ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ဝမ်းတွင်း

(24/11/2024)(10:00AM)
ပင်းတလဲသွားလမ်းပေါ်က ဖိုလ်ကုန်းဇရပ်
ဖက်-စ-စ်-ခွေး များ ပြည်သူကိုနှောက်ယှက်ရေးရှိ။


(24/11/2024)(10:00AM)
သဲတော သံလမ်း အရှေ့ဘက်
ဖက်-စ-စ်-ခွေး(၁၅)ကောင် ထောက်ခံစာနှင့်မှတ်ပုံတင်ပြခိုင်းပြီးပြည်သူကိုနှောက်ယှက်နေ၊ မပါရင် ငွေတောင်း၊

#VOW
#MRSN
Nov 24 ,  11:00AM

https://t.me/m2nQSzdXozljZmM1
ဧရာဝတီ ရေပြင်

အထက်ဘက်မှ စုန်လာသော စခအင်အားပါသံခွန်(၁)စီးသည် မာလာရွာဖြတ်၍ အောက်ဘက်သို့  စုန်ဆင်းသွားကြောင်းသတင်းရ။

#Yaypyin
Nov 24, 1:57PM

https://t.me/m2nQSzdXozljZmM1
Forwarded from MPANews
ဆိပ်ဖြူတွင် စစ်ကားသုံးစီးကို PDF အနီးကပ်ပစ်ခတ်၊ စစ်သားခြောက်ဦးသေဆုံးဟုဆို

24 Nov 2024 By Ra Wai / MPA

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကားသုံးစီးကို PDFတပ်များက လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ခြောက်ဦးသေဆုံးကြောင်းသိရသည်။

နိုဝင်ဘာ ၂၃ရက်၊ ညနေ ငါးနာရီမထိုးမီ ကပစ ၂၂မှ ဆိပ်ဖြူမြို့သို့ထွက်လာသည့် စစ်ကားသုံးစီးကို ၁၀မိုင်လမ်းဆုံနှင့် ဆိပ်ဖြူမြို့ကြား ကားလမ်းပိုင်းတစ်နေရာ၌ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် မီတာ ၁၀၀အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yenanthar Youth Force အဖွဲ့က သတင်းထုတ်ပြန်သည်။

"မိုင်းမဆွဲခဲ့ပါဘူး။ လက်နက်ကြီးနဲ့လက်နက်ငယ်နဲ့ ပစ်ခဲ့တာပါ။ မိုင်းအစား လက်နက်ကြီးသုံးခဲ့တာပါ၊ ကားပျက်စီးအောင်။ လက်နက်ကြီးမှန်သွားတော့။ မီးခိုးတွေတော့ ထွက်သွားပါတယ်" Yenanthar Youth Forceအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/aDFQx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မုံရွာ⚠️

မုံရွာ နမခ မှ Mi-35 တိုက်ခိုက်ရေး  ရဟတ်ယာဉ် ၁စီး အရှေ့မြောက်ဘက်သို့ ပျံတက်။

#WaiHin
Nov 24, 3:28 PM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️မုံရွာ

ကူတောရွာ ရတနာမုန်ကျောင်း ထဲသို့ စွမ်းရည်ထက် မှ စခ များ ရောက်နေကြောင်းသတင်းရ။

#SSN
Nov 24 , 4:20PM

https://t.me/m2nQSzdXozljZmM1
မင်းတပ်

1:25 PM , Nov 24
- ယခု မင်းတပ်မြို့ပေါ် Y-8 စစ်ထောက်ပို့
  လေယာဥ်တစ်စီးဝဲပျံပြီး ၂၇၄ တပ်ရင်းထဲသို့
  လေထီးဖြင့် ခွေးစာများ၊ ခဲယမ်းများကို
  ပစ်ချပေးနေတာ ၂ ကြိမ်ရှိနေပါပြီ။

- Hkl
#MRSN
Nov 24  , 4:42 PM

https://t.me/m2nQSzdXozljZmM1
အမျိုးသမီးက ရင့်ကျက်ပြီးသား
နှင်းဆီတစ်ပွင့် ထင်ပါတယ်။

ခူးရတာသိပ်ခက်သလို
ဆူးကလည်းသိပ်နက်တယ်။

ကျွန်တော် ဘယ်လောက်ချွေချွေ
"အမျိုးသမီး"က ကျွန်တော့အပေါ်
လုံးဝ ကြွေကျမလာခဲ့ဘူး။

-Nuye

https://t.me/m2nQSzdXozljZmM1
မြိုင်.3Star
Forwarded from Wai Hin (ဝေဟင်) (R a i n)
⚠️မိတ္ထီလာ

ရှမ်းတဲလေတပ်မှ Jet Fighter 1စင်း မြောက်ဘက်သို့ ပျံတက်။

#EAR
#WaiHin
Nov 24,8:05 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မန္တလေး

08:06 PM

ပုသိမ်ကြီးဖြတ်၍ Y-12 စစ်ထောက်ပို့လေယာဉ် တစီး တောင်ဘက်သို့ပျံသန်း


#WaiHin
Nov 24,8:08PM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️မုံရွာ

မုံရွာ နမခမှ ထွက်လာသော စခများ ပုလ္လင်ကုန်းရွာ ဘုန်းကြီးကျောင်းထဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။

#SSN
Nov 24 , 8:00 PM

https://t.me/m2nQSzdXozljZmM1
ပခုက္ကူ

တပ်မ ၁၀၁မှ Drone (1)စီး
ပခုက္ကူဖြတ် အနောက်မြောက်အရပ်သို့ ပျံသန်းနေကြောင်းသိရပါသည်။

24.11.2024/8:26PM

https://t.me/m2nQSzdXozljZmM1
⚠️မတ္တရာ

နိုဝင်ဘာ ၂၂နေ့တွင် မတ္တရာမြို့နယ် အနောက်‌တောင်ခြမ်း တောပုရွာ နှင့် စိန်ပန်းကုန်းရွာ အနောက်ဘက် ကျွန်း‌ပေါ် အနီးတဝိုက်သို့ တံတားဦးတက် J-Fighter ၂စီး (9:09AM)နှင့် ဒုတိယကြိမ် တံတားဦးတက် J-Fighter ၂စီး(11:34AM)အချိန်တို့တွင် ပေါင်၅၀၀ ဗုံသီးများနှင့် ဓာတုဗုံသီးများ ကျဲ၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံး၍ ကလေး ၁ဦး လက်နက်ကြီးစ ထိမှန်ကာ နွားများ သေဆုံးခဲ့ကြောင်း သိရှိရသည်။
(‌J-Fighter 4စီးဖြင့် လေကြောင်း ပစ်ခတ်)

မတ္တရာမြို့နယ် အနောက်ခြမ်း ဥဒိန်ရွာမှ ထွက်လာသော ခွေးများသည် Nov.23နေ့ မနက် ၁၀:၀၀ခန့်တွင် သူဌေးကုန်းရွာနှင့် သမင်ခြံရွာတို့ရှိ ပြည်သူနေအိမ်များကို ရက်ရက်စက်စက် မီးရှို့ဖျက်စီးခဲ့သည်။

အလားတို့ မတ္တရာမြို့နယ် ငယ်တိုးရွာနှင့် သဖန်းဒေါင့်ရွာမှ ထွက်လာသော ခွေးများသည် ရွှေဘိုးကြီးရွာ ထန်းခြောက်ရွာနှင့် ဆောက်ခြုံပေါက်ရွာတို့ရှိ ပြည်သူပိုင် နေအိမ်များကို ထပ်မံမီးရှို့ ဖျက်စီးခဲသည်။

ယနေ့(Nov.24)တွင် မတ္တရာမြို့နယ် မြွေပုသိမ်ရွာနှင့် မြွေသစ်တောရုံကြားရှိ ပြည်သူပိုင်နေအိမ်တချို့ကိုလဲ ထပ်မံ မီးရှို့ ဖျက်စီးခဲ့ကြောင်း သတင်းရရှိထားသည်။

မတ္တရာမြို့ပေါ် ဘောလုံးကွင်းထဲမှ 81mm , 120mm ,122mm(အတွဲလိုက်ပစ်) မစ်ဇိုင်း လက်နက်ကြီး  , ဟောင်ဝှစ်ဇာ လက်နက်ကြီးတို့ဖြင့် မတ္တရာမြို့နယ် အနောက်ခြမ်းအား လက်နက်ကြီးများ အဆက် မပြတ် ပစ်ခတ်နေကြောင်း သတင်းရရှိထားသည်။

မတ္တရာမြို့နယ်  အနောက်ခြမ်းရှိ ရွာအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရကြောင်းနှင့် ပြည်သူများအတွက် စာနပ်ရိက္ခာများနှင့် အနွေးထည်များ ၊ ခြုံထည် စောင်များ လိုအပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိထားရပါသည်။
Nov.24 . 8:29PM

#wetletinformationalnetwork
#SSN
Nov 24 , 8:54 PM

https://t.me/m2nQSzdXozljZmM1
မြိုင်မြို့ နယ်
🦅🦅🦅
ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)
နိုဝင်ဘာ ၂၄၊ ၂၀၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တည်ထောင်တာ ၃ လပြည့် အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ သိရပြီး လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့နဲ့ ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း (၁) ပခုက္ကူခရိုင် တပ်ရင်း (၂) တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
https://t.me/m2nQSzdXozljZmM1

မြိုင်.3Star
မင်္ဂလာ နံနက်ခင်းလေးပါလို့ ကျနော်များ......
3 Star 🦅အဖွဲ့ မှ နှုတ်ခွန်းဆက်သ ၊ ဂါရဝ ပြုလိုက်ပါသည်  🙏🙏🙏 🌸🦋🌸
အားလုံးလဲ ကာယ ၊ စိတ္တ နှစ်ဖြာသောသုခနှင့် ပြည့်စုံပါစေ ၊ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ ၊ ရန်သူမျိုး (၅)ပါး ဘေးမှလည်း ကင်းဝေးနိုင်ပါစေ ယနေ့ နံနက်မှစ၍ ဘေးကင်း သာယာလှပသော နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်၊ဖြတ်သန်းနိုင်ကြပါစေလို့...
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
🌹💐🌹🙏🙏🙏
မြိုင် ~3Star
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်တောင်ပိုင်း ကြူရွာတွင် အကြမ်းဘက် စစ်ခွေးစစ်ကြောင်းရောက်ရှိ့နေပြီး ကြူရွာဘုန်းကြီးကျောင်း(အနောက်ကျောင်း)ထဲးတွင် အပျစ်မဲ့ပြည်သူများအား ဖမ်းစီးရိုက်နှတ်နေကြောင်းသိရပါသည်။
25.11.2024/7:40AM
ရဲဘော် တပ်ပု
Myaing 3 Star

https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (😘 Hnìn 😘)
ဖလမ်း⚠️

ဖလမ်းနယ် တနေရာပေါ်တွင် ဂျက်ဖိုက်တာ တစ်စီး ပျံသန်းဝဲ

#WaiHin
Nov 25 , 8:35AM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️ကန့်ဘလူ

ကန်ဘလူမြို့နယ်ချပ်ကြီးအထိုင်မှစကစ+ပျူအင်အား(၅၀)ခန့်ညောင်ကန်သာကျေးရွာမှတဆင့်တမာကုန်းဘက်ဦးတည်နေကြောင်းသိရ။

#SSN
Nov 25,8:01 AM

https://t.me/m2nQSzdXozljZmM1
မုံရွာမြို့နယ်

ဇလုပ် (အနောက်ရွာ)ထဲတွင်
စစ်ခွေးများ အကြမ်းဖက် မွှေနှောက်နေကြောင်းသိရပါသည်။

25.11.2024/9:20AM

https://t.me/m2nQSzdXozljZmM1
မကွေးတိုင်း ရေစကြို

ရေစကြို မြို့နယ်
ကြူရွာနှင့်ဆင်ကြိုးရွာတွင်စခစစ်ကြောင်းရောက်ရှိနေပြီး ပြည်သူများကိုလည်း ဓားစာခံ အဖြစ်ဖမ်းစီးထားပြီး ရိုက်နက်မှုများ ပြုလုပ်နေကြောင်းသိရပါသည်။

မပည 46Q GJ 26799 70257

Nov 25, 2024(Mon)

9:46AM

Y.S.O. AZ

Myaing 3 Star

https://t.me/m2nQSzdXozljZmM1