ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ဂန့်ဂေါမြို့နယ်တောင်ပိုင်းနဲ့ ထီးလင်းမြို့ငနယ်တောင်ပိုင်း ၂နေရာကို လေကြောင်းတိုက်ခိုက်

ဧပြီ ၊ ၃၀

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တောင်ပိုင်းတစ်‌နေရာကို ယနေ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရပါတယ်။ ထိခိုက် ပျက်စီးမှု ရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ထီးလင်းမြို့နယ် တောင်ပိုင်းတစ်နေရာကိုလဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပြီး အသေးစိတ်အခြေနေအား သိနိုင်ရန် ယောအလင်း တန်း အနေဖြင့် စုံစမ်းလျှက်ရှိပါတယ်။

ယခုအခါစကစသည် လေကြောင်းတိုက်ခိုက်မှုကို လေကြောင်းအုပ်လိုက်ပါ မကြာခဏလေကြောင်းတိုက်ခိုက်မှုများကို ပြုလျှက်ရှိပါသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအား အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်။


ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်နယ်ကြားနေရာများကို လေကြောင်းးဖြင့်တိုက်ခိုက်

ဧပြီ ၃၀၊၂၀၂၆၊ ယောအလင်းတန်း

မကွေးတိုင်း ယောဒေသ ဆောမြို့နယ် ကျောက်ထုဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကြားက နေရာများကို တံတားဦးလေတပ်ကပျံသန်းလာတဲ့ ဂျက်ဖိုက်တာများဖြင့် လေကြောင်းကနေ ဗုံးးကြဲချတိုက်ခိုက်သွားကြောင်းသိရပါတယ်။

ယနေ့မနက်ပိုင်းကနေ ယခု နေ့လည် ၁၂ နာရီကျော်အထိ ယောနယ်ကို တံတားဦး၊မကွေး၊မိတ္ထီလာ ရှမ်းတဲလေး စတဲ့လေတပ်များကနေပျံသန်းလာတဲ့ ဂျက်ဖိုက်တာလေယာဥ် ၇ စီးခန့်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းပြုလုပ်ထားတယ်လို့သိရပါတယ်။နောက်ထပ်လည်း ဂျက်ဖိုက်တာများ ဆက်လက်လာရောက်ပျံသန်းနေသေးကြောင်းသိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်နောက်ဆက်တွဲ သတင်းများကိုဆက်လက်စုံစမ်းအတည်ပြုဆဲဖြစ်ပါတယ်။

ယောနယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းရှိ မိဘပြည်သူများ လေကြောင်းရန်ကို အထူးသတိထားနေထိုင်ပေးကြပါရန် အသိပေးအပ်ပါတယ်။

@မင်းဒဿ


ကျောက်ထုတပ်ကို Y 12 စစ်ထောက်ပို့လေယာဥ်ဖြင့် ရိက္ခာ၊ခဲယမ်းထုပ်များချပေး

ဧပြီ ၃၀၊၂၀၂၆၊ဆော

မကွေးတိုင်း ယောဒေသ ဆောမြို့နယ် ကျောက်ထုမြိ​ြ့ အမြောက်တပ် ၃၆၈ ကို မကွေးလေတပ်ကပျံသန်းလာတဲ့ စစ်ထောက်ပို့ဘက်စုံသုံး Y12 လေယာဥ်တစ်စီးဖြင် ယနေ့နေ့လည် ၁ နာရီကနေ ယခု ၁ နာရီ ၄၄ မိနစ်အချိန်ထိ ရိက္ခာ၊လက်နက်ခဲယမ်းထုပ်များကို လေထီးများဖြင့်ချပေးနေတယ်လို့သိရပါတယ်။ယမန်နေ့ မနက် ၉ နာရီခန့်ကလည်း ကျောက်ထုအမြောက်တပ်ကို လက်နက်ခဲယမ်းထုပ်များကို Y 8 ထောက်ပို့လေယာဥ်တစ်စီးဖြင့်ချပေးခဲ့သေးတယ်လို့သိရပါတယ်။

အထုပ်များချပေးနေစဥ် ဂျက်ဖိုက်တာနောက်ထပ်တစ်စီးရောက်ရှိလာပြီး ကင်းပတ်ပျံသန်းမှုပြုလုပ်ပေးခဲ့တာ်လို့သိရပါတယ်။ထိုကင်းပတ်မှုပေးခဲ့တဲ့ ဂျက်ဖိုက်တာလေယာဥ်တသ်စီးဟာ မင်းတပ်နယ်ဖက်အထိ ဆက်လက်ကင်းထောက်ပျံသန်းခဲ့ပြီး ချင်းပြည်နယ် ကျင်ဒွေးမြို့ဖက်မှာ လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်သွားတယ်လို့သိရပါတယ်။

ယနေ့နေ့လည် ၁၂ နာရီကျော်က အဆိုပါ ကျောက်ထုနယ်နဲ့ မင်းတပ်မြို့နယ်နေရာများကို ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ ယနေ့မနက် ၁၀ နာရီခန့်ကလည်း ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်များကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးး ၁၀ လုံးကြဲချ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

လတ်တလောအခြေအနေအရ ယောနယ်၊ချင်းပြည်နယ်တောင်ပိုင်းက မိဘပြည်သူများအားလုံး လေကြောင်းရန်ကို နေ့ရောညပါ ကြိုတင်သတိထားနေထိုင်ပေးကြပါရန် အသိပေးအပ်ပါတယ်။

@မင်းဒဿ
ကို ဘကောင်း

#MRSN
𝐀𝐩𝐫-30 , 2:03PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
🫡21👍1
​မန္တလေးတိုင်း၊ ပြင်ဦးလွင်မှ ဆင်းလာသည့် စစ်ခွေးအင်အား {၅၀၀}ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်း ပထမအသုတ်သည်၊ မိတ္ထီလာမှ တစ်ဆင့် ကျောက်ပန်းတောင်း၊ ထိုမှတစ်ဆင့် ယခုလက်ရှိ ဆိပ်ဖြူမြို့နယ် "အခြေစိုက် ကပစ {၂၂}"ခွေးခြံသို့ ရောက်ရှိနေကြောင်း သိရသည်။

​အဆိုပါ စစ်ခွေးအင်အား {၅၀၀}ပါ ယာဉ်တန်းသည်၊ မကွေးတိုင်းအတွင်းသို့ ဆက်လက်ဝင်ရောက်လာနိုင်ပြီး တိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများတွင် အင်အားဖြည့်တင်းနိုင်ခြေ ရှိနေသည်။ လတ်တလော အခြေအနေများအရ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်ဘက်များသို့ စစ်ကြောင်းထိုး အင်အားဖြည့်တင်းနိုင်ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောကြားထားပါသည်။

#PKK_News
𝐀𝐩𝐫-30-1:38𝐏𝐌

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2
⚠️ရေစကြို

ရေစကြိုဖူလုံခလရ၂၅၈မှထွက်လာသောဂျိုကြွဇောင်းထ နေသောစခအင်အား၆၀ခန့်ပါစစ်ခွေးစစ်ကြောင်းမှာကံသစ်ရွာအနောက်ဘက်တွင်ရောက်ရှိနေကြောင်းသတင်းရရှိ။

#7StarMyaing
Apr 30,3:34PM
သတင်းပေးပို့ရန်@Myaing3Star
👍52
ကနီနယ် တနေရာတွင် ဆူဆိုက် Drone ၁ စီး ​ဝဲပျံနေ။

Apr 30, 5:20 PM

#7StarMyaing
2👍1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၈ထွက် စကစစစ်ကြောင်း တောင်အို စကစဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
5:30pm,Apr 30
👍1
⚠️ပခုက္ကူ

စက်မူဇုန်ဖြတ်၍ အင်အားအပြည့်ပါစခ ကားကြီး၃စီး မြောက်အရပ်သို့မောင်းနှင်သွားကြောင်းသတင်းရရှိ။
#7StarMyaing
Apr 30 ,6:10PM

📬သတင်းပေးပို့ရန်
@myaing3starbot
1
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

စကစစစ်သားအင်အားအပြည့်ပါ စစ်ကား(၃)စီး ပန်းတိုက်ခြုံရွာဖြတ် မြောက်ဘက်သို့ ဦးတည်မောင်းနှင်နေကြောင်း သတင်းရရှိ။

#WES
6:29pm,Apr 30
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

စကစစစ်သားအင်အားအပြည့်ပါ စစ်ကား(၃)စီး ရေစကြို GTC ဖြတ် မြောက်ဘက်သို့ ဦးတည်မောင်းနှင်နေကြောင်း သတင်းရရှိ။

#WES
7:00pm,Apr 30
👍3
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာသို့ ရောက်ရှိနေသော စခစစ်ကြောင်းမှ အနောက်ဘက်သို့ ထွက်ခွာသွားကြောင်းသိရ..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Apr 30 , 7:12 PM

#7StarMyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1👍1
30.04.2026
07:20 PM

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့က အမတ ၃၆၈ တပ်နဲ့ လေယာဥ်ကွင်းထဲကို ယနေ့မှာလဲ ထပ်ပြီး နှစ်ရက်ဆက်တိုက်အဖြစ် လေကြောင်းမှ ထောက်ပို့လုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့ပါတယ်။ 01:00 PM အချိန်မှာ Y-12 စစ်ထောက်ပို့ဗုံးကြဲလေယာဥ်တစ်စင်းဟာ 02:00 PM အချိန်ခန့်ထိ ဝဲပျံပြီး အထုတ်ရေ ၁၀ ထုတ်ချထားခဲ့ပါတယ်။

အဆိုပါ ၁၀ ထုတ်ထဲမှ ၃ ထုတ်ဟာ ယူနီဖောင်းနဲ့ ဘက်တံဆိပ်တွေ ဦးထုတ်တွေထည့်ထားတာလို့သိရပြီး နောက်ဆုံးချတဲ့ အထုတ်အသေးတစ်ထုတ်ကတော့ မီးစက်တစ်လုံးဖြစ်ကာ ကျန်တဲ့ ၆ ထုတ်ကတော့ လက်-နက်ခဲယမ်းတွေ ဖြစ်ပါတယ်ခင်ဗျာ။မနေ့က ချသွားတဲ့ အထုတ်ရေ ၃၂ ထုတ်လုံးဟာ အထုတ်တစ်ထုတ်ကို လေထီး ၃ ခုစီတပ်ကာ ချတာဖြသ်တာကြောင့် အထိအခိုက်မခံနိုင်တဲ့ပစ္စည်းမျိုးတွေ ပါရှိနိုင်ပြီး အများစုကတော့ လက်နက်ခဲယမ်းတွေလို့ သိရပါတယ်။

ယနေ့လာရောက်တဲ့ စစ်ထောက်ပို့ဗုံးကြဲလေယာဥ်
Y-12 ပစ္စည်းချနေတုန်းမှာ ဂျက်ဖိုက်တာ တစ်စီးဟာ ကျောက်ထုမြို့နယ်တွင်းကျေးရွာတွေအပေါ်ကို ကင်းယူပေးထားခဲ့ပါတယ်။ ပစ္စည်းချပြီး Y-12 ပျံသွားတဲ့အချိန်မှာ အဆိုပါဖိုက်တာဟာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဆီကို ဆက်လက်ပျံသန်းသွားပြီး AS လုပ်ခဲ့တယ်လို့ သိရပါတယ်။

12:00 PMအချိန်မှာ ဂျက်ဖိုက်တာလေးစီးဟာ မင်းတပ်နယ်အစ ယောနယ်အဆုံး နယ်စပ်တစ်လျှောက်နေရာများနဲ့ ကံကြီးကျေးရွာအနီးက တောအုပ်တွေဘက်ကို တိုက်-ခိုက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်-ခိုက်မှု လုပ်နေစဥ်အချိန်မှာပဲ ကျောက်ထု အမတ ၃၆၈တပ်ရင်းမှ ၁၂၀မမ ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေဟာ ထင်ချောင်းကျေးရွာအုပ်စုနဲ့ အညာ ၅ ရွာအုပ်စုကျေးရွာအနီးတွေ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

30.04.2026 ရက်နေ့ 3:00PM ဝန်းကျင်အချိန်ခန့်မှာလဲ ကျောက်ထုလေယာဥ်ကွင်းထဲကို Mi-17 တစ်စီးဆင်းသက်လာခဲ့တယ်လို့သိရပြီး နောက်ဆက်တွဲဖြစ်စဥ်များကို ဆက်လက်အတည်ပြုဆဲပါခင်ဗျာ

မိဘပြည်သူများအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေခင်ဗျာ

------------------------------- Aung Gyi ------------------------------

#MRSN
Apr 30 , 7:35 PM
#7StarMyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍1
တိုင်းပြည်ရဲ့ အနာဂတ်ဟာ

ကျွန်တော်တို့ လူငယ်တွေ

လက်ထဲမှာရှိပါတယ်။

ကျွန်တော်တို့ လူငယ်တွေ

စည်းစည်းလုံးလုံး နဲ့

စစ်အာဏာရှင်ကို မောင်းထုတ်ပြီး

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်

တည်ဆောက်ကြပါဆို့ ****
5
ပခုက္ကူမြို့

ပန်းတိုင်းခြုံကနေ ခွေးကား၂စီး ခွေးအင်အားနဲ့ မြောက်အရပ်သို့ထွက်ခွာလာကြောင်းသတင်းရရှိ ။

#Threestarsmyaing
Apr 30 8:07
📮သတင်းပို့ရန်
@3starmyaingbot
👍1
ပခုက္ကူမြို့

ပန်းတိုင်းခြုံရွာကနေ တဆင့်စစ်ခွေးအင်အားအပြည့်ပါကားကြီး၂စီး နဲ့ မြောက်အရပ်သို့ထွက်ခွာလာ​ရာ ၁၂မိုင်သို့ရောက်ရှိနေပြီဖြစ်ကြောင်းထပ်မံသတင်းရရှိ ။

#7StarMyaing
Apr 30 . 8:10
📮သတင်းပို့ရန်
@3starmyaingbot
👍4
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ် "အခြေစိုက် ကပစ {၂၂}"ခွေးခြံသို့ ရောက်ရှိနေသော စစ်ခွေးအင်အား {၅၀၀}ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်း ပထမအသုတ်သည်၊ လက်ရှိအချိန်ထိ ဆိပ်ဖြူမြို့နယ် "အခြေစိုက် ကပစ {၂၂}"ခွေးခြံထဲတွင် ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐀𝐩𝐫-30-8:20𝐏𝐌

#MRSN
𝐀𝐩𝐫-30 , 8:24PM
#7StarMyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2👍1
⚠️ပြည်သူများထံမေတ္တာရပ်ခံစာ

7StarMyaing Channalတွင်ကြည့်ရှုနေကြသော မိဘပြည်သူတော်လှန်ညီအကိုမောင်နှမများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏တပ်လှုပ်ရှားမှုနှင့် စစ်ကြောင်းသတင်းများ ၊လက်နက်ကြီးပစ်ခက်မှု၊လက်နက်ငယ်များပစ်ဖောက်မှုများနှင့် ဆက်စပ်၍ လေကြောင်း ၊ရေပြင်သတင်းများကို@myaing3starbot ထံတွင်လည်ကောင်း Admin များထံတွင်ဆက်သွယ်သတင်းပေးပို့ကြဖိုရာမေတ္တာရပ်ခံအပ်ပါသည် ။

(ပြည်သူမှပြည်သူသတင်းဖြင့်ကူ၊ တိုက်ပွဲရှိရင်အောင်ပွဲရှိမယ်)

Apr 30,8:47PM
#7StarMyaing
📫သတင်းပေးပို့ရန်@myaing3starbot
🫡3👍2
ပခုက္ကူမှထွက်လာတဲ့ ခွေးကားကြီးများဟာ ဆင်ချောင်းခွေးခြံထည်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်ဗျ ။

#Threestarsmyaing
Apr 30 . 9:00 pm
📮သတင်းပို့ရန်
@3Starmyaingbot
2
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

စကစစစ်သားများ တာတိုင်ရွာတွင်အင်အားတချို့၊တောင်အိုရွာထဲတွင်အင်အားတချို့ ကင်းပုန်းဝပ်နေကြောင်း သတင်းရရှိ။

#WES
9:10pm,Apr 30
👍1
Forwarded from Aung Pwel Info
ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျူမရှုဘူးလို့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူဆို

ဧပြီလ ၃၀ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒီနေ့ ဧပြီ ၃၀ရက် သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနက နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်း
ဆီးထိန်းသိမ်းထားတဲ့အခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘာများပြောနိုင်မလဲလို့ မေးမြန်းခဲ့မှုကို ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က အခုလို ဖြေကြားခဲ့တာပါ။

“နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ မြန်မာပြည်ခရီးစဥ်နဲ့စပ်ဆိုင်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေဟောင်းတစ်ဦးပါ။ သူမရဲ့အခြေအနေနဲ့ပတ်သက်လို့ အမြဲပဲ ကျွန်တော်တို့ စိတ်ထဲရှိပါတယ်။ တရုတ်နဲ့ မြန်မာက ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ”လို့ တ
ရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

ဒါ​ပေမယ့် ပြည်သူ​တွေစိုးရိမ်​နေတဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ကျန်းမာ​ရေး ၊သက်ရှိထင်ရှားရှိ၊မရှိ
၊​တွေ့ခွင့်ရခဲ့ခြင်း ​တွေ့ခွင့်​တောင်းခဲ့ခြင်းရှိ၊မရှိ စတဲ့ အ​ခြေအ​နေ​တွေကို တိတိကျကျ​​ပြောကြားခဲ့တာ
မရှိပါဘူး။ စစ်တပ်လွှတ်​တော်​က​နေ အာဏာသိမ်း​ခေါင်း​ဆောင်ကို သမ္မတအဖြစ်​ကြေညာပြီး​​နောက်ပိုင်း ထိုင်းနဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ၂​ဦးလာခဲ့တာမှာ ခရီးစဥ်အပြီးသတင်းဌာန​တွေရဲ့​မေးမြန်းမှုကို​ဖြေကြားတဲ့အခါ​ဒေါ်​အောင်ဆန်းစုကြည်အ​ကြောင်းထည့်သွင်း​ပြောကြားခဲ့ကြ​ပေ
မယ့် တိတိကျကျ မ​ပြောကြတာ​တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က
အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြတဲ့အကြောင်း  အာဏာသိမ်းစစ်ခေါင်းဆောင် ကို ပြောတဲ့အခါ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ထားကြောင်းနဲ့ ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေကြောင်း မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့ ဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဧပြီ ၂၅-၂၆ နှစ်ရက်ကြာခရီးစဥ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့
ဆုံခဲ့ပါတယ်။ အဲဒီခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကရော၊ တရုတ်ဘက်ကပါ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခရီးစဥ်အပြီး ၅ ရက်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်
ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အထက်ပါအတိုင်း ဖြေကြားလာတာ ဖြစ်ပါတယ်။

ဝမ်ယိခရီးစဥ်မတိုင်ခင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို တစ်ညအိပ်သွားရောက်ခဲ့ပြီး အဲဒီတုန်းက အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေတဲ့အကြောင်း ထည့်သွင်းမေးမြန်းဆွေး
နွေးခဲ့တယ်လို့ ဆိုပါတယ်။အာဏာသိမ်းစစ်ခေါင်း
ဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်း
ကောင်းမွန်မွန်ထားရှိကြောင်းနဲ့ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အ
တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားရှိသလဲဆိုတာ ဘယ်သူ့ကိုမှ အသိမပေးသလို သူမရဲ့ ရှေ့နေအဖွဲ့၊ NLD ထိပ်ပိုင်းခေါင်း
ဆောင်တွေအပါအဝင် သူမရဲ့ သားဖြစ်သူနဲ့လည်း ပေးတွေ့တာ မရှိပါဘူး။ ကုလသမဂ္ဂအထူးကိုယ်
စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ်တို့အပါ
အဝင် မကြာသေးမီက လာရောက်ခဲ့ကြတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့ခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က သူရဲ့မိခင် သက်
ရှိထင်ရှားရှိသေးကြောင်း သက်သေပြဖို့ Proof of Life ကမ်ပိန်းကို လုပ်ဆောင်နေပြီး ပြည်တွင်း၊ ပြည်ပက မြန်မာတွေလည်း အဲဒီကမ်ပိန်းမှာ ပါဝင်ဆင်နွှဲနေကြပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂကလည်းဒီမိုကရေစီနည်း
ကျ မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုထားကြပါတယ်။

(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်
ရှိသူ လင်းကျန့်။ဓါတ်ပုံ-MOFAPC)
#LNO
#Aungpwel
3
⚠️ရေစကြို

ရေစကြိုမြို့နယ် တောင်အိုရွာတွင်အကြမ်းဖက်စစ်ခွေးများမှပြည်သူပိုင်နေအိမ်များကိုမီးများစတင်ရှို့နေကြောင်းသိရ။

#7starmyaing
May 1,7:35AM
📮သတင်းပို့ရန်
@Henrypku2004
😢4
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာမှထွက်ခွာလာသော စခစစ်ကြောင်းသည် (န)ဘုန်းကံပျူရွာဘုန်းကြီကျောင်းထဲသို့ရောက်ရှိနေကြောင်းသိရ။

May 1, 7:46AM
#7starmyaing
📢သတင်းပေးပို့ရန်
@bnue_1234
👍3