ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Deleted Account
Photo
ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးပြီးနောက်  လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

ဖေဖော်ဝါရီလ ၁၀ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး  စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီ အချိန်အထိ ပေါက်မြို့နယ်တောင်ပိုင်း၊ သီး ချောက်ကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး အထိနာသွားသော စစ်ကြောင်းက ယင်းနေ့  ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပျူစောထီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ ကပစ ၂၄ မှ လက်နက်ကြီးများဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပေါက် မြို့နယ်ပကဖမှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် စစ်တပ်က  တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများနှင့် ပျူစောထီးများကို ခေါ် ဆောင်ကာ အင်အား ၁၇၀ ခန့်ဖြင့် ကပစ ၂၄ သို့ ထွက်လာစဉ် ဆင်ဇာကျေးရွာတောတိုက်အကျော် ပေါက်ချောင်းအောက်စု ကျေးရွာဘက်အရောက် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၃ နာရီခန့်ဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီအချိန် ပေါက်မြို့နယ် ကပစ ၂၄ အတွင်း ဝင်ရောက်သွားပြီး လူနာများကို ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊  စစ်သားများ တက်ရောက်နေသည့် ပြည်သူ့ဆေးရုံကို စစ်တပ်က ပိတ်ဆို့ထားပြီး ပြည်သူများကို ဝင်ခွင့်မပေးကြောင်း သိရှိရသည်။

"တိုက်ပွဲမှာ စစ်ခွေးတွေ တော်တော်အထိနာလို့ အခုချိန်ထိ ကျေးရွာတွေထဲကို လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲနေတယ်။ ဒီနေ့ နံနက်ပိုင်းကလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျဲသွားတယ်။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ စစ်ခွေးစစ်ကြောင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေ ပေါက်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ သိရတယ်။ မြေပြင်မှာ တိုက်ပွဲမရှိဘူး။ သူတို့ အထိနာလို့ ရွာတွေကို ဗုံးလိုက်ကျဲနေတာ" ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် - ပကဖ နှင့် မြိုင် ပကဖ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ယင်းစစ်တပ်စစ်ကြောင်းသည် တပ်မ ၉၉ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေး ရွာများမှ ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မြိုင်ပကဖ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်သားတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#7starmyaing
3🫡1
Deleted Account
Photo
ပေါက်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရိက္ခာများ လိုက်လံ ခိုးယူနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ


▪️ ချက်ကန်ရွာကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု လူငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

ဖေဖော်ဝါရီလ ၁၁ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရိက္ခာများ လိုက်လံ ခိုးယူနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ ၂၄ စက်ရုံမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ချိုကုန်းပျူစောထီးရွာကို ရောက်ရှိလာပြီး သစ်ချိုကုန်းပျူစောထီးရွာမှတဆင့် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် စားနပ်ရိက္ခာများကို လိုက်လံ ခိုးယူနေ၍ ပေါက်မြို့နယ် ဇုန်-၁ နှင့် ဇုန် - ၃ နယ်မြေတို့ရှိ ကျေးရွာ ၁၁ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပြည်သူတွေကတော့ အခုထိ စစ်ရှောင်နေရတုန်းပဲ စစ်ခွေးတွေက ရွာတိုင်းကို ဝင်ရောက်စီးနင်းပြီး စားနပ် ရိက္ခာပစ္စည်းတွေကို လိုက်လံ ခိုးယူနေတာ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်" ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ဦးသေဆုံးခဲ့ကြောင်း၊ သို့သော် ကျေးရွာနေပြည်သူများသည် စစ်ကြောင်း ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် လက်ရှိချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် ၁၉ နှစ်အရွယ် လူငယ် ၃ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် မကွေး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၃ စီးသည် ပေါက်မြို့နယ် ချက်ကန်ရွာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၄၇ နှစ်အရွယ် ဒေါ်ရွှေဝင်း၊ အသက် ၅၄ နှစ်အရွယ် မချိုကြီး၊ အသက် ၁၉ နှစ်အရွယ် ကိုမိုးကျော်၊ အသက် ၁၉ နှစ်အရွယ် တင်မိုးခိုင်နှင့် အသက် ၁၆ နှစ်အရွယ် တင်မိုးလှိုင် တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၃၇ နှစ်အရွယ် မမာခင်၊ အသက် ၇၂ နှစ်အရွယ် ဒေါ်အုန်းငွေ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းခင်နှင့် အမည်မသိ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"မနေ့က စစ်ခွေးတွေ လာရောက်ဗုံးကျဲတဲ့ အချိန်မှာ ပျောက်ဆုံးနေသူတွေလည်းရှိတော့ ရှင်းလင်းရေးလည်း မလုပ်နိုင်လို့ ပြည်သူ ၁၀ ဦး သေဆုံးတယ်လို့ သတင်းထွက်လာတာဖို့ ရှင်းလင်းရေး ပြန်လုပ်နိုင်ချိန်မှာတော့ သေဆုံးသူ ၅ ဦးပဲရှိတယ်။ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာကလည်း ၄ ဦးရှိတယ်။

#KTM
#7starmyaing
2👍1
Deleted Account
Photo
ရေစကြိုနှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  လေကြောင်းတိုက်ခိုက်မှု  ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီး


ဖေဖော်ဝါရီလ ၁၃ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ချင်းယားကုန်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက  ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅နာရီ ၅၃မိနစ်ခန့်အချိန် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီးဖြင့် ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာသို့  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ အခြားပြည်သူ ၂  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

"စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ သေဆုံးတာကတော့ ပြည်သူ ၂ ဦးသေဆုံးတယ်။ သေဆုံးတဲ့ ပြည်သူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးကတော့ ချင်းယားကုန်း ကျေးရွာကလို့သိရတယ်။ စစ်ခွေးတွေက ဗုံး ၂လုံး ကျဲသွားတာပါ။ "ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္တန်းကျေးရွာသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ  ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဒီပဲယင်းမြို့နယ် ဘုတ္ထန်းကျေးရွာအတွင်းသို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်သဖြင့် ဘုတ္ထန်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ်အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရပြီး နေအိမ် ၁၀ လုံးမှာလည်းဗုံးဒဏ်ကြောင့်  ပျက်စီးသွားကြောင်း၊ အခြား  နေအိမ် ၁၆ လုံးခန့်မှလည်း ဗုံးစများထိမှန်ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည။

#KTM
#7starmyaing
Forwarded from Hlaing Info
“PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား”

By မင်းခေါင်-MK

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ ဒီဘက်ခေတ်မှာတော့ ဟာသတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် PDF တွေ "အလင်းဝင်" တယ်ဆိုတဲ့ လုပ်ဇာတ်ကို ကပြရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ တပ်ဖွဲ့တံဆိပ် (Badge) တွေကိုတောင် တူအောင် မတုပနိုင်ဘဲ အရောင်လွဲ၊ စာလုံးလွဲတွေနဲ့ ထုတ်ပြနေတာဟာ သူတို့ရဲ့ ညံ့ဖျင်းမှုကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။

တောထဲတောင်ထဲမှာ တကယ်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေရဲ့ ဝတ်စုံတွေဟာ ရာသီဥတုနဲ့ ပတ် ဝန်းကျင်ဒဏ်ကြောင့် အရောင်လွင့်တာ၊ နွမ်းဖတ်တာတွေ ရှိစမြဲပါ။ သူတို့ဖော်ပြလာတဲ့ပုံထဲက ခုမှဝယ်လာသလို အသစ်စက်စက် ဝတ်စုံတွေဟာ ဝါဒဖြန့်ဖို့အတွက် စီစဉ်ထားတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။

ဒီလောက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံထားတဲ့ ဝါဒဖြန့်ယန္တရားက အခြေခံ တံဆိပ်လေးတောင် တူအောင် မလုပ်နိုင်တာဟာ သူတို့အောက်ခြေက လူတွေက သခင့်အပေါ် သစ္စာမရှိတာလား၊ ဒါမှမဟုတ် တကယ်ပဲ ဉာဏ်ရည်နိမ့်ပါးနေတာလား" ဘာပဲဖြစ်ဖြစ် တံဆိပ်အတုနဲ့ တံဆိပ်အစစ် ကွဲပြားခြားနားအောင်လုပ်ပေးတာအတွက်တော့ ကျေးဇူးတောင်တင်ရမဲ့ သဘောပဲ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပေါ့လျော့မှုတွေကြောင့် ပြည်သူတွေဟာ ဘယ်ဟာက သတင်းအစစ်၊ ဘယ်ဟာက ဝါဒဖြန့်သတင်းတုဆိုတာကို ခွဲခြားဖို့ ပိုလွယ်ကူသွားစေလို့ပါပဲ။ PDF တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ သတ်မှတ်ထားတဲ့ တံဆိပ်ပုံစံ၊ အရွယ်အစားနဲ့ လက်မောင်းမှာ တပ်ဆင်တဲ့ အနေအထားတွေ ရှိပါတယ်။ စစ်ကောင်စီ ဝါဒဖြန့်ပုံတွေမှာပါတဲ့ PDF တံဆိပ်တွေဟာ အရွယ်အစား မညီမညာဖြစ်နေတာ၊ စာလုံးပုံစံ (Font) မှားယွင်းနေတာနဲ့ တပ်ဆင်တဲ့နေရာ လွဲမှားနေတာတွေကို တွေ့နိုင်ပါတယ်။

ဒီလို အမှားအယွင်းတွေဟာ စစ်ကောင်စီအတွင်းပိုင်းမှာလည်း "မင်းတို့ ဝါဒဖြန့်တာက ငါတို့ကို ပိုသိက္ခာကျစေတယ်" ဆိုတဲ့ အပြန်အလှန် အပြစ်တင်မှုတွေနဲ့ ယုံကြည်မှု ပျက်ပြားစရာ အကြောင်းရင်းတစ်ခု ဖြစ်လာနေပါပြီ။

တကယ်တမ်း အလင်းဝင်လာသူတွေဆိုရင် သူတို့ရဲ့ နောက်ခံသမိုင်း၊ ဘယ်တပ်ရင်း၊ ဘယ်ဒေသကလဲဆိုတာ တိတိကျကျ မဖော်ပြနိုင်ဘဲ ဝေဝေဝါးဝါးသာ ပြောဆိုနေတာဖြစ်ပါတယ်။ ထို့အပြင် ပုံထဲကလူတွေရဲ့ ကိုယ်နေဟန်ထားနဲ့ လှုပ်ရှားမှု၊ ဆံပင်ပုံစံနဲ့ အနေအထားတွေဟာ စစ်သားအသစ်တွေ ဒါမှမဟုတ် ပိုက်ဆံပေးငှားထားတဲ့သူတွေ ဖြစ်နေတာကို သတိထားကြည့်ရင် သိနိုင်ပါတယ်။

PDF ဆိုတာ ပြည်သူ့ရင်ခွင်က ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်ပြီး တကယ့်မြေပြင်က ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို ဘယ်ကရှာထားမှန်မသိတဲ့ ဝတ်စုံအသစ်တွေ၊ တံဆိပ်အတုတွေနဲ့ အစားထိုးလို့ မရနိုင်ပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့်အဖွဲ့က ဘယ်လောက်ပဲ ဇာတ်ညွှန်းတွေ ရေးပါစေ၊ မြေပြင်မှာ သူတို့ တကယ် တမ်း ရှုံးနိမ့်နေတယ်ဆိုတာကိုတော့ ဒီလို "တံဆိပ်အတု" လုပ်ဇာတ်တွေက ဖုံးကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ပြည်သူတွေအနေနဲ့ ဒီလိုသတင်းမှားတွေကို တွေ့ရင် Like, Share မလုပ်ဘဲ Report ထုဖို့ ဒါမှမဟုတ် သတင်းမှားမှန်း သိအောင် ပြန်ပြီး Comment ရေးဖို့ တိုက်တွန်းလိုက်ပါတယ်။

(မင်းခေါင်-MK သည် လက်ရှိနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသော တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သည်။)
#KTM
#HlaingInfo
4
မြိုင်မြို့နယ်၊ ကံနက်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွား

မတ်လ ၂၉ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံနက်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ကံနက်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကြောင်းက ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ပြင် ပြည်သူပိုင် နွားများ ဆန်၊ ဆီ၊ ဆားနှင့် စားနပ် ရိက္ခာများကို ယူဆောင်သွားကြောင်း သိရှိရသည်။

"ကန်နီပျူစောထီးတွေက သူတို့ ရိက္ခာလည်း နည်းနေတော့ ရွာတွေကို ပတ်နေတာ ပြည်သူပိုင် ပစ္စည်းတွေယူ မီးရှို့ပြီးတော့ ပြည်သူ ၄ ဦးကို ဖမ်းသွားတယ်။ ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့သွားတာ ပြီးတော့ နွားတွေ ဆန်၊ ဆီ၊ ဆား အကုန်လုံးကို ယူဆောင်သွားတယ်" ဟု မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#KTM

Mar 29 , 8:35PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
Deleted Account
Photo
ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ


ဧပြီလ ၁ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ပခုက္ကူခရိုင်စစ်ဌာန အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ငွေသောင်ရွာ စာသင်ကျောင်းအနီး စစ်ကြောင်းထိုး ရောက်ရှိလာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရ စစ်သားများကို သယ်ထုတ်ပြီး ချမ်းသာကြီးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို စစ်ကြောင်းကို ပခုက္ကူခရိုင် တပ်ခွဲ ၁ မှ တော်လှန်ရေး ရဲဘော်များက လိုက်လံ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

"ခရိုင်စစ်ကြောင်း တပ်ခွဲ ၁ က စစ်ခွေးတွေကို ဆက်လက်တိုက်ခိုက်နေပါသေးတယ်။ စစ်ခွေး ၅ ဦးက ထိခိုက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ပြန်ပြီး သယ်ထုတ်သွားတာ ဒရုန်းဗီဒီယိုဖိုင်မှာ မြင်ရပါတယ်" ဟု ပခုက္ကူခရိုင်စစ်ဌာနအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် (၈)တပ်ရင်း နှင့် နယ်မြေ(၁) ဒရုန်း အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

#KTM

Apr 1, 7:39PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
13
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပခုက္ကူနှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၅ လုံးပြာကျ၊ ကျေးရွာ ၇ ခုမှ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရ

မေလ ၁၂ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၅ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၇ ခုမှ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၇၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းသည် ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် မကျည်ပင်ပုရွာ ၊ နန်းတဲရွာ၊ ရွှေဒါးရွာ၊  ညောင်ပင်ရွာ ၊ ဇယမရွာ ၊ ဆင်ကြို့ရွာနှင့် ကြူရွာတို့မှ ပြည်သူ ၇၀၀၀ ကျော်သည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေး စစ်ကြောင်းက ညောင်ပင်ရွာ ကိုတော့ မီးရှို့သွားတယ်။ နေအိမ် ၇၅ လုံးကို မီးထဲပါသွားတယ်။ စစ်ခွေး စစ်ကြောင်းက ဧပြီလ ၂၄ ရက်နေ့က မီးရှို့ခဲ့တာပါ။ လက်ရှိမှာ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာ ၇ ခုက ပြည်သူ ၇၀၀၀ ကျော် တိမ်းရှောင်နေရတယ်။ စစ်ခွေး စစ်ကြောင်းက ကျောက်လှေးခါးရွာနဲ့ ပန်းတိုင်းခြုံ ရွာတို့မှာ ရှိနေသေးတယ်"ဟု ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ညောင်ပင်ရွာအနီးတွင်လည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးရဲဘော် ၂ ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#KTM
#Threestarsmyaing
4
မြိုင်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စျေးဆိုင်နေအိမ် ၁ လုံး ပျက်စီး

မေလ ၁၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို  အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စျေးဆိုင်နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း  အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ  လက်ပံတိုရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိဘဲ စျေးဆိုင်နေအိမ် ၁လုံး ပျက်စီးသွားခဲ့ကြောင်း၊ သို့သော် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဘက်တွေမှာ စစ်ကြောင်းတွေ တိုက်ပွဲတွေ မရှိတဲ့နေရာပါ။ စစ်ခွေးတွေက ၂ ကြိမ် ချတာပြောတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ စျေးဆိုင် ၁လုံးတော့ ပျက်စီးသွားတယ်လို့သိရတယ်။ အိမ်ဆိုင်လေးပေါ့။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ချဖို့ ပြောချင်ပါတယ်"ဟု  အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

#KTM
#7starmyaing
4
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ လေယာဉ်ဗုံးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်၏ ကား ၂ စီး မီးလောင်ပျက်စီး

မေလ ၂၀ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) မှ ပေါင် ၂၅၀ လေယာဉ်ဗုံးများ တင်ဆောင်လာသည့် စစ်ကောင်စီ စစ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး စစ်တပ်၏ ကား ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက်နေ့နှင့် မေလ ၁၇ ရက်နေ့တို့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပေါင် ၂၅၀ လေယာဉ်ဗုံးသီးများ တင်ဆောင်လာသည့် ယာဉ်အပါအဝင် စစ်ကား ၁၃ စီးပါဝင်သော စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဆော-ဆိပ်ဖြူ လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၈ ဦး သေဆုံးကာ၊ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကား ၂ စီးလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်းမှ တာဝန်ရှိသူက  “မေလ ၁၆ ရက်နေ့မှာ စတင်ထွက်လာတဲ့ ကပစ ၂၁ က ထွက်လာတဲ့ လေယာဉ်ပစ်ဗုံးသီးတင်တဲ့ကားကို စတင်ဆွဲခဲ့တာပါ။ မေလ ၁၆ ရက်နေ့မှာ တစ်ကြိမ် မိုင်းဆွဲခဲ့တယ်။ မေလ ၁၇ ရက်နေ့မှာက တစ်ကြိမ် ပြန်လာတဲ့ကားကို မိုင်းဆွဲခဲ့တာပါ။ ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဆိပ်ဖြူမြို့နယ် ကပစ ၂၁ က ထွက်လာတဲ့ လေယာဉ်ဗုံးသီးတင်လာတဲ့ စစ်ကောင်စီကားတွေက မကွေးလေတပ်စခန်း၊ မိတ္ထီလာနဲ့ နေပြည်တော်ကို အဓိကပို့နေပါတယ်။ တစ်ပတ်ကို ၂ ကြိမ်နဲ့အထက် ပို့နေတာပါ။ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီကားအင်အား ကားအစီးရေ ၁၃ စီး တက်လာတယ်။ စစ်သား ခန့်မှန်းခြေ ၁၅၀ ခန့်နဲ့ အထက်ရှိပါတယ်။ ၂ ရက်ပေါင်း စစ်ကောင်စီဘက်က သေဆုံးတာ ၈ ကောင်သေဆုံးတယ်။ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ကား ၂ စီးကတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်ကောင်စီလက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ လက်ရှိမှာ စစ်ကောင်စီတွေက လောလောဆယ် ဆော-ဆိပ်ဖြူလမ်းမှာ ကင်းယူနေပါတယ်။ ယခုချိန်ထိတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်”ဟု ရှင်းပြသည်။

အဆိုပါ စစ်ယာဉ်တန်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်းနှင့် ပခုက္ကူခရိုင် တပ်ရင်း ၄ တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#KTM
7👍3
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြစ်ခြေရဲစခန်းကို PDF တပ်များက ၁ နာရီအတွင်း တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ၊ ရဲစခန်းကို အပြီးတိုင် မီးရှို့ရှင်းလင်း

ဇွန်လ ၁၀ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း အပြီးတိုင် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၄ နာရီတွင် အဆိုပါ မြစ်ခြေရဲစခန်းကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ၊ တိုက်ပွဲဖြစ်ပွားပြီး တစ်နာရီအကြာ နံနက် ၅ နာရီတွင် စခန်းတစ်ခုလုံးကို အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၂ ဦး ကျဆုံးခဲ့ပြီး ၁၄ ဦးမှာမူ လက်နက်ချအညံ့ခံခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး၊ ၎င်းတို့အနက် စစ်ရာဇဝတ်မှုကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဟု PDF စစ်ရုံးချုပ်က ဆိုသည်။

မြစ်ခြေရဲစခန်းကို သိမ်းပိုက်ပြီးနောက် ရန်သူ့တပ်ထံမှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး G-3 သေနတ် ၁၈ လက်၊ 79 သေနတ် ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ G-3 ကျည် ၁,၉၀၈ တောင့်၊ ကျည်ကာဦးထုပ် ၇ လုံး တို့ပါဝင်ကြောင်း သိရှိရသည်။

#KTM
#7starmyaing
15
Forwarded from Hlaing Info
မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်ဖြင့် တစ်နိုင်ငံလုံး လမ်းဘေးစျေးသည် ရှင်းလင်းရေး စီမံချက် လုပ်ဆောင်ခဲ့သော်လည်း

▪️တရုတ်ကို ကြောက်၍ ရန်ကုန်၊ လသာ ၁၉ လမ်း တရုတ်တန်းကို အထူးအခွင့်အရေးဖြင့် ပြန်လည် ဖွင့်လှစ်ပေးရ၊ တရုတ်တန်းမူလစျေးသည်မှလွဲ၍ အခြားလမ်းဘေးစျေးသည်များ စျေးရောင်းချခွင့်ပိတ်

ဇွန်လ ၁၂ ရက်

ရန်ကုန်မြို့၊ လသာမြို့နယ်အတွင်းရှိ တရုတ်တန်းကို စစ်ခေါင်းဆောင်  မင်းအောင်လှိုင်၏ ရက် ၁၀၀ လမ်းဘေးရှင်းလင်းရေး စီမံချက်ဖြင့် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်၍ ပိတ်ပင်ရှင်းလင်းခဲ့သော်လည်း၊ ၁၅ ရက်အကြာ ဇွန်လ ၉ ရက်နေ့တွင် တရုတ်မီးပုံးများချိတ်ဆွဲကာ နှစ်သစ်ကူးပွဲတော်အလား ခမ်းခမ်းနားနား ပြန်လည်ဖွင့်လှစ်ပေးလိုက်ရသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးတွင် ရက် ၁၀၀ စီမံချက်ဖြင့် လမ်းပေါ်ဆိုင်ခင်းရောင်းချခွင့်များကို တင်းကျပ်စွာ ပိတ်ပင်ထားဆဲဖြစ်သော်လည်း တရုတ်ကို ကြောက်၍ ရန်ကုန်၊ လသာမြို့နယ်၊ တရုတ်တန်း ၁၉ လမ်းရှိ လမ်းဘေးစားသောက်ဆိုင်များကိုမူ အထူးအခွင့်အရေးအနေဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် လသာ တရုတ်တန်း ၁၉ လမ်းညစျေးတန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ဖွင့်လှစ်ပေးသည့်အပြင် စစ်တပ်ဦးပိုင်၏ မြန်မာဘီယာကို အသွင်ပြောင်းထားသည့် Keen ဘီယာအမှတ်တံဆိပ်ကပါ စပွန်ဆာပေး၍ လှလှပပ ပြင်ဆင်ပေးထားကြောင်း တွေ့ရသည်။

မင်းအောင်လှိုင်က "လမ်းဘေးစျေးသည်များ မမြင်ချင်ဘူး" ဟု အမိန့်ပေးထားခြင်းကြောင့် ရန်ကုန်မြို့တစ်မြို့လုံး လမ်းဘေးစျေးသည်များ ရှင်းလင်းရေးလုပ်ဆောင်ရာတွင် တရုတ်တန်း ၁၉ လမ်းလည်း အပါအဝင်ဖြစ်ခဲ့သည်။

ထိုသို့ ပိတ်ပင်ခံရသည့်အတွက် တရုတ်တန်းရှိ တရုတ်စျေးသည်များက ၎င်းတို့၏ စားဝတ်နေရေးအတွက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံတကာတွင် တရုတ်တန်းရှိသော်လည်း မြန်မာပြည်တွင် တရုတ်တန်း ဖျောက်ဖျက်ခံရတော့မည်ဟု တိုင်တန်းမှုများကြောင့် နေပြည်တော်နှင့် ရန်ကုန်ရှိ အာဏာပိုင်များထံသို့ တရုတ်သံရုံးက တရားဝင်မေးမြန်းစုံစမ်းမှုများ လုပ်ဆောင်လာချိန်တွင် မင်းအောင်လှိုင်တို့က တရုတ်တန်းကို ပြန်လည် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြန်မာပြည်ဖွား တရုတ်စီးပွားရေးလုပ်ငန်းရှင်တချို့ထံမှ စုံစမ်းသိရှိရသည်။

ထိုသို့ တိုင်ကြားမှုကြောင့် တရုတ်သံရုံးဘက်ကတစ်ဆင့် မေးမြန်းဖိအားပေးလာမှုကြောင့်  စစ်တပ်က ၁၉ လမ်းကို ချွင်းချက်အနေဖြင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ရခြင်း ဖြစ်သော်လည်း မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်ဖြင့် လမ်းဘေးစျေးသည် ရှင်းလင်းရေး စီမံချက်မှာ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် တရုတ်တန်း ၁၉ လမ်း၌ မူလဆိုင်ခန်းဖွင့်ထားသည့် တရုတ်စျေးသည်များမှလွဲ၍ ပြင်ပမှ လမ်းဘေးစျေးသည်များ ဝင်ရောက်ရောင်းချခွင့်ကိုမူ ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။

မြန်မာပြည်သူအများစုဖြစ်သည့် အခြားလမ်းဘေးစျေးသည်များမှာမူ ရက် ၁၀၀ စီမံကိန်းအကြောင်းပြချက်ဖြင့် တစ်နိုင်ငံလုံးတွင် လမ်းဘေး၌ စျေးရောင်းချခွင့် လုံးဝမရရှိဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တရုတ်နှစ်သစ်ကူး တက်ရောက်ခဲ့သော မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှ နှင့် ရန်ကုန်၊ လသာ ၁၉ လမ်း တရုတ်တန်းကို ဇွန်လ ၉ ရက်နေ့ ပြန်လည် ဖွင့်လှစ်ပွဲ အခမ်းအနားပုံများဖြစ်ပါသည်။

#KTM
#HlaingInfo
3
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
Breaking News- မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချ

ဇွန်လ ၂၃ ရက်

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ယနေ့ ပစ်ချလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway - PDF ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့တွင် Mi 17 တစီးကို တော်လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ  ပစ်ချနိုင်ခဲ့ကြောင်း၊  အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway - PDF ကသတင်းထုတ်ပြန်သည်။

"ဒီနေ့ ပစ်ချနိုင်ခဲ့တာပါ။ မြိုင်နယ်တနေရာမှာပါ။ ထိခိုက်သေဆုံးတာတွေကို မြေပြင် စစ်ကြောင်း အခြေအနေရှင်းတာနဲ့ အသေးစိတ်ထုတ်ပြန်မှာပါ" ဟု Magway People's Defense Force - Magway PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်းသို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ်ပျက်ကျသွားကြောင်း အကြမ်းဖက်စစ်တပ်၏ ဆက်သွယ်ရေးကွန်ရက်များတွင် ပြောဆို အတည်ပြု အကြောင်းကြားသော သတင်းအချက်အလက်များ ရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။ 

"ကျနော်တို့သိသလောက်တော့  ကိုယ့်ဘက်က ဆော်လိုက်တာ ရဟတ်ယာဉ်လည်း ပျက်ကျတယ်။ ပစ်ချလို့ ပျက်ကျတာတော့သေချာတယ်။ Mi-17 ရဟတ်ယာဉ်ပါ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#KTM
#7starmyaing
21👍4💯2
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ လုံးဝပျက်စီးသွားသော Mi-17 ရဟတ် ယာဉ်ကို တစစီဖြုတ်ကာ တပ်မ ၁၀၁ သို့ ယာဉ်တန်းဖြင့် ပို့ဆောင်နေ

ဇွန်လ ၂၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး လုံးဝပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်မှ အစိတ်အပိုင်းများကို စစ်ကောင်စီတပ်က ဖြုတ်ယူကာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ သို့ စစ်ကားယာဉ်တန်းဖြင့် ပြန်လည်ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ်ကား ၇ စီးပါ ယာဉ်တန်း  မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမပျူစောထီးကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်မှ အစိတ်အပိုင်းများကို ဖြုတ်ယူကာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းအပြင်ယနေ့  ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြိုင်မြို့ စက်မှု ၂ အခြေစိုက် စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်ခု ထွက်ခွာလာပြီး ကုန်းရွာအနီးသို့ ရောက်ရှိလာသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခုထွက်လာတဲ့ စစ်ကြောင်းက မြိုင်စက်မှု ၂ က ထွက်လာတာပါ။ Mi-17 နဲ့ လူ အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းစထွက်လာတာ ဖြစ်တယ်။ အခုချိန်ထိတော့ ကုန်းရွာနားမှာ ရောက်နေပြီး ကျေးရွာ ၃ ရွာက ပြည်သူတွေ အားလုံး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒေသခံများ၏ အဆိုအရ အဆိုပါ စစ်ကြောင်းမှာ မေလ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့များအတွင်း စက်မှု(၂) အနီးရှိ ကုန်းရွာမှ နေအိမ် ၂၀ ကျော်နှင့် ဝက်ပုတ်ကျေးရွာမှ နေအိမ် ၄၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် တွင်းမကျေးရွာအခြေစိုက် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း သာစည်ကျေးရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ကျေးရွာမှ စိတ်ရောဂါဝေဒနာခံစားနေရသည့် အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော်နှင့် အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုထားသည်။

#KTM
4👍2
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို စစ်တပ်က ၁၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ်များပျက်စီး

ဇူလိုင်လ ၅ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှစပြီး ညနေ ၅ နာရီ ၂၆ မိနစ်ခန့်အထိကို တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့၊ ဗုံးကျဲလေယာဉ် ၁ စီးဖြင့် ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"စစ်ရှောင်တွေထိတာပါ။ စစ်ကောင်စီစစ်ကြောင်းက ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်မှာ ရှိနေလို့ လေယာဉ်ဖြင့် ဗုံးလာကျဲတာပါ။  နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်။ ဗုံးက ၁၄ ကြိမ်လောက် ချတယ်" ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ကလည်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူများနေထိုင်သော နေအိမ်ကျေးရွာများ ပျက်စီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
2😢2👍1
ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ဇူလိုင်လ ၁၃ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က နေ့စဉ်ဆက်တိုက် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှ ညနေ ၄ နာရီခန့်အထိ တံတားဦးလေတပ်မှ ပျံတက်လာသော ဂျက်တိုက်လေယာဉ် ၁ စီးနှင့် ညောင်ဦးလေဆိပ်မှ ပျံတက်လာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးတို့က ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာ၊ မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ ကန်နက်ကျေးရွာနှင့် ပေါက်-မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတစ်ဝိုက်ရှိ နေရာများကို ၇ ကြိမ်တိုင်တိုင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ကနဦးသိရှိရသော်လည်း ကျေးရွာများအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း သိရသည်။ သို့သော် ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် မရဲသေးသဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဆရာထွေးက ရှင်းပြသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မကြားမိဘူး။ သေဆုံး၊ ထိခိုက်တာလည်း မကြားမိဘူး။ လေကြောင်းတိုက်ခိုက်မှုကတော့ ဟုတ်တယ်။ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ချသွားတယ်။ Mi-35 ကတော့ အကြာကြီး ပတ်ပစ်နေတာပါ။ နေအိမ်တွေ ပျက်စီးတာက ရှိနိုင်တယ်လို့ပဲ သုံးသပ်ရပါတယ်။ အဲဒီနားက ရွာတွေက လူတွေအကုန် စစ်ဘေးရှောင်နေကြပြီ။ လူတွေရှောင်နေတဲ့ ရွာတွေထဲကို ပစ်တာဆိုတော့ ဘယ်လောက်ပျက်စီးသွားလဲဆိုတဲ့ အတိုင်းအတာကို အသေးစိတ် မသိနိုင်သေးဘူး။ ရွာထဲကိုလည်း ပြန်မဝင်ရဲကြသေးဘူး။ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာနဲ့ မြိုင်မြို့နယ်တောင်ပိုင်း ကန်နက်ကျေးရွာတို့ ပတ်ဝန်းကျင်မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးနိုင်တယ်” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

စစ်တပ်က ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို ဇူလိုင်လ ၁၁ ရက်နေ့ကလည်း လေကြောင်းမှ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ညောင်ဦးလေဆိပ်မှ ပျံတက်လာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ မကွေးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးနှင့် တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၁ စီးတို့က ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတစ်ဝိုက်ရှိ နေရာများကို ၁၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောကျေးရွာအနီးရှိ ကျေးရွာများမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးမှာလည်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက် ပြုလုပ်နေသဖြင့် ဒေသခံပြည်သူအများအပြားမှာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပြီး ကျေးရွာများအတွင်းရှိ နေအိမ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အခြေအနေများကိုပင် ပြန်လည်ဝင်ရောက် စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း ဒီပဲယင်းမြို့နယ်သို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM

#7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
3👍3
Forwarded from Z Fighter News [︎]
နိုင်ငံခြားငွေ ချွေတာသုံးစွဲရန် မူဝါဒ ချမှတ်ထားသော မင်းအောင်လှိုင်က မြန်မာနှင့်ရုရှား ကြည်းတပ်များအကြား စုပေါင်းလေ့ကျင့်သည့် နေပြည်တော်စစ်ဆင်ရေး စရိတ်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ သုံးစွဲ

🛑Z Fighter July 16 🛑

မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်အားလုံးပိတ်ပင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှု ချွေတာရန် မူဝါဒ ချမှတ်ထားသော မင်းအောင်လှိုင်က မြန်မာနှင့်ရုရှား ကြည်းတပ်များအကြား စုပေါင်းလေ့ကျင့်သည့် နေပြည်တော်စစ်ဆင်ရေး စရိတ်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ သုံးစွဲလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နေပြည်တော်တွင် ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့ အထိ ပြုလုပ်နေသည့် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း စစ်ဆင်ရေးအတွက် ကုန်ကျစရိတ်အားလုံးကို မင်းအောင်လှိုင်က မြန်မာဘက်မှ စိုက်ထုတ်သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။ [Khit Thit Media][Z_F]

https://telegra.ph/Z-Fighter-07-16-130

#Adm_2
#KTM
#z_fighter
😢21
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်တွင် စစ်တပ် ရောက်ရှိနေသော သင်းမရွာနှင့် ဂျုတ်ကုန်းရွာ ပတ်ဝန်းကျင်ကို ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲနေ၊ ကန့်ဘလူတွင်လည်း ယမန်နေ့ ညပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ဇူလိုင်လ ၂၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိနေသော သင်းမရွာနှင့် ဂျုတ်ကုန်းရွာအနီးတစ်ဝိုက်သို့ စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲမှ သန်းခေါင်ယံ ၁၂ နာရီခန့်အထိ မြိုင်မြို့နယ်၊ သင်းမရွာနှင့် ဂျုတ်ကုန်းရွာ အနီးတစ်ဝိုက်သို့ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီဝန်းကျင်အတွင်း တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ၉ ကြိမ်ထက်မနည်း ဗုံးကျဲခဲ့ကြောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်တွင်လည်း ညောင်ဦးလေဆိပ်မှ တက်လာသော Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးကလည်း ၅ ကြိမ် ထက်မနည်း လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို စစ်ကြောင်းသည် လက်ရှိအချိန်အထိ သင်းမရွာနှင့် ဂျုတ်ကုန်းရွာ အတွင်း၌ ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၊ ယင်းစစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။

"အခုက စစ်ခွေးစစ်ကြောင်းရှိနေတဲ့ ရွာပတ်ဝန်းကျင်ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ပြည်သူတွေလည်း အကုန်တိမ်းရှောင်နေရတုန်းပဲ စစ်ခွေးစစ်ကြောင်းက ဘယ်ကို ဆက်ထိုးမလဲဆိုတာတော့ မသိရသေးဘူး။ အခုထိ ငြိမ်နေသေးတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်နေ့မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်းတို့ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံသော ပြည်သူအားလုံးကို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း သင်းမကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အနောက်တောင်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာတချို့မှ ပြည်သူများ လေကြောင်း ထပ်မံ တိုက်ခိုက်မှုကို စိုးရိမ်သောကြောင့် တိမ်းရှောင်နေသူများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကောလင်းမြို့နယ်၊ ဒိုးပင်ရွာကို ၂၀၂၅ ခုနျစ် ဇူလိုင် ၁၄ ရက် ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့်  ဆီသယ်ယာဉ်များ မီးလောင်ပျက်စီးနေစဉ်။
#KTM
5
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်မြို့နယ် အနောက်ပိုင်း ကျေးရွာများကို စစ်တပ်က မီးရှို့ပြီး လေကြောင်းဖြင့် အနည်းဆုံး ၇ ကြိမ် ဗုံးကျဲတိုက်ခိုက်ကာ မြေပြင်တွင်လည်း စစ်ကြောင်းဆက်ထိုးနေ

ဩဂုတ်လ ၁ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် သင်းမကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းမှ အနည်းဆုံး ၇ ကြိမ် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ကာ မြေပြင်၌လည်း စစ်ကြောင်းဆက်လက် ထိုးစစ်ဆင်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ သင်းမကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာမှ ထွက်ခွာမည့်ဟန်ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် မကွေးလေတပ်မှ ထွက်ခွာလာသည့် Y-20 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးက လာရောက်ချထားခဲ့သော ခဲယမ်းနှင့် ရိက္ခာထုပ်များကို ပြန်လည်ကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းသို့ ရိက္ခာများကောက်ယူနေစဉ် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ်တစ်စီးက မြိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွာသစ်ကြီးကျေးရွာအနီးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မကွေးလေတပ်မှ ထွက်ခွာလာသော ဂျက်တိုက်လေယာဉ်တစ်စီးကလည်း မကျည်းကန်ကျေးရွာနှင့် ဖန်းကန်ကျေးရွာတို့ကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း ညောင်ဦးလေဆိပ်မှ ထွက်ခွာလာသော Gyrocopter သုံးစီးဖြင့် မန်ကျည်းကန်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရိက္ခာထုတ်ယူခဲ့သည့် စစ်ကြောင်းမှာ သင်းမကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် သင်းမကျေးရွာအတွင်းရှိ စစ်ကြောင်းများသည် ဘောင့်ဘင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကျန်ရှိနေသော စစ်သားအချို့က ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ယာကြီးပြင်လမ်းခွဲဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။

"ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက သင်းမရွာကို ထပ်မံမီးရှို့သွားတယ်။ မနေ့ကတော့ ရွာပတ်ဝန်းကျင်ကို ဗုံးအလုံးရေ အများအပြားနဲ့ ပတ်ကျဲခဲ့တယ်။ နေအိမ်ပျက်စီးမှုတွေ ရှိပေမယ့် ပြည်သူထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ အတည်မပြုနိုင်သေးပါဘူး" ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ဇူလိုင်လ ၂၂ ရက် မွန်းလွဲပိုင်းတွင်လည်း သင်းမကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းသည် ကျေးရွာအနောက်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး သင်းမလမ်းခွဲအနီးသို့ ရောက်ရှိလာချိန်တွင် သင်းမလမ်းခွဲ ကတ္တရာလမ်းနှင့် အနီးပတ်ဝန်းကျင်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးက မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ၇ ကြိမ်၊ ညနေ ၅ နာရီဝန်းကျင်တွင် ၈ ကြိမ်၊ စုစုပေါင်း ၁၅ ကြိမ်ခန့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း သင်းမကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မည်သည့်ဘက်သို့ ဆက်လက်ဦးတည် စစ်ကြောင်းထိုးမည်ကို မသိရှိရသေးသဖြင့် မြိုင်မြို့နယ် အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး အထူးသတိဖြင့် နေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

#KTM
#HlaingInfo
#7starmyaing
4
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်တွင် စစ်တပ်က ဘောင့်ဘင်ရွာကို မီးရှို့ဖျက်ဆီး၊ ကနီရှိ ယာကြီးရွာကိုလည်း စစ်တပ်က ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

ဩဂုတ်လ ၂ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းရှိ ဘောင့်ဘင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ စစ်ကြောင်းနှင့် ယာဉ်တန်းသည် မွန်းလွဲ ၁၂ နာရီခန့်တွင် ယာကြီးပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

"စစ်ခွေး စစ်ကြောင်းက ဘောင့်ဘင်ကျေးရွာက မထွက်ခင်မှာ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရတယ်။ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပါပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၁ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေးတွင်ရှိသော ယာကြီးကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဩဂုတ်လ ၁ ရက်နေ့ တွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များနှင့် မော်တော်ယာဉ်မား ထိမှန်ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"စစ်ခွေး‌တွေ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦး သေဆုံးပြီး တော့ ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ကနီမြို့နယ် အတွင်းရှိ ဒေသပြည်သူများမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#KTM
#HlaingInfo
6
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်၊ ယာကြီးပြင်ရွာတွင် စစ်တပ်က ဆက်လက် တပ်စွဲထားပြီး အနီးအနားရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်၊

▪️စစ်တပ်က ကျေးရွာ ၇ ခုမှ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထား

ဩဂုတ်လ ၄ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ယာကြီးပြင်ကျေးရွာတွင် စစ်တပ် စစ်ကြောင်းက ဆက်လက် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများ ပြောဆိုချက်နှင့် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှ စတင်ပြီး မိတ္ထိလာလေတပ်မှ တက်လာသော Y-12 လေယာဉ်က အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ယာကြီးပြင်ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများကို ဗုံး ၃၃ လုံးဖြင့် လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ညပိုင်းကလည်း စစ်တပ် တပ်စွဲထားသော ယာကြီးပြင်ကျေးရွာအတွင်းသို့ မကွေးလေတပ်မှ တက်လာသော စစ်ထောက်ပို့ လေယာဉ် ၁ စီးက စစ်တပ် စစ်ကြောင်းကို ခဲယမ်းနှင့် ရိက္ခာထုပ်များ လာရောက်ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လဆန်းပိုင်းမှစတင်၍ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာအများအပြားကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ ဇူလိုင်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့အထိ နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်နက်ရွာနှင့် တောတိုက်များကို ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းတွင် နေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ခုပ်ပင်ရွာကို ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် မီးရှို့ခဲ့ပြီး နေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ညောင်ကုန်းရွာကို ဇူလိုင်လ ၁၅ ရက်နေ့တွင်မီးရှို့ခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း၊ ကိုင်းတောမရွာကို ဇူလိုင်လ ၁၅ ရက်နေ့တွင် မီးရှို့ခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထန်းငယ်တောရွာကိုလည်း ဇူလိုင်လ ၁၅ ရက်နေ့တွင် မီးရှို့ခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ သင်းမရွာကိုလည်း ဇူလိုင်လ ၂၂ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ဘောင်ဘင်ရွာကိုလည်း ဩဂုတ်လ ၂ ရက်နေ့တွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၉၀ ကျော်အထိ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

"စစ်ခွေးစစ်ကြောင်းကတော့ အခုထိတော့ ယာကြီးပြင်ရွာထဲမှာပဲရှိသေးတယ်။ ဘယ်ကို ဆက်ပြီး စစ်ကြောင်းထိုးမယ်ဆိုတာ မသိရသေးဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ကိုလုပ်နေပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် စစ်ရေးလှုပ်ရှားမှုနှင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး လေကြောင်းရန်ကိုလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း၊ အဆိုပါစစ်ကြောင်းသည် လေကြောင်းပစ်ကူများကို အမြောက်အမြား အသုံးပြုလေ့ရှိသည့်အတွက် ယာကြီးပြင်ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြု စောင့်ကြည့်သတိထားကြရန် ဒေသတွင်း တော်လှန်ရေး အင်အားစုများက သတိပေး နှိုးဆော်ထားသည်။

#KTM
#HlaingInfo
10👍2😢2