ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
🚨ပခုက္ကူ🚨

ပခုက္ကူမြို့နယ် အနောက်ပိုင်း ကန်တော်ရွာမှ ထွက်လာသော အင်အား(180)ခန့်ပါ အကြမ်းဖက်ခွေးစစ်ကြောင်းသည် ပခုက္ကူနယ်အနောက်ခြမ်းနှင့် မြိုင်နယ် အစပ်ရှိ ကန်မြင့်ကုန်းရွာ အနောက်တောင်ဘက်သို့ ရောက်ရှိနေကြာင်း သတင်းရရှိ။

#EIO
May 6, 6:16Pm

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
06.05.2025
05:55 pm
ကျောက်ထုသတင်း

ဆောမြို့နယ်၊ကျောက်ထုတိုက်နယ်၊တပြင်းကျေးရွာမှာ မေလ(၄)ရက်နေ့မှာ တပြင်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဦးဇင်တစ်ပါး(လူနာမည်
ကိုသန်းမင်း) အသက် (၄၀)နှစ်ဟာ ကျောက်ထုအမြောက်တပ်မှ စစ်ခွေးတွေရိုက်နှက်နှိတ်စက်ခံရပြီး ပျံလွန်တော်မူသွားတယ်လို့သိရှိရပါတယ်။

" ဦးဇင်းက သာသနဘောင်ထဲ ၀င်တာတော့ (၃)နှစ်လောက်ရှိပီ။ မေလ (၃)ရက်နေ့က ကျောက်ထုမြို့ထဲ အောင်ဆန်းဦး အသက်(၃၈)နှစ် ဆိုတဲ့ ဒကာတစ်ယောက်ကိုခေါ်ပြီး ဆိုင်ကယ်နှင့် ဆောက်လုပ်ရေးပစ္စည်းသွား၀ယ်တာ။ ဦးဇင်တို့ဆိုင်နားမှာ စစ်ခွေးတွေကအရပ်၀တ်တွေနှင့်မူရူးနေကြတယ်လို့ပြောတယ်။ပီးတော့ စခ (၃)ကောင်လောက်ရောက်လာပီး
ဦးဇင်းနှင့်ပါလာတဲ့ ဒကာတွေကို ဘယ်ကလဲ၊ဘာညာဆိုပီးပြောတာမှာ ဦးဇင်းကအကျိုးအကြောင်းပြောတယ်။အဲ့ဒါကိုလက်မခံပဲ စခတွေကသူတို့ကိုဓါတ်ပုံရိုက်တယ်ဆိုပီး ဦးဇင်းနဲ့ပါလာတဲ့သူကိုပါ တပ်ထဲဖမ်းခေါ်သွားကြတယ်။ ဖမ်းခေါ်သွားချိန်ကတော့ နေ့လည်လောက်လို့ပြောတယ်။ညနေပိုင်းမိုးချုပ်ချုပ်အချိန်မှာပြန်လွှတ်လိုက်တယ်။ပါသွားတဲ့ဒကာက ဆိုင်ကယ်မောင်းပီးပြန်လာကြတယ်ရွာကို။ရွာရောက်တော့ ဦးဇင်းနောက်ကျောမှာ ထိုးသွင်းဒဏ်ရာ(၃)ချက်၊ကျောကုန်းတစ်ခုလုံးညိုမဲနေပြီး၊ခြေထောက်တစ်ဖက်လဲကျိုးလာတယ်၊မျက်နှာလဲဖူးရောင်နေတယ်။ဦးဇင်းနဲ့ပါသွားတဲ့ ဆန်းမင်းဦးလည်း ကျောကုန်းတွေမှာညိုမဲ၊ပေါင်မှာထိုးသွင်းဒဏ်ရာ၊မျက်နာဖူးရောင်ဒဏ်ရာတွေဖြစ်လာကြတယ်။ သူတို့ကို pdf တွေနဲ့အဆက်သွယ်ရှိလား၊pdf တွေဘယ်မှာနေလဲ၊အင်အားဘယ်လောက်ရှိလဲ စတာတွေမေးပီးတော့ ဝိုင်းပီးရိုက်နှက်ကြတယ်ပြောတယ်။နှိတ်စက်ရင်း စခတစ်ကောင်က ငါတော့လက်လွန်သွားပီလို့လဲပြေားသေးတယ်လို့ပြောတယ်။ နောက်ရက် ညနေကြတော့ ဦးဇင်းက ရရှိလာခဲ့တဲ့ဒဏ်ရာတွေကြောင့် ပျံလွန်တော်မူသွားတယ်" ဟု ကျေးရွာနေ ဒေသခံတစ်ဦးက ယောအလင်းတန်းကို ပြောကြားခဲ့ပါတယ်။ ဦးဇင်းနဲ့အတူပါသွားတဲ့ ကိုဆန်းမင်းဦးဟာဆိုရင်လည်း စခတွေရိုက်နှက်ခံရတယ် ဒဏ်ရယတွေကြောင်ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
ကျောက်ထုမြို့အနီးနား မိဘပြည်သူများခင်ဗျာ။ ကျောက်ထုမြို့ထဲမှ စခတွေဟာ စခယူနီဖောင်းနဲ့ရောက်လာတတ်သလို အရပ်၀တ်တွေနဲ့လဲ မကြာခဏဆိုသလို ရောင်ရှိနေတတ်ကြတယ်လို့ သိရတာကေညာင့် မလိုအပ်ပဲ ကျောက်ထုမြို့ထဲသို့ ဖြတ်သန်းသွားလာခြင်းများကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

----------------- Aung Gyi -----------------

ယောအလင်းတန်း
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
6.5.2025

မြိုင်မြို့နယ်အရှေ့တောင်ပိုင်း
သစ်ကြီးတော ၊ လေးတန်းနဲ့ ပေါက်ပင်ကိုင်းရွာမှာ
အကြမ်းဖက် ရောက်နေတဲ့စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ အဲ့ဒီမှာပဲရှိနေပြီး
ရွာထဲကနေ လက်နက်ကြီးတွေနဲ့
လျှောက်ပစ်နေတယ်လို့ သိရပါတယ်။

ယနေ့နေ့လည် 11:25 ဝန်းကျင်က
မြိုင်မြို့နယ်အရှေ့တောင်ပိုင်း လေးတန်းရွာနဲ့
သင်းပေါင်းကန်ရွာကြားကို
ပခုက္ကူတပ်မ ၁၀၁ မှ စက်တပ်လေထီနှစ်စီးနဲ့
လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်
ပြူလုပ်ခဲ့တယ်လို့သိရပြီး
အခြေအနေအသေးစိတ် မသိရပါ။


#BreakingNews
7.5.2025

ပခုက္ကူမြို့နယ် ပုတီးတွင်းရွာကနေ
မနေ့ကညနေပိုင်းက ထွက်လာပြီး
မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်
ကံမြင့်ကုန်းရွာအနီးရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
မနေ့ညက ပခုက္ကူမြို့နယ် ရွာသာယာရွာကို
ဝင်ရောက်ခဲ့ပြီးနောက်
ယနေ့မနက်ပိုင်းမှာ ရွာသာယာရွာကနေ
မြောက်ဘက်ကို ပြန်ထွက်လာနေပြီလို့
သိရပါတယ်။

We Love Myaing.

မကွေးတိုင်းအတွင်းရှိ မိဘပြည်သူရဲဘော်များရှင့်🙏
မကွေးတိုင်းအတွင်းရှိစခများရဲ့လှုပ်ရှားသတင်းများကို မကွေးတိုင်း MRSN သို့ ပေးပို့ပြီး မိမိကိုယ်တိုင်တော်လှန်ရေးမှာ တဖက်တလမ်းမှပါဝင်လို့ရပါတယ်။ အားဖြည့်ကူညီ ပါဝင်‌ပေးကြပါဦးရှင့်🙏

ဆက်သွယ်ရန်👉@MagwayScoutBot
#MRSN
May 7 , 2:42PM

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
06.052025
11:10 pm
ကျောက်ထုသတင်း

ယနေ့ည (10:40) နာရီခန့်မှာ တံတားဦးတက် Y-12 ဗုံးကျဲလေယာဉ်တစ်စီးဟာ ကေျာက်ထုတိုက်နယ်တစ်နေရာမှာ ဗုံးသီးချလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ထိခိုက်မှုအခြေအနေကိုတော့ ဆက်လက်အတည်ပြုနေဆဲပါခင်ဗျာ။ နေပြည်တော် အေလာလေတပ်တက် Jet Fighter တစ်စီးဖြင့်လည်း ယနေ့ည (08:10) နာရီခန့်မှာ
ကျောက်ထုတိုက်နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။

အနီးအနားနေမိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ကြပါဗျ။ လေကြောင်းဒဏ်ခံနိုင်မယ့် ဗုံးခိုကျင်းတွေကိုလည်း မဖြစ်မနေပြုလုပ်ထားကြပါလို့ အသိပေးအပ်ပါတယ်။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

       
#MRSN
May 7 , 2:42PM
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
8 May 2025 7:00 am
✍️
မြိုင်မြို့နယ်ထဲကို မေလ ၁ ရက်နေ့က ဈင်ရောက်တဲ့ စစ်ရှုံးကောင်စီ အကြမ်းဖက် စခ ပခ များ ယမန်နေ့က အရှေ့တောင်ပိုင်းမှတဆင့် ပခုက္ကူ တမခ ၁၀၁ သို့ ပြန်ဝင်သွားပြီလို့သိရပြီး ပခုက္ကူမြို့နယ် ရွာသာယာ ‌မပည 46Q FJ 97933 64785 မှာ ရောက်နေတဲ့ စခ ပခများ နောက်ဆက်တွဲမသိရသေးပေ။
⚠️⚠️
ပြည်သူများ သတိထား သွားလာကြပါရန်။
#Myaing #Pakokku #Kamma #SanayThar

@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
07.05.2025
08:20 pm
ကျောက်ထုသတင်း

ကျောက်ထုတပ်ထဲမှ စခအင်အား ခန့်မှန်း (၁၅၀)ခန့်ဟာ ယနေ့ညနေ (၀၅:၀၀)နာရီခန့်မှာ ယောမြို့အရှေ့ဘုရားကုန်းကနေ တောင်ဘက်သို့ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်ခင်ဗျာ။စခတွေဟာ ခြင်းကြား၊ကျောပိုးအိတ်တွေလည်းပါ၀င်တယ်လို့သိရပါတယ်။ စခတွေထွက်ခါနီးအချိန်ကို ကျောက်ထုအမြောက်တပ်ထဲမှ လက်နက်ကြီး (၁၂၀ မမ) လေးကြိမ်ပစ်ကာလမ်းကြောင်းရှင်းပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။စခတွေဟာ ဒေသအခေါ် ထန်းတောပြင်ကိုဖြတ်၍ တောင်ဘက်သို့ဆက်လက်ထွက် ခွာသွားတယ်လို့သိရပါတယ်။ ယောမြို့ကျေးရွာ တောင်ဘက် ခမ်းတိုခြေရင်း ဒေသအခေါ်ရေဝေကျောဘက်မှာ သေနတ်သံတွေကြားရတယ်လို့လဲ ဒေသခံတွေဆီကကြားသိရပါတယ်။စခစစ်ကြောင်းဦးတည်ရာလမ်းကြောင်းအရ လယ်ကြီးအိုင်၊ချောင်းခွ၊ကံချောင်း၊ပေါက်တောဘက်တွေ ရောက်ရှိလာနိုင်တာမို့ အနီးအနားကျေးရွာနေမိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
အရှေ့ဘက်ကျေးရွာများလည်း စခသတင်းများနားစွင့်ကာသတိရှိကြပါခင်ဗျာ။


မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်ရှင်းကြပါစေ။

--------------- Aung Gyi ----------------

ယောအလင်းတန်း
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
စစ်ကောင်စီမှ ဂန့်ဂေါမြို့နယ်​အတွင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်နေဆဲဖြစ်။

ဂန့်ဂေါ၊မေလ ၇

စစ်ကောင်စီမှ ယနေ့ညပိုင်း ၈နာရီခွဲဝန်းကျင်အချိန်တွင် ဂန့်ဂေါ​မြို့နယ်မြောက်ပိုင်းကနေရာအချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။စစ်ကောင်စီလေတပ်တစ်ခုဖြစ်သော တံတားဦးလေတပ်မှတက်လာသော Yak-130 ဂျက်ဖိုက်တာ၁စီး၊MIG-29 ဂျက်ဖိုက်တာ၁စီး တို့ဖြင့် လေကြောင်းကနေ ၃ကြိမ် ဗုံးကြဲချတိုက်ခိုက်သွားသည်ဟု လေကြောင်းရန်စောင့်ကြည့်နေသူများက ပြောဆိုပါသည်။လေကြောင်းတိုက်ခိုက်ခံရမှုမှ ထိခိုက်မှုများရှိ၊မရှိကို ထပ်မံစုံစမ်းနေပါသည်။

စစ်ကောင်စီတပ်ဟာ ယောဒေသကိုလေကြောင်းကနေ နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေလျက်ရှိနေပါသည်။ဂန့်ဂေါမြို့နယ်တွင် မြို့ပေါ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းအချို့ကို နာရီပိုင်းနဲ့ပြန်လည်ရရှိနေသော်လည်း ကျေးရွာများတွင် ဖုန်းလိုင်းများပြတ်တောက်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောဆိုပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ထားရသောနယ်မြေများပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းကနေအသားစီးယူကာ စစ်ရေးပြန်လည်းစတင်ရန်ကြိုးပမ်းနေသည်ဟုသုံးသပ်မိကြောင်း ဒေသတွင်းစစ်ရေးလေ့လာသူအချို့ကပြောဆိုပါတယ်။လက်ရှိအချိန်တွင် ယောဒေသအတွင်း တိုက်ပွဲများငြိမ်သက်နေဆဲဖြစ်ပြီး စစ်ကောင်စီဖက်မှတစ်ဖက်သတ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်လာနေတာဖြစ်ပါသည်။

ယောဒေသအတွင်းလေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာနိုင်၍ လေကြောင်းအန္တရာယ်အမြဲသတိရှိကြရန် တော်လှန်ရေးတပ်ဖွဲ့များကသတိပေးပြောဆိုနေပါသည်။

ပေးပို့သူ-Yaung Ni၊စာတည်-နွေဦးအလင်းရောင်

#ဂန့်ဂေါမြို့နယ်
#လေကြောင်းတိုက်ခိုက်
#စစ်ကောင်စီ
#ဆက်သွယ်ရေးပြတ်တောက်

ယောအလင်းတန်း

#MRSN
May 8 , 10:07AM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
7.5.2025

မြိုင်မြို့နယ်အရှေ့တောင်ပိုင်း
သစ်ကြီးတော ၊ လေးတန်း ၊ ပေါက်ပင်ကိုင်းရွာတို့မှာ
5 လပိုင်း 2 ရက်နေ့ကနေ 7 ရက်နေ့မနက်ပိုင်းအထိ
ငါးရက်ကြာ ဝင်ရောက်တပ်စွဲခဲ့တဲ့
အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ
ပေါက်ပင်ကိုင်းရွာ ဘုန်းကြီးကျောင်းအပါအဝင်
ပေါက်ပင်ကိုင်းရွာနဲ့ သစ်ကြီးတောရွာတို့မှ
ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ
ပေါက်ပင်ကိုင်းရွာမှာ ဘုန်းကြီးကျောင်းနဲ့
ပြည်သူနေအိမ် 33 လုံး ၊
သစ်ကြီးတောရွာမှာ ပြည်သူနေအိမ် 6 လုံး
မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ
သစ်ကြီးတော ၊ လေးတန်း ၊ ပေါက်ပင်ကိုင်းရွာတို့မှ
ပြည်သူပိုင်းပစ္စည်းများကို ခိုးယူပြီးနောက်
ယနေ့မနက်စောပိုင်းမှာ အဲ့ဒီရွာတွေကနေ
အရှေ့ဘက်ဆီကို ဦးတည်ထွက်သွားပြီး
မြိုင်မြို့နယ်အရှေ့တောင်ပိုင်းကနေတစ်ဆင့်
ညနေပိုင်းမှာ ပခုက္ကူမြို့ကို ပြန်ရောက်သွားပြီလို့
သိရပါတယ်။

We Love Myaing .

#MRSN
May 8 , 10:09AM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ယောဒေသအတွင်း
MPT ဖုန်းလိုင်းများ
ပြန်ပွင့်ပါပြီ။
အဝေးရောက်
ယောအမျိုးများ
ဆက်သွယ်ကြည့်ကြပါဗျ။

ကို ဘကောင်း
8-5-2025


#MRSN
May 8 , 10:51AM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
8.5.2025

ပခုက္ကူခရိုင် မြိုင် မြို့နယ်အရှေ့တောင်ခြမ်း၀င်ရောက်နေတဲ့အကြမ်းဖက်စခစစ်ကြောင်းသည် ယမန်နေ့ကပခုက္ကူမြို့ထဲသို့ပြန်လည်၀င်ရောက်သွားပါတယ်

အလားတူ ပခုက္ကူနယ် အနောက်ခြမ်း၀င်ရောက်နေတဲ့ အအ ၁၅၀ခန့်ပါစစ်ကြောင်းသည်ကမ္မအရှေ့ဘက် ပခုက္ကူနယ်အနောက်ခြမ်းညောင်ပင်လှ+ဥယျာဥ်စုသို့ရောက်ရှိနေကြောင်းသိရပါတယ်

မိဘပြည်သူများအနေဖြင့် စစ်ကြောင်းသတိ လေကြောင်းသတိ ရှိကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်

#ကိုလရောင်
https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (Amay Thar Tet Luu🧔🏻)
ရေစကြို ⚠️

ရေစကြိုနယ် အနောက်ခြမ်းဖြတ်၍စစ်ထောက်ပို့လေယာဥ် ၁စီး အနောက်မြောက် အရပ်သို့ ပျံသန်း။

#WaiHin
May8,12:03 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Aung Pwel Info
ကျောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ ကာကင်းစခန်းများ အသိမ်းခံရကာ တပ်ပျက်ထွက်‌ပြေးရမှုများရှိနေ

မေလ ၈ ရက်

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ကာကင်းအချို့သိမ်းဆည်းခံထားရကြောင်း သိရသည်။

AA သည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကို ပြီးခဲ့သည့် မေ ၁ရက်နေ့ကတည်းက သိမ်းယူခဲ့ပြီးနောက် မင်းတပ်တောင်မှ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးထွက်လာသည့်အတွက် ထပ်မံ ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ စစ်ကြောင်းလိုက် တပ်ဆုတ်ပြေးရကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

"ကျောက်ဖြူ၊ ရမ်းဗြဲကားလမ်းပေါ်က မင်းတပ်တောင်အထိုင်စခန်းမှာ တိုက်ပွဲပြင်းထန်နေတယ်။ ၆ရက်နေ့မှာ စစ်တပ်က ဒရုန်းဗုံးကြဲလို့ အချွန်းနဲ့ သပြုတောင် မီးလောင်တာတွေရှိတယ်" ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ရဲတပ်ရင်း ၃၂ အနီးဝန်းကျင်ကိုလည်း AAက ပိတ်ဆို့စောင့်ကြည့်မှုများပြုလုပ်ထားပြီး စစ်ကောင်စီသည် ဂုံးချွိန်တိုက်နယ်အတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ရေတပ်မှနေ၍ ရဲတပ်ရင်းအနီးနှင့် လိပ်ခမော်၊ မင်းတပ်တောင်ဝန်းကျင်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီး ဒရုန်းဗုံးများဖြင့်ပါ ကြဲချတိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီသည် စစ်ခေါင်းဆောင်ပြည်ပခရီးစဉ်မတိုင်ခင် အပစ်အခတ်ရပ်စဲရေး ဟန်ပြသက်တမ်းတိုးသွားသော်လည်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကို စစ်ရေးတင်းမာသည့်နယ်မြေများတွင် ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#AYAT
#Aungpwel
08.05.2025
11:00 am
ကျောက်ထုသတင်း

မနေ့ကညနေပိုင်းမှာ ယောမြို့ကျေးရွာတောင်ဘက် တောထဲသို့စစ်ကြောင်းထွက်သွားတဲ့ စုပေါင်းစပ်ပေါင်းစခအင်အား (၁၅၀)ခန့်ဟာ မနေ့ကည (၀၇:၀၀)နာရီခန့်မှာ ယောမြို့ကျေးရွာဖြတ်၍ ကျောက်ထုတပ်ထဲသို့ပြန်၀င်သွားကြပီလို့သိရှိရပါတယ်ခင်ဗျာ။ ဆက်သွယ်ရေးအခက်အခဲကြောင့် ယခုမှမိဘပြည်သူများထဲတင်ပြနိုင်တာမို့နားလည်ပေးကြပါခင်ဗျာ။ ကျောက်ထုတပ်ထဲမှာစခတွေဟာ အချိန်မရွေးစစ်ကြောင်းထွက်နိုင်တာမို့ ကျောက်ထုတပ်အနီးအနားကျေးရွာနေ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

---------------- Aung Gyi -----------------

ယောအလင်းတန်း

https://t.me/https3starmyaing
ပခုက္ကူ⚠️

ပခုက္ကူ နယ်  ဖြတ်၍ စက်တပ်လေထီး (Paramotor ) ၁စီး  အရှေ့ အရပ်သို့ ပျံသန်း။

#WaiHin
May8,7:43PM
📫သတင်းပို့ရန် @WaiHinScout_Bot


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာ သို့ ယနေ့ နေ့လယ် ပိုင်း က ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈တပ်ရင်းများ မှ စစ်ခွေး စစ်ကြောင်း ဝင်ရောက် ထားကြောင်း သိရပါသည်။

May-8 /8:17PM

#3SM

3 Star ⭐️⭐️⭐️ Myaing

ဖုန်းလိုင်း အက်တာနက်လိုင်းများ ပျက်တောက်မှု့ကြောင့် သတင်းများ မတင်ပြနိုင်ခြင်းကို ခွင့်လွတ်ပေးပါရန်
ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့နယ် ⚠️ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာ သို့ ယနေ့ နေ့လယ် ပိုင်း က ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈တပ်ရင်းများ မှ စစ်ခွေး စစ်ကြောင်း ဝင်ရောက် ထားကြောင်း သိရပါသည်။ May-8 /8:17PM #3SM 3 Star ⭐️⭐️⭐️ Myaing ဖုန်းလိုင်း အက်တာနက်လိုင်းများ ပျ…»
ပခုက္ကူမြို့⚠️

ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး paramotor တစ်စီး အရှေ့အရက်သို့ပျံတပ်။

May-9/9:30AM

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ရေစကြိုမြို့နယ် ⚠️ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာ သို့ ယနေ့ နေ့လယ် ပိုင်း က ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈တပ်ရင်းများ မှ စစ်ခွေး စစ်ကြောင်း ဝင်ရောက် ထားကြောင်း သိရပါသည်။ May-8 /8:17PM #3SM 3 Star ⭐️⭐️⭐️ Myaing ဖုန်းလိုင်း အက်တာနက်လိုင်းများ ပျ…
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ဆင်းချောင်းပျူရွာ သို့ ညအိပ် ခဲ့သော စစ်ခွေး စစ်ကြောင်း မှာ ယနေ့မနက်ပိုင်းက ရေစကြိုမြို့နယ် (၁၂) မိုင် ဆန်းသစ်ရွာ သို့ရောက် ရှိနေကြောင်း သိရပါသည်။

May-9/11:12AM

#3SM


3 Star ⭐️⭐️⭐️ Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ထိုင်းမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့အပေါ် ပညာရှင်သတိပေး

​မေလ ၉ ရက်

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်
လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

ဘန်ကောက်မြို့တော်ကချူလာလောင်ကွန်း တက္က
သိုလ်မှာတွဲဖက်ပါမောက္ခတာဝန်ယူထားတဲ့ ဒေါက်
တာ သီရာ ဝန်ရာတာနာရတ်က ဧပြီ ၂၇ ရက်ကနေ မေလ ၃ ရက်နေ့ထိ တစ်ပတ်လောက် ကာလအ
တွင်း ဆေးရုံသွားဖို့ လိုအပ်ခဲ့တဲ့ထိ ကိုဗစ်လူနာ ၈၄၄၆ ဦး ရှိခဲ့တာကို Facebookပေါ်မှာ အသိပေး ရေးသားထားခဲ့ပါတယ်။

အဲဒီထဲမှာဘန်ကောက်ဟာကိုဗစ်လူနာ၂၃၇၇ ဦး နဲ့ အများဆုံးအဖြစ် ဦးဆောင်နေပြီး ချောင်ဘူရီက ၆၈၀ ဦးနဲ့ ဒုတိယ၊ နွန်သာဘူရီက ၄၉၀ နဲ့ တတိယ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။

အသက် ၃၀ နဲ့ ၃၉ နှစ်ကြား အစုအဖွဲ့မှာလူနာ အ
များဆုံးဖြစ်ပြီး ၁၇၉၄ ဦး ရှိခဲ့ပြီး အသက် ၂၀ နဲ့ ၂၉ နှစ်ကြားက ၁၅၄၀ ဦး၊ အသက် ၆၀ အ
ထက်က ၁၅၃၆ ဦး ရှိခဲ့တယ်လို့ ဒေါက်တာ
သီရာက ဆိုပါတယ်။

နောက်ပြီး မေလ ၄ ရက်နဲ့ ၇ ရက်နေ့ အတော
အတွင်းမှာလည်း ထိုင်းနိုင်ငံရဲ့ ကိုဗစ် ကူးစက်မှုတွေဟာ တုပ်ကွေး ကူးစက်မှုတွေထက် နှစ်ဆ ပိုများနေခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ထိုင်းဟာကလေးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဆေးရုံတက်နေတဲ့ လူနာတွေကို ကိုဗစ်ရောဂါ ကူးစက်မှုဆိုင်ရာ တား
ဆီးကာကွယ်ရေး ကဏ္ဍတွေမှာ ပိုမို အာရုံစိုက်ထားကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းက တရုတ်နိုင်ငံ အ
လယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါကို နောက်ပိုင်းမှာ ကိုဗစ်လို့ နာမည် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ ကိုဗစ်ကြောင့် လူပေါင်း ၇ သန်းကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းတွေ ရရှိထားပြီး တကယ့် အသေအပျောက်ဟာ ၁၈ သန်းနဲ့ ၃၃ သန်းကြားထိ များပြားနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးတွေနဲ့ ထိရောက်တဲ့ ကုထုံးတွေ ထွက်ပေါ်လာတဲ့နောက် ကိုဗစ်ဟာကပ်ရော
ဂါ အဆင့်ကနေ လျော့ကျသွားပြီး ရာသီအလိုက် ဖြစ်ပွားတဲ့ ရောဂါအဖြစ်တော့ ဆက်လက် တည်ရှိနေပါတယ်။ ကိုဗစ်ကြောင့် သေနှုန်း သိသိသာသာ ကျဆင်းသွားပေမယ့် သက်ကြီးရွယ်အိုတွေ၊ နာ
တာရှည် ရောဂါတွေနဲ့ တခြား ကိုယ်ခံအားဆိုင်ရာ ပြဿနာ ရှိနေသူတွေအတွက် ခြိမ်းခြောက်မှုတွေ ရှိနေဆဲလို့ ပညာရှင်တွေက သတိပေးထားပါတယ်။