ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Hlaing People Channel (Pauk Pauk)
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို ဗြိတိန်ဝန်ကြီးဟောင်းသုံးဦး တိုက်တွန်း
~~~
■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးဦးက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ တိုက်တွန်းလိုက်တယ်လို The Independent သတင်းက ဖော်ပြပါတယ်။

William Hague, Sir Malcolm Rifkind နဲ့ Jack Straw တိုက တိုက်တွန်းတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အကွက်ဆင်ပြီး စွဲချက်တွေ တင်တယ်လို ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနည်းကျ တိုင်းပြည်ကို ဦးဆောင်ထိုက်သူဖြစ်တယ်လို ဆိုပါတယ်။

သူ့ကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခဲ့ပြီး အကျဥ်းကျနေတာ လေးနှစ်နီးပါးရှိနေပြီလိုလည်း ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း မပြောကြားတဲ့အတွက် ၇၉ နှစ်ရွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်အမျိုးမျိုး ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် လန်ဒန်ကို ရောက်ရှိချိန်တုန်းက နိုင်ငံခြားရေးဝန်ကြီး အဖြစ်ကြိုဆိုခဲ့တဲ့ William Hague ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နိုင်ပေမဲ့ သူ့လွတ်မြောက်ရေးအတွက် ကျွန်တော်တို လှုဆော်လှုပ်ရှားသင့်တယ်လို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတက်အကျကို ရိုက်ကူးတဲ့ “Cancelled : The rise and fall of Aung San Suu Kyi” မှတ်တမ်းရိုက်ရှင်လည်း ဒီနေ့ စတင်ဖြန့်ချိပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာ Geordie Greig က ရိုက်ကူးထားတာဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု အပါအဝင် ဆုတံဆိပ်တွေ တစ်ချိန်က ချီးမြှင့်ဂုဏ်ပြုခဲ့သူတွေကပဲ သူ့ကို ဘေးဖယ်ထား-မထား ရုပ်သံမှတ်တမ်းမှာ လေ့လာဖော်ထုတ်ထားပါတယ်။
#HPC
#RFA
မျိုးစေ့
+++++++
"မျိုးစေ့မမှန် ပင်မသန်''...တဲ့
မျိုးစေ့ တကယ် မှန်ခဲ့လေတော့
တို့ခေါင်းဆောင်..အမေ
ဘိုးဘွား အမွေ စစ်စစ် ဖြစ်လို့
ယုံကြည်ရာ မျိုးချစ်စိတ်နဲ့
မိသားစု ဘဝကို စတေး
တိုင်းပြည်အတွက် ဖောင်ဖျက်ခဲ့..
ပြည်သူတွေ ရင်ထဲမှာတော့
"အားနာပါတယ်.. အမေ"..တဲ့
ပြည်သူနဲ့ အမေ
အမေနဲ့ ရင်သွေးတွေ
ညီမျှခြင်း လို ထပ်တူကျတော့
နေတစင်းကဲ့သို့
လမင်း ကဲ့သို့
အမေ့ရဲ့တောက်ပတဲ့ အပြုံး
ကျနော်တို့ တွေ့ကြရတော့မယ်..
မကြာခင် ရောင်နီ လာပြီ..အမေ။ ။
++++++++++++++++++++++
#နေ(အရိပ်)
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
ရာဇပုလင်ပေါ်ခွေးတက်ထိုင်တဲ့ တိုင်းပြည်


ကိစ္စလေးတခုရှိလို့ ညနေ အလုပ်ကပြန်ရောက်ရင် ရပ်ကွက်ရုံးကို ခဏလာခဲ့ပါအုံးဆိုလို့ လိုက်သွားတာ၊ ပြန်ရောက်မလာတော့တဲ့ လူငယ်တွေ တော်တော်များနေပြီး။

ရွာမှာနေ ဗုံးကွဲ၊ ရန်ကုန်မှာနေ တပ်က ဆွဲ။

ကိုယ်လုပ်မှ ကိုယ်စားရမယ့် ဘဝမှာ နေလာရင်း၊ ကိုယ်ပြေးမှ ကိုယ်လွတ်မယ့် ဘဝအထိ တိုးတက်ပြောင်းလဲ လာပြီ။

ဖိုးတေ
#HPC
တချို့ရာဇဝတ်မှုတွေဟာ
ကိုယ်တိုင်ကျူးလွန်မှသာ ညိစွန်းတာမဟုတ်ဘဲ
ကျူးလွန်နေတာကို ကာကွယ်တားဆီးဖို့
ပျက်ကွက်တယ်ဆိုရင်ပဲ စစ်ဆေးအရေးယူခံရဖို့
အကျုံးဝင်တာတွေရှိပါတယ်

လူမျိုးတုန်းသတ်ဖြတ်မှုလို အမှုမျိုးမှာ
နိုင်ငံတော်ကို တာဝန်ခံထားတဲ့
အစိုးရခေါင်းဆောင်တွေဟာ
တာဝန်ကင်းလေ့ မရှိပါဘူး

မြန်မာပြည်မှာက စစ်တပ်နဲ့ အစိုးရ
ဘယ်ဟာက နိုင်ငံတော်မှန်းမသိဖြစ်နေတော့
အခြေအနေက တမူကွဲပြားနိုင်ပါတယ်

လက်ရှိအာဂျင်တီးနား တင်တဲ့ အမှုမှာ
ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
ဒီအမှုမှာ တနည်းနည်းနဲ့ပါဝင်ခြင်း မရှိခဲ့ဘူးဆိုရင်
သူတို့တာဝန်ယူခဲ့ရတဲ့ အစိုးရဟာ
တခြားသောနိုင်ငံတွေက အစိုးရတွေလိုမျိုး
ဒီလူမျိုးတုန်းသတ်ဖြတ််မှုကို
ကာကွယ်တားဆီးနိုင်ဖို့ အခွင့်အာဏာမရှိခဲ့တဲ့အကြောင်း
ခိုင်လုံတဲ့သက်သေတွေနဲ့
ခုခံငြင်းဆိုရမှာဖြစ်ပါတယ်

ဘယ်သူ ဘယ်ဝါတွေ ဖြစ်ဖြစ်
တရားစွဲခံရ ဝရမ်းထုတ်ခံရတိုင်း
ပြစ်မှုကျူးလွန်သူတရားခံ မဟုတ်သလို
ပြစ်မှုမြောက်ကြောင်း ထင်ရှားခဲ့ရင်လည်း
တရားဥပဒေကို လေးစားလိုက်နာကြရမှာပါပဲ
အဓမ္မ မတရားမှုကို
ဓမ္မတရားက နိုငိရမယ်လို့
ကြွေးကြော်ထားတဲ့ တော်လှန်ရေးပါ
တရားတဲ့သူသာနိုင်ကြေးပါ

မိုဃ်းသွေး
Feb 15th 2025
#HPC

https://t.me/m2nQSzdXozljZmM1
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
🩸🩸🅰️🩸-🩸🩸🩸🩸

🏠🏠🏠🏠🏠🏠🏠

ပြောတယ်...ခဏခဏပြောနေတယ်..သေချင်တဲ့ကောင် ဆက်မိုက်ကြလို့...ဟောအခုပဲကြည့်..ဒါတောင်ခေတ်သစ်သတင်းဌာနရဲ့ကောက်ယူရရှိတဲ့သတင်းပဲရှိသေး...၄၂ ကောင်တဲ့...မြေပြင်အထိမဆင်းနိုင်တော့ပိုးဆိုးပက်ဆက်သေတဲ့စာရင်းကအတိအကျမရသေး...မြေပြင်ကသူ့ထက်ပိုများဖို့ပဲရှိတာ..

ငါတို့ကတော့ရှင်းတယ်..အမှန်တရားအတွက်တိုက်ပွဲဝင်တယ်..ပြည်သူတွေကိုမတရားအနိုင်ကျင့်နေတဲ့အတွက်ကိုယ့်အသိစိတ်နဲ့ကိုယ်ပြည်သူတွေကိုကာကွယ်ဖို့အတွက်ရှေ့ကနေတိုက်ပွဲဝင်တယ်..ငါတို့မှာအကြမ်းဖက်စစ်တပ်ကိုအမြစ်​ဖြတ်ပြီးရင်ငါတို့ရဲမျိုးဆက်သစ်တွေအတွက်အနာဂတ်မျှော်လင့်ချက်ရှိတယ်...

မင်းတို့စစ်ခွေးတွေကဘယ်သူ့အတွက်တိုက်နေတာလဲ..ဘာအတွက်တိုက်ခိုက်နေတာလဲ..မင်းတို့ရဲ့အနာဂတ်ကဘာလဲ..မင်းတို့ရဲ့မျိုးဆက်တွေကရောဘာဖြစ်လာမှာလဲ..ဖအေစစ်ခွေး သားလဲစစ်ကျွန်ခွေးပဲဖြစ်လာမှာပဲ..နောင်တရကြတော့..

နောင်တမရပဲဆက်မိုက်နေရင်တော့ နောက်ရက်တွေမှာခေတ်သစ်စာရင်းကောက်တဲ့အထဲမှာ မင်းတို့ကစာရင်းပါလာမှာနော်..

🤣🤣🤣🤣🤣

#HPC
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
မိဘတွေအပိုဝင်ငွေရအောင် ပဲကောက်ထွက်တဲ့ ၁၂ နှစ်ကလေး မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်တောက်

ရေတာရှည်၊ မတ် ၃၊ ၂၀၂၅ ။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာအနီးပဲခင်းမှာ ပဲကောက်ထွက်တဲ့ အသက် ၁၂ နှစ် ယောက်ျားလေး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်တောက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေမြှုပ်မိုင်းနင်းမိသူဟာ ကျွန်းတောကုန်းကျေးရွာနေ မူလတန်း(G 3) ကျောင်းသား မောင်ကြယ်စင်ဟိန်းဖြစ်ပြီး မတ် ၂ ရက် မနေ့ညနေ ၃ နာရီကျော်မှာ ကျေးရွာအနီးပဲခင်းကိုပဲကောက်ထွက်ချိန် အင်းစပ်အနီးမှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"ကလေးက ၃ တန်းကျောင်းသားလေး။ လိမ္မာတော့ ကျောင်းအားတဲ့အချိန်မှာ မတ်ပဲ ကောက်သင်း ကောက်ပြီးတော့ ၁,၀၀၀ (ကျပ်) ရရ ၂,၀၀၀ (ကျပ်) ရရ အမေမိဘကိုပြန်ပေးတာ။ သူတို့ရွာနား မတ်ပဲကောက်တဲ့လယ်ကန်သင်းနားလေးနဲ့ အင်းနားလေးမှာ ရေဆင်းသောက်တာမှာ ထိသွားတာ။"

myaelattathan
#HPC
Forwarded from Hlaing People Channel
🚨ပြင်းထန်သည့်အပူလှိုင်းများ ဖြတ်နေပါပြီ🚨

အရှေ့တောင်အာရှနိုင်များတွင် သုံးရက်ဆက်တိုက်အတွက် အပူလှိုင်းများဖြတ်သန်းနိုင်ပြီး အပူချိန် ၃၅ မှ ၃၇ ဒီဂရီ ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် အဆင့်-၁ နှင့် ၃၇ ဒီဂရီမှ ၄၀ ဒီဂရီထိတိုးလာရင်အဆင့် -၂ အန္တရာယ် အဆင့်ရောက်နိုင်ကြောင်းသိရပါသည်။

ကလေးငယ်ငယ်များ၊ အသက်ကြီးတဲ့သူများနှင့် အိမ်မွေးတိများကို အထူးအထူးဂရုစိုက်ကြရန် မှာကြားထားပါသည်။

ကာကွယ်နိုင်ရန် ရေဘူးဆောင်ထားခြင်း၊ ရေခဲရေသောက်ခြင်းမှရှောင်ကျဉ်ခြင်း၊ ဓါတ်ဆားရည်သောက်သုံးခြင်းများအပြင် အရိပ်ရသည့်နေရာ များတွင် နေထိုင်ခြင်း၊ လေဝင်လေထွက်ကောင်းသော ပေါ့ပါးချွေးစုပ်သောအဝတ်များဝတ်ဆင်ခြင်းနှင့် ပြင်းထန်သောလှုပ်ရှားမှုများကို ပြုလုပ်ခြင်းများရှောင်ကျဉ်ရန် မှာကြားထားပါသည်။

ရေချိုးချိန်များ ဂရုပြုကြရန်နှင့် အပူရှပ်ပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် အမြန်ဆုံးကုသခြင်းများပြုလုပ်သွားရန်။
Photo- Facebook
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
အရေးပေါ် ဖုန်းခေါ်ဆိုလို့ရအောင် လုပ်ထားနည်း
လူတိုင်းရဲ့ဖုန်းမှာလုပ်ထားသင့်တဲ့ နည်းလေးပါ။

မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေကို အရေးပေါ်ဖုန်းခေါ်တဲ့နေရာမှာ ထည့်ထားနည်းလေး မျှဝေလိုက်ပါတယ်။
ဖုန်းကို Lock နံပါတ်ဖြင့်ခတ်ထားရင် ဒုက္ခရောက်တဲ့အချိန် မိသားစုဆီ အကူညီတောင်းနိုင်ဖို့ ကိုယ်တိုင်ဖုန်းမခေါ်နိုင်တဲ့အခြေအနေထိရောက်ခဲ့ရင်တောင် အခြားသူက မိမိဖုန်းကိုယူပြီး အရေးပေါ်ဖုန်းခေါ်ပေးနိုင်ပါတယ်။

ဒီနည်းကို ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနိုင်ပါတယ်။ Settings စာသား အနည်းငယ်တော့ ပြောင်းနိုင်ပါတယ်။

တစ်ပုံချင်းထောက်ပြီး လေ့လာနိုင်ပါပြီ။
အားလုံးဘဲအဆင်ပြေပါစေ

#ဆော့ဝဲလမ်းညွှန်
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဟု CNDF ပြော

▪️စစ်ကောင်စီတပ် လေကြောင်းမှ အပြင်းအထန်ခုခံနေဟုဆို

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်ကစ၍ ဖလမ်းမြို့သိမ်း တိုက်ပွဲ ဆင်နွှဲလျက်ရှိရာ လေးလအကြာ မတ်လ ဒုတိယပတ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ကုန်း ခလရ(၂၆၈)တပ်ရင်းအား စစ်ရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းလို ပြင်းထန်ပါတယ်။ နေ့တိုင်းလို အနည်းနဲ့အများ ရှိတာပေါ့။လေကြောင်းကတော့ တကယ်ကို ပြင်းထန်ပါတယ်။ မနေ့ညတင်ပဲ ၁၅၀ကျော် ၂၀၀နီးပါးပေါ့။ Y12နဲ့ ဆိုလို့ရှိရင် ဗုံးသီးချတာရှိတယ်။ အနီးအနားမှာရှိတဲ့ရွာတွေကိုလည်း ပတ်ပြီးတော့ဗုံးချတယ်ပေါ့။ နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတဲ့ အခြေအနေရှိပါတယ်"ဟု ဆလိုင်းတီမီက ပြောသည်။

မတ်လ ၁၁ရက်ကစ၍ ခလရ(၂၆၈)တပ်ရင်းအား အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက မတ်လ ၁၄ရက်ကစ၍ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့အနီး ကျေးရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှင်းပြသည်။

ထိုသို့ တိုက်ခိုက်ခဲ့၍ မိန်းကလေးအပါအဝင် ၂ဦး ဒဏ်ရာရရှိထားသော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု ဆလိုင်းတီမီက ပြောသည်။

မတ်လ ဒုတိယပတ်တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားကြောင်းလည်း ဆလိုင်းတီမီက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောထားသည်။

ဒေသသတင်းရင်းမြစ်အချို့၏ အသိပေးချက်အရ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးအချို့ရှိသည်ဟု ဆိုသည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို အပြီးသတ် သိမ်းပိုက်ထားပြီး ဖလမ်းမြို့ သိမ်းနိုင်ရေးကြိုးစားနေခြင်းဖြစ်ကာ လက်ရှိတွင် မြို့အပါအဝင် မြို့နယ်အတွင်း ဧရိယာအများစုကို ထိန်းချုပ်ထားသည်။

စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့မကျရေး လေကြောင်း ပစ်ကူအပြင်းအထန် ပြုလုပ်နေသည့်အပြင် ယခင်က လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့သည်။

ထိုသို့ ကြိုးပမ်းခဲ့သော်လည်း ချင်းညီနောင်၏ တိုက်ခိုက်မှုကြောင့် စစ်ကူတပ်များ အထိနာခဲ့ပြီး စစ်သုံ့ပန်းအများအပြားကို ချင်းညီနောင်မဟာမိတ်များက ဖမ်းဆီးထားနိုင်ခဲ့သည်။

People's Spring
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
လေကြောင်းဗုံးဒဏ်ကြောင့် ဆရာတော်များ အသက်ဆုံးရှုံးရပြီးနောက် ဘာသာသာသနာကိုထိပါးလာတာမို့ တာဝန်ရှိသူဆရာတော်များက ကြည့်မနေနိုင်တော့တာကြောင့်'နောက်နောင် တစ်ခါသုံးခွက်တွင် စေတီပုံများ မရိုက်နှိပ်ဖို့' ဆိုင်ပိုင်ရှင်များကို ခေါ်ယူသတိပေးခဲ့ပါတယ်။

#ဝါနုသော်
#HPC
Forwarded from Hlaing People Channel
ငလျင်ဒဏ်ခံရချိန် ဆက်သွယ်ရေးလိုင်းများကို ခြွင်းချက်မရှိဖွင့်ပေးရန် အဖွဲ့အစည်း ၁၀၀ ကျော် တောင်းဆို

ဧပြီ ၁

နိုင်ငံအတွင်း ငလျင်ဒဏ်ခံနေရချိန်တွင် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကို ချက်ချင်း ခြွင်းချက်မရှိ ပြန်ဖွင့်ပေးရန် မြန်မာအင်တာနက်ပရောဂျက် (MIP) အပါအဝင် ပြည်တွင်းပြည်ပ ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားသောအဖွဲ ၁၂၂ ဖွဲက ယမန်နေ့တွင် ထုတ်ပြန်တောင်းဆို လိုက်သည်။

အင်အားပြင်းငလျင်ကြောင့် ဘေးဒုက္ခရောက်နေကြချိန်တွင် ပြည်သူများ၏ အသက်န္တရာယ်ကို လျစ်လျူရှုကာ စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်တောက်မှု ဆက်လုပ်ထားမှုကြောင့် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုကြောင့် နိုင်ငံတဝန်း ပိတ်ထားသော အင်တာနက်လိုင်းအပါအဝင် ဆက်သွယ်ရေးလိုင်းအားလုံးကို ချက်ခြင်း ခြွင်းချက်မရှိ ဖွင့်ပေးရန်၊ မီဒီယာများ လွတ်လပ်စွာ သတင်းအချက်အလက်ရယူမှုအပေါ် ကန့်သတ်ထားမှုများကို ချက်ချင်းဖယ်ရှားရန် တောင်းဆိုထားသည်။

အင်တာနက်ပိတ်ဆိုထားမှုနှင့် ပြည်သူများ အသင်းအချက်အလက် ရယူပိုင်ခွင့်အပေါ် ကန့်သတ်ထားမှုကြောင့် ငလျင်ဘေးကာလအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို အဟန့်အထားဖြစ်စေရုံသာမက အချိန်နှင့်တပြေးညီ အသက်မကယ်ဆယ်နိုင်သော သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို လူထုအသက်ဆုံးရှုံးမှုများနှင့် အဖက်ဖက်မှ နစ်နာခဲ့ရမှုများအတွက် စစ်ကောင်စီက အပြည့်အဝ တာဝန်ယူရမည်ဟုလည်း အဖွဲအစည်းများက ပြောဆိုထားကြသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြိုနယ်ပေါင်း ၆၇ ခုတွင် ငလျင် ဘေးဒဏ်ခံစားနေကြရသည်။ မတ်လ ၃၁ ရက်နေ့အထိ သေဆုံးသူ ၂,၅၀၆ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၉၀၀ ဦး အထိတိုးလာနေပြီး ၁၇၀ ဦးထိရှိနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ချက်အရ သိရသည်။
#DMG
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
သင်္ကြန်အကျနေ့ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် အကြီးအကျယ် ပစ်ခတ် ထိုးစစ်ဆင်နေ၊ ပြည်သူများထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၁၄

ယနေ့ သင်္ကြန်အကျနေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် အကြီးအကျယ် ပစ်ခတ် ထိုးစစ်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအချိန်အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ  မုဌောရွာ၊ သမင်ခြံရွာများအပါအဝင် ကျေးရွာများကို ဦးတည်၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊  အကြမ်းဖက်စစ်တပ်က ဒရုန်းများ၊ ဂျက်ဖိုက်တာများ၊ ပါရာမော်တာများ အသုံးပြု၍  နာရီဝက်အတွင်း လေကြောင်းပစ်ခတ်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်ယာဉ်တွေက ပျံနေဆဲဗျ။ ဉပုသ်သည်တွေ ၊ ဘုန်းကြီးတွေ ၊ ဒုလ္လဘတွေပါ ပုန်းနေကြတယ်။ ပြည်သူကို ဦးတည်ပြီး တမင်လာတိုက်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်အထိ ကနီမြို့နယ် ကောင်းကင်ယံတွင် ဒရုန်းများ၊ စက်တပ်လေထီးများနှင့် ကင်းထောက်လေယာဉ်များ ဆက်လက် ပျံဝဲနေပြီး သင်္ကြန်အကျနေ့ ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

KhitThit
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
This media is not supported in your browser
VIEW IN TELEGRAM
မင်းအောင်လှိုင်၏ နောက်တကြိမ် ဘန်ကောက် တောလား
**

မင်းအောင်လှိုင်သည် မြန်မာ နှစ်သစ်ကူးနေ့ ဧပြီ ၁၇ ရက်တွင် မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိလာမည်ဟု သိရသည်။

အန်နဝါသည် ထိုင်း ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝါထွာ နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိနေစဉ် အတွင်း မင်းအောင်လှိုင်အား လာတွေ့ရန် ဖုန်းဆက်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

အန်နဝါက ၎င်း ဖုန်းတချက် ဆက်လိုက်ယုံဖြင့် ယခုလို မြန်မာ နှစ်သစ်ကူး နှစ်ဆန်း တရက်လို အခါကြီး ရက်ကြီး တွင်ပင် တွေ့ရန် သ‌ဘောတူခဲ့ခြင်း အတွက် ကျေးဇူးတင်ကြောင်း နှင့် နိုင်ငံတွင်း စစ်ဆင်ရေး များ ရပ်တန့်မည် ဆိုလျင် အကူအညီများ ပေးမည်ဟု ရှင်းရှင်းလင်းလင်း အသိပေးသွားမည်ဟု ဆိုပြီး ယခု တွေ့ဆုံမည့် အရေးသည်လည်း လူသားချင်းစာနာ ထောက်ထားမှု နောက်ခံဖြင့် တွေ့ဆုံခြင်း ဖြစ်သည်ဟု ပြောကြောင်း မလေး သတင်းစာများ တွင် ရေးသားထားသည်။

အန်နဝါသည် ၎င်းမှ အပစ်ရပ်ရန် ဖုန်းဆက် ပြောပြီး နှစ်ရက် အကြာတွင် မင်းအောင်လှိုင်မှ ရပ်ဆိုင်းပေးခဲ့သည်ဟု လည်း ပြောပြန်သည်။

မင်းအောင်လှိုင်သည် ဘန်ကောက်တွင် သူ့ကိစ္စ နှင့် သူ ရောက်နေသော အန်နဝါ အီဘရာဟင် တဦးတည်း နှင့် သာ ‌တွေ့ဆုံမည် ဖြစ်သည်။

သတင်းတွင် သာစင် နှင့် တွေ့ရန် ရှိသည်ဟု ဖေါ်ပြမထားသော်လည်း အန်နဝါ ကမူ ၎င်း နှင့် ‌တွေ့ရန် ရှိသည်ဟု ဆိုသည်။

ကုလသမဂ္ဂ မှ ပင် စစ်ကောင်စီ၏ အပစ်ရပ်ရေးသည် ဟန်ပြသာ ဖြစ်ကြောင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ဧရာဝတီ၊ ကချင်၊ ကရင် ၊ မွန်နှင့် ရခိုင် တို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ကျူးလွန်ခဲ့ကြောင်း နှင့် ဧပြီလ ၉ ရက်နေ့ ဝန်းသိုမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင် သေဆုံးခဲ့ကြသည့် ကလေးငယ်များနှင့် ပြည်သူများ၏သတင်းဓါတ်ပုံကိုလည်း ထုတ်ပြန်  ပြောဆိုထားသည့်တိုင် ယုံကြည်နေခြင်းသည် မည်မျှ အထိ ရူးသွပ်လှပေသနည်း၊ မင်းအောင်လှိုင်က ပါးစပ်က အပစ်ရပ်ရေး နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးပေးမည် ဟု ပြောလျင်လည်း ယုံကြည်ကြမည့် လူများသာ ဖြစ်သည်။

သာစင် နှင့် အာဆီယံက တရုတ်ကြီး၏ ထားရာနေ စေရာသွား တပည့်ကြီးအား သိမ်းသွင်းလို့ ရမည်ဟု ယူဆနေသည်ကလည်း အံ့ဩဖွယ်ပင် ဖြစ်သည်။

ငလျင် နိုင်ငံရေး နှင့် လူရာဝင်လာသော မအလ သည် သွေးနားထင်ရောက်လာပြီး ပြီးခဲ့သည့် ဘန်ကောက် ခရီးစဉ် တွင် အဆင့်နိမ့် ဆက်ဆံခံခဲ့ရသည်ကို အမှတ်ရှိပုံ မရပေ။ ယခုလည်း တရုတ်ကြီး၏ တပည့်တပန်း အဖြစ်မှ လူရာဝင်ချင်နေပုံရ၍လည်း အန်နဝါက ဖုန်းလေး တချက်ဆက်ယုံမျှ နှင့် အပြေး ပေါက်ချလာခြင်းလည်း ဖြစ်သည်။ ၎င်းအား အဘယ်ကြောင့် အန်နဝါသည် မလေးရှားသို့ မဖိတ်ကြား ပဲ နေလေသနည်း ဆိုသည်ကိုလည်း စဉ်းစား နိုင်ခြင်း မရှိတော့။

မည်သို့ပင် ဆိုစေ မြေငလျင်ကြီး ကြောင့် ၎င်းတို့ ရသင့်နေပြီမှာ ကြာပြီ ဖြစ်သည့် နိုင်ငံတကာ အသိအမှတ်ပြုခံရမှု ဆိုက်ရောက်လာလေပြီဟု ကြည်နူးနေကြမည်သာ ဖြစ်သည်။ ၎င်းတို့ အဖွဲ့က လူထု ခံစားနေရသော ဒုက္ခသုက္ခများကို မှီး၍ အခွင့် အရေးများ ရနိုင်သမျှ သဲ့ယူ နိုင်ရန် စီမံနေကြပြီ ဖြစ်သည်။

လားရှိုး အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံ‌ရေး အကျဉ်းသား ၂၀၀ ခန့် နှင့် စီဒီ အမ် ဝန်ထမ်းများသည် စစ်ကောင်စီ တပ်များ လားရှိုးသို့ ဝင်မလာမီ အမြန် ရွှေ့ပြောင်းရန် ပြင်ဆင်နေကြသည်ဟု DVB သတင်းက ဆိုသည်။

အများစုသည် လောက်ကိုင် အပါအဝင် MNDAA ထိန်းချုပ်ထားသည့် မြို့များသို့ ရွှေ့ပြောင်းကြမည်ဟု သိရသည်။

လားရှိုး မြို့ပေါ် အား စစ်ကောင်စီ မှ အုပ်ချုပ်မည် ဖြစ်ပြီး MNDAA သည် မြို့ပြင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမည် ဖြစ်သည်။ လားရှိူး ရှိ တရုတ်ကောင်စစ်ဝန် ရုံး မှ နှစ်ဖက် တပ်များ အကြား ကြားနေသူ အဖြစ် ထိန်းသိမ်းသွားမည်ဟု သိရသည်။

ထိုအတိုင်းဆိုက တရုတ်သည် စစ်ကောင်စီအား ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးကိုသာ တာဝန်ယူခိုင်းပြီး လားရှိုးမှ တဆင့် ရှမ်းမြောက်ဒေသ ရှိ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး များကို ကြိုးကိုင်သွားကြမည့် ပုံစံမျိုး ဖြစ်လာနေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla soe wai
#HPC
Forwarded from Hlaing People Channel
နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဘေးဘယာကင်းဝေးပါစေဟု စစ်ခေါင်းဆောင်ပြောပြီး နာရီပိုင်းအတွင်း မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်

ဧပြီ ၁၇၊၂၀၂၅

ယနေ့ (ဧပြီ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့တစ်နေရာကို လေလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

" ကြဲသွားပြီဗျာ။ ဒီလိုနေ့ကြီး။ လူတွေ ဘုရားသွား ကျောင်းတက်နေတာကို ကြဲတာဗျာ"ဟု မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်တိုက်ကျောင်းအနီးနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။

ယခုသတင်းရေးသားနေချိန် နံနက် ၁၁နာရီတွင် နောက်ထပ် ဂျက်ဖိုက်တာတစ်စီး မိုးကုတ်မြို့ပေါ်၌ ပျံသန်းနေ၍ မြို့ခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီခေါင်းဆောင်က ဝါဒဖြန့်မီဒီယာများမှတဆင့် ယနေ့နံနက်ပိုင်းက ဆုတောင်းစကားပြောဆိုပြီးနောက် ဗုံးကြဲခြင်းဖြစ်သည်။

#PeopleSpring
#HPC
This media is not supported in your browser
VIEW IN TELEGRAM
သင်္ကြန်မိုးလဲဝတ္တရားမပျက်ရွာပေးခဲ့တယ်...
ပိတောက်တွေလဲဝတ္တရားမပျက်ပွင့်ပေးခဲ့ကြတယ်..
ဒီနှစ်လဲ ရေမစိုခဲ့ပြန်ဘူး သင်္ကြန် ရေ..
ငြိမ်းချမ်းတဲ့သင်္ကြန်
အေးချမ်းတဲ့သင်္ကြန်
အမြန်ရဖို့ကြိုးစားရင်း....!!!!!

#HPC

https://t.me/https3starmyaing
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရွှေအေးမြိုင်ဘုရားကုန်း စစ်စခန်းကို KNLA က ထပ်မံသိမ်းပိုက်၊ ယမန်နေ့ညပိုင်း သိမ်းပိုက်ခဲ့သော ကနဲလေးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ ၅၀ ကျော် ထိုင်းဘက် ထွက်ပြေး

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရွှေအေးမြိုင်ဘုရားကုန်းစစ်စခန်းကို KNLA ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်၏ ကနဲလေးစခန်းကို သိမ်းပိုက်ပြီးနောက် ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရွှေအေးမြိုင်ဘုရားကုန်း စစ်စခန်းကိုပါ KNLA ပူးပေါင်းတပ်များက ထပ်မံ သိမ်းပိုက် လိုက်ကြောင်း သိရှိရသည်။

"ဒီမနက် ရွှေအေးမြိုင် ဘုရားကုန်း စခန်းကို ကနဲလေး ကနေ ပြန်ဆင်းလာ တဲ့ အဖွဲ့ ရယ်၊ အောက်က တက်ကူ တဲ့ ဆုံဆည်းမြိုင်က အဖွဲ့ တွေ ပေါင်းပြီး တက်ကြိတ်လိုက်တာ ရသွားပြီ။ အဲဒီစခန်းက စစ်ခွေးက ၅၀ လောက်တော့ ရှိမယ်" ဟု KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ညပိုင်းက KNLA က သိမ်းပိုက်ခဲ့သော ကနဲလေးစစ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ရှိပြီး စစ်သား ၅၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း၊ လက်ရှိတွင် ကနဲလေး စခန်း တိုက်ခိုက်သိမ်းပိုက်မှု သတင်းကို မကြာမီ KNU က တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနှင့် ဘလက်ဒိုစခန်းများ၊ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်စခန်းကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ် ၊ကျုံဒိုး၊ဖာပွန်၊ သံတောင် ဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA မဟာ မိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

KhitThit
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် လက်နက်ချ အလံဖြူထောင်၊ ၁၂၀ မမ ၊ ပွိုင့်ဖိုက် လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းများ တောင်ပုံယာပုံရရှိထား

ရန်ကုန်၊ ဇွန် ၄

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး ၅၀ ကျော် လက်နက်ချ အလံဖြူထောင်ကာ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းများ တောင်ပုံယာပုံရရှိထားကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲခုခံခဲ့စဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးသွားခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် လက်နက် ချ အလင်းဝင်ကြောင်း သိရှိရသည်။

"ကိုယ့်ဘက်က ၄ ဦး Y 12 လေယာဉ်နဲ့ လာကျဲတုန်းက ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာပြင်းထန်တယ်။ သူတို့ဘက်က သူတို့လေယာဉ်နဲ့ သူတို့ ပြန်ကျဲတာ ၃၀ ကျော်သေတယ်။ ၅၀ ကျော် လက်နက်ချတယ်။ လက်နက်ချသူတွေနဲ့ပတ်သက်လို့ ကိုယ်ထိန်းထားတာလည်းရှိတယ်။ ဟိုဘက်ကို ပြေးသွားတာလည်းရှိတယ်။ လူကြီးတွေ ဘယ်လို သတင်းထုတ်မလဲတော့မသိသေးဘူး။ သတင်းတော့ ထုတ်ပြန်လိမ့်မယ်" ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် KNLA မှ ဗိုလ်ဒါဘောဦးဆောင်သော ၃၂ ဗျူဟာလက်အောက်ခံစစ်ကြောင်းများဖြစ်သည့် ကော်ဘရာစစ်ကြောင်း၊ ဗီနွမ်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ ကျားသစ်နက်စစ်ကြောင်း၊ Justice Soldiers PDF တပ်ဖွဲ့၊ Golden Eagle ဒရုန်းတပ်ဖွဲ့ အပါအဝင် ပူးပေါင်းမဟာ မိတ် တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို တော်လှန်ရေးတပ်များက ရရှိသွားပြီဖြစ်၍ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ တပ်စခန်း ၄ ခု သာကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥကရစ်ထ၊ ဝေါ်လေဗျူ ဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့ဖြစ်ကြောင်း သိရှိရသည်။

KNU က မတ်လ၊ ဧပြီလနှင့် မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီး ယမန်နေ့ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် မေလအတွင်းကလည်း သေ့ဘောဘိုး စခန်းကို ကော်ဘရာစစ် ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦး ဆောင် သော တော်လှန်ရေးတပ်များက ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။

KhitThit
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
ဖားကန့်မြို့နယ်၊ မှော်စီဇာလမ်းဆုံတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ထား

ရန်ကုန်၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာလမ်းဆုံတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်တပ်က တပ်စွဲထားသော မှော်စီဇာ ဘုရားကုန်းအနီး မှော်စီဇာလမ်းဆုံတွင် ပြည်သူ ၃ ဦး၏ အလောင်းများ တွေ့ရှိရကြောင်း၊ အလောင်းများမှာ သွေးများခဲနေပြီး ယမန်နေ့ညကတည်းက ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

"မနေ့ညက သေနတ်သံတွေကြားရတယ်။ အခု မနက် အလောင်းမှာ သွေးတွေ ခဲနေပြီးတော့ ပုရွတ်ဆိတ်တွေ ယင်တွေ အုံနေတယ်။ မနေ့ညက ပစ်သတ်ထားတာထင်တယ်" ဟု ဒေသပြည်သူက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မေလနှောင်းပိုင်းမှစတင်၍ မှော်စီဇာဘုရားကုန်းတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ကုမ္ပဏီပိုင်ကားများ၊ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

KhitThit
#HPC
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
ထိုင်းဝန်ကြီးချုပ် အစိုးရအိမ်တော်မှ ထွက်ခွာ

ဇူလိုင် ၁၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ်ဟာ ရာထူးကနေ ဆိုင်းငံ့ခံရပြီးနောက် ယနေ့ညနေ ၃ နာရီခန့်မှာ အစိုးရအိမ်တော်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် ဖုန်းပြောကြားထားသော အသံဖိုင်ပေါက်ကြားလာပြီးနောက် ကျင့်ဝတ်ဖောက်ဖျက်ခြင်းရှိမရှိ ဆုံးဖြတ်ကြားနာရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းမှ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

Photo...Khaosod
မဲဆောက်သတင်းစုံ
#HPC