ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Hlaing Info
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်မှာ ရှိနေတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ထဲ ငလျင် လှုပ်ခဲ့တဲ့မြင်ကွင်းတချို့ဘဲ ဖြစ်ပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရ သေဆုံးမှု အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

#SPM
#HlaingInfo
Forwarded from Hlaing Info
အပစ်ရပ်မယ်ဆိုတဲ့ စစ်ကောင်စီတပ်က ‎မိုးဗြဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊လေကြာင်းနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံး

ဧပြီလ ၅ ရက်

‎ကရင်နီပြည် မိုးဗြဲနဲ့ လွိုင်ကော်ကြားက ပီကင်းကောခူရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီး ၊ လေကြောင်းတို့နဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ (၅) ဦး သေဆုံးခဲ့တယ်လို့ KNDF က ဒီနေ့ ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

‎မနေ့ ဧပြီ ၄ ရက် မနက် ၁၁ နာရီက မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ဖက်မှ မြို့တွင်းနဲ့ အနီးဝန်းကျင်က ရွာတွေကို တစ်နေကုန်နီးပါး လက်နက်ကြီး‌တွေနဲ့ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပီကင်းကောခူရွာထဲက ဒေသခံ အမျိုးသား (၁)ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

‎"လက်နက်ကြီး တွေနဲ့ပစ်တော့ ရွာကလူတစ်ယောက်ထိပြီးသေသွားတာ။ သေသွားတဲ့ အဲအလောင်းကို သွားကောက်တုန်း စစ်တပ်က လေယာဉ်နဲ့ ပြန်လာပစ်တာ အဲမှာဘဲ နောက်ထပ် ‌၄ ယောက် ပွဲချင်းပြီးသေသွားတာ။ သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေတော့ မသိရသေးဘူး" မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မနေ့ နေ့လယ် ၂ နာရီကျော်အချိန် ပီကင်းကောခူကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာတွင်းရှိနေအိမ်တွေ ထိမှန်ကာ အလောင်းသွားကောက်တဲ့ အမျိုးသား (၄) ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

‎နိုင်ငံတစ်ဝန်း သဘာဝဘေးသင့်နေချိန် စစ်ကောင်စီဘက်က ယာယီ အပစ်အခတ်ရပ်စဲထားမည်ဟု ဧပြီလ (၂)ရက်နေ့မှာ ထုတ်ပြန်ထားပေမဲ့ ကရင်နီပြည်နယ်အတွင်းကို ဧပြီလ (၂) ရက်နေ့မှစပြီး ဒီနေ့ထိ လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

‎အလားတူ မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်ခဲ့တဲ့ မတ်လ (၂၈) ရက်နေ့ မှစ ဒီနေ့ထိ ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်
မှု‌တွေလည်း နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိနေတယ် ဆိုပါတယ်။
#ဓာတ်ပုံ - KNDF

#SPM
#HlaingInfo