ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့ ⚠️

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်ခန့်မှာ ရေစကြိုမြို့ လုပ်တိုင်းကုန်းနားသို့ ယနေ့မနက် ၈ နာရီ ၂ မီနစ်အချိန်က ရောက်ရှိနေကြောင်း သိရပါသည်။

Mar -9/8:18AM

#3SM
သပြေညိုဌာနေ

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (🎭)
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ Y-12စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ် ၁ စီး အနောက်မြောက်အရပ်သို့ပျံတက်။

#WaiHin
Mar 9, 9:53 AM
📫သတင်းပို့ရန် @WaiHinScout_Bot
နေပြည်တော်နဲ့ရန်ကုန် အထိ ချိတ်ဆက်နိုင်တဲ့ စကားပြောစက် အထိုက်စက်ကြီးတစ်လုံး ထီးလင်းမြို့ကစစ်ကောင်စီတပ်ဖွဲ့ တပ်ဆင်ထား

9.3.2025 ၊ထီးလင်း

ဖုန်းလိုင်းများခဏခဏ ပြ-တ်-တော-က်မှုဖြစ်တတ်တာကြောင့် ထီးလင်းမြို့ကစစ်ကောင်စီတပ်ဖွဲ့များအတွက် ရေးပေါ်အကူအညီတောင်းခံရလွယ်ကူစေရန်နဲ့ နေ့စဥ်ဒေသတွင်းအခြေအနေများ တင်ပြနိုင်ရန် နေပြည်တော်၊မန္တလေး၊ရန်ကုန်၊မကွေး စတဲ့မြို့များအထိ ဆက်သွယ်နိုင်တဲ့ စကားပြောစက် အထိုင်စက်ကြီးတစ်လုံးကို စစ်ကောင်စီကတပ်ဆင်ပေးထားပြီးဖြစ်ကြောင်းသိရပါတယ်။

ယခင်စက်က ဂန့်ဂေါ၊ကျောက်ထု၊ဆော၊ပခုက္ကူနဲ့မုံရွာမြို့များက စစ်ကောင်စီတပ်ဖွဲ့များကိုသာဆက်သွယ်ချိတ်ဆက်နိုင်တာဖြစ်တယ်လို့သိရပါတယ်။

ယခုအသစ်တပ်ဆင်လိုက်တဲ့စက်ကြီးက နေပြည်တော်၊ရန်ကုန်၊မကွေး၊မန္တလေး စတဲ့မြို့ကြီးများအထိ ချိတ်ဆက်ပြောဆိုနိုင်ပြီး မတ်လ ၅ ရက်နေ့က စတင်တပ်ဆင်ခဲ့ရာ မတ်လ ၇ ရက်နေ့မှာတပ်တင်မှုပြီးစီးသွားခဲ့ကြောင်း ခရိုင်စစ်ကောက်စီကွပ်ကဲရေး ဂန့်ဂေါမြို့ခလရ ၅၀ စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုအတည်ပြုပြောကြားပါတယ်။

ယောနယ်တနယ်လုံးရှိ စစ်ကောင်စီတပ်ဖွဲ့များကို ခရိုင်မြို့ဖြစ်တဲ့ ဂန့်ဂေါမြို့ခလရ ၅၀ ကသာအဓိက ကွပ်ကဲနေတာဖြစ်တယ်လို့သိရပါတယ်။လေကြောင်းပ-စ်-ကူခေါ်တာ၊ရိက္ခာတင်ပြတောင်းဆိုတာတွေနဲ့အခြားကိစ္စများကိုပါ ခလရ ၅၀ ကတဆင့်တင်ပြတောင်းဆိုရတာလို့လည်း စစ်သတင်းရင်းမြစ်ကပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Mar 9 , 11:28 AM

@myaing3starbot


https://t.me/https3starmyaing
09.03.2025
08:50 am
ကျောက်ထုသတင်း

ပေါက်ခေါင်းကျေးရွာမှာ ညအိပ်စခန်းချနေတဲ့ တပ်မ ၁၁ စစ်ကြောင်းမှူး ဆန်းဦး ဦးဆောင်တဲ့ စခအင်အား (၁၅၀)ခန့်ဟာ ယနေ့မနက်အစောပိုင်းမှာ ပေါက်ခေါင်းကျေးရွာမှ ချီချောင်းအတိုင်းစုန်ဆင်းလာကြကာ လက်ရှိမှာ လေးကျေးရွာအရှေ့ဘက် တောင်းကုန်းပေါ်မှာ ရောက်ရှိနေကြတယ်လို့သိရပါတယ်။ အနီးအနားကျေးရွာများဖြစ်ကြတဲ့ လေးကျေးရွာ၊ငလွန်း၊ကျောက်ပျဉ်း၊တောခလွန်၊ကျောက်မ၊မြောက်မကျင်း ကျေးရွာဘက် မိဘပြည်သူများအနေဖြင့် အစစအရာရာ အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

--------------- Aung Gyi ------------------

ယောအလင်းတန်း
MRSN
Mar 9 , 11:28 AM

@myaing3starbot


https://t.me/https3starmyaing
ဂန့်ဂေါသတင်း

9.3.2025

ယမန်နေ့ နေ့လည်ပိုင်းက စစ်ကား ၂ စီးနဲ့အတူ ပျားနတ်တောင်ခြေရင်း အာရှပတ်လမ်းမကြီးအတိုင်းတောင်အရပ်ကိုထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည်. ယမန်နေ့ ညနေပိုင်းမှာ ဂန့်ဂေါမြို့ဖက်ကိုနောက်ကြောင်းပြန်ဆု-တ်လာခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကားကြီး ၂ စီးကတော့ ခလရ ၅၀ တပ်အထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကတော့ ပျားရွာရဲ့အရှေ့ဖက် သရက်ခြံတခုထဲမှာ ယခုထိ ရှိနေကြသေးတယ်လို့လည်းသိရပါတယ်။

မြစ်သာဆည်ပေါ်ရောက်နေတဲ့ ခလရ ၅၀ ကစစ်ကြောင်းသည်လည်း ယခုအချိန်ထိ ဆည်ပေါ်မှာသာရှိနေကြပြီး ပြန်ဆု-တ်လာနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

ပြန်ဆု-တ်လာလျှင် ၎င်း စစ်ကြောင်းမှာ မဖြစ်မနေ ထမ်းခေါ်ရမည့် စစ်ကောက်စီတပ်ဖွဲ့ဝင် လူ-နာ ၄ ဦး (၄ ထမ်း)ရှိနေပြီး ပြန်လည်ခေါ်ထုတ်ဖို့ စစ်ရဟတ်ယာဥ် ကိုစောင့်မျှော် အကူအညီတောင်းခံထားကြောင်းလည်းသိရပါတယ်။

စစ်ကြောင်းက ဘယ်အချိန်ပြန်ဆုတ်မည်ကို မသိရတဲ့အတွက် မြစ်သာဆည်-ဂန့်ဂေါမြို့ကြား၊စစ်ကြောင်းဝင်ရောက်နိုင်ရာကျေးရွာများကပြည်သူများ၊ရပ်နီး/ ရပ်ဝေးကခရီးသွားပြည်သူများ ကြိုတင်သတိဖြင့် သွားလာနေထိုင်ပေးကြပါ။

#နွေဦးရောင်နီ
ယောအလင်းတန်း
MRSN
Mar 9 , 11:28 AM

@myaing3starbot


https://t.me/https3starmyaing
Forwarded from Hlaing Info
လူတစ်ယောက်
     ဘယ်လောက်ရင့်ကျက်တယ်ဆိုတာကို

"သူတပါးအတွက်
       သူဘယ်လောက်စဉ်းစားပေးနိုင်တယ်"
       ဆိုတာနဲ တိုင်းတာလို့ရတယ်

     
              ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။

#HlaingInfo
မြစ်ခြေ ⚠️

ကမ္မ ⚠️

မြိုင် တောင်ပိုင်း ⚠️

ပေါက် ⚠️


ယခု ၃ လပိုင်း အတွင်း ပခုက္ကူ ၁၀၁ မှ မြိုင်တောင်ပိုင်း ကမ္မ မြစ်ခြေ ပေါက် စသည့်မြို့များမှ ပသစ ရွာ တစ်ချို့ကို ရိက္ခာ ပိုဆောင်မည်ဟု ကြားသိရပါသည်။

မိဘပြည်သူများနှင့်တော်လှန်အင်အား စုများ သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

Mar -9

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (︎︎)
ပေါက်

ပေါက်နယ် ဖြတ်၍ MI-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အနောက် မြောက်အရပ် သို့ပျံသန်း။

#WaiHin
Mar 9, 11:40 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
ပေါက်

ပေါက်နယ် တောင်ခြမ်း ဖြတ်၍ MI-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အနောက် မြောက်အရပ် သို့ပျံသန်း။

#WaiHin
Mar 9, 11:43AM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «မြစ်ခြေ ⚠️ ကမ္မ ⚠️ မြိုင် တောင်ပိုင်း ⚠️ ပေါက် ⚠️ ယခု ၃ လပိုင်း အတွင်း ပခုက္ကူ ၁၀၁ မှ မြိုင်တောင်ပိုင်း ကမ္မ မြစ်ခြေ ပေါက် စသည့်မြို့များမှ ပသစ ရွာ တစ်ချို့ကို ရိက္ခာ ပိုဆောင်မည်ဟု ကြားသိရပါသည်။ မိဘပြည်သူများနှင့်တော်လှန်အင်အား စုများ သတိပြုနေထိုင်ကြပါရန်…»
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ပေါက်

ပေါက် ကပစ ၂၄သို့ MI-17 သယ်ပို့ရဟတ်ယာဉ် ၁စီး ဆင်းသက်။

#WaiHin
Mar 9, 11:50AM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ၁၀၁

ပခုက္ကူ ၁၀၁ မှ စစ်ခွေး ကားကြီး ၂ စီးဖြင့် စစ်ခွေး အင်အား အများအပြား ဖြင့် ယနေ့မနက် ၁၀ နာရီ ဝန်းကျင်က ပခုက္ကူ တံတား ဖြတ် ၍ တောင်သို့ မောင်းသွားကြောင်း သိရပါသည်။

Mar -9/12:18PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (︎︎)
ပေါက်

ပေါက် ကပစ ၂၄ မှာ MI-17 သယ်ပို့ရဟတ်ယာဉ် ၁စီး တောင်အရပ်သို့ပျံတက်။

#WaiHin
Mar 9, 12:23 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ပေါက်

ပေါက်နယ် တောင်ခြမ်းဖြတ်၍ ကပစ ၂၄ တက် MI-17 သယ်ပို့ရဟတ်ယာဉ် ၁စီး တောင်အရပ်သို့ပျံသန်း။

#WaiHin
Mar 9, 12:32PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြိုမြို့နယ် ပခုက္ကူ-မန္တ‌လေး ကားလမ်းဘေးရှိ မုံညင်းကျေးရွာကို မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် မအလ စခများ ဝင်ရောက်ပြီး နေအိမ်တွင်းရှိပစ္စည်းများအား  ကားဖြင့်သယ်ယူသွားပြီး၊ နေအိမ်အချို့နှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အင်အား ၈၀ ဝန်းကျင်ဖြင့် ထန်းချောင်း၊ ထန်းဆယ်ပင်ရွာများကို ဝင်ရောက်မွှေနှောက် သောင်းကြမ်းနေပြီး ‌အနီးဝန်းကျင် ကျေးရွာများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်း၊ ရေစကြို ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာတွင် အကြမ်းဖက် မအလ စခများက သတ်ဖြတ်ထားခဲ့သော အပြစ်မဲ့ပြည်သူ ၁၁ ဦး (ရုပ်အလောင်းတွေ့ရှိပြီး အတည်ပြုနိုင်သူ) ရှိကြောင်း လတ်တလော သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ဆုံး ကင်းဝေးကြပါစေ)

ရေစကြို၊ မတ် ၉

#InfoCommitteeYesagyo

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
အရေးပေါ် ဖုန်းခေါ်ဆိုလို့ရအောင် လုပ်ထားနည်း
လူတိုင်းရဲ့ဖုန်းမှာလုပ်ထားသင့်တဲ့ နည်းလေးပါ။

မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေကို အရေးပေါ်ဖုန်းခေါ်တဲ့နေရာမှာ ထည့်ထားနည်းလေး မျှဝေလိုက်ပါတယ်။
ဖုန်းကို Lock နံပါတ်ဖြင့်ခတ်ထားရင် ဒုက္ခရောက်တဲ့အချိန် မိသားစုဆီ အကူညီတောင်းနိုင်ဖို့ ကိုယ်တိုင်ဖုန်းမခေါ်နိုင်တဲ့အခြေအနေထိရောက်ခဲ့ရင်တောင် အခြားသူက မိမိဖုန်းကိုယူပြီး အရေးပေါ်ဖုန်းခေါ်ပေးနိုင်ပါတယ်။

ဒီနည်းကို ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနိုင်ပါတယ်။ Settings စာသား အနည်းငယ်တော့ ပြောင်းနိုင်ပါတယ်။

တစ်ပုံချင်းထောက်ပြီး လေ့လာနိုင်ပါပြီ။
အားလုံးဘဲအဆင်ပြေပါစေ

#ဆော့ဝဲလမ်းညွှန်
#HPC
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ် မအလ စခများက သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦးကို သတ်ဖြတ်၊ ကျေးရွာများကို မီးရှို့ဖျက်ဆီး

ရေစကြို၊ မတ် ၉

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ရွာကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်း 6:30 am အချိန်တွင် ပခုက္ကူ တပ်မ ၁၀၁ ၊ ရေစကြို ၂၅၆၊ ၂၅၇၊ ၂၅၈ တို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် မအလ စခများ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက်ယူဆောင်ပြီး နေအိမ်များကို မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးကာ စစ်ကြောင်းဝင်ရောက်လာစဉ် လွတ်အောင်ထွက်မပြေးနိုင်ကြသော သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများကို သတ်ဖြတ်ထားခဲ့ကြပါသည်။
လတ်တလော အတည်ပြုနိုင်သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားခဲ့သည့် ပြည်သူ (၁၁) ဦးမှာ  မြေစွန်းတော်ရွာ ဒေသခံပြည်သူများဖြစ်ကြသော အသက် (၇၀) ကျော်အရွယ် ဦးဟန်တင်၊ အသက် (၆၀) အရွယ် ဦးဌေးမြင့်၊ အသက် (၈၈) နှစ်အရွယ် ဦးသံမဏိ၊ အသက် (၆၀) အရွယ် ဒေါ်သန်းပြည့်၊ အသက် (၈၆) နှစ်အရွယ် ဒေါ်လှ‌ငွေ၊ အသက် (၆၇) နှစ်အရွယ် ဦးကြည်ဌေး၊ အသက် (၆၉) နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် (၃၅) နှစ်အရွယ် ကိုသန့်ဇင်၊ အသက် (၄၀) အရွယ် ကိုအောင်လင်းနိုင်၊ မာလကာခြံရွာမှ အသက် (၇၀) အရွယ် ဦးညွန့်ဝေ နှင့် အသက် (၅၀) အရွယ် ဦးဆန်းဝင်း တို့ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါအကြမ်းဖက် မအလ စခများသည် မြေစွန်းတော်ရွာ၊ မာလကာခြံရွာ၊ ရွာသစ်ရွာ၊ ဇရပ်နီရွာနှင့် သာဂေါင်လေးရွာတို့ကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ယမန်နေ့ည သာဂါင်ကြီးရွာတွင် ညအိပ်တပ်စွဲနေပြီး ယနေ့နံနက်ပိုင်း ပန်းညိုရွာကို စစ်ကြောင်းထိုးခဲ့ကြောင်း၊ နံနက်ပိုင်းတွင် သာဂေါင်ကြီးရွာ၌ ရှိနေဆဲဖြစ်ပြီး အနီးဝန်းကျင်ရွာများမှ ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရကြောင်း သိရှိရပါသည်။

ရေစကြို၊ မတ် ၉

#InfoCommitteeYesagyo

#3SM

3 Star Myaing


https://t.me/https3starmyaing
ပခုက္ကူမြို့နယ် ⚠️

အောင်သာပျူရွာ မှ စစ်ခွေးများမှ ယနေ့ နေ့လယ်ပိုင်းက လက်နက်ကြီး ၄ ဖြင့် အနောက်အရက်သို့ ရမ်းသန်းပစ်ခက် ခဲ့ကြောင်း သိရပါသည်။

Mar -9/7:26PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (🎭)
မိတ္ထီလာ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁စီး မြောက်အရပ်သို့ပျံတက်။

#WaiHin
Mar 9, 7:41 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ⚠️

ပခုက္ကူ တပ်မ ၁၀၁မှ UAV Drone (1)စီး ယနေ့ည ၈နာရီ ၃၀ မီနစ်အချိန်က အနောက်မြောက်အရပ်သို့ ပျံတက်ထားကြောင်း သိရပါသည်။

Mar-9 8:33PM

#3SM

3 StarMyaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing