ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့ နယ်⚠️

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ ဟောင်ဝှေ့ဇာ လက်နတ်ကြီး ၃ လုံး ဖြင့် (12:51PM 12:53PM 12:55PM) အချိန်တို့ က အနောက် တောင်အရပ်သို့ ရမ်းသန်းပစ်ခတ်ရာ ရေစကြိုမြို့နယ် ရွာသာအေးရွာ သရက်ပင်ကန်ရွာ နှင့် ထန်းပင်ချောင်းရွာ ဝန်းကျင် တွင် ကျရောက်ပေါက်ကွဲး ခဲ့ကြောင်း သိရပါသည်။

Apr-8 7:13PM

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း
ခွင်မပြု

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
တိုက်ပွဲသတင်းထုတ်ပြန်ချက်

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိ
၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် ည ၉:၀၀နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်သည်။

အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၆၊ ၉၊ ၁၂) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၀၊ ၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့
တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဤ မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း
ထုတ်ပြန်အပ်ပါသည်။

#ပခုက္ကူခရိုင်အမှတ်၁၇တပ်ရင်း
ပုဂံ-ညောင်ဦးမှာ စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုးပြီး ကျေးရွာနေအိမ်တွေမီးရှို့

ကိုထူး/MFP ၊ ဧပြီ-၄

ပုဂံ-ညောင်ဦးနယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်ဟာ ကျေးရွာနေအိမ်တွေကို မီးရှို့ပြီး ဧပြီလ ၄ ရက် ဒီကနေ့မှာ ပြန်ဆုတ်ခွာသွားပေမဲ့ စစ်ကြောင်းက မီးရှို့ခဲ့လို့ နေအိမ်ခုနစ်လုံးခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ Bagan Bo Cho- ပုဂံဘိုချို အဖွဲ့တာဝန်ခံက MFP ကို ပြောပါတယ်။

ပုဂံ-ညောင်ဦးနယ်က ကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုအင်အား ၁၀၀ ခန့်အပြင် တင့်ကား တွေပါ ပါလာတဲ့ စစ်ကြောင်းဟာ မီးလောင်ဖျား ကျေးရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ Bagan Bo Cho- ပုဂံဘိုချို အဖွဲ့တာဝန်ခံက ပြောပါတယ်။

“စစ်ကြောင်းက ကျောက်ပြင်ကန်ကနေ စပြီးတော့ စကားဘက်ကို ထိုးတာ။ ကျနော်တို့ဘက်ကို ထိုးတော့ အရပ် ဝတ် တွေနဲ့ ၊ ကျောပိုးအိတ်တွေနဲ့ကို အင်အား ၁၀၀ ကျော်ကျော်လောက်ရှိတယ်။ နောက်တော့ မြေသန့်တောင်နဲ့ ကြအို ကြားထဲမှာက တင့်ကားတွေ သံချပ်ကာကားတွေ အဲဒီမှာ သပ်သပ်ထိုင်ထားတာ။ ကြအိုကျွန်းထိပ် ကနေစ ပြီးတော့ဖောက်တာပေါ့။ ရွာထဲကိုတော့ မဝင်သေးဘူးပေါ့။ ရွာအရှေ့ဘက် ကားလမ်းအရှေ့ဘက်ခြမ်းတွေကနေ အလက်တွေဖောက်ပြီး ရွာတောင်ဖျား ဘုရားရဲ့အရှေ့ဘက်မှာ သူတို့ အိမ်‌ခြောက်လုံးပါသွားတာ။ မီးရှို့သွာတာ။ အဲ ဒီကနေပြီးတော့ကျ တောင်ဘက်ကနေ စဉ့်ကူ-ရွာမ လမ်းခွဲကနေ ကားနဲ့‌လာခေါ်ပြီး အဲဒီကနေပြန်သွားတယ်”လို့ ပုဂံဘိုချိုအဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းဟာ စဉ့်ကူ-ရွာမ လမ်းခွဲကနေ စစ်အုပ်စုကားတွေနဲ့ ပုဂံ-ညောင်ဦး ဘက်ကို ပြန်ဆုတ်သွား တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းမှာ ဒရုန်းတွေပါရှိပြီး အဲဒီဒရုန်းတွေနဲ့ပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲ‌တာတွေရှိ တာကြောင့် စစ်ကြောင်းသွားမယ့် လမ်းတစ်လျှောက်က ပြည်သူတွေကိုကြိုတင်‌ စစ်ဘေးရှောင်ဖို့ သတိပေးထားရ တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် ကျေးရွာတွေကို တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်း လင်း တာ တွေ လုပ်ဆောင်နေပြီး စစ်အုပ်စု‌စတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေရှိနိုင်တာကြောင့် ပြည်သူ တွေကို ကျေးရွာတွေကို ပြန်နေထိုင်ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုစ်ကြောင်းကြောင့် ပုဂံ-ညောင်ဦးနယ်က ကျေးရွာ ၂၀ ရွာခန့်က ပြည်သူ ၂၀၀၀၀ ခန့် ထွက်ပြေးတိမ်း ရှောင်နေရတာ တစ်ပတ်ခန့်ကြာမြင့်ပြီလို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
This media is not supported in your browser
VIEW IN TELEGRAM
တိုက်ပွဲသတင်း ထုတ်ပြန်ချက်
၁၀ ရက် ၊ ဧပြီ လ ၊၂၀၂၅ ခုနှစ်။

မြိုင် ပကဖသည် ဧပြီလ ၉ရက်နေ့ မနက်ပိုင်း ၇နာရီ ၁၅မိနစ်အချိန်ခန့်တွင် စက်မှု(၂)မှ အစာရှာ ထွက်လာသော စကစ ခွေးတပ်စိတ်ကို ဝင်ရောက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စကစ တကောင် သေဆုံးပြီး MA 3 သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၁လုံး နှင့်  အခြားခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ပါသည် ။

အထက်ပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ကိုမုဆိုး ၊ ကိုစတီး ၊ကိုကင်း တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြိုင် ပကဖ ။
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
တိုက်ပွဲသတင်း ထုတ်ပြန်ချက် ၁၀ ရက် ၊ ဧပြီ လ ၊၂၀၂၅ ခုနှစ်။ မြိုင် ပကဖသည် ဧပြီလ ၉ရက်နေ့ မနက်ပိုင်း ၇နာရီ ၁၅မိနစ်အချိန်ခန့်တွင် စက်မှု(၂)မှ အစာရှာ ထွက်လာသော စကစ ခွေးတပ်စိတ်ကို ဝင်ရောက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စကစ တကောင် သေဆုံးပြီး MA 3 သေနတ် ၁ လက် ၊ လက်ပစ်ဗုံး…
စက်မှု ၂ ကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်း (ရုပ်/သံ)

မြိုင်၊ ဧပြီ ၁၀၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့၊ စက်မှု ၂ ကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ် တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ဆီက သိရပါတယ်။

ဧပြီ ၉ ရက် မနက် ၇ နာရီကျော်မှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို စက်မှု ၂ နဲ့ မီတာ ၅၀၀ အကွာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဗျ၊ ဒါကို ၁ ဦးပဲ ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့ရဲ့ စက်မှု ၂ ဝန်းကျင်ကို ကင်းပတ်ထွက်တာ၊ ကျနော်တို့က သတင်းရလို့ အသင့်စောင့်နေတာမှာ ထိတွေ့ပစ်ခတ်မှုဖြစ်တာ။ သေဆုံးတာက မျက်မြင်တွေ့ရတာ ၁ ဦးပါ၊ ၂ ဦးကတော့ ထိခိုက် ဒဏ်ရာရတယ်။”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွား က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် MA 3 သေနက် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀၀ ကျော် သိမ်းဆည်းရခဲ့ပြီး ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်မှု ၂ ထဲကိုပြန်ဝင်သွားပြီးနောက် ၆၀ မမ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၊ မြိုင်ပကဖ၊ ဓားမင်းကြီးတပ်ဖွဲ့၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ကိုမုဆိုး အဖွဲ့၊ ကိုစတီး အဖွဲ့၊ ကိုကင်း အဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့တောင်ဘက် ၄ မိုင်အကွာရှိ စက်မှု ၂ ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ခန့် အထိုင်ချ တပ်စွဲထားပြီး အနီးအနားကျေးရွာနဲ့ ပေါက်မြို့နယ်ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်တာတွေလုပ်တဲ့အတွက် ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ ဟယ်သာ၊ စာတည်း - လင်း၊ တည်းဖြတ် - M

#မြေလတ်အသံ
#မြိုင် #စက်မှု၂ #စစ်ကောင်စီ #တိုက်ခိုက်ခံရ⁩

https://youtu.be/fo-ugdK_8go
ယောနယ်မှာ MPT ထုန်းလိုင်း အချိန်ပိုင်းနဲ့သာ ဆက်သွယ်ပြောဆိုရ

ဂန့်ဂေါ-ရေမျက်နီလမ်းပိုင်း ပိတ်နေဆဲ

11.4.2025 ၊ယောအလင်းတန်း

ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ကမှပြန်လည်ဆက်သွယ်လို့ရတဲ့ MPT ဖုန်းဟာ အခက်အခဲအချို့ရှိနေသေးတာကြောင့် ဂန့်ရောမြို့နာ်အပါဝင်နေရာအချို့မှာ တစ်ရက်ကို ၄ နာရီသာ ဖုန်းလိုင်းဖွင့်ပေးနေရတယ်လို့သိရပါတယ်။

မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအထိဖွင့်ပေးတာဖြစ်ပြီး ဖုန်းတာဝါတိုင်အချို့မှာလည်း လည်ပတ်ဆီနည်းနေတာ၊ပြတ်လပ်နေတာတွေရှိနေဆဲဖစ်တယ်လို့ဒေသခံများက ယောအလင်းတန်းကိုပြောပါတယ်။

ဂန့်ဂေါမြို့တောင်ဖက်လမ်း၊ ဂန့်ဂေါ-ရေမျက်နီ လမ်းပိုင်းဟာ ယခုဧပြီလ ၉ ရက်နေ့ကနေ ယနေ့အထိ ကားများဖြတ်သန်းသွားလာလို့မရသေးဘဲ လမ်းကြောပိတ်နေဆဲဖြစ်တယ်လို့ ဂန့်ဂေါမြို့ပေါ်နေပြည်သူများထံကသိရပါတယ်။ဘယ်အဖွဲ့က ဘယ်လိုအကြောင်းအရာကြောင့် လမ်းကြောင်းကိုပိတ်ထားတယ်လို့မသိရပေမယ့် ဂန့်ရောမြို့ခလရ ၅၀ ကစစ်သတင်းရင်းမြစ်အရ အဆိုပါလမ်းကြောင်းကို ဆက်လက်ပိတ်ထားမည်ဆိုပါက စ-စ်ကြောင်းထိုးးပြီး လမ်းကြောင်းဖွင့်သွားမယ်လို့သိရပါတယ်။

နောက်ပြီး ဂန့်ဂေါမြို့ ပြည်သု့ဆေးရွံမှာလာရောက်ကုသခံနေရတဲ့ လူနာများကိုပါ နှင်ထုတ်သွားမှာဖြစ်ပြီး ဂန့်ဂေါ-ကလေးလမ်းပိုင်းကိုပါ ခလရ ၅၀ တပ်ကပြန်လည်ဖြတ်သန်းသွားလာခွင့်ကိုပိ-တ်ပင်သွားမည်လို့ ခြိမ်းးချော-က် ပြောဆိုထားတယ်လို့ စစ်သတင်းရင်းမြစ်အရ သိရပါတယ်။

@မင်းဒဿ
MRSN
Apr 11  ,  2:23PM
@MagwayScoutBot

@myaing3starbot

https://t.me/https3starmyaing