ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မမြဲခြင်းတရားတွေ

အရင်ကတော့ ပုံထဲကဟာကြီးက ကျည်လွတ်နယ်မြေ မြန်မာပြည်မှာ အလုံခြုံဆုံးနေရာကြီးပေါ့ အခုတော့လည်း မမြဲခြင်းသဘောအရ ဒီနေရာကပဲ မီယမ်မာပြည်မှာ အန္တရာယ်အများဆုံးနေရာအဖြစ် ပြောင်းလာနေပြီ

ကံကောင်းပါဇီ🤣
နေပါ နေပါ.. အေးအေးချမ်းချမ်း နေကြပါ.. ပြီးရင်တော့ စစ်မှုထမ်း မတရား ဖမ်းဆီးနေလို့ တို့မြို့ တို့ရွာက အုပ်ကြီးတွေကို လာသတ်ပေးပါ ဆိုပြီး မအော်ကြနဲ့ပေါ့လေ..

အ..ဟစ်..ဟစ်.. 🤣

#4C_TruthNews
Forwarded from Maun Media
ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ...
နိုဝင်ဘာ ၂၃ ၊ ၂၀၂၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
ဆီမီးခုံမြို့၊ ရွှေစည်းခုံဘုရားအရှေ့ဘက်က ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်အတွင်း မူးယစ်သောက်စားနေတဲ့ ရဲ ၃ ယောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းမှာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း နယ်ထိန်းရဲ ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ကျန် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိကာ G-3 သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9 အဖွဲ့၊ တလုပ်-PDF နဲ့ ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Forwarded from Maun Media
မိတ္ထီလာခရိုင်ထဲက မြို့နယ် ၃ ခုမှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်လာနေ...
နိုဝင်ဘာ ၂၃ ၊ ၂၀၂၄
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာ၊ မလှိုင်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်တပ်ထဲဆွဲသွင်းနေသလို ငွေညှစ်တောင်းခံတာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းနဲ့ ပကဖ တွေဆီက သိရပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် တစ်ရက်တည်းကိုပဲ စစ်ကောင်စီက လူငယ် အယောက် ၅၀ ကနေ ၁၀၀ ကြားအထိ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းသလောက် မပေးနိုင်သူတွေကို မိတ္ထီလာအခြေစိုက် ၁၁၃ တပ်ရင်းထဲ ပို့ဆောင်လိုက်တယ်လို့ Voice Of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီအာဏာပိုင်တွေက ၅ ရက်တစ်ခါရှိတဲ့ ဝမ်းတွင်းမြို့၊ သဲတောစျေးကြီးနေ့မှာ လူငယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။
" ၁၉ ရက်နေ့က စျေးနေ့ဆိုတော့ သူတို့( စစ်တပ်) က မြို့အဝင်အထွက် နေရာတွေမှာ ဂိတ်တွေချပြီး တစ်ဂိတ်ကို ၁၀ ယောက်ကျော်နှုန်းနဲ့ ဖမ်းသွားတယ်ပေါ့။ ဆိုင်ကယ်နှစ်ယောက်စီးတဲ့လူငယ်တွေ အများဆုံးဖမ်းခံရတယ်။ ခါတိုင်းဆို ဆိုင်ကယ်နှစ်ယောက်စီးရင် ဖမ်းပြီး ဒဏ်ရိုက်ရုံပဲ ။ အခုက ဆိုင်ကယ်နှစ်ယောက်စီးတာနဲ့ ဖမ်းပြီး ထွေအုပ်ရုံးထဲ ထည့်ထားတော့တာပဲ။ ပြီးတာနဲ့ ငွေညှစ်တယ်။ မပေးနိုင်ရင် မိတ္ထီလာ (၁၁၃) တပ်ထဲကို တန်းပို့တာပါပဲ။ အပို့မခံရပဲ ပြန်လွတ်လာတဲ့သူတွေပြောတာတော့ စစ်မူ့ထမ်းခေါ်တာနဲ့ သူတို့ ချက်ချင်းလာပါမယ်ဆိုပြီး စာချုပ်မှာလက်မှတ်ထိုးခဲ့ရတယ်တဲ့။ အဲ့တာတောင်ပိုက်ဆံပေးနိုင်တဲ့သူတွေမို့ပါ။ လူတစ်ယောက်ကို အနည်းလေး သိန်း၄၀ကနေ အများဆုံး သိန်း၈၀ အထိတောင်းပါတယ်။" လို့ Voice Of Wundwin တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်တစ်နေ့တည်းမှာပဲ ဝမ်းတွင်းမြို့နယ်ထဲက သီးကုန်း ၊ ဘုရားစု ၊ ဆပ်ခင်း ၊ ဆည်ရွာ ၊ ကျွတ်ကန် စတဲ့ ရွာတွေကပါ စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
" ၁၉ရက်နေ့ကစပြီး ညရော နေ့ပါ နေ့တိုင်းပေါ်တာဆွဲနေတာပါ ။ တစ်ချို့ရွာတွေဘက်မှာဆိုညယောက်ျားလေးရှိတဲ့အိမ်တွေတိုက်ရိုက်ကားမောင်းလာပြီး အိမ်ပေါ်တက်ဆွဲတယ်ပြောတယ်။ မနေ့ကလည်း သစ်ပလွေကန် ဆိုတဲ့ရွာမှာ လယ်စိုက်နေတဲ့ လူကိုပါ လယ်ထဲဆင်းဖမ်းသွားတာ" လို့ Voice Of Wundwin တာဝန်ရှိသူက ဆက်ပြောပါတယ်။
ဝမ်းတွင်းမြို့နယ်နည်းတူ မိတ္ထီလာမြို့နယ်မှာလည်း စစ်တပ်လေယာဥ်ကွင်းနဲ့ တပ်မဌာနချုပ်တိုက်ခိုက်ခံရပြီးချိန်ကစလို့ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ရက်နေ့ ကလည်း မိတ္ထီလာမြို့နယ်၊ ကံကြီး ကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသား၁ယောက်ကို ကျေးရွာ အာဏာပိုင်ဆိုသူတွေက ထိုအမျိုးသား လယ်ထွန်နေချိန်မှာ မတရား ဝင်ရောက်ဖမ်းဆီးပြီး ခမရ ၁၁၃ မိတ္ထီလာ စစ်သားစုဆောင်းရေးတပ်ထဲ အတင်းအကြပ် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အခုလိုမျိုးဖမ်းဆီးမှုတွေက စစ်မှုထမ်းအတွက်ရော တော်လှန်ရေးတပ်တွေရဲ့စစ်ရေးဖော်ဆောင်မှုအတွက် အဟန့်အတားဖြစ်အောင်လို့ပါလုပ်ဆောင်နေတာဖြစ်တယ်လို့ မိတ္ထီလာပကဖ ဒုတာဝန်ခံ ကိုမိုက်ကယ်က သုံးသပ်ပြောဆိုပါတယ်။
" လက်ရှိ မိတ္ထီလာခရိုင်ထဲက ဝမ်းတွင်း၊ မိတ္ထီလာ နဲ့ မလှိုင်မှာတော်တော်ဆိုးတယ်ပြောရမယ်။ သာစည်တော့သတင်းမကြားသေးပါဘူး။ အခုသိသလောက်ဆို ၁၁၃ ထဲ ခေါ်ထည့်ထားတယ်ကြားပါတယ်။" လို့ မိတ္ထီလာပကဖ ဒုတာဝန်ခံ ကိုမိုက်ကယ်က မောင်းကိုပြောပါတယ်။
၂၀၂၄ ခုနှစ် ၊ ဧပြီလကစတင်ခဲ့တဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ် လူရွယ်အများအပြား ဖမ်းဆီးခံနေရတာဖြစ်ပြီး ပြည်ပနဲ့ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ဒု​နဲ့ဒေး ရှိနေတာဖြစ်ပါတယ်။
ပုံစာ - မိတ္ထီလာ အခြေစိုက် ခမရ ၁၁၃ တပ်ရင်း ကိုတွေ့ရစဥ် ( ပုံဟောင်း)
Forwarded from Shwe Moe
ဒင်းတို့တွေ အချင်းချင်း ပြိုင်နေတာသိသာတယ်နော်

အချင်းချင်းတောင် သူ့ထက်ငါပိုရူးကြောင်းပြိုင်နေတာကြည့်ပါလား —

November 23rd, 2024
#MaShweMoeKorea
ကျွန်းလှ⚠️

ကျွန်းလှမြိုနယ်၊ မဒေါင်ကျေးရွာအားမီးရှို့ပြီးထွက်လာသော စစ်ခွေးနှင့်ပျူခွေးများသည် လွှတ်တိုက်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်စီးနေသည်ဟု ကြားသိရ။
https://t.me/m2nQSzdXozljZmM1
Nov 23, 6:00 PM

📫သတင်းပို့ရန်
ပုဇွန်တောင် ပွဲဈေး သတိ

နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့ ညနေ ၆ နာရီ ၂၅ မိနစ်နဲ့ ၇ နာရီ ၅၀ မိနစ် အချိန်တွေက ရန်ကုန်တိုင်း တာမွေမြို့နယ် အတွင်းမှာ ပေါက်ကွဲမှုကြီး ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူတစ်ဦးက သတင်းပေးပို့လာပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာနဲ့ အနီးဝန်းကျင်မှာ အကြမ်းဖက် စစ်ခွေးတွေ ရှိနေကြောင်း သိရပြီး တာမွေနဲ့ ပုဇွန်တောင်က မဝေးလှတာမို့ တော်လှန်ပြည်သူတွေ အနေနဲ့ ပုဇွန်တောင် ပွဲဈေးကို သွားလာခြင်း မပြုကြဖို့ သတိပေးထားပါတယ်။

အကြမ်းဖက် စစ်တပ်ရဲ့ ယုတ်မာမှုကြောင့် ခွေးသေဝက်သေ သေခဲ့ရင် ကိုယ်ဖြစ် ကိုယ်ခံပါပဲ..။

#4C_TruthNews
"ကျွန်တော်တို့ ပြည်သူလူထုဟာ သူတစ်ပါး ပြုသမျှ နုရမှာ မဟုတ်ဘူး၊ ဘယ်လောက် စစ်ရေးပါဝါ ကြီးပါစေ၊ တိုင်းပြည်အကျယ် ဧရိယာ ဘယ်လောက် ကြီးပါစေ ကျွန်တော်တို့ ပြည်သူလူထု တကယ် ညီတယ်ဆိုရင် ငါတို့သည် အပြုခံ မဟုတ်ဘူး ငါတို့ဟာ ပြုနိုင်သူတွေ ဖြစ်တယ်ဆိုတာ ပြကိုပြရမယ်။ ရွေးကောက်ပွဲ မရှိတဲ့ တိုင်းပြည်ကနေပြီးတော့ ရွေးကောက်ပွဲ တကယ်လုပ်ခဲ့ပြီး တကယ်နိုင်တဲ့သူ အာဏာမလွဲဘဲနဲ့ တစ်ကနေ ပြန်စမယ် ဆိုတာကို ဟုတ်ပါတယ် လုပ်ပါလို့ ပြောဆိုကတည်းကိုက မိမိကိုယ်တိုင် ကျင့်နိုင်တဲ့တရားသာ ကိုယ်ဟောပါလို့ ပြောချင်တယ်"

❐ ဦးမင်းကိုနိုင်

(နိုဝင်ဘာ ၂၁ ရက်၊ လူထုလှုပ်ရှားမှု ရက်သတ္တပတ် ဆွေးနွေးပွဲမှ ကောက်နုတ်ချက်) 

#4C_TruthNews
"GFS Model ခန့်မှန်းအရ နိုဝင်ဘာ ၂၈ -၂၉ - ၃၀ ရက်များမှာ မိုးများနိုင်သည့်ဒေသများအခြေအနေပြ မြေပုံ"
နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီ GFS Model UPDATE
၄ ရက်စာ မိုးလေဝသကြိုတင်ခန့်မှန်းချက်
🌹K~Y~A🌹

https://t.me/m2nQSzdXozljZmM1

မြိုင်~3Star
24-11-24မင်္ဂလာ နံနက်ခင်းလေးပါလို့ ကျနော်များ......
3 Star 🦅အဖွဲ့ မှ နှုတ်ခွန်းဆက်သ ၊ ဂါရဝ ပြုလိုက်ပါသည်  🙏🙏🙏 🌸🦋🌸
အားလုံးလဲ ကာယ ၊ စိတ္တ နှစ်ဖြာသောသုခနှင့် ပြည့်စုံပါစေ ၊ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ ၊ ရန်သူမျိုး (၅)ပါး ဘေးမှလည်း ကင်းဝေးနိုင်ပါစေ ယနေ့ နံနက်မှစ၍ ဘေးကင်း သာယာလှပသော နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်၊ဖြတ်သန်းနိုင်ကြပါစေလို့...
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
🌹💐🌹🙏🙏🙏
မြိုင် ~3Star
Forwarded from Maun Media
မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၃ ၊ ၂၀၂၄
မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့၊ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းမှာ မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်း၊ ကန်နီရွာရှိ အကြမ်းဖက်စစ်သားများရှိရာနေရာများကို RC Plane ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
"ဒီနေ့ညနေ ၃နာရီလောက်မှာ မဟာမိတ်အဖွဲ့တွေနဲ့အတူ ကန်နီပျူရွာထဲက စစ်သားတွေရှိတဲ့နေရာတွေကို ဗုံးသီး အလုံး၂၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ စခနဲ့ပျူစောထီးတွေ ထိခိုက်နိုင်ပေမယ့် အတည်မပြုနိုင်သေးပါဘူး." လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့ နဲ့အတူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့နဲ့ ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁) ပခုက္ကူခရိုင် တပ်ရင်း (၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
"ဒီကနေ့၊ နိုဝင်ဘာ ၂၃ က ကျနော်တို့ ဗစ်တာ ပြောက်ကျားတပ်ဖွဲ့ တည်ထောင်တာ ၃လပြည့်ပါတယ်။ အခုမှ တော်လှန်ရေးစရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ စားဝတ်နေရေးကအစ ရွာခံမရှိတော့ ပိုပင်ပန်းတယ်။ ရိက္ခာကအစ ကိုယ်တိုင်အားထုတ်နေရပါတယ်" လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၂၂ရက်၊ မနေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်မှုထမ်းအတွက် မဲဖောက်ပေးနေတဲ့ လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ စစ်တပ်ဂိတ်များကို မြင်းခြံတော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ ( MDDS ) နဲ့အတူ မြင်းခြံခရိုင် အမှတ် ၄၊ ၁၀ တပ်ရင်း၊ ရှားထူးဝေါနည်းပညာ Team 2 နဲ့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့က လယ်သစ်ကျေးရွာထဲက အကြမ်းဖက်စစ်သားများရှိရာနေရာများကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အမျာအပြား ထိခိုက်သေဆုံးနိုင်တယ် လို့ဆိုထားပါတယ်။
ပုံစာ- မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်
⚠️မုံရွာ

စွမ်းရည်ထက်ဂိတ် မှ စခ များ မြေနဲ နှင်​ြ မအူကြား ရောက်နေကြောင်းသတင်းရ။

#SSN
Nov 24 , 8:00AM

https://t.me/m2nQSzdXozljZmM1
⚠️ကန့်ဘလူ

ဇီးကုန်းထွက် ခွေးအကောင် (၅၀) နဂါးဗိုလ်ရွာဘက်သို့ထွက်နေကြောင်းသတင်းရ။

#SSN
Nov 24 , 8:21AM
https://t.me/m2nQSzdXozljZmM1
ဆိပ်ဖြူ

23.11.24/11:00AMက
ဆိပ်ဖြူမြို့မှ ကပစ၂၂အတွင်း စကစ ကား(၉)စီး၊အင်အား(၁၇၀)ခန့်၊(၁၂)ဘီးကား ရိက္ခာတင် (၁)စီး၊ကားသေး(၁)စီး၊ဂျမ္ဗာ(၁)စီးအပါဝင် အင်အားဖြည့်ထားကြောင်း သိရပါသည်။

B-6

Myaing 3 Star

https://t.me/m2nQSzdXozljZmM1
⚠️ကျွန်းလှ

ကျွန်းလှမြို့နယ် ကုက္ကိုကုန်းအုပ်စုမှ ထွက်လာသော စစ်ခွေးနှင့်ပျူခွေးများ အင်အား(စီစစ်ဆဲ)သည် တောင်ယာဆိပ်အုပ်စုသို့ ဝင်ရောက်နေသည်ဟု သတင်းရရှိ။

#SSN
Nov 24, 9:30 AM

https://t.me/m2nQSzdXozljZmM1
မင်းတပ်🔴

10:47 AM , Nov 24
- ယမန်နေ့ည မကွေးလေတပ်တက်ဂျက်ဖိုက်တာမှ
  မင်းတပ်မြို့ပေါ်တနေရာကို 11:05 PM အချိန်တွင်
  ပထမအကြိမ် ပေါင် ၅၀၀ တစ်လုံးကြဲပြီး
  11:09 PM အချိန်တွင် ဒုတိယ ပေါင် ၅၀၀ ဗုံး
  တစ်လုံးကို ထပ်မံကြဲချတိုက်ခိုက်ခဲ့ပါတယ်။
- ယခု 10:22 AM အချိန်တွင် မကွေးလေတပ်မှ
  အနောက်ဘက်ကို ဖိုက်တာတက်ထားပါတယ်။
  ဖြတ်သန်း လမ်းကြောင်းပျောက်နေပါတယ်။
- အစစအရာရာ ဂရုစိုက်ကြပါ 

  ဘေးကင်းအောင်မြင်ကြပါစေ အမျိုးများ  🙏

- Hkl
#MRSN
Nov 24 ,  10:57AM
https://t.me/m2nQSzdXozljZmM1