုပ့်များ ချပေစနေ​ကြောင်း သတင်းရရှိထားပါသည်။

Jul 30 ,  10:20AM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
မြိုင်မြို့နယ် အနောက်ပိုင်းတွင် စစ်ခွေးတပ် စစ်ကြောင်း ပိတ်မိနေပြီး ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၂၀ ကျော် ပြုလုပ်

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်း သင်းမကျေးရွာတွင် ပိတ်မိနေသော စစ်တပ် စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ စစ်ခွေးတပ်က ဇူလိုင်လ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း လေကြောင်းမှ အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၁၂၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

သင်းမရွာတွင် ရောက်ရှိနေသော စစ်ခွေးတပ် စစ်ကြောင်းသည် ပြန်လည် ထွက်ခွာနိုင်ခြင်း မရှိဘဲ ပိတ်မိနေသဖြင့် စစ်ခွေးတပ်က လေကြောင်းပစ်ကူများ၊ ထောက်ပံ့ရေး လေယာဉ်များကို အဓိက အားပြု၍ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တပ်သည် တံတားဦး၊ ညောင်ဦး၊ နေပြည်တော်၊ မကွေးနှင့် မိတ္ထိလာ လေတပ်စခန်းများမှ တက်လာသော Y-12 လေယာဉ်များ၊ Mi-35 တိုက်ခိုက်ရေး
3
ရဟတ်ယာဉ်များ နှင့် ဂျက်ဖိုက်တာများကို အသုံးပြု၍ သင်းမရွာ အပါအဝင် မှန်ရင်း၊ ယာကြီးပြင်၊ ဘောင့်ဘင်၊ ရွာသစ်ကြီး၊ ညောင်ကုန်း၊ ကြက်မောက်၊ စိုတော၊ မြို့ခင်းသာ၊ နှမ်းစားကျင်း စသည့် ကျေးရွာများအနီးသို့ တစ်နေ့တာအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် သင်းမရွာရှိ စစ်ကြောင်းထံ Y-12 လေယာဉ်ဖြင့် ခဲယမ်းနှင့် ရိက္ခာများ လေထီးဖြင့် ချပေးခဲ့သည်။ ထို့ပြင် ည ၁၀ နာရီမှ ၁၁ နာရီအတွင်း တံတားဦး၊ မကွေး၊ နေပြည်တော်နှင့် မိတ္ထိလာ လေတပ်တို့မှ တက်လာသော ဂျက်ဖိုက်တာ ၆ စီးနှင့် Y-12 ဗုံးကျဲလေယာဉ် ၂ စီး စုစုပေါင်း လေယာဉ် ၈ စီးဖြင့် အကြိမ် ၂၀ ကျော် လေကြောင်းမှ ထပ်မံ ဗုံးကျဲခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအတွင်း သင်းမ၊ ရွာသစ်ကြီးနှင့် ဘောင့်ဘင်ရွာ အနီးဝန်းကျင်ကို Mi-35 ရဟတ်ယာဉ် ၁ စီး၊ ဂျက်ဖိုက်တာ ၅ စီး၊ စုစုပေါင်း လေယာဉ် ၆ စီးဖြင့် အကြိမ် ၂၀ ခန့် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ညနေပိုင်းတွင် မကွေးလေတပ်မှ လေယာဉ်ဖြင့် ခဲယမ်း ရိက္ခာများ ထပ်မံချပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီမှ ၅ နာရီခန့်အထိ တံတားဦး၊ နေပြည်တော် လေတပ်တို့မှတက်လာသော ဂျက်ဖိုက်တာ ၄ စီး၊ Y-12 ဗုံးကျဲ လေယာဉ် ၁ စီး၊ စုစုပေါင်း လေယာဉ် ၅ စီးဖြင့် တိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီး အလုံး ၆၀ ကျော် ကြဲချခဲ့သည်။

အကြမ်းဖက် စစ်ခွေးတပ်၏ လေကြောင်းမှ နေ့ရောညပါ အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်နေမှုကြောင့် စစ်ကြောင်းနှင့် ဝေးလံသည့် ဘေးကင်းဇုံဟု သတ်မှတ်ထားသော ကျေးရွာများမှ ပြည်သူများပါ ညဘက် မအိပ်ရဘဲ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရသည်။

ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံ သတင်းရင်းမြစ်များက ပြည်သူများအနေဖြင့် လေယာဉ်သံ ကြားသည်နှင့် ဗုံးခိုကျင်းများအတွင်း အမြန်ဆုံး ဝင်ရောက် ပုန်းခိုကြရန်နှင့် လေကြောင်း အန္တရာယ်ကို အထူး အသိစိတ်ရှိစွာဖြင့် ဘေးကင်းရာသို့ ရှောင်ရှားကြရန် အရေးပေါ် သတိပေးထားသည်။

ဒေသခံများ၏ အဆိုအရ အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်နေ့မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း သင်းမကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
6