ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
"မနောမြေမှ သွေးချင်းတို့၏ အောင်ပွဲများ"
-----------------------------------------

ကချင်လွတ်မြောက်ရေး တပ်တော် ကေအိုင်အေနှင့် တော်လှန်ရေး မဟာမိတ် တပ်များသည် မိုးမောက်နှင့် ဝိုင်းမော်အကြားရှိ ၁၂၀ မိုင် လမ်းတလျှောက် စစ်ကောင်စီ တပ်စခန်းများနှင့် တပ်စွဲရာနေရာ ၁၀ ခုကို တပြိုင်တည်း ဝင်တိုက်ပြီး ဖေဖေါ်ဝါရီ ၂၇ မှစ၍ ၀၃၀၇ ထိုးစစ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်ဟု သတင်းထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လိုင်ဇာအနီးသို့ လာရောက်ပစ်ခတ်လျက်ရှိပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီး ၁ လုံး ကျရောက်ကြောင်း သိရှိရသည်။

လက်ရှိတွင် လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်းကုန်း ဆယ်ခုနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူးက ဧရာဝတီ သတင်းဌာနသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ဗန်းမော်လေဆိပ်ရှိ လေယာဉ်ပြေးလမ်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်မည့် လေယာဉ်များ အတက်အဆင်း လုပ်၍မရအောင် ပျက်စီးသွားခဲ့သည်။

မြစ်ကြီးနားနှင့် ဗန်းမော်အကြား လမ်းမကြီးပေါ်ရှိ စစ်စခန်းတခုအားလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြန်သည်။

ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များသည်လည်း မုံရွာနှင့် မိုင် ၄၀ သာ ကွာဝေးသည့် ကနီမြို့အား လုံးဝနီးပါး ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပတ်ဝန်းကျင် တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။

ထိုသို့ အောင်ပွဲများ ရလာခဲ့ခြင်းသည်လည်း ရခိုင်နှင့် ကချင်ပြည်နယ်များတွင် စစ်ကောင်စီတပ်များအား စစ်ရေးအရ ဖိအားပေးထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီ အပစ်ရပ် ထိုးစစ်တွင် မပါဝင်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ ရက္ခိုင့်တပ်တော်သည် အနည်းဆုံး မြို့ခြောက်မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တွေသို့ ဦးတည်နေပြီ ဖြစ်သည်ဟု မြန်မာနောင်းတွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က မတ်လ ၇ ရက်နေ့တွင် အပြတ်အသတ် သိမ်းပိုက်လိုက်ပြီဖြစ်၍ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွင် AA က ပထမဆုံးအကြိမ် မြို့သိမ်းပိုက်နိုင်လိုက်ခြင်းလည်း ဖြစ်သည်။

မြို့တော်စစ်တွေနှင့် ၁၅ မိုင် အကွာတွင်ရှိသည့် ပုဏ္ဍားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြန်၍ စစ်တွေတွင် လျှပ်စစ်မီး ပြတ်တောက်နေပြီး မြို့ခံများ အလုံးအရင်းနှင့်ကို မြို့ကို နေ့စဉ်လိုလို စွန့်ခွာ ထွက်ပြေးနေကြပြီ ဖြစ်သည်။

တရုတ်၏ ကြားဝင်စေ့ဆပ်ပေးမှုဖြင့် ရှမ်းမြောက်ဒေသတွင်၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ညီနောင်သုံး‌ဖော် မဟာမိတ်အဖွဲ့၏ ၁၀၂၇ ထိုးစစ်ကြီးသည် ၇၇ ရက် မြောက်နေ့ဖြစ်သည့် ၂၀၂၄ ‌ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရပ်နားသွားခဲ့သည်။ သို့သော် အခြေအနေများက ဆက်၍ တင်းမာနေဆဲပင် ဖြစ်သည်။

လက်ရှိ ယာယီအပစ်ရပ် သဘောတူညီချက်တွင် ညီနောင်သုံးဖော်အဖွဲ့မှ ရှမ်းမြောက်ဒေသတွင် ဆက်လက်ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီဖက်ကလည်း လက်လွှတ်ပေးခဲ့ရသော မြို့များကို လေကြောင်းမှ တိုက်ခိုက်ခြင်း မပြုရန် တို့ပါဝင်ခဲ့သည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားပြီးဖြစ်သော နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံ မြို့များတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့‌မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ လာရှိုးတွင် အင်အား အလုံးအရင်း ဖြည့်တင်းလျက် ရှိ‌နေသည်။ မိမိတို့ ထိုးစစ်ကြီး အောင်မြင်‌နေသည့် အရှိန်အဟုန်ကို ဗြုန်းစားကြီး ရပ်ဆိုင်းပေးလိုက်ရသော TNLA အဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ရမည့် အမှားမျိုး ကျူးလွန်ခဲ့ခြင်း ရှိမရှိ မကြာမီ အဖြေထွက်လာတော့မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ စစ်ပြေငြိမ်းပေးလိုက်သော စစ်ကောင်စီ၏ အနေအထားသည် ခပ်တဲတဲသာ ကျန်တော့ပြီး အဓိက မြို့ကြီးများကို ဆက်သွယ်ထားသည့် စင်္ကြန်လမ်းမကြီး တလျောက်သာ ထိန်းထားနိုင်စွမ်း ရှိတော့သည်ဟု Eurasia Review တွင် နယူးဒေလီရှိ ကာကွယ်ရေး သုတေသနဌာနမှ သုံးသပ်ထားသည်။

ဆက်လက်၍ ရေးသားထားရာတွင် စစ်မြေပြင်တွင် အရေးနိမ့်လာမှုများကြောင့် စစ်ကောင်စီအတွင်း ဂဏမငြိမ် ဖြစ်လာပြီး ပြိုကွဲသွားနိုင်သည့် အလားအလာများ ရှိနေသည်ဟု ဆိုသည်။ စစ်ကောင်စီဖက်မှ ဗိုလ်ချုပ်အဆင့်ရှိ ဆယ်ဦး အပါအဝင် ၅,၅၀၀ ခန့် ကျဆုံးခဲ့သည်ဟု ခန့်မှန်းထားသည်။

ဆုံးရှုံးသွားသော နယ်မြေများကို ပြန်၍ သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် လူထု၏ ထောက်ခံမှု တနေ့တခြား ဆုံးရှုံးလာနေပြီ ဖြစ်သည်။ စစ်အင်အား တနေ့တခြား ပြုန်းတီးလာနေသည်ကို ပြန်၍ အင်အားဖြည့်တင်းရန် ၎င်းတို့အတွက် နိုင်ငံ‌ရေးအရ လွန်စွာ အန္တရာယ်များလှသည့် စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်လာခဲ့ရသည်။

လက်ရှိတွင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား စစ်တပ်ကို ဖယ်ရှားနိုင်ရေးဆိုသည့် အဓိက ဦးတည်ချက်မှလွဲ၍ တိုင်းပြည်၏ အနာဂတ်အရေးနှင့် ပတ်သက်၍ သဘောထား အမျိုးမျိုး ရှိနေ၍ အာဏာခွဲဝေ ကျင့်သုံးရေးတွင် အခက်အခဲများ ရှိလာနိုင်ပေသည်။
စစ်အာဏာသိမ်းအဖွဲ့နှင့် တော်လှန်ရေး အဖွဲ့များအကြား လတ်တလော ပြေလည်နိုင်မည့် ဖြေရှင်းချက်မျိုး ထွက်ပေါ်လာနိုင်ဖွယ် မရှိဖြစ်နေသည်။

အမျိုးသားညီညွတ်ရေး အစိုးရမှ စစ်တပ်သည် နိုင်ငံရေးတွင် မပါဝင်တော့ပဲ ရွေးကောက်ခံ အစိုးရ၏ လက်အောက်တွင် နေပါတော့မည်ဟူသော အာမခံချက်မျိုး ပေးနိုင်မှသာ စစ်မှန်သော ဆွေးနွေးပွဲများ ဖြစ်လာနိုင်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

သို့သော် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကဲ့သို့ မြို့ကြီးများတဝိုက် လှုပ်ရှားနေသော NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များလို အောင်မြင်မှုများ ရရှိရန် လိုအပ်နေသေးသည်။

မကြာမီက ဖြစ်ပေါ်ပြောင်းလဲလာသည့် အခြေအနေများကို ကြည့်မည်ဆိုက စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းယူနိုင်စွမ်း မရှိတော့ပေ။ လက်ရှိ မြို့များကို ထိန်းသိမ်းထားနိုင်ရန်နှင့် ထောက်ပို့လမ်းကြောင်းများကို ထိန်းသိမ်းထားနိုင်ဖို့ ခံစစ် အနေအထားဖြင့်သာ ရင်ဆိုင်ရန် ပြင်ဆင်ထားကြသည်။

သို့သော် ပြည်တွင်းစစ်သည် မြို့ကြီးပြကြီးများသို့ ကူးစက်လာနိုင်မည့် အလားအလာများ ရှိနေသည်ဟု ရေးသားထားသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

✍️ Hla Soewai

#4C_TruthNews
Forwarded from U U Aung Pwel ️
ထိုးစစ်စတင်သည့် ပထမနေ့တွင်ပင် ဂီလာနစစ်တပ်၏ စခန်းကြီး ၃ခု နှင့် စခန်းငယ် ၁၀ခုတို့ကို ကေ အိုင်အေနှင့်မဟာမိတ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ယင်းကို နောက်တစ်မျိုးဖွင့်ဆိုရသော် ပြေး ဝင်လာသော မြားမှာ စစ်ကောင်စီ ရင်ဝတည့်တည့် စိုက်ဝင်ကာ သွေးစိမ်းရှင်ရှင် ကျနေခြင်းပင်ဖြစ်သည်။ ဆက်လက်ပြီး ၃ရက်တာ ထိုးစစ်အတွင်း ကချင် ပြည်နယ်ရှိ စစ်တပ်စခန်း ၁၆ခုကို ကေအိုင်အေက သိမ်း ပိုက်နိုင်ခဲ့ကြောင်း သတင်းများကဆိုသည်။

ဂီလာနစစ်တပ်၏ အစဉ်အလာအတိုင်း ထိုးစစ်စတင်ပြီး ၂၄နာရီခန့်အကြာတွင် အလံဖြူ ထောင်ခြင်း အမှုကို ညီညီညာညာ ပြုလုပ်ကြတော့သည်။ ဒေါ့ဖုန်းယန်မြို့အခြေစိုက် ခလရ -၁၄၂တပ်ရင်း ဖြစ် သည်။  ခလရ-၁၄၂ မှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် စစ်ရေးအရ အရေးပါသော တပ်စခန်းဖြစ်ပြီး လိုင်ဇာအ နီးတစ်ဝိုက် အကြီးဆုံး တပ်စခန်းလည်း ဖြစ်သည်။

မင်းအောင်လှိုင် နားထဲ သံရည်ပူနှင့် လောင်းချလိုက်သော အလံဖြူထောင်လက်နက်ချခြင်းတွင် စစ် သားများတင်မက သူတို့၏ မိသားစုဝင်များလည်း ပါသည်။ နေပြည်တော် ကျည်လုံမှန်ခန်းထဲမှနေ၍ နောက်မ ဆုတ်စတမ်း တိုက်ပွဲဝင်ကြရန် ညွှန်ကြားနေသော စစ်ဗိုလ်ချုပ်တို့မှာ အောက်ခြေစစ်သားတို့၏ အသက်ကို ၎င်းတို့ အာဏာရရှိရေးအတွက် ထိုးကျွေးပစ်ရန်သာ ဆန္ဒရှိကြသည်။ အကာအကွယ်ပေး ကယ်ထုတ်ခြင်းမရှိ၊ အသေခံလိုက်ကြရန်သာ အသံမဲ့ တောင်းဆိုနေသဖြင့် အောက်ခြေစစ်သားတို့က အလံဖြူထောင်ကာ ကိုယ့်အ သက်ကိုယ် ရွေးနှုတ်ကြရခြင်းမှာ ရှမ်းမြောက်ဒေသ ၁၀၂၇စစ်ဆင်ရေးစတင်ကတည်းကဖြစ်သည်။

မတ်လ ၇ရက်တွင် မြောက်ပိုင်းကချင်၌ ထိုးစစ်စတင်ခြင်းနှင့်အတူ တောင်ပိုင်းကရင်တွင်လည်း KNLA နှင့် PDF ပူးပေါင်းတပ်က တိုက်ပွဲခေါ်သံ မိုးထိညံသွားခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ကြိုတင်ချိတ်ဆက် စီစဉ်မှုဟု နားလည်မိသည်။

မတ်လ၇ရက်တွင် ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ကန်းညီနောင်ဗျူဟာကုန်းကို ကာပေးထားသော တပ်ရင်း၃ခုအား စတင်တိုက်ခိုက်ခဲ့သည်။ မတ်လ၈ရက်၌ ခမရ-၃၅၅ ကို သိမ်းပိုက်နိုင်ခဲ့ကာ မတ်လ၉ ရက်၊နံ နက် ပိုင်းတွင် သင်္ကန်းညီနောင်ရဲစခန်းကို ထပ်မံသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။သင်္ကန်းညီနောင်သည် မြဝ တီမြို့နှင့် ၁၀မိုင်ခန့်သာ ဝေးပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးဘေးတွင် တည်ရှိသည်။

ကေအိုင်အေ၊ KNLA နှင့် မဟာမိတ်တို့၏ ထိုးစစ်အရှိန်သည် အချိန်မည်မျှကြာ အားကောင်းကောင်း ဖြင့် ရှေ့ဆက်မလဲဆိုသည်နှင့် မြို့မည်မျှ သိမ်းပိုက်နိုင်မလဲဆိုသည်ကို ခန့်မှန်းရန် စောနေသေးသော်လည်း ထိုးစစ်အရှိန်မှာ ယခင်ကထက် ပိုမိုအားကောင်းနေသည်မှာ သေချာသည်။ထို့ကြောင့် ကချင်နှင့်ကရင် စစ် ရေးအရှိန် ၂ခုပေါင်းမှာ ၁၀၂၇ ရှမ်းမြောက်အဟုန်ကို အမီလိုက်နိုင်မည်ဆိုပါက မင်းအောင်လှိုင် ရင်ဘတ်စည် တီးရဦးမည်သာဖြစ်သည်။

ထိုသို့ ကချင်နှင့် ကရင်တွင် စစ်မီးအရှိန်ကို မြှင့်တင်လိုက်ချိန်တွင် ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည် နယ်အတွင်းရှိ မြို့၇မြို့ကို သိမ်းပိုက်ပြီးဖြစ်သလို မြို့တော်စစ်တွေသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ ခွက်ခွက် လန် ရှုံးနေသော ရခိုင်စစ်မျက်နှာတွင် လတ်တလောစစ်ကောင်စီ လုပ်နိုင်နေသည်မှာ ကျောက်ဖြူမြို့အနီး မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ်များကို အရေးပေါ်စစ်သင်တန်း အဓမ္မပေးကာ သေတွင်းထဲ တွန်းပို့ရန် ခြေလှမ်းပြင်နေခြင်းပင်ဖြစ်သည်။

ယခုလိုအချိန်မျိုးတွင် တရုတ်ဖိအားကြောင့် အပစ်ရပ်ထားသော ရှမ်းမြောက်ဒေသ၌ တိုက်ပွဲခေါ်သံ ကို ပြန်လည်စတင်မည်ဆိုပါက ရှမ်းမြောက်နှင့် ကချင်မှ ဆင်းလာမည့် တော်လှန်ရေးတပ်တို့သည် မန္တလေး ၌ ဆုံရန် အချိန်သိပ်ကြာမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ၊ ကချင်နှင့်ကရင် ပြင်းအားမြှင့်စစ်မီးသည် အရှုံးကြီးရှုံးနေသော စစ်တပ်ကို အလုံး ကြီး တစ်လုံးပြီး တစ်လုံး ထပ်ပစ်တင်လိုက်ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်တို့ ရုရှားပြေးနိုင်ရေး အသင့်ပြင် အထုပ် ပိုက်ထား ရန် တပ်လှန့်လိုက်ခြင်းလည်း ဖြစ်သည်။

#MPA
#HlaingInfo
ဘုတလင်

ကနီနယ် အလယ်ကျွန်းတက် MI-17 Military Transport Helicopter (1)စီး ဘုတလင်နယ်ဖြတ်၍ တောင်အရပ်သို့ ပျံသန်း။

#NAS
Mar 20, 11:36AM
📡သတင်းပို့ရန် @infonas
‼️ရန်ကုန်က လူငယ်တွေ အတွက် အထူး အခွင့်အရေး‼️
----------------------------------------------------

"တောင်ပိုင်း၊ တပ်မဟာ (၁) ကွန်မန်ဒို တပ်ရင်း အတွက် PDF သင်တန်းသားသစ်များ ခေါ်ယူခြင်း"

တောင်ပိုင်း တပ်မဟာ (၁) ကွန်မန်ဒို တပ်ရင်း အတွက် PDF သင်တန်းသားသစ်များ စတင်ခေါ်ယူနေပြီ ဖြစ်တဲ့ အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထဲ ဝင်လိုတဲ့ လူငယ်များ အမြန် လျှောက်ထားနိုင်ပါတယ်။

အသက် ~ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း

ယူဆောင်လာရမည့် ပစ္စည်းများ ~ မှတ်ပုံတင်၊ အဝတ်စား လေးငါးစုံ၊ ဟိုမှာ သုံးမည့် ကိုယ်ပိုင် အသုံးစရိတ်

လမ်းခရီး ~ ရန်ကုန်မှ သင်တန်း ရောက်သည်အထိ တော်လှန်ရေး တပ်ဖွဲ့မှ စီစဉ်ပေးပါမယ်

နောက်ဆုံး လက်ခံမည့်နေ့ ~ မတ်လ (၂၅) ရက်

အထူးဖိတ်ခေါ်ခြင်း ~ Engineer နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများလဲ လိုအပ်ပါတယ်။

စည်ကမ်း သတ်မှတ်ချက်များ

• ဟိုရောက်တာနဲ့ စစ်ကြောရေး ခဏဝင်ရပါမယ်
• ရောက်တာနဲ့ ဖုန်းသိမ်းပါမယ်၊ သင်တန်းပြီးမှ ပြန်ပေးပါမယ်
• သင်တန်းကာလအတွင်း တနင်္ဂနွေနေ့တိုင်း အိမ်နဲ့ ငါးမိနစ်ခန့် ဖုန်းပြောခွင့်ရှိပါမယ်
• ဟိုရောက်ပြီးမှ အိမ်ပြန်ချင်လို့ ဆိုပြီး ခွင့်မပြုပါဘူး၊ တော်လှန်ရေးပြီးမှ ပြန်ရပါမယ်

တော်လှန်ရေးထဲကို တကယ် ထဲထဲဝင်ဝင် ပါဝင် လုပ်ကိုင်လိုသူများသာ သီးသန့်ရွေးပြီး လက်ခံတဲ့ ကွန်မန်ဒို သင်တန်း ဖြစ်ပါတယ်။

ဆက်သွယ်ဖို့ အတွက်က-

Twantay Royal - https://www.facebook.com/profile.php?id=100077579859651

4C TruthNews - https://www.facebook.com/mmtruthnews

တွေရဲ့ Messenger မှာ လာရောက် ဆက်သွယ်နိုင်ပါတယ်။

#4C_TruthNews
🔴စကစက စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်လိုက်သည်မှာရက်ပေါင်း(40)ကျော်ရှိပြီးဖြစ်၍
🔴အိမ်အပြင်မထွက်ဘဲနေနေလျှင်လုံခြုံမည်ဟုယူဆသူအများအပြားရှိသည်ကိုသုံးသပ်ရ
🔴ယခုဆိုလျှင်အိမ်တိုင်ရာရောက်ဆင့်ခေါ်စာပို့ပြီးခေါ်ဆောင်သည့်အဆင့်ကိုရောက်နေပြီဖြစ်၍
🔴ဆုံးဖြတ်ချက်ချရမည့်အချိန်ကျော်လွင်သွားပါကပြင်ဆင်ခွင့်မရနိုင်သောခရီးကြမ်းတွင်လျှောက်လှမ်းရမည်ကို3 star မှသတိပေးအပ်ပါသည်
မြိုင် 3 star
Forwarded from Magway Regional Scout Network (YU ATARASHI)
ပခုက္ကူ 📢
2:10Pm

ပခုက္ကူ တပ်ထဲမှာ ကားတွေ ၅၀‌ ကျော်အထိရှိနေပြီး ရိက္ခာတွေတင် ပြင်ဆင်နေပါတယ်။ အဲဒီကားတန်းဟာ ပေါက်ဘက်ကို သွားမယ်လို့ မှန်းဆလို့ ရပါတယ်။အခုရက်ပိုင်းအတွင်း ကားတန်းထွက်ခွာလာနိုင်ပါသည်။ပြည်သူကာကွယ်ရေးရဲဘော်များအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးအပ်သည်။

ဒါကြောင့် ပေါက်လမ်းမကြီးဘေးရှိ မိဘပြည်သူများအနေဖြင့် သတင်းဂရုစိုက်နားစွင့်ရန်နှင့် လိုအပ်လာလျင် အလွယ်တကူရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်ထားကြရန် အထူးလိုအပ်ပါသည်။

Successful Force - Pauk
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လိပ်ပြာ
MRSN
Mar 21 , 2:45PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Magway Regional Scout Network (YU ATARASHI)
ပခုက္ကူ
17:00

ဧရာဝတီတံတားကိုဖြတ်၍ စခကား အစီး ၂၀ ပခုက္ကူ တမခ သို့ ဝင်ရောင်တယ်လို့သိရပြီး ၎င်းစခကားထဲမှ ၄ စီး ကမ္မလမ်းပိုင်းကိုထွက်လာတာ ကန်တော်ကို ကျော်လာပြီလို့ သိရပါတယ်။

ကမ္မ အနီးတဝိုက်မှာလဲ စခ ပခများ ကင်းပုန်းများရှိနေ၍ ပြည်သူများ သတိထား သွားလာကြပါရန်။

#Pakokku #Kamma #Myaing
MRSN
Mar 21 , 5:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ပခုက္ကူမှာ စစ်မှုမထမ်းချင်သူတွေကို အုပ်ချုပ်ရေးမှူးက သိန်း ၄၀တောင်းနေဟု သိရ။ သင်္ကြန်ပြီးချိန် မဲနှိုက်မည်ဖြစ်ပြီး နာမည်စာရင်းမပါဖို့ရာ ပိုက်ဆံတောင်းနေ
3Star
စစ်တပ်အတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဆွဲသွင်း စစ်မှုထမ်းဆောင်ခြင်းခံရနိုင်သည့် လူငယ်လူရွယ်များအနေဖြင့် စစ်ကောင်စီ လေ့ကျင့်ရေးတပ် တည်နေရာများအား ကြိုတင်လေ့လာထားရှိရန် လိုအပ်ပါသည်။

စစ်မှုထမ်းစာရင်းသွင်း ခံရချိန်မှ စစ်သင်တန်းကျောင်း၊ စေလွှတ်ခံရသည့် တပ်ဖွဲ့၊ ရှေ့တန်းတပ်စခန်း စသည့် ရောက်ရှိရာ တပ်၊ နေရာဒေသ၊ အခြေအနေအမျိုးမျိုးတွင် စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပြီး တော်လှန်ရေးအင်အားစုများထံ ဆက်သွယ် ချိတ်ဆက်ပူးပေါင်းနိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များအား တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်လေ့လာထားနိုင်ရန် အကြံပြုအပ်ပါသည်။

ပြည်သူ့ပန်းတိုင် /3Star
Forwarded from U U Aung Pwel ️
"ကောင်လေးက မဲပေါက်တာ သူ့အဖွားကိုပြောမပြဘူး။ နောက်နေ့မှာပဲ ကောင်လေးရဲ့ အဖွားက သူ့မြေးလေး မဲပေါက်တာ ကိုသိသိချင်း heart attack ဖြစ်ပြီး သေသွားတာ။ မြေးအဖွား နှစ်ယောက်ထဲရှိတာဆိုတော့ အားငယ်သွားတာ။ အားလုံးလဲစိတ်မကောင်းဖြစ်ကြရတယ်။ ရွာကလည်း သူတို့မြေးအဖွားကို တော်တော်ချစ်ကြတာ" ဟု တွံတေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းဆောင်ရန် မဲပေါက်သည့် ကိုမျိုးမင်းဇော်မှာ အသက် ၂၅  နှစ်ရှိပြီး အဖွားဖြစ်သူကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကာ အဖွားဖြစ်သူကို မတ်လ ၁၆ ရက်နေ့တွင် ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ စစ်မှုထမ်းဆောင်ရန်အတွက် မဲနှိုက်ရန်  ဦးဆောင် စေခိုင်းခဲ့သူမှာ လက်ပံကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ကြီးနှင့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများကပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ တစ်နိုင်ငံလုံးအနှံ့ လိုက်လံ ဝေငှခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင်  ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအို လုပ်ကျွေးနေသူများ၊ ဆေးသူသမှုခံယူနေသူများကို ယာယီရွှေဆိုင်းခွင့်ပေးထားကြောင်း  ဖော်ပြထားသည်။

အလားတူ ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဆောင်ရန်မဲပေါက်သူအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ ရှိကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်လျှက်ရှိသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိသွားကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာကြသူများနှင့် ထွက်ပြေးတိမ်းရှောင်သူများလည်း အများအပြား ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူအများစုမှာလည်း စစ်မှုထမ်းရမည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စိတ်များ နေ့စဥ်မြင့်တက်လျက် ရှိနေကြောင်းသိရသည်။

ပုံစာ- စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တွံတေးမြို့နယ်အတွင်း မတ်လ ၁၃နေ့က တွေ့ရစဉ်၊

ဖေဖော်ဝါရီနောက်ဆုံးပတ်က ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီက ဝေငှခဲ့သည် လက်ကမ်းစာစောင်

#AYAT
#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
မြိုင်

ပခုက္ကူနယ်ဘက်ကနေလာပြီး
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမရွာပျူစခန်းကို
မနေ့က ဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 10:00 ကျော်လောက်က
တွင်းမရွာကနေ မြောက်ဘက်ကို ထွက်ခွာလာပြီး
နေ့လည် 12:30 ကျော်လောက်မှာ သာစည်ရွာကို
ဝင်ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများသိရပါက
ထပ်မံဖော်ပြပေးပါမည်။

We Love Myaing.
MRSN
Mar 22 , 1:00PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ရေစကြိုဇီးတောမှထွက်လာသောခွေးကြောင်းယခုလင်းကတောအရှေ့တဲကြီးရွာသစ်ရောက်နေဟုသိရသဲပုံမှထန်းသမားတစ်ရောက်ရွာထောင်ရာွမှအမျိုးသမီးနှစ်ရောက်ဖမ်းဆီးလာဟုသိရ
22.3.24
# Y-17 M အရှေ့ပိုင်းဇုန်Io#
3 star
မြိုင်နယ်လင်းကတော စခများ ပြည်သူ့ လိုင်းကားနှစ်စီး သုံးဘီးတစ်စီး ဆိုင်ကယ် သုံးစီး နှင့်ပြည်သူများကို ဖမ်းဆီးပြီး လင်းကတောရဲစခန်းအတွင်းခေါ်ဆောင်သွားကြောင်း ရှေ့တန်းရဲဘော်များမှသတင်းပေးပို့ထား
26.3.24
3 star
26.3 .24 ကမ္မ စခကားတန်းဂျိုးပျံအနောက်တောင်ဘက် ကန်ကြီးဘုရားအနီးတိုင်(ပေါက်နယ်) သာကြီးတောင်ရေနံမြေ ဦးတည်နေသိ့ရ
3 star
ငါးအိုး

MI-17 Military Transport Helicopter (1)စီး ငါးအိုး​မြောက်ခြမ်းဖြတ်၍ ​အ​​နောက်​အရပ်သို့ ပျံသန်း။

#NAS
Mar 26, 2:14PM
📡သတင်းပို့ရန် @infonas
​ရွှေဘို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​​ရွှေဘိုရှေ့ခြမ်းဖြတ်၍ ​မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 26, 2:28PM
📡သတင်းပို့ရန် @infonas
ဝက်လက် ⚠️

ဝက်လက်နယ်ဖြတ် တံတားဦးလေတပ်တက်  နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Mar 25, 2:28 PM
📫သတင်းပို့ရန် @WaiHinBot