ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
စစ်တပ်က သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့် အချက်များအား ရှောင်မရလို့ မဖြစ်မနေ ဖြေဆိုရမည့်သူများ အနေနဲ့ အဖြေကိုကြိုတင်ရှောင်ရှားဖြေဆိုနိုင်ရန် မျှဝေပါတယ်။
Forwarded from Voice of Myanmar (Shine Aung)
ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၄
ရတီ(VOM)

မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး အထူးသဖြင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၀န်းကျင်တွင် စမ်းသပ်နိုင်ကြောင်း တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတအိမ်တော် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှင်ဝန်ဆစ်ခ်က မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်နိုင်ခြေ အကဲဖြတ်မှုကို ဝိုင်တီအင်န် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/pCkursug8kM5ymL2/?mibextid=oFDknk

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #နျူကလီးယားစမ်းသပ်မှု #အဆင်သင့်ဖြစ်နေ
Forwarded from Magway Regional Scout Network (YU ATARASHI)
တောင်သာ🔴

ယမန်နေ့နေ့လည် ၁၁း၃၀ မိနစ်ခန့်က လှည်းကူးမအုပ်စု ရတနာပုံကျေးရွာရှိ ပြည်သူ့နေအိမ်တစ်လုံးအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် မပေါက်ကွဲသေးပဲ ကျန်ရှိနေသော ပေါင် ၂၀၀ ဗုံးသီးတစ်လုံးတွေ့ရှိရတဲ့ မှတ်တမ်းပုံရိပ်ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
MRSN
Sep 24 ,  10:20AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
လူငယ် ၂ ဦးက စကစ ရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင်လာ

စက်တင်ဘာ ၂၄

မကွေးဒေသ၊ မြိုင်မြို့ရှိ လူငယ် ၂ ဦးက စကစ ရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက်ယူဆောင်ထွက်ပြေးလာခဲ့ကြောင်း မြိုင် ပကဖ ရဲ့ စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

မြိုင်မြို့ပေါ်ရှိ ညီညီထွန်း အသက် ၁၉ နှစ်နဲ့ ဝေယံမင်းခန့်အောင် အသက် ၁၆ နှစ် တို့က စက်တင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီ ရဲ တဦးအား ပစ်သတ်ပြီး G3 တလက်၊ G3 ကျည် ၃၇ တောင့်၊ MA1 တလက်၊ MA1 ကျည် ၂၃ တောင့် တို့ကို ယူဆောင်ထွက်ပြေးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ လူငယ် ၂ ဦးဟာ ရဲတပ်သား ယောကြီး ဆိုသူကို ပစ်သတ်ခဲ့ပြီး G3 သေနတ်ကို ယူဆောင်လာခဲ့သော်လည်း ကာဘိုင် တလက်ကို အနီးတနေရာမှာ လွှင့်ပစ်ခဲ့တာကြောင့် မြိုင် ပကဖ တွေက စက်တင်ဘာ ၂၃ ရက်မှာ သွားရောက်ရှာဖွေခဲ့ရာ ကာဘိုင် တလက်၊ ကျည် ၈ တောင့် ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
Forwarded from Hlaing Info
ဆင်မရဲပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်

စက်တင်ဘာလ ၂၄ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဆင်မရဲ ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Urban Underground Revolution Force (YSO) ထံမှ သိရသည်။

အဆိုပါ ဆင်မရဲကျေးရွာရှိ စစ်ကောင်စီ ပျူစခန်းကို ၃ ကြိမ်မြောက် တိုက်ခိုက်မှုတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီး ၃ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကြောင်း၊ ကျန်ရှိ စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများမှာမူ ထွက်ပြေးသွားကြောင်း YSO မှ ဦးယူက ပြောသည်။

ထို့ပြင် MA4 အောက်တွဲ ၁ လက်၊ G3 ၁ လက်၊ ကာဘိုင် ၂ လက်၊ 12 ဘို့ ကျည်ပစ် သေနတ် ၄ လက်၊ လက်ပစ်ဗုံးသီး ၅ လုံး၊ ကာဘိုင်ကျည် ၇၅၆ တောင့်၊ G3 ကျည် ၃၀၊ ဖိုက်ပွိုင့်ဖိုက်ကျည် ၁၄ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံးနှင့် အခြားဆက်စပ်ပစ္စည်း အနည်းငယ်ကိုလည်း သိမ်းဆည်းရမိကြောင်း ၎င်းက ဆိုသည်။

အဆက် - ⤵️⤵️
စက်တင်ဘာလ ၁၅ ရက်နေ့ မြိုင်မြို့ ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားတစ်ဦး မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံသို့ ထပ်မံအလင်းဝင်ရောက်လာခဲ့ကြောင်း၊  အလင်းဝင်ရောက်လာသူ ဦးလှဖြူသည် ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိဖြစ်ပြီး မြိုင်မြို့နယ်အထွက် မန္တလေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် AK အမျိုးအစား သေနတ်တစ်လက်၊ ကျည်  ၄၅ တောင့်  ယူဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုလာခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၇  ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်အဆင့်ရှိသူ ဇွဲလင်းပိုင်သည် မြိုင်မြို့ပေါ် အထက ၂ မှ ထွက်ပြေးလာခဲ့ပြီး AK သေနတ်အမျိုးအစား တစ်လက်၊ ကျည် ၉၈ တောင့် ယူဆောင်၍ မြိုင်ပကဖထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဒုတပ်ကြပ် ဇွဲလင်းပိုင်သည် ဧရာဝတီတိုင်း၊ ပန်းတနော်မြိုနယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူ့အပေါ်တွင် အပြုအမူလုပ်ရပ်များကို သည်းမခံနိုင်တော့သည့်အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံအလင်းဝင်ရောက်လာမည့်သူများ များစွာရှိသေးကြောင်း သိရှိရသည်။
မြန်မာပြည်ဒေသအသီးသီးမှ လေကြောင်းသတင်းများပေးပို့ပြီး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကူညီနိုင်ပါပြီ


我們可以透過發送有關軍用飛機飛越緬甸的信息來幫助和拯救革命者和公民

📫報告 @WaiHinScout_Bot
Forwarded from Shwe Moe
တန်ဖိုးသိတဲ့သူအတွက် တန်ဖိုးဖြတ်မရနိုင်တဲ့သူကို အခုလိုပဲ အမြဲတမ်းတံခါးဖွင့်ပြီး ကြိုဆိုပေးထားတယ်။

တန်ဖိုးမသိတဲ့ သူတွေအတွက်ကတော့ ကိုယ့်ရဲ့ လောဘ၊အတ္တအတွက်နဲ့ တန်ဖိုးရှိတဲ့သူကို အခန်းကျဥ်းထဲမှာ ပိတ်လှောင်ထားကြတယ်။

နင့်ကို တသက်မကျေဘူး မအလရေ —

September 24th, 2024
#MaShweMoeKorea
Forwarded from Hlaing Info
ကိုယ့်နိုင်ငံရဲ့ အနာဂတ်
ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာဟာ
ကိုယ့်ရဲ့လက်ထဲမှာ ရှိတယ်ဆိုတာ
ပြည်သူတွေ မမေ့ပါနဲ့ ။

ပြည်သူတွေတကယ်လိုလားတဲ့
ဘယ်ကိစ္စမျိူးမဆို ဖြစ်မြောက်စမြဲပါ။

ဇွဲ လိုတယ်၊ဝီရိယ လိုတယ်၊သတ္တိ လိုတယ်။
တွဲလက်ညီညီ ချီတက်မယ်ဆိုရင်
မရောက်နိုင်တဲ့ပန်းတိုင်ဆိုတာ မရှိပါဘူး ။

         ▪️ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။

▪️Hlaing Info
Forwarded from Magway Regional Scout Network (YU ATARASHI)
ပေါက်
11:30Am

‌ယောချောင်းနားဘေးရှိ စစ်ဘေးရှောင်များ၊ပြည်သူများနှင့်ကျေးရွာများ ချင်းတောင်တန်းတွင် မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး ယခု ကျောက်ထု-ဆော လမ်းပိုင်းတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး မကြာခင် ပေါက်မြို့နယ် ယောချောင်းဆီသို့ ရေများ ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း သိရှိရပါသည်။မြေနိမ့်ပိုင်းများနှင့်ရေစီးဝင်နိုင်သောနေရာများ အထူသတိထားကြပါရန် အသိပေးအပ်ပါသည်။

ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်တိမ်းရှောင်နိုင်ရန် အသိပေးအပ်ပါသည်။

Successful Force - Pauk
MRSN
Sep 26  ,  12:04PM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
မဂ်လာနံနက်ခင်းပါ🌹🌹🌹
ပြည်သူများအားလုံး စိတ်ချမ်းသာပြီး
ကိုယ်လည်း ကျန်းမာကြပါစေ။ 🌹🌹🌹
ဘေးရန်အပေါင်း ကင်းဝေးကာ
အေးချမ်းကြပါစေ🙏🙏🙏
27.9.24 3:00 AM
3Star
မြိုင်မြို့နယ်
တောင်ပိုင်း ၊ တွင်းမ ပျူရွာမှ စခ ပခများ  ယနေ့မနက် စစ်ကြောင်း
/ အင်ဖက်ကျေးရွာ/ အတွင်းရောက်ရှိသိရ..🌹
27.9.24 6:45AM
3 Star
Forwarded from လူထုခေတ်
မြိုင်၊သရက်ပျူရွာကို တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် ပျူစောထီး ၄၆ ဦးထိအလင်းဝင်လာ

စက်တင်ဘာ၊ ၂၇၊ ၂၀၂၄။
လူထုခေတ်

မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကန်ပျူစောထီးကျေးရွာမှ အလင်းဝင်ရောက်လာသည့် ပျူစောထီး ၄၆ ဦးထိရှိလာပြီဖြစ်ကာ လွတ်လပ်စွာနေထိုင်ခွင့်ပေးထားပြီး ခရီးသွားလာခွင့်ကိုသာ ခွင့်ပြုထားခြင်းမရှိကြောင်းသိရသည်။

စက်တင်ဘာလ ၂၃ရက်နှင့်၂၄ ရက်နေ့တို့တွင် မြိုင်မြို့နယ်၊သရက်ကန်ပျူစောထီးကျေးရွာမှ ပျူစောထီးမိသားစုဝင် ၁၄ ဦး အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး အလင်းဝင်ရောက်လာသူ ၄၆ ဦးထိရှိပြီဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုမှ ထုတ်ပြန်သည်။

“ကျနော်တို့ဆီ လာချင်တယ်လို့ ဆက်သွယ်လို့ စစ်ကြောင်းထိုးနေတဲ့ကြားကမှ ၂ ရက်ဆက်တိုက် ၁၄ ဦးကို သွားခေါ်ထုတ်လာရတာပါ။လက်ရှိ သရက်ကန်မှာ အင်အား ၁၀၀ ဝန်းကျင်တော့ ကျန်ပါလိ့မ်အုံးမယ်”ဟု အညာမြေတပ်ပေါင်းစု မှ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ပြောသည်။

အလင်းဝင်လာသည့် ပျူစောထီးမိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားရာ ကျေးရွာများတွင် ယာယီနေခိုင်းထားပြီ တော်လှန်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှု့ထားကြောင်းသိရသည်။

“လက်တလောတော့ စားဝတ်နေရေးခက်ခဲတာမရှိပါဘူး။ရေရှည်မှာလည်း အဆင်ပြေသွားမယ်မျှာ်လင့်ပါတယ်။သူတို့တွေကိုတော့ အသေးစိတ် စစ်မေးတာမျိုးမလုပ်ရသေးပါဘူး။သူတို့ကို ပြည်သူတွေနဲ့အတူပဲထားပါတယ်။အခြားရွာမှာ သွားရောက်နေထိုင်မယ်ဆိုရင်တော့ ခွင့်ပြုပေးထားပါတယ်။ကျနော်တို့ဆီမှာ ခိုလှုံနေတဲ့ကာလမှာတော့ ခရီးသွားခွင့်တော့ ပြုမထားပါဘူး”ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန်ပျူစောထီးရွာနှင့်ပျူစောထီးစခန်းမှ ပျူစောထီးများကို အချိန်မီအလင်းဝင်ရောက်ခြင်းမပြုပါက တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးတပ်ဖွဲ့များမှ ကြေညာခဲ့ခြင်းဖြစ်သည်။

#မကွေး #မြိုင် #ပျူစောထီး #အလင်းဝင် #PDF
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၆ မိနစ်အချိန်၊ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့  ရပ်ကွက် ၁ နယ်​မြေ ၈ ၊ ကျောက်တောင်၊ လားရှိုးမြို့မစျေးကြီးတို့ကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဗုံးကျဲမှုကြောင့် အမျိုးသား ၁ ဦး ၊ အမျိုး သမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ် ရာရရှိထားကြောင်း ၊ လားရှိုးမြို့မစျေးတွင်လည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စျေးရုံမီးလောင်ခဲ့ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း  ဒေသပြည်သူများက ဆိုကြသည်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေး၏ သတင်းစာမျက်နှာတွင်မူ ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ် စစ်ကောင်စီက လေယာဉ်ဖြင့် လားရှိုးမြို့မစျေး၊ ချယ်ရီစျေးရုံထဲသို့ ဗုံးကျဲချခဲ့ကြောင်း၊ ထို့ပြင် ရပ်ကွက် ၁ နယ်မြေ ၈ ထဲတွင်လည်း ဗုံးကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ အထိအခိုက် သေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ထားသည်။