ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်ခွေးပျူခွေး အင်းအား (၁၆၀) ပါစစ်ကြောင်းသည်၊ စိုပြင်ရွာအနီမှ တဆင့် အနောက်မြောက်ဘက်သို့ ထွက်ခွာနေကြောင်းသတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 11, 8:14AM

#MRSN
#Threestarsmyaing
Nov 11 , 9:08 AM
📬သတင်းပေးပို့ရန်
@myaing3starbot
မြိုင်..

မြိုင်နယ် စက်မှု(၂)သို့ စခများရောက်ရှိ။
တောတိုက်များမီးရှို့ နှင့် ပြည်သူငါးဦးထက်မနည်းအားလူသားဒိုင်း အဖြစ် ဖမ်းဆီးသွား။

မြိုင်နယ်အနောက်တောင်ပိုင်းသို့ ရောက်ရှိနေသော
ပခုက္ကူတပ်မ(၁၀၁)မှ အင်အား(၁၈၀)ခနိ့ပါ
စခ စစ်ကြောင်း(ပခများလည်းပါ)သည် တွင်းမပျူရွာ၊ သရက်ကန်ပျူရွာများတွင် ရပ်နား ပြီးနောက်
ယနေ့ 11/11/2025နေ့ရက် နံနက် (၁ဝး၃၀)ခနိ့တွင် မြိုင်နယ်၊စက်မှု(၂)ခွေးခြံထဲသို့ ရောက်ရှိပါသည်။

၎င်းခွေးများ လာရာလမ်းတွင် မြိူင်နယ်အနောက်တောင်ပိုင်းမှ ပြည်သူ ငါးဦးနှင့်
တောတိုက်(ယာထဲတွင် တဲဆောက်နေသော တဲ)
နှစ်တဲအား မီးရှို့ဖျက်ဆီးခဲ့ပါသည် ။

အဆိုပါစစ်ကြောင်း၏ ဘေးအန္တရာယ်ကြောင့် ဒေသခံ ကျေးရွာ ခူနှစ်ရွာထက်မနည်းဘေးလွတ်ရာသို့ တိမ်းရှောင်နေရပါသည်။

KoA..🦅

Nov 11, 12:37 PM

7Star Myaing

📬သတင်းပေးပို့ရန်
@myaing3starbot

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်
#ဂန့်ဂေါသတင်း

11.11.2025

ယနေ့နိဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဂန့်ဂေါမြို့၊ပြည့်ဝအမြောက်တပ် ၃၇၁ ကို Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့ပါတယ်။

ရဟတ်ယာဥ်ဟာ ကလေးမြို့ကနေပျံသန်းလာတာဖြစ်ပြီး ပြည့်ဝ အမြောက်တပ် ကို စစ်သည်အင်အားချပေးခဲ့ပြီး အပြန်မှာ လ-က်-န-က်-ခဲ-ယမ်းးများကိုယူဆောင်ကာ ကလေးမြို့ကိုပြန်လည် ပျံသန်းသွားတယ်လို့သိရပါတယ်။ကလေးမြို့ကနေ ပြည့်ဝအမြောက်တပ်ကို စစ်သည် ၂၀ ဦးခန့်ချထားပေးခဲ့တာဖြစ်ပြီး ပြည့်ဝအမြောက်တပ်ကနေ လ-က်-န-က်ကြီးကျ-ည်၊ RPG ထိပ်ဖူးနဲ့ အခြား ခဲယမ်း ကျ-ည်များကို ကလေးမြို့ကိုယူဆောင်သွားတာဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။

အလားတူ ယမန်နေ့ကလည်း ပြည့်ဝအမြောက်တပ်ကို ၂ ကြိမ် ဆင်းသက်ခဲ့ပါတယ်။ ပြည့်ဝအမြောက်တပ်ကနေ ဂန့်ဂေါမြို့က စစ်အုပ်စုတပ်သားများ၊ရဲတပ်သားများ၊ပျူစောထီးများနဲ့ လ-က်-န-က်ကြီး ကျည်၊အခြား ခဲ-ယမ်းကျည်များကို သယ်ယူကာ ဟံသာဝတီရွာမှာ ချထားပေးခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။

ယခုရက်ပိုင်းတွေမှာ ယောနယ်နေရာအတော်များများကို စစ်အုပ်စုက လေကြောင်းတို-က်ခိုက်မှုများ နေ့စဥ်ရက်ဆက်၊အကြိမ်ရေများစွာပြုလုပ်နေကြပါတယ်။ပြည်သူများ၊တော်လှ-န်ရေး အင်အားစုများအနေဖြင့် ကြိုတင်သတိထားနိုင်ကြရန်လည်းလိုအပ်ပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း
#MRSN
#Threestarsmyaing
Nov 11 , 1:54 PM
📬သတင်းပေးပို့ရန်
@myaing3starbot
ပုံတောင်အနောက်ခြမ်းတနေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးးကြဲ

11.11.2025 ၊ထီးလင်း

ယနေ့နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၂ နာရီ ၂၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာတသ်စီးဖြင့် ထီးလင်းမြို့နယ်အရှေ့ခြမ်း၊ ပုံတောင်အနောက်ခြမ်းတနေရာကို ဗုံးးကြဲ ချသွားကြောင်းသိရပါတယ်။

တံတားဦးလေတပ်ကပျံသန်းလာတဲ့ ဂျက်ဖိုက်တာတသ်စီးနဲ့ ပေါင် ၃၀၀ ဗုံးး ၂ လုံးကြဲ- ချခဲ့တာဖြစ်ပြီး ရော့ကတ်များနဲ့ပါ ပ-စ်ခတ် သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နောက်ဆက်တွဲသတင်းကိုစုံစမ်းအတည်ပြုဆဲ ဖြစ်ပါတယ်။


@မင်းဒဿ
ယောအလင်းတန်း
#MRSN
#Threestarsmyaing
Nov 11 , 3:16 PM
📬သတင်းပေးပို့ရန်
@myaing3starbot
👍1
မဂ်လာနံနက်ခင်းပါ🌹🌹🌹
ပြည်သူများအားလုံး စိတ်ချမ်းသာပြီး
ကိုယ်လည်း ကျန်းမာကြပါစေ။ 🌹🌹🌹
ဘေးရန်အပေါင်း ကင်းဝေးကာ
အေးချမ်းကြပါစေ🙏🙏🙏
ယမန်နေ့က  သရက်ကန် ပျူရွာမှ ထွက်လာပြီး  တကစ - ၃    (. 46Q  FJ  85395  86146 )  ညအိပ်တဲ့ စခ ပခ အကြမ်းဖက်များ   ယနေ့မနက်  တန်းစီပြီး  ၎င်း  အနောက်ဘက်ကိုအလှုပ်ပြနေပြီလို့သိရပါတယ်။

⚠️
ပြည်သူများ သတိထား သွားလာကြပါရန်။

Nov , 12  7:45 am
#myaing
#MRSN
#Threestarsmyaing
Nov 12 , 8:40 AM
📬သတင်းပေးပို့ရန်
@myaing3starbot
#BreakingNews
12.11.2025

မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2)ကို
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 7:00 ကျော် ဝန်းကျင်မှာ အနောက်ဘက်ကို
စထွက်လာပြီး 10:00 ဝန်းကျင်မှာ
ဝက်ပုတ်ရွာကို ရောက်နေပြီလို့ သိရပါတယ်။

We Love Myaing .( ချစ်သော အညာမြေ )
#MRSN
#Threestarsmyaing
Nov 12 , 10:54 AM
📬သတင်းပေးပို့ရန်
@myaing3starbot
စစ်အုပ်စုအတွက် Y 8 ထောက်ပို့ယာဥ်ဖြင့် ရိက္ခာ ချပေး

12.11.2025 ၊ထီးလင်း

ယနေ့နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၅၇ မိနစ်ခန့်ကနေ ပျံဝဲ ပြီး ထီးလင်းမြို့ပေါ်ကို မိတ္ထီလာလေတပ်တက် Y 8 စစ်ထောက်ပိုလေယာဥ်တစ်စီးဖြင့် ရိက္ခာထုပ်များကို လေထီးနဲ့ ချပေးနေကြောင်းသိရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
#Threestarsmyaing
Nov 12 , 11:53AM
📬သတင်းပေးပို့ရန်
@myaing3starbot
ထီးလင်းမြို့က စစ်အုပ်စုအတွက် ရိက္ခာနဲ့ လ-က်-န-က်ခဲ-ယ-မ်းထုပ် ၂၅ ထုပ်ကို Y 8 လေယာဥ်ဖြင့်ချပေး

12.11.2025 ၊ထီးလင်း

ယနေ့မနက် ၁၀ နာရီခန့်ကနေ ၁၁ နာရီအထိ ထီးလင်းမြို့ပေါ်မှာ ပျံဝဲပီး ရိက္ခာနဲ့ လ-က်-န-က်-ခဲ-ယ-မ်း ထုပ်များကို မိတ္ထီလာလေတပ်တက် Y 8 စစ်ထောက်ပို့လေယာဥ်နဲ့ ချပေးခဲ့ကြောင်းသိရပါတယ်။

Y 8 စစ်ထောက်ပို့လေယာဥ်ဟာ ထီးလင်းမြို့ပေါ်ကို အချိန်တစ်နာရီခန့်ကြာ ပျံဝဲခဲ့ပြီး အထုပ်တွေ လေထီးနဲကို ၉ ကြိမ်ချပေးခဲ့တာဖြစ်ပါတယ်။ပထမဦးဆုံး အကြိမ်ကိုတော့ အထုပ်တစ်ထုပ်သာချပေးတာဖြစ်ပြီး နောက် ၈ ကြိမ်မှာတော့ လေထီးတစ်ခုကို အထုပ် ၄ ထုပ်နှုန်းဖြင့် စုစုပေါင်း ၉ ကြိမ်၊ ၂၅ ထုပ်ချပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အထုပ်တွေထဲမှာ စားနပ်ရိက္ခာခြောက်များနဲ့ အချို့အထုပ်များမှာ လ-က်-န-က်-ခဲ-ယမ်းးများ ပါဝင်တယ်လို့သိရပါတယ်။

လတ်တလောအခြေအနေမှာ ယောနယ်ကို စစ်အုပ်သုက လေကြောင်းတို-က် ခို-က်မှုများ အကြိမ်ရေများစွာကို ရက်ဆက်ပြုလုပ်နေတာကြောင့် မိဘပြည်သူများ၊တော်လှ-န်ရေးအင်အားစုများအနေဖြင့် ကြိုတင်သတိထားကြရန်လည်း လိုအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
#Threestarsmyaing
Nov 12, 12:15PM
📬သတင်းပေးပို့ရန်
@myaing3starbot
♦️​ပခုက္ကူမြို့နယ်♦️

မြိုင်မြို့နယ်တောင်ပိုင်း ဝက်ပုတ်ကျေးရွာ အရှေ့ဘက်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေး/ပျူခွေး  အင်းအား (၁၆၀)ပါစစ်ကြောင်းသည်၊ ဒေသအခေါ် လှည်းပွဲ စက်မူ- ၂ ခွေးခြံထဲသို့ ပြန်လယ်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

#PKK News
Nov- 12, 3:46PM

#MRSN
#Threestarsmyaing
Nov 12 , 6:30 PM
📬သတင်းပေးပို့ရန်
@myaing3starbot
#စစ်ရေးသတင်းအသိပေးထုတ်ပြန်ကြေညာခြင်း

We Love Myaing./12.11.2025

မြိုင်မြို့ အနောက်တောင်ဘက် စက်မှု (2) ကို
ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက်ပိုင်းမှာ စက်မှုကနေ အနောက်ဘက်ကို
ထွက်ခွာလာပြီးနောက် 10:00 ဝန်းကျင်မှာ
မြိုင်မြို့နယ်အနောက်တောင်ပိုင်း ဝက်ပုတ်ရွာကို
ဝင်ရောက်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ
ဝက်ပုတ်ရွာမှ ပြည်သူနေအိမ်နှစ်လုံးကို
မီးရှို့ဖျက်ဆီးခဲ့သလို
မနေ့ကမနက်ပိုင်းက သရက်ကန်ရွာကနေ
စက်မှု (2) ကို လာရာလမ်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးလာတဲ့ ရွာတန်းရှည်ရွာတောတိုက်မှ
အသက်ငါးဆယ်ကျော်ခန့် အမျိုးသားတစ်ဦးနဲ့
အသက်သုံးဆယ်ကျော်ခန့် အမျိုးသမီးတစ်ဦးကိုလည်း ဝက်ပုတ်ရွာမှာ လက်ပြန်ကြိုးတုတ်ပြီး
ရက်ရက်စက်စက် သ တ် ဖြ တ် ခဲ့ပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ
ညနေ 3:45 ဝန်းကျင်မှာ စက်မှု (2) ကို
ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

မနက်ဖြန်မှာ ဘယ်ကိုဆက်ပြီးစစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
စက်မှု <> မြိုင် လမ်းပိုင်းတဝိုက်ရှိ မိဘပြည်သူများ
စက်မှု <> သရက်ကန်လမ်းပိုင်းရှိ မိဘပြည်သူများ
စက်မှု အနီးပတ်ဝန်းကျင်ရွာများမှ မိဘပြည်သူများ
အားလုံး
စစ်ကြောင်းမှ ဓားစာခံဖမ်းဆီး သ တ် ဖြ တ်ခံရခြင်း
မရှိစေဖို့ စစ်ကြောင်းသတင်းများကို နားစွင့်ကာ
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

သတင်းများကို အောက်ပါနေရာများတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်


We Love Myaing .( ချစ်သော အညာမြေ )

#MRSN
#Threestarsmyaing
Nov 13 , 7:24 AM
📬သတင်းပေးပို့ရန်
@myaing3starbot
2
13.11.2025 ( 2:00 PM )
မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2) ရောက်
စစ်ကောင်စီတပ်တွေ လက်ရှိအချိန်ထိ
အဲ့ဒီမှာပဲ ရှိနေပါသေးတယ်။

အချိန်မရွေးထွက်လာနိုင်တာကြောင့်
အနီးတဝိုက်ကပြည်သူများ သတိဝရိယနဲ့
နေထိုင်ကြဖို့ လိုပါမယ်။

We Love Myaing .( ချစ်သော အညာမြေ )

#MRSN
#Threestarsmyaing
Nov 13 , 2:32 PM
📬သတင်းပေးပို့ရန်
@myaing3starbot
◼️‌‌မြိုင်မှာ အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုက နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်
မကွေး‌ဒေသ၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး အရပ်သား ၂ ဦးကို နိုဝင်ဘာ ၁၂ ရက်မှာ နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၂၀၀ ခန့်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်မှာ သရက်ကန်ပျူရွာမှ မြိုင် စက်မှု ၂ သို့အလာမှာ အရပ်သား ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြိုင် စက်မှု ၂ စစ်ကောင်စီရဲ့ တပ်မတော်အကြီးစားစက်ရုံမှ ထွက်ခွာလာတဲ့ အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၁၂ ရက်၊ မနက်ပိုင်း ဝက်ပုတ်ကျေးရွာအရောက် ဖမ်းဆီးခဲ့တဲ့ပြည်သူ ၅ ဦးထဲမှ အမျိုးသမီး ၁ ဦး(၄၀ နှစ်)နဲ့ အမျိုးသား ၁ ဦး(၅၂ နှစ်)တို့ကို ဝက်ပုတ်ကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်းအနီးမှာ နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းဟာ ပြည်သူနေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပါရာမော်တာ ၂ စီးနဲ့ ၄ ကြိမ်ဗုံးကြဲချပြီးနောက် နေ့လယ် ၁ နာရီခွဲခန့်မှာ မြိုင်စက်မှု(၂)သို့ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆိုပါစစ်ကြောင်းကြောင့် ဒေသခံ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရပြီး မြိုင်မြို့နယ်အတွင်း ဘယ်အရပ်ဒေသသို့ ဆက်လက်စစ်ကြောင်းထိုးမယ်ဆိုတာ မသိရ‌သေးကြောင်း အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

7Star Myaing

📬သတင်းပေးပို့ရန်
@myaing3starbot

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
♦️​ပခုက္ကူမြို့နယ်♦️

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူခွေးခြံမှ နိုင်ငံတော်ပုန်ကန်သူ မင်းအောင်လှိုင်၏ ခိုင်းဘက်အကြမ်းဖက် စစ်ခွေး/ပျူခွေးများဟာ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်းသိရပါသည်။

#PKK News
Nov- 13, 8:05PM

#MRSN
#Threestarsmyaing
Nov 13 , 8:08PM
📬သတင်းပေးပို့ရန်
@myaing3starbot
♦️​ပေါက်မြို့နယ်♦️

ပေါက်မြို့နယ် ရေကတောကျေးရွာရောက် နိုင်ငံတော်ပုန်ကန်သူ မင်းအောင်လှိုင်၏ ခိုင်းဘက်အကြမ်းဖက် စစ်ခွေး/ပျူခွေးများဟာရေကတောကျေးရွာမှအနောက်မြောက်အရပ်သို့ဆက်လက်ထွက်ခွာနေကြောင်းသိရပါသည်။


#MRSN
#Threestarmyaing
Nov 14 , 10:16 AM
📬သတင်းပို့ရန်
@myaing3starbot
သက်ဆိုင်ရာမြို့နယ်များ ဆက်သွယ်ခေါ်ယူပါရန်

ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကန့်ဘလူမြို့နယ် ဇီးကုန်း–မလယ်လမ်းဆုံစစ်ခွေးဂိတ်၊ဘူးကုန်းစစ်ခွေးဂိတ်နဲ့ ကျီကျင်းစစ်ခွေးဂိတ်တို့မှာ အောက်တိုဘာလလယ်ပိုင်းနဲ့ နိုဝင်ဘာလ ယခုရက်ပိုင်းများအတွင်း အဓမ္မတပ်သားစုဆောင်းခံရပြီး ကျွန်းလှမြို့သို့ ပို့ဆောင်ခံရသော ခရီးသွားပြည်သူ အမျိုးသား (၄) ဦးဟာ ၁၃.၁၁.၂၅ ရက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကန့်ဘလူတော်လှန်ရေးအဖွဲ့အစည်းများမှ ကောင်းမွန်စွာ ထိန်းသိမ်းထားလျှက်ရှိပါတယ်။

ကျွန်းလှမြို့စစ်ခွေးပျူခွေးများထံမှ ထွက်ပြေးလွတ်မြောက်လာသူများမှာ

(၁)အောင်သူမြင့်
မိဘများ–ဦးစိုးဆွေ + ဒေါ်လှပု
ဇာတိ–ပိတောက်ကုန်း(တ)၊ ပုလဲမြို့နယ်

(၂)စိုးလင်းအောင်
မိဘများ–ဦးဖိုးပု + ဒေါ်စန်းမော်
ဇာတိ–ဂွေးကုန်း၊ ရေစကြိုမြို့နယ်

(၃) နေလင်းဦး
မိဘများ–ဦးသက်နိုင်လင်း + ဒေါ်စန်းစန်းခိုင်(ခ) မဦးကြည်
ဇာတိ–အင်ချောင်၊ ကနီမြို့နယ်

(၄) သန့်ဇင်ဖြိုး
မိဘများ–ဦးတင်အေး + ဒေါ်သီတာလင်း
ဇာတိ–ချမ်းသာကျွန်း၊ မုံရွာမြို့နယ်

#InfinityGroup
#SSN
Nov 14, 11:02 AM

📫သတင်းပို့ရန် @SagaingSNetworkbot
2
Forwarded from Wai Hin (ဝေဟင်) (PAUK ကိုလရောင်)
မြိုင်⚠️

မြိုင်နယ်တနေရာတွင် ပခုက္ကူတပ်မ၁၀၁တက် စက်တပ်လေထီး paramotor ၂စီး ပျံ၀ဲနေ။

#WaiHin
Nov 13,12:35PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့တပ်မ၁၀၁မှစခအအပါကားကြီးနှစ်စီးသည်ယနေ့နေ့လည်ဆယ့်နှစ်နာရီခန့်ကအရှေ့ချောက်ကန်ရွာမှတဆင့်မြောက်အရပ်သို့ထွက်သွားကာအင်ပင်ရွာစစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး12:30PMအချိန်ခန့်တွင်ပခုက္ကူတပ်မ၁၀၁ထဲဲပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်။

#pdn
Nov-14/12:33PM


7Star Myaing

📬သတင်းပေးပို့ရန်
@myaing3starbot

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ