ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ် 🔴

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ နှင့် ရေစကြိုမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ စစ်ခွေး များမှ ဧပြီလ ၁၀ ရက်နေ့ ည ၁၀ နာရီ ၁၅ မီနစ်အချိန်က တောင်အရက်သို့ ၆၀ မမ လက်နက်ကြီး ၂လုံး ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ရေစကြိုမြို့နယ် ရွာသစ် ရွာ အတွင်းသို့ ကြရောက်ပေါက်ကွဲးခဲ့ ပြီး ရွာသစ်ရွာ မှ အသက် ၆၀ ကျော် အမျိုးသား ဦးဝင်းအောင် သေဆုံးသွား ပြီး အသက်၆၀ ကျော် အမျိုးသမီ ဒေါ်ထွန်းပြည့် ပါ ထိ့ခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရပါသည်။

Apr -11/8:19PM

#3SM
Daily Highlight 3
April 11 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- သပိတ်ကျင်းနယ် ၁ ကြိမ်
- ဆောနယ် ၂ ကြိမ်
- ကလေးနယ် ၁ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- ကောလင်းနယ် ၁ ကြိမ်
- မင်းကင်းနယ် ၂ ကြိမ်
- ကလေး-ဂန့်ဂေါနယ်အစပ် ၂ ကြိမ်
- တီးတိန်နယ် ၁ ကြိမ် (Source: CJ)
- ဖယ်ခုံနယ် ၁ ကြိမ် (Source: CJ)
- ကောလင်းနယ် ၁ ကြိမ် (Source: CJ)
- ရေတာရှည်နယ် ၁ ကြိမ် (Source: CJ)
- ကနီနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- မုံရွာနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)

(မိမိတို့မှ သတင်းရရှိသော လေကြောင်းတိုက်ခိုက်မှုများကိုသာဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
Forwarded from Wai Hin (ဝေဟင်) (︎︎)
မိတ္ထီလာ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁စီး မြောက်အရပ်သို့ပျံတက်။

#WaiHin
Apr 11,9:56 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်⚠️

မြိုင်နယ်တစ်နေရာတွင် Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဥ် ၁စီး ယခုအချိန်ထိ ပျံဝဲနေ။

#WaiHin
Apr 12,  11:11 AM
📫သတင်းပို့ရန် @WaiHinScout_Bot
#BreakingNews
12.4.2025

(10:30) ဝန်းကျင်က မြိုင်နယ်မြောက်ပိုင်းမှာ
ပတ်ဝဲသွားတဲ့ Y 12 စစ်လေယဉ်
နေ့လည် (11:00 ) ကျော်ဝန်းကျင်မှာ
မြိုင်နယ်အနောက်ပိုင်းနဲ့ ပေါက်နယ်ဘက်
ဆက်လက်ပျံဝဲနေ။

မိဘပြည်သူများ လေကြောင်းရန်သတိရှိပါ။

We Love Myaing.

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
သက်ြန်ကာလ သတိပြုရန်🚨🚨🚨
ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊လေယာဉ်ဖြင့်ဗုံးကျဲခြင်းများရှိနေပါသဖြင့်
သက်ြန်ကာလအတွင်း လူစုလူဝေးပြုသူများ စစ်ရေးသတိရှိကြပါရန် အသိပေးနိုးဆော်ပါသည်။

#admin_team #ရေစကြို
#yesagyo_information
MRSN
Apr 12  ,  2:40PM

@myaing3starbot

https://t.me/https3starmyaing
ဆောမြို့နယ်အတွင်းပွဲလမ်းသဘင်များ၊လူစုလူဝေးများ၊ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထု-တ်-ပြ-န် ကြေ-ညာ-ထား

12.4.2025 ၊ယောအလင်းတန်း

မ‌ကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ် ရှိ ကျေး ရွာများအတွင်း စစ်ကောင်စီရဲ့  လေကြောင်းအန္တရာယ်ကြောင့်  လူစုလူဝေး၊ပျော်ပွဲရွှင်ပွဲ များ မပြုလုပ်ကြရန်ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေး  အဖွဲ့က ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့က ထု-တ်-ပြ-န် ကြေ-ညာ ထားကိုတွေ့ရပါတယ်။

၎င်းထု/တ်-ပြ-န်- ကြေ-ညာ- ချ-က်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တော်-လှ-န်-ရေးအားကောင်းတဲ့ နယ်မြေတွေမှာ  ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်းများ၊လူနေအိမ်များကို အကြောင်းမဲ့ လေကြောင်းကနေ ဗုံးးကြဲတာတွေ၊ ပ-စ်-ခ-တ်-တို-က်-ခို-က်တာတွေပြုလုပ်နေတာ‌ ကြောင့်လို့သတိ‌ ပေးထားတာကို တွေ့ရပါတယ်။

အ-ကြ-မ်း-ဖ-က် စစ်ကောင်စီတပ်ရဲ့ လေကြောင်း တို-က်-ခို-က်မှု ဒ-ဏ်နဲ့ မြန်မာပြည်တစ်နိုင်ငံလုံးက ငလျင် ဒ-ဏ်စတဲ့ ယခုဖြစ်ပေါ်ခံ-စားနေဆဲဖြစ်တဲ့ အခြေအနေအရပ်ရပ်‌ တွေကိုစာနာထောက်ထားတဲ့အနေနဲ့ မြို့နယ်အတွင်းရှိကျေးရွာတွေမှာ လူစုလူဝေးပြုလုပ်ခြင်း၊ အသံချဲ့စက်များဖွင့်ထားခြင်းနဲ့ပျော်ပွဲရွှင်ပွဲ(နှစ်သစ်ကူးပွဲ)များ မပြုလုပ်ကြဖို့ ထု-တ်-ပြ-န်-ကြေ-ညာ-ချက်မှာဖော်ပြထားတာကိုတွေ့ရပါတယ်။

မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါခရိုင်၊ဆောမြို့နယ်အတွင်းမှာကျေးရွာပေါင်း ၁၂၀ ရှိတာဖြစ်ပြီး မိဘပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရ-န် ကိုအထူးကြိုတင်ဂရုစိုက်ကြရန်၊ကြိုတင်သတိပေးချက်များကို အစဥ်အမြဲ သတိထားနားထောင်နေကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

@မင်းဒဿ
MRSN
Apr 12  ,  4:07PM

@myaing3starbot

https://t.me/https3starmyaing
Forwarded from Magway Scout Network (YU ATARASHI)
☂️သတင်း

ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဧပြီ၁၃ ရက်နေ့ နံနက် ၂၂ နာရီအတွင်း မိုးရွာမည်


ဧရာဝတီတိုင်း မိုးထစ်ချူန်းရွာမည့်မြို့နယ်များ

ပုသိမ် ဝါးခယ်မ မြန်အောင် ညောင်တုန်း ဇလွန် ဟသ်ာတ ကျောင်းကုန်း သာပေါင်း ရေကြည် အသုတ် မြောင်းမြ ငွေငသိုင်းချောင်း ကျုံပျော် ဆောင် ချောင်းသာ ငွေသောင်ယံ ကန်ကြီထောင့် လပွတ္တာ မြန်အောင် ဖျာပုံ ဘိုကလေး အိမ်မဲ မေကာ်ကျွန်း ကျိုက်လတ် မအူပင် အဂ်ပူ ဓနုဖြူ ​ဒေးဒရဲ ဟိုင်းကြီးကျွန်း ၁၃ ရက်နေ့ နံနက်၂၂ နာရီအတွင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ထစ်ချုန်းမိုးရွာမည်။

ပဲခူးတိုင်း မိုးရွာမည့်မြို့နယ်များ

ပဲခူး ဘုရားကြီး အင်းတကော် ပြည် ပန်းတောင်း ဥသျှစ်ပင် ကြို့ပင်ကောက် ပုတီးကုန်း ပေါင်းတည် ပေါင်းတလည်း လက်ပံတန်း အုတ်ဖို မိုးညို စက်ကွင်း သက္ကလ ပေါက်ခေါင်း အုန်းနှဲ့ သယာဝတီ သုံးဆယ် မင်းလှ ပန်းတောင်း တောင်ငူ ရေနီ ညောင်လေးပင် ဝေါ ဒိုက်ဦး ရွှေကျင် ကျောက်ကြီး ပဲနွယ်ကုန်း သနပ္ပင် ဖြူး နတ်သံကွင်း မုန်း ကဝ ၁၃ ရက်နေ့ ၂၂ နာရီအတွင်း မိုးရွာမည်။

ရန်ကုန်တိုင်း မိုးရွာမည့်မြို့နယ်များ

ရန်ကုန်မြို့တွင်းနှင့် တိုက်ကြီး ဥက္ကံ အဖျောက် ကွမ်းခြံကုန်း တွံတေး ကော့မှူး သုံးခွ ခရမ်း သီလဝါ ကျောက်တန်း သန်လျင် ၁၃ ရက်နေ့ နံနက်၂၂ နာရီအတွင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ထစ်ချူန့်းမိုးရွာမည်။

မွန်ပြည်နယ် မိုးရွာမည့်မြို့နယ်များ

မော်လမြိုင် ချောင်းဆုံ မုဒုံ ရေး သံဖြူဇရပ် ကျိုက်မရော ကျိုက်ထို သထုံ ပေါင် မုတ္တမ ဘီးလင်း ကျိုက်ထီးရိုး ချောင်းနှစ်ခွ ၂၂ နာရီအတွင်း မိုးရွာမည်။

ကရင်ပြည်နယ် မိုးရွာမည့်မြို့နယ်များ

ဘားအံ သံတောင် ဖာပွန် ကမမောင်း မြိုင်ကြီးငူ ရှမ်းရွာသစ် ကော့ကရိတ် မြဝတီ ရွေကုက္ကို စုကလိ ဝေါလမြိုင် လေးကေကော့ ကြိုက်ဒုံ ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူ ၂၂ နာရီအတွင်း မိုးရွာမည်။ 🌧️🌧️🌧️🐌🌱

၁၂.၄.၂၀၂၅ နံနက် ၇း၄၅ နာရီ

ဂရုစိုက်ကြပါ
🙏🕊️🌄

#မြန်မာတောင်ပိုင်းမိုးလေဝသSMW
https://www.facebook.com/share/1WTvRnn5RD/
MRSN
Apr 12  , 4:11PM
📬သတင်းပို့ရန်
@MagwayScoutBot
ဖက်ဆစ်ခွေးမိစ္ဆာ သတင်းလိမ်ဖာကျ ဖာသည်မသား ဘောမ လော်ဘီတွေရဲ့ သတင်းလိမ်ဖာကျမှု။


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြက်ခတ်ရွာရှိ ဘုန်းကြီးကျောင်း အား ဖက်ဆစ်ခွေးမိစ္ဆာ တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုရင်များသေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ယာရရှိသူများကြောင်း သိရှိရသည်။
သပိတ်ကျင်းက စစ်တပ်စခန်း ၂ ခု ကို ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

သပိတ်ကျင်း၊ ဧပြီ ၁၂၊ ၂၀၂၅ ။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနေရာ ၂ ခုကို ရှော့တိုက်ဒုံး အလုံး ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Madaya Urban Guerrilla -MUG အဖွဲ့ထံမှ သိရပါတယ်။

ဧပြီ ၁၀ ရက်မှာ အင်အား ၅၀ ခန့်ရှိ ၇ မိုင်ကျေးရွာစစ်ကောင်စီတပ်ခစန်းကို ရှော့တိုက်ဒုံး ၃၅ လုံး၊ ၇ မိုင်ကျေးရွာနဲ့ မီတာ ၃၀၀ ခန့်အကွာရှိ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)ကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ မနက် ၁၀ နာရီ ၄၀ မိနစ်ကနေ ၁၂ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရော့ကတ် အလုံး ၅၀ နဲ့ ပွိုင့် ၂ ပွိုင့်ခွဲပီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်တိုက်ခိုက် တဲ့နေရာမှာ တပ်ထဲကလက်နက်တိုက်တွေနဲ့ ဂျန်ပါတွေ၊ စတားလင့်တွေ၊ ဆက်သွယ်ရေးအထိုင်တွေ၊ အရာရှိတွေရှိတဲ့နေရာပေါ့အဲဒီနေရာတွေကို အဓိကထားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ရွာထဲကကျတော့သူတို့နေရာယူထားတဲ့ အဓိကကျတဲ့မိန်းပွိုင့်တွေ စနိုက်ပါရှိတဲ့နေရာ၊ အရာရှိနေတဲ့နေရာတွေကိုပစ်ခတ်ခဲ့တာ"လို့ Madaya Urban Guerrilla -MUG ဒုတာဝန်ခံ အငယ်လေးက ပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုအတွင်းမှာ ၇ မိုင်ကျေးရွာအတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့က ၂ ဦးသေဆုံးတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေထံက ပြန်လည်စုံစမ်းသိရှိရကြောင်းနဲ့ စခတ ၂ တပ်တွင်းက သေဆုံးမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရှော့ဒုံးတွေကျရောက်ပေါက်ကွဲတာကြောင့် စခတ ၂ တပ်တွင်းက လက်နက်တိုက်၊ အရာရှိအဆောင်တွေ မီးလောင်တာနဲ့ ၇ မိုင်ရွာအတွင်းက စစ်ကောင်စီစခန်းတွေမှာလည်း မီးလောင်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

၇ မိုင်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ယခုနှစ် ဇန်နဝါရီမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင် ပြန်လည်ထိန်းချုပ် အထိုင်ချတပ်စွဲထားတာပါ။

စစ်ကောင်စီတပ်စခန်းတွေ ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးနောက် ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ၇ မိုင်ကျေးရွာတဝိုက် လေကြောင်း ကင်းထောက်ပျံသန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Madaya Urban Guerrilla -MUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ၊ PACMPT ၊ NAA-DF (Khin U)၊ ခင်ဦးမြို့နယ်ပလဖ ၊ ရွှေဘိုခရိုင်တပ်ရင်း ၉ ၊ ရွှေဘိုမြို့နယ်တိုက်နယ် ၁ ပကဖ၊ Peacock King People Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီပစ်မှတ်တွေကို တပ်တွင်းသတင်းပေးတွေရဲ့ အသိပေးမှုအရ သွားရောက်တိုက်ခိုက်ခဲ့ကြတာလို့ လည်း ဆိုပါတယ်။

ဧပြီလ ၃ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း - ကျော်ကြီး၊ တည်းဖြတ် - M

#မြေလတ်အသံ
#သပိတ်ကျင်း #စခတ၂ #၇မိုင်ကျေးရွာ #ရှော့တိုက်ဒုံး #တိုက်ပွဲ⁩

https://youtu.be/mQF6S8Vfdsk
Forwarded from Maun Media
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်း ထိခိုက်ပျက်စီး...
ပြည်သူ (၁) ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး...
ဧပြီ ၁၂ ၊ ၂၀၂၅
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနဲ့ ဘုန်းကြီးကျောင်း(၁) ကျောင်းထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရွှေကျင်မြို့နယ်အတွင်း ဧပြီလ (၁၀)ရက် ညနေပိုင်းမှာ သိမ်ဇရပ် အခြေစိုက် ခမရ-၂၀၇ က အကြမ်းဖက်စစ်ကောင်စီတပ်က သံမှန်ဇရပ်ရှိ ရော်ဘာခြစ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် (၃၀) အရွယ် အမျိုးသား ၁ ယောက်ကို သိမ်ဇရပ်မြို့ပေါ် ဈေးဝယ် ထွက်ချိန် အတင်းအဓမ္မ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ (၉)ရက် ညပိုင်းမှာလည်း ခလရ-၂၆၄ က အကြမ်းဖက် စစ်ကောင်စီတပ်ဟာ (၁၂၀) မမ (၄) လုံး ပစ်ခတ်ခဲ့ရာ ထောလူခိုကျေးရွာ၊ ကောက်မယ်သူကျေးရွာနဲ့ ပန်းတင်ကုန်း ကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထောလူခိုကျေးရွာက နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း ဧပြီလ (၁၁)ရက်က အကြမ်းဖက် စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကွင်းဆိပ်ကျေးရွာအနီးရှိ လေးလမ်းဆုံ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၂)လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၉) ရက် ညပိုင်းမှာလည်း ကြိတ်ကွင်းကျေးရွာတွင်း စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးသီးပစ်ချခဲ့တာကြောင့် နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၈)ရက် ညပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းက (၁၂၀) မမ (၂)လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ခင်ကျေးရွာဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးမှုများ...