ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from U U Aung Pwel ️
ဒီလိုဖြစ်လာရင်တော့ အင်မတန် အားနည်းပြီး ခြစားမှုတွေ အကြီးအကျယ်ဖြစ်တဲ့ နိုင်ငံတစ်ခုဖြစ်လာမှာပါ။ တရုတ်က ကြိုက်သလို ခြယ်လှယ်လို့ရတဲ့ ကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာဖို့ အကောင်းဆုံးအနေအထားပါ။

မြန်မာပြည်ကို တရုတ်က သီးသန့်ခြယ်လှယ်နိုင်တဲ့ သြဇာခံနယ်မြေတစ်ခုဖြစ်နေဖို့၊ တရုတ်ရဲ့ ပိုက်လိုင်းတွေနဲ့ နယ်ခြားဖြတ်ကျော်ဆက်သွယ်ရေးတွေ ချောမွေ့နေစေဖို့၊  သဘာဝနဲ့ သယံဇာတ အရင်းအမြစ်တွေ လိုသလို တူးလို့ရတဲ့ တရုတ်ရဲ့ နောက်ဖေးပေါက် ဖြစ်နေဖို့၊ ခြင်းထဲက ကြက်ဖြစ်နေစေဖို့ လမ်းပေါ်ကိုရောက်တာပါပဲ။

စစ်အုပ်စုအနေနဲ့ ဒီလိုမျိုးညှိနှိုင်းမှုမျိုးကို ဘာ့ကြောင့် လိုအပ်သလဲဆိုတာလဲ သိသာပါတယ်။ မအလမှာ ရွေးစရာသိပ်မရှိပါဘူး။ မအလဟာ အဆုံးသတ်ကို မြင်နေပါပြီ။ နယ်အစွန်အဖျားတွေကို အဆုံးရှုံးခံလိုက်ပြီး နယ်မြေရထားတဲ့ EAOs တွေနဲ့ အီလစ်အချင်းချင်းညှိနှိုင်းဖို့ပဲ လုပ်တော့ မှာပါ။

အပြန်အလှန်ဘာတွေ ခွဲယူကြမလဲဆိုတဲ့ သူညှိတဲ့ ပုံစံကို လက်ခံတဲ့ ဘယ်သူ့ကိုမဆို ဝဒေသလိုမျိုး  ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်မှာပါ။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရားဝင်ရော တရားမဝင်ရော စီးပွားရေးတွေနဲ့ ကိုယ် ကိုယ့်နယ်မြေမှာ ကိုယ်ကျေနပ်နိုင်နေပြီး စစ်တပ်ကိုဖြိုမယ့် တစ်နိုင်ငံလုံးပါဝင်ကြတဲ့ တိုက်ပွဲကနေ ဘေးဖယ်ပေးကြဖို့က မအလစိတ်ကြိုက်ပုံစံဖြစ်မှာပါ။

အဲဒီအခါ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တော်လှန်ရေးဘယ်လောက်အားကောင်းမလဲဆိုတာက ဆုံးဖြတ်ပေးသွားမှာပါ။ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတို့မှာ ဖြစ်မယ့် တိုက်ပွဲတွေက အဆုံးအဖြတ်ပေးသွားမှာပါ။ EROs တွေက သူတို့မှာရှိတဲ့ အင်အားတွေကို စစ်ပွဲထဲ မထည့်တော့ဘူးဆိုရင် ဗမာတော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်းက တိုက်ပွဲတွေအတွက်၊ တိုက်ပွဲတွေထဲက အချက်အချာအကျဆုံးတိုက်ပွဲတွေအတွက် မဟာဗျူဟာကျကျနဲ့ အရင်းအမြစ်တွေ ထည့်စရာရှိတာမထည့်တော့ ဘူးဆိုရင် တော်လှန်ရေးမအောင်နိုင်ပါဘူး။

စစ်တပ်ဟာ ခုချိန်မှာ အင်မတန်အင်အားနည်းနေပြီး ပြိုယိုင်ဆင်းနေပါပြီ။  တိုင်းပြည်နယ်နယ်စပ်နေရာတွေအတွက် သူထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်ပြီး ဗမာ ဧရိယာတွေမှာရှိတဲ့ တော်လှန်ရေးကို ဖြိုပစ်ဖို့အတွက် ပြန်ပြီး တာစူနေပါပြီ။တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဒီလိုအချိန်မှာ တပ်ကို ဝင်ကူတာမျိုးမလုပ်ကြဖို့ လိုပါတယ်။

ဗမာအများစုနေတဲ့ ဒေသတွေမှာပဲဖြစ်ဖြစ် မကောင်းဆိုးရွားမြန်မာစစ်တပ်ကို ဆက်ပြီး ရှင်အောင်လုပ်ပေးထားရင် စစ်တပ်ဟာ အင်အားပြန်စုပြီး ကင်ဆာဆဲလ်လို တခြားနေရာကိုပြန်ပြီး ပြန့်ပွား ဒုက္ခပေးနေဦးမှာပါ။ ဖြစ် နေတဲ့ ကင်ဆာကို ဖယ်ရှားကုသနိုင်တဲ့ သမိုင်းဝင် အခွင့်အရေးကို လက်မလွှတ်ကြသင့်ပါဘူး။

နွေဦးတော်လှန်ရေး အစောပိုင်းအဆင့်တွေမှာကတည်းက မြန်မာပြည်သူတွေနဲ့ လူမျိုးစုပေါင်းစုံ လွတ်မြောက်ဖို့ အားထုတ်ကြတာမှာ အနိမ့်ဆုံး မဖြစ်မနေဖြစ်လာဖို့ ရည်မှန်းထားချက်တွေရှိပါတယ်။ စစ်တပ်ကို နှိမ်နင်းဖို့ စုပေါင်းတိုက်ပွဲမှာ လူမျိုးစုအသီးသီးထဲက အုပ်စုကြီးတွေ မပါတော့ဘူးဆိုရင် NUG နဲ့ PDF တွေမှာ လက်နက်၊ ခဲယမ်းမီးကျောက်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ လေ့ကျင့်သင်ကြားရေးတွေ၊ စစ်ရေးအတွေ့အကြုံတွေမရှိသေးပါဘူး။ စစ်တပ်က ဆက်ရှိနေနိုင်ဦးမလားဆိုတာ နိုင်ငံရေးမဟာမိတ်တွေ၊ အိမ်နီးချင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထည့်ဝင်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။

တစ်ဖက်မှာလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်မ အထက်ပိုင်း၊ အောက်ပိုင်းမှာ အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမရှိဘဲနဲ့ EAOs တွေဟာ ရေရှည်မှာ စစ်တပ်ကို ပခုံးချင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး။ဖိနှိပ်ပြီး အနိုင့်အထက်ကျင့်ကြံတတ်တဲ့ စစ်တပ်ဟာ ဗမာပြည်အလယ်ပိုင်းမှာ ရှိနေသရွေ့၊ စီးပွားရေးရဲ့ အရေးကြီးတဲ့အပိုင်းတွေကို ချုပ်ကိုင်ထားနိုင်သရွေ့၊ ဗမာနယ်မြေတွေဟာ သူတို့စစ်သားစုဆောင်းရေးနယ်မြေတွေ ဖြစ်နေသရွေ့  လူမျိုးစုမဟာမိတ်တွေအားလုံးညီညွတ်ကြမယ်ဆိုရင်တောင် ရေရှည်မှာ စစ်တပ်ကို ထိန်းနိုင်ဖို့ ခက်ပြီး သူတို့ စစ်တပ်နဲ့ အခုညှိလို့ရထားတာတွေကို တောက်လျှောက်ကာကွယ်ထားဖို့ ခက်ပါလိမ့်မယ်။

မြေယာ၊ သဘာဝသယံဇာတ၊ ပိုင်ဆိုင်မှု နဲ့ လူမျိုးစုတွေ ကြီးပွားမယ့်အလားအလာတွေအပေါ် ဆက်ပြီး ဂုတ်သွေးစုတ်နေနိုင်ပါတယ်။ ကြီးနိုင်ငယ်ညှင်း အိမ်နီးချင်းနိုင်ငံတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ဒေသခံ ခေါင်းဆောင်တွေရဲ့ ခြယ်လှယ်မှု၊ အမြတ်ထုတ်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေဦးမှာပါ။

EROs တွေနဲ့ ဗမာ PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုနဲ့ စကစ ကို နိုင်အောင်တိုက်လို့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဗိုလ်ကျမှုကို အပြီးတိုင်ပယ်ဖျက်လို့ ရပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ သုံးနှစ်တာ ပြီးခဲ့ချိန်မှာ ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေလည်း မြင်ခဲ့ကြရပြီမို့ ဒီလို စကစကို အပြီးတိုင်ဖျက်နိုင်တဲ့ လမ်းဟာလည်း မဝေးတော့ပါဘူး။
Forwarded from U U Aung Pwel ️
ဒါပေမယ့် တရုတ်နဲ့ မြန်မာ့ အိမ်နီးချင်းတွေက လူမျိုးစုဘက်ကို ဆွဲဆောင်သိမ်းသွင်းပြီး နွေဦးတော်လှန်ရေးကို ပစ်ထားခဲ့မယ့် အခြေအနေဖြစ်လာမယ်ဆိုရင် စကစနဲ့ အပေးအယူတွေလုပ်ကြတော့မယ် ဆိုရင် ဒီသုံးနှစ်အတွင်းမှာ ရလာတဲ့ အခွင့်အရေးဟာ နောက်အနှစ် ၂၀ မှာတောင် တစ်ခါပြန်ပေါ်လာဖို့ မလွယ်ပါဘူး။

အကယ်၍ စကစ က မပြိုလဲဘဲ စစ်တပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဒီလိုပဲ ဖိနှိပ်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ဆွေမျိုးကောင်းစားရေးပဲ ဆောင်ရွက်တာ၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတာ၊ ခွဲခြားဆက်ဆံတာတွေဟာ ဆက်ဖြစ်နေကြဦးမှာပါ။တိုင်းပြည်ကို ချွတ်ခြုံကျစေတဲ့ ဒီစစ်အုပ်ချုပ်ရေးကပဲ အာဏာကို တစစ ပြန်စုစည်းနိုင်လာမှာပါ။ ပြိုကျတော့မယ့် ဆဲဆဲ အခြေအနေကနေ ပြီးတော့ အင်အားအသစ်တွေ ပြန်မွေးထုတ်လာနိုင်တဲ့ စစ်တပ်ဖြစ်လာမှာပါ။

သူလိုချင်တာရသွားပြီးရင် စကစဟာ တစ်ချိန်မှာတော့ သူပဲ အကုန်ယူမယ်ဆိုတာမျိုးဖြစ်လာပါလိမ့်ဦးမယ်။ တခြားအင်အားစုတွေ ကျဆုံးရေးကိုပဲ သူက ဦးတည်ပါလိမ့်မယ်။ ဓနဥစ္စာကို စစ်စစ်မှန်မှန်ခွဲဝေပေးတာ၊ တရားမျှတမှုကို စစ်မှန်စွာရှာဖွေတာတွေမရှိဘဲ သဘောတူညီထားတဲ့ အပေးအယူတွေကိုတောင် လိုက်နာမှာမဟုတ်ပါဘူး။

စစ်ကောင်စီ အနေနဲ့ စစ်တပ်ကြီးစိုးရေးကို ဆက်လုပ်သွားနိုင်ရင် အပြစ်လုပ်ပြီး ပြစ်ဒဏ်ခတ်ခံရတာကနေ ဆက်လွတ်မြောက်နေဦးမှာဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း နိုင်ရာစား စရိုက်အတိုင်း ဆက်ရှိနေမှာပါ။လက်ရှိရနေတဲ့ သမိုင်းမှာ အရေးကြီးလှတဲ့ အခွင့်အရေးကို လက်မလွှတ်သင့်ကြပါဘူး။

ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ အဖွဲ့ဝင် TNLA တပ်ဖွဲ့များ။
#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
“စိစစ်နေတုန်းပဲ။ သင်တန်းတက်မလား၊ PDF လုပ်မလား၊ ဒီတိုင်းပဲ စစ်မှုမထမ်းချင်လို့ လာခိုလှုံတာလား။ ရွှေ့ပြောင်းမိသားစုတွေပါလာတာလည်း ရှိတာကိုး။ အဲဒါမျိုးတွေကျတော့ သေချာစိစစ်နေတာပေါ့။ ဘာလုပ်ရမလဲဆိုတဲဟာကို ကျွန်တော်တို့က ဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးဆက် လက် သူတို့ဖြစ်ချင်တဲ့ပုံစံ လုပ်ပေးရမှာပေါ့။ အများအားဖြင့်ကတော့ တော်လှန်ရေးအတွက်လုပ်မယ့်သူက ပိုများတယ်လို့ထင်ပါတယ်” လို့ ဆိုပါတယ်။

KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံလာတဲ့ လူငယ်တွေဟာ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေကတဆင့် ဆက်သွယ်ဝင်ရောက်လာတာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအများစုပါဝင်နေကာ အမျိုး သမီးပါဝင်မှု နှစ်ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသ မီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့် သင်္ကြန်အပြီး စတင်သွားမယ်လို့ အသိ ပေးထားပြီး တစ်ပတ်လျှင် လူပေါင်း ၅၀၀၀ ၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ အထိ စစ်မှုထမ်းရန် ဆင့် ခေါ် သွားဖို့ စီစဉ်ထားပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ တော်လှန်းရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို  တရားဝင်အပြင် တရားမဝင်လမ်းကြောင်းတွေကနေ အလုံးအ ရင်းနဲ့ ထွက်ခွာတာတွေ ရှိနေပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက စစ်ကောင် စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ- သထုံခရိုင်PDF
#TLT
#HlaingInfo
မြိုင်

ကမ္မစခန်းမှ စခကား၄စီး မြိုင်လမ်းဘက်တိုင်းထွက်သွားသိရပါသည်။

မြိုင်စက်မှု၂စခများ ကုန်းရွာနားတဖွဲ့ ၊ပေပင်တိုက်တဖွဲ့ ၊မကျည်းချောက်ရေကန်နားတဖွဲ့ ၃ဖွဲ့ခွဲထွက်ထားပါသည်။

ကားလမ်းတလျှောက်ရှိကျေးရွာများနှင့်ပြည်သူများအထူးသတိထားနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

Successful Force - Pauk
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လိပ်ပြာ
MRSN
Mar 5 , 9:00AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
မလှိုင်

March 5
7:05PM

မလှိုင်ဘက်မှ စခအင်အား အများအပြားပါဝင်သော စစ်ကြောင်းသည် တောင်သာ-မလှိုင်နယ်အစပ် မြေခြားကျေးရွာတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူမနေသည့်နေအိမ်တစ်လုံး၊ သုံးဖွဲ့ခွဲကာ တပ်စွဲထားသည်။
မြေခြားကျေးရွာတွင် စစ်ကြောင်းအားလုံးစုပေါင်းပြီးအင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

မတ်လ ၃ ရက်နေ့က ရုံးစည်ကြီးရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရပြီးနောက်ပိုင်း စခ အင်အားထပ်တိုးထားကာ ၎င်းကျေးရွာအနီးတစ်ဝိုက် ကင်းပုန်းများချထားလျှက်ရှိကြောင်းသိရသည်။

[မလှိုင်_တောင်သာ_နွားထိုးကြီး အစပ်များရှိကျေးရွာနေပြည်သူများ သတိထားကြပါ]
Mar 5 , 7:15PM
Forwarded from U U Aung Pwel ️
အလင်းမဝင်မီ စစ်အုပ်စု လက်အောက်မှာ စစ်သားအဖြစ် တစ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ရတယ်လို့ တပ်သား သက်ဇော်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေော်ဝါရီလအတွင်း MDY-PDF ထံ အလင်းဝင်လာတဲ့ စစ်အုပ်စု တပ်သား နှစ်ဦးရှိခဲ့ပြီး ဖေဖေါ်ဝါရီ(၉)ရက်က  ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ထံ (MA-3) တစ်လက်၊ ကျည်ဘောက် သုံးဘောက်၊ ကျည် (၂၅၀) နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ် ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

#MFP
#HlaingInfo
- စကစ ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် ၂၀၂၁ ထက် ပိုပြီး လူတွေ ထွက်လာကြပြီး PDF လုပ်ဖို့ ထက် စစ်မတိုက်ချင်သူတွေ ပါလာတယ်။ အဲဒီ ဝန်ထုပ်ဝန်ပိုးကို ထိုင်းက အခွင့်အလမ်းအဖြစ် ပြောင်းလဲနေတယ်။

ထိုင်းစီးပွားရေးသမားတွေအတွက် ဈေးပေါလုပ်အားတွေ စီးဝင်လာပြီ။ အမေရိကန် အာဆီယံရဲ့ အလှူငွေတွေ စီးဝင်လာပြီ။

▪️ KNU အနေနဲ့ ပြည်သူကို ထမ်းပိုးထားရတဲ့ ဝန်ထုပ်ကြီး လျော့ကျမယ်။ တချိန်ထဲမှာပဲ ကျားဖြ့န့် နဲ့ ကြပ်ပေးခံရတဲ့ KNU ခေါင်းဆောင်တွေ ဒါနဲ့ စီးပွားရေး လုပ်မစားကြဖို့ လိုတယ်။ 

မြောက်ပိုင်းလို ဖြစ်ချင်ရင် မြောက်ပိုင်းလို ပြတ်သား။ စကစ ကင်းစင်မှ လုပ်ချင်တာ လုပ်

Credit

#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
မြိုင်🔥

မတ်လ ၆ ၂၀၂၄ ကမ္မ မန်ကျည်းတန်းရွာကို စစ်ခွေးပျူခွေးတွေ မီးရှို့

ကမ္မတိုက်နယ် ဖောင်းကွဲအုပ်စု မန်ကျည်းတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများက မီးရှို့နေပါသည်။

ပခုက္ကူ တပ်မ ၁၀၁ စစ်ခွေးတွေနဲ့ ရေလာလေး၊ညောင်ဂျစ်ပင်၊အောင်သာ၊ရှင်မကန် ပျူစောထီးတွေက မန်ကျည်းတန်းရွာကို မီးရှို့နေတာဖြစ်ပါတယ


Update

6 Mar 2024 14 : 45

မြိုင်မြို့နယ် လင်းကတောရွာ ပြည်သူနေအိမ်များကို အကြမ်းဖက် စခ ပခများ မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။


#MYAING
MRSN
Mar 6 , 6:40PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
                              
Forwarded from U U Aung Pwel ️
ကနီမြို့တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း၊ ထွေအုပ်ရုံးတို့၌ အထိုင်ချခံစစ်ပြင်ကာ ကျန်စစ်ကောင်စီတပ်များက ဘုရားကုန်းပေါ်သို့ပြေး၍ ခုခံစစ်ဆိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတစ်လျှောက်နေ့စဥ်ရက်ဆက် လေကြောင်းပစ်ကူများအသုံးပြုခဲ့သောကြောင့် ရပ်ကွက်အချို့မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူအချို့လည်း ​ေ.သ.ဆုံး.ခဲ့ကြောင်းသိရသည်။ သို့သော် အရေအတွက်ကို အတည်ပြုဆဲဖြစ်သည်။

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးအခြေအနေကိုလည်း စုံစမ်းလျက်ရှိပါသည်။

#NA
#HlaingInfo
နမ့်စန်⚠️

နမ့်စန်လေတပ် စလခမှ ​FTC-2000G Fighter Jet (1) စီး ​​​​​မြောက်အရပ်သို့ ပျံတက်။

#NAS
Mar 7, 9:44AM
📡သတင်းပို့ရန် @infonas
Forwarded from Magway Regional Scout Network (YU ATARASHI)
တောင်သာ

March 7
7:30AM

မလှိုင်နယ် မြေခြားကျေးရွာတပ်စွဲထားသော စခအင်အား ၂၀၀ ဝန်းကျင်မှ ‌‌
ခြေလျင်စစ်ကြောင်း ၃ကြောင်းခွဲကာ စတင်ထွက်ခွါ..

စစ်ကြောင်း ၂ခုမှာ မြောက်ဘက် သန်းတန်း၊ သန်းပင်ကုန်း၊ ရွာတန်းရှည်၊ ဘွက်ငယ် ရွာများ ဘက်သို့ဦးတည်ထွက်ခွာနေ..

Edit :8:00AM
သန်းပင်ကုန်းရွာစတင်ဝင်ရောက်နေ

ကျန်စစ်ကြောင်းမှာ ၎င်းကျေးရွာအတွင်းကျန်ရှိနေဆဲ.

ပြည်သူများသတိထားသွားလာကြပါ


March 7
8:30AM

=> ဇရပ်ကြီးမှ စခအင်အား ၂၀ခန့် ဇမ္ဗူသီရိတောရိုး(သံကြိုးကွင်းအစပ်)သို့ ခြေလျင်စစ်ကြောင်းထိုးသွား၊

=> မြေခြားရွာမှ ထွက်လာသည့် စခ အင်အား ၁၀၀ကျော်ပါသော စစ်ကြောင်းသည် သန်းပင်ကုန်းရွာသို့ရောက်ရှိနေ

=> မြေခြားရွာကျန်ရှိနေသော စခများ ရုံးစည်ကြီးဘူတာရပ်အရှေ့ဘက် ရိပ်သာကျောင်းသို့ရောက်ရှိနေ(9:00AM)

ပြည်သူများသတိထားသွားလာကြပါ

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
MRSN
Mar 7 , 9:45AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
                         
၆ရက် ၃ လ ၂၀၂၄
မနက် ၉ နာရီ ၁၀ မိနစ်

   မုံရွာမြို့အတွင်း သာစည်လမ်းပေါ် ပေရှစ်ဆယ် လမ်းမြောက်ဘက် မှာ အိမ်စီးကားတစီး မြေသယ်ကား တစီး ဖြင့် အင်အားအများအပြားရောက်ရှိနေတယ်လို့ သိရ
ကနီ⚠️

က​လေး​လေဆိပ် တက် ​​MI-35P Attack Helicopter (1)စီး ကနီနယ်ခုံကြီးရွာကိုဖြတ်၍ အ​ရှေ့​တောင်အရပ်သို့ ပျံသန်း။

#NAS
Mar  7, 9:50AM
📡သတင်းပို့ရန် @infonas
Forwarded from Magway Regional Scout Network (YU ATARASHI)
ရေစကြို

ယနေ့ ညနေ ၅ နာရီဝန်းကျင်အချိန်က ထန်းချောင်းကျေးရွာနေထိုင်သော ဦးဟန်ထွေးအား မြို့ပေါ်ကားပစ္စည်းလာဝယ်စဉ် အင်အား၂၀ ခန့်ရှိ‌သော မအလ စခနှင့် ပျူခွေးများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မည်သည့် အကြောင်းဖြင့် ဖမ်းဆီးသွားကြောင်း မသိရှိသေးသော်လည်း ဖမ်းဆီးခံရသူသည် သာမာန် ကုန်ကားပြေးနေသူတစ်ဦးသာဖြစ်ကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
MRSN
Mar 7 , 9:50AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
                         
ဂန့်ဂေါမြို့ ခလရ ၅၀ ကစခ၊ပခ များ ကွမ်းဇဲရွာသို့ဦးတည်ရွေ့လျားနေ

7.3.2024 ၊Gangaw

ယနေ့မနက်ပိုင်းကထွက်လာတဲ့ ဂန့်ဂေါမြို့ ခလရ ၅၀ က စခ၊ပခ (အင်အားစီစစ်ဆဲ)များဟာ ယခုအခါ ပိုဦးရွာတောင်ဖက် ဒေသအခေါ် အင်ကြင်းတောဖက်ကိုရောက်ရှိနေကြတယ်လို့သိရပြီး အတည်ပြုဆဲသတင်းအရ ကွမ်းဇဲရွာဖက်ကို စစ်ကြောင်းထိုးလှုပ်ရှားမည်ဖြစ်ကြောင်းသိရပါတယ်။

အနီးနားရှိမိဘပြည်သူများနဲ့ ပိုဦးရွာ၊ကွမ်းဇဲရွာက ပြည်သူများကြိုတင်သတိထားနေပေးကြပါ။
Mar 7 , 10:00AM 
Forwarded from U U Aung Pwel ️
လူများ အစုလိုက် အပြုံလိုက် အိမ်နီးချင်း နိုင်ငံများသို့ ခိုလှုံလာကြမည် ဟူသော အယူ အဆ အား ဆုပ်ကိုင်ထားမှုကို ချက်နိုင်ငံ ရှိ မြန်မာ အရေး ထဲထဲဝင်ဝင် သိသူ အီဂေါ ဗလာဆီဗစ်က ဧရာဝတီ တွင် အချက် အလက် နှင့် တကွ ထောက်ပြသွားခဲ့သည်။

ယခုအချိန်ထိ အာဆီယံ အဖွဲ့သည် သံတမန်‌ရေး နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ဟု အသံကောင်း လွှင့်နေသော်လည်း လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် နည်းလမ်း မှန်သမျှ ကို ရှောင်ရှားနေဆဲ ဖြစ်သည်သာမက အာဏာသိမ်း အဖွဲ့ကို မည်သို့မျှပင် ဖိအားပေးခဲ့ခြင်း မျိုး မရှိပေ။ ၎င်းတို့ ၏ မည်သို့မျှ သုံးစား၍ မရသော အချက် ငါးချက် နောက်ကွယ်တွင် သက်တောင့်သက်သာ ပင် အကာအကွယ် ယူ၍ ပုန်းကွယ်နေကြသည်။ ထိုအထဲမှ ဟွန်ဆန်၏ ငြိမ်းချမ်းရေး အဆင်ပြေ ချော့မွေ့အောင် ဆောင်ရွက်ပေးမည် ဆိုခြင်း၊ အင်ဒိုနီရှား၏ စိတ်ရှည်လက်ရှည် နှင့် ကန့်လန့်ကာ နောက်ကွယ်မှ သက်ဆိုင်သူများနှင့် အကြိမ် ၃၀၀ ကျော် ဆွေးနွေးခဲ့ခြင်း၊ နောက်ဆုံး အဖြစ် ထိုင်း၏ လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးမည့် စင်္ကြန်လမ်းမကြီး အစရှိသည် တို့ လုပ်လာခဲ့ကြသည်။

အိမ်နီးခြင်း နိုင်ငံများ အားလုံးကလည်း လူတိုင်းလိုပင် စစ်ကောင်စီက ကြိုက်ကြသည် မဟုတ်။ ခေါင်းမာပြီး အရည်အချင်း မရှိမှု၊ လူထု ထောက်ခံမှု မရှိမှု၊ နိုင်ငံတွင်း သရဲမရဲ စီးကား စီးပွားရှာနေမှု များ အားလုံး ကို မမြင်ချင်မှ အဆုံး ဖြစ်နေသည်။ အာဏာသိမ်းပြီး နောက်တွင် ၎င်းတို့ မည်မျှပင် မကြိုက်သော်လည်း စစ်တပ်သည် ဆန့်ကျင် ကန့်ကွက်မှုများ၊ တော်လှန်တိုက်ခိုက်နေမှုများ ကို အနှေး နှင့် အမြန် ဆိုသလို နှိမ်နှင်း နိုင်ပြီး အခိုင်အမာ အုပ်ချုပ်သွားနိုင်မည်ဟု ယုံကြည်ထားခဲ့ကြသည်။

ယခု ထိုသို့ ဖြစ်မလာဟု သိရှိလာသည့် အခါတွင်တော့ တခုခု လုပ်ရတော့မည်ဆိုက ယာယီ အပစ်ရပ်ရေး ပြီး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရာမှ စပြီး အားလုံး ပါဝင်မည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့် သွားနိုင်သည်ဟု ပြောင်း၍ တွက်ဆလာကြသည်။

ဤသည်ကို ကြည့်မည်ဆိုက အာဏာသိမ်း အဖွဲ့အား နိုင်ငံရေး တွင် ဆက်၍ လွှမ်းမိုး ထိန်းချုပ်ထားနိုင်စေရေး၊ ၎င်းတို့ ကျုးလွန်ခဲ့သည့် အပြစ်များ မှ ကင်းလွတ်ရေး၊ စီးပွားရေးကို ဆက်၍ လက်ဝါးကြီး အုပ်ထားနိုင်ရေး တို့ အတွက် အကူအညီ ပေးနေကြခြင်းသာ ဖြစ်သည် မဟုတ်ပါလော။

လက်ရှိ မြန်မာ ပြည်သူတို့ ၏ တရားမျှတစွာ ရုန်းကန် တိုက်ပွဲ ဝင်နေမှု များကို အိမ်နီးချင်း နိုင်ငံများ နှင့် နိုင်ငံတကာ မှ ထိုကဲ့သို့ ပုံစံ မျိုး နှင့် ဝင်ရောက်စွက်ဖက်လာခြင်း ကို တန်ပြန် နိုင်မည့် နည်းလမ်း တခုတည်းသာ ရှိပေသည်။

ယင်းသည်က အခြေအနေ အားလုံးကို ဆက်စပ်လွှမ်းခြုံနိုင်မည့် မဟာဗျူဟာ တခု ချမှတ်ဖို့ လိုအပ်လာသည်။

- စစ်ကောင်စီ တပ်များ အား စစ်ရေး အရ ဆက်၍ ဖိအား ပေးပြီး အနည်း နှင့် အများ ဆိုသလို အောင်ပွဲ များ ရရှိအောင် ပြုလုပ်ထားရမည်။ ယင်းနှင့်အတူ စိတ်ဓါတ်ရေးရာ နှင့် သတင်း အချက်အလက်များ ဖြင့် စစ်တပ် အတွင်း အောက်ခြေ မှစ၍ သူ့အလိုလို ပေါက်ကွဲ ထွက်လာအောင် အဆက်မပြတ် ပြုလုပ်သွားရမည်။

- တော်လှန်ရေး အင်အားစု အတွင်း နိုင်ငံရေး နှင့် စစ်ရေး တာဝန်ရှိသူများ အနေဖြင့် သတင်း မီဒီယာ များ၏ စိတ်ဝင်စားမှု နှင့် နိုင်ငံတကာ၏ အာရုံစိုက်မှု ရရှိနိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ထွက်အောင် ချက်ခြင်းလက်ငင်း ဆောင်ရွက်သွားရမည်။

- အဓိက သော့ချက်သည် လက်ရှိအခြေအနေ ပေါ် မူတည်ပြီး အိမ်နီးချင်း နိုင်ငံများ နှင့် နိုင်ငံတကာ မှ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်လာမည့် လမ်းကြောင်းကို ခွင့်မပေးရန် ဖြစ်သည်။ အပြင်လူများ အနေဖြင့် စစ်ကောင်စီ အား လက်ရှိ နိုင်ငံကို ထိန်းသိမ်းထားနိုင်သည့် အရေးပါသည်ဟု သတ်မှတ်ပြီး မဆီမဆိုင် ယခုအခါ ကျရှုံးသွားပြီ ဖြစ်သည့် အပစ်ရပ်ရေး လက်မှတ်ထိုးထားသူများအား ဆွဲသွင်းမလာရေးပင် ဖြစ်သည်။

- တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံ တို့မှ စစ်ကောင်စီ အား ပြန်၍ အသက်သွင်း ပေးမည့် လုပ်ရပ်များကို ကန့်ကွက်ရန် အရပ်ဖက် အဖွဲ့အစည်း များ မှ ဆက်၍ တညီတညွတ်တည်း ကန့်ကွက်သွားရေး၊ ထိုသို့ ကန့်ကွက်သွားရာတွင် ထိုသို့ အလွဲလွဲ အချော်ချော် အယူအဆများ နှင့် လုပ်လာနေမှု သည် စစ်ကောင်စီမှ တနိုင်ငံလုံးကို အကြောက်တရား လွှမ်းမိုးလာအောင် ဖိနှိပ်နေမှု များကို အားပေးရာ ရောက်နေသည့် အဖြစ်ကို ပေါ်လွင်အောင် မီးမောင်းထိုးပြသွားရမည် ဖြစ်သည်။

၎င်းတို့၏ လုပ်ရပ်များသည် စစ်ကောင်စီ မှ လူငယ်လူရွယ်များ အား လူသားဒိုင်း အဖြစ် ဖန်တီး၍ မြို့ရွာများကို ဆက်၍ မြေတွင် ပြားပြား ဝပ်သွားအောင် ရုရှား နှင့် တရုတ်တို့မှ ထောက်ပံ့ထားသော လေယာဉ်များ ဖြင့် ဗုံးကြဲတိုက်ခိုက် နိုင်အောင် အချိန် နှင့် မက်လုံးပေးထားခြင်းမျိုး ဖြစ်သည်။

ယခုအခါ စစ်ကောင်စီ သည် ယခင် ၎င်းတို့၏ “သန့်စင်ရေး” ဆိုသည်ကို မြို့ရွာများဖက် ဦးလှည့်လာခြင်း သည် အိမ်နီးချင်း နိုင်ငံများ အဖို့ ခြံစည်းရိုး ကာယုံဖြင့် မလုံလောက်သည့် ကြီးမားစွာ အန္တရာယ်ပေးလာနိုင်သည့် အကြောင်းရင်းပင် ဖြစ်သည်။
Forwarded from U U Aung Pwel ️
ထိုသို့ အိမ်နီးချင်း များ နှင့် အာဆီယံ နိုင်ငံများ မှ သေအံမူးမူး ဖြစ်နေသော အာဏာသိမ်း အဖွဲ့အား အသက်ကယ် ဘောကွင်း လှမ်းပစ်ပေးနေခြင်းသည်သာ နိုင်ငံ အမှန်တကယ် ပြိုကွဲ ပျက်စီး သွားအောင် ပြုလုပ်ပေးနေခြင်း သာ ဖြစ်သည်။

နိုင်ငံ၏ အိမ်နီးချင်း များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး ကိုသာ လိုလားနေကြသော်လည်း ၎င်းတို့၏ မှားယွင်းနေသော နိုင်ငံခြားရေး ပေါ်လစီများ ဖြင့် တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း ကို တကယ်တမ်း ဖန်တီးပေးနေကြခြင်း ဆိုသည့် ဝိရောဓိ တရားများ ပင် ဖြစ်သည်။

လက်ရှိ ပြည်သူတို့၏ တော်လှန်‌ရေး တွင် စစ်တပ်ကို အရေးနိမ့်အောင် ပြုလုပ် နိုင်ရေးသာမက ၎င်းတို့အား အသက်ဆက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်စွက်ဖက်လာမည့် အရေး ကို ဟန့်တားရန် ဆိုသည့် စိန်ခေါ်မှု ကြီး နှစ်ခု နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai
#HlaingInfo
Forwarded from U U Aung Pwel ️
"(၂၇၆)တပ်ရင်းက ခိုးထားတဲ့ ဆိုင်ကယ်တို့၊ ကားတို့ကို အခု ထုတ်ရောင်းနေတယ်။ ခိုးတဲ့ အထဲမှာ (၂၇၆)က အဆိုးဆုံးပဲ။ (၂၇၆)တပ်ရင်းက လက်ထောက်ဗိုလ်ကြီး ---၊ ဒုအရာခံဗိုလ် စာရေး ---၊ ရုံးအုပ်၊ ဒု-အရာခံဗိုလ် --၊ တပ်ကြပ်ဗိုလ် ---၊ တပ်ကြပ်ကြီး၊ တပ်စာရင်းကိုင်တွေက ခိုးထားတဲ့ ဆိုင်ကယ် အဟောင်းတွေရော၊ အသစ်တွေရော၊  ကားတွေရော၊ ဖုန်းတွေရော၊  ထုတ်ရောင်းနေတာ တစ်လလောက် ရှိနေပြီ။ ခိုးထားတဲ့ ပစ္စည်းတွေကလည်း အများကြီးပဲ။ အရင်က မန္တလေးဘက် ကားတွေနဲ့ ဆင်း ရောင်းကြတာ။ အခုကျ မိုးမိတ်မြို့ထဲတင် ပေါ်တင် ရသလောက်ဈေးနဲ့ ရောင်းချနေတာ"  လို့ တပ်တွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

မိုးမိတ်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဇန်နဝါရီ လကုန်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ လေးရက်ကြာ မြို့ကို ထိန်းချုပ်ပြီးနောက် မြို့တွင်းက ပြန်ဆုတ်သွားလို့ ဇန်နဝါရီ(၂၇)ရက်နောက်ပိုင်း  စစ်အုပ်စုက မြို့ကို ပြန်လည် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

မိုးမိတ်မြို့ကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်ပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးသလို စစ်အုပ်စုနဲ့ အပေါင်းအပါတွေက နေအိမ်တွေ ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေ သာမက သံတိုသံစပါ မကျန် ဖြုတ်ခိုးလို့ မြို့လုံးကျွတ် ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မိုးမိတ်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲတာနဲ့ တိုက်ပွဲတွေ ငြိမ်သွားချိန်အထိ စစ်အုပ်စုက ဆက်လက် ရန်ပြု အကြမ်ူဖက်နေလို့ မိုးမိတ်က ဒေသခံ လေးပုံ သုံးပုံဟာ မြို့ကို စွန့်ခွာသွားပြီး လက်ရှိအချိန်ထိ မြို့လုံးကျွတ်နီးပါး စစ်ပြေးနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးမိတ် တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူ ရာနဲ့ချီကာ သတ်ဖြတ်ခံခဲ့ရပါတယ်။

မိုးမိတ်မှာ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း ခမရ(၃၄၈)၊ ဗန်းမော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) (၂၁)၊ ခြေလျင်တပ်ရင်း ခလရ(၂၂၃) နဲ့ ခလရ (၂၇၆)တွေ အခြေချတပ်စွဲထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၈)ရက်မှာတော့ စစ်အုပ်စုက မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကို စစ်အုပ်ချုပ်ရေး မြို့တွေ အဖြစ် ကြေညာ ခဲ့ပါတယ်။

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ မိုးမိတ်မြို့/Photo – CJ၊ စစ်အုပ်စု

#MFP
#HlaingInfo
Forwarded from U U Aung Pwel ️
ယခုလိုလှူဒါန်းသည့် ပုလဲမြို့နယ်၊ ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်သည် ယခင်ကလည်း ကျားသစ်နက်တပ်မတော်သို့ ငွေကြေးနှင့်ထောက်ပို့ပစ္စည်းများ မကြာခဏလှူဒါန်းနေသူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"သူတို့ ဘာကြောင့်လှူဒါန်းလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဒီနေ့တော့ အင်မထီးရွာထဲကို လေယာဥ်ဆင်းတယ်။ ဒီဘက်ထိုးနေတဲ့ စစ်ကြောင်းကို ပြန်တင်သွားပြီး ကနီဘက်ကိုချတယ်လို့ သိရတယ်။ ကနီကိုက PDF တွေသိမ်းလိုက်ပြီကိုး"ဟု ပုလဲမြို့နယ်တွင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကားသွားယူသည့်အချိန်တွင် ရှေ့ကင်းထောက် ၃ ဆင့်ထား၍ စစ်ကောင်စီလာနိုင်သည့်လမ်းကြောင်းများကို မြို့တဝက်အထိပိတ်ကာ အထိအခိုက်မရှိ ယူဆောင်လာနိုင်ခဲ့ကြောင်း ဗိုလ်ဥက္ကာကဆိုသည်။

"သူတို့(စကစ)က သုံးယောက်လောက်ထွက်လာသေးတယ်။ ဒါပေမယ့် ရှေ့အထိ တိုးမလာဘူး။ ပြန်ဆုတ်သွားတယ်"ဟု ၎င်းကထပ်လောင်းပြောသည်။

ကျားသစ်နက်တပ်မတော်(Black Leopard Army)သည် ယင်းမာပင်ခရိုင် တပ်ရင်း (၁၁)နှင့် ပခုက္ကူခရိုင် တပ်ရင်း (၁၅)တို့ကို ပူးပေါင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုဖြစ်ပြီး ပုလဲမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အဓိကစစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - ကျားသစ်နက်တပ်မတော် (ပုံစာ- ကြံ့ခိုင်ရေးပါတီကလှူဒါန်းသည့်ကားအားတွေ့ရစဥ်)
#MPA
#HlaingInfo
"မနောမြေမှ သွေးချင်းတို့၏ အောင်ပွဲများ"
-----------------------------------------

ကချင်လွတ်မြောက်ရေး တပ်တော် ကေအိုင်အေနှင့် တော်လှန်ရေး မဟာမိတ် တပ်များသည် မိုးမောက်နှင့် ဝိုင်းမော်အကြားရှိ ၁၂၀ မိုင် လမ်းတလျှောက် စစ်ကောင်စီ တပ်စခန်းများနှင့် တပ်စွဲရာနေရာ ၁၀ ခုကို တပြိုင်တည်း ဝင်တိုက်ပြီး ဖေဖေါ်ဝါရီ ၂၇ မှစ၍ ၀၃၀၇ ထိုးစစ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်ဟု သတင်းထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လိုင်ဇာအနီးသို့ လာရောက်ပစ်ခတ်လျက်ရှိပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီး ၁ လုံး ကျရောက်ကြောင်း သိရှိရသည်။

လက်ရှိတွင် လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်းကုန်း ဆယ်ခုနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူးက ဧရာဝတီ သတင်းဌာနသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ဗန်းမော်လေဆိပ်ရှိ လေယာဉ်ပြေးလမ်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်မည့် လေယာဉ်များ အတက်အဆင်း လုပ်၍မရအောင် ပျက်စီးသွားခဲ့သည်။

မြစ်ကြီးနားနှင့် ဗန်းမော်အကြား လမ်းမကြီးပေါ်ရှိ စစ်စခန်းတခုအားလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြန်သည်။

ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များသည်လည်း မုံရွာနှင့် မိုင် ၄၀ သာ ကွာဝေးသည့် ကနီမြို့အား လုံးဝနီးပါး ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပတ်ဝန်းကျင် တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။

ထိုသို့ အောင်ပွဲများ ရလာခဲ့ခြင်းသည်လည်း ရခိုင်နှင့် ကချင်ပြည်နယ်များတွင် စစ်ကောင်စီတပ်များအား စစ်ရေးအရ ဖိအားပေးထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီ အပစ်ရပ် ထိုးစစ်တွင် မပါဝင်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ ရက္ခိုင့်တပ်တော်သည် အနည်းဆုံး မြို့ခြောက်မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တွေသို့ ဦးတည်နေပြီ ဖြစ်သည်ဟု မြန်မာနောင်းတွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က မတ်လ ၇ ရက်နေ့တွင် အပြတ်အသတ် သိမ်းပိုက်လိုက်ပြီဖြစ်၍ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွင် AA က ပထမဆုံးအကြိမ် မြို့သိမ်းပိုက်နိုင်လိုက်ခြင်းလည်း ဖြစ်သည်။

မြို့တော်စစ်တွေနှင့် ၁၅ မိုင် အကွာတွင်ရှိသည့် ပုဏ္ဍားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြန်၍ စစ်တွေတွင် လျှပ်စစ်မီး ပြတ်တောက်နေပြီး မြို့ခံများ အလုံးအရင်းနှင့်ကို မြို့ကို နေ့စဉ်လိုလို စွန့်ခွာ ထွက်ပြေးနေကြပြီ ဖြစ်သည်။

တရုတ်၏ ကြားဝင်စေ့ဆပ်ပေးမှုဖြင့် ရှမ်းမြောက်ဒေသတွင်၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ညီနောင်သုံး‌ဖော် မဟာမိတ်အဖွဲ့၏ ၁၀၂၇ ထိုးစစ်ကြီးသည် ၇၇ ရက် မြောက်နေ့ဖြစ်သည့် ၂၀၂၄ ‌ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရပ်နားသွားခဲ့သည်။ သို့သော် အခြေအနေများက ဆက်၍ တင်းမာနေဆဲပင် ဖြစ်သည်။

လက်ရှိ ယာယီအပစ်ရပ် သဘောတူညီချက်တွင် ညီနောင်သုံးဖော်အဖွဲ့မှ ရှမ်းမြောက်ဒေသတွင် ဆက်လက်ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီဖက်ကလည်း လက်လွှတ်ပေးခဲ့ရသော မြို့များကို လေကြောင်းမှ တိုက်ခိုက်ခြင်း မပြုရန် တို့ပါဝင်ခဲ့သည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားပြီးဖြစ်သော နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံ မြို့များတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့‌မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ လာရှိုးတွင် အင်အား အလုံးအရင်း ဖြည့်တင်းလျက် ရှိ‌နေသည်။ မိမိတို့ ထိုးစစ်ကြီး အောင်မြင်‌နေသည့် အရှိန်အဟုန်ကို ဗြုန်းစားကြီး ရပ်ဆိုင်းပေးလိုက်ရသော TNLA အဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ရမည့် အမှားမျိုး ကျူးလွန်ခဲ့ခြင်း ရှိမရှိ မကြာမီ အဖြေထွက်လာတော့မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ စစ်ပြေငြိမ်းပေးလိုက်သော စစ်ကောင်စီ၏ အနေအထားသည် ခပ်တဲတဲသာ ကျန်တော့ပြီး အဓိက မြို့ကြီးများကို ဆက်သွယ်ထားသည့် စင်္ကြန်လမ်းမကြီး တလျောက်သာ ထိန်းထားနိုင်စွမ်း ရှိတော့သည်ဟု Eurasia Review တွင် နယူးဒေလီရှိ ကာကွယ်ရေး သုတေသနဌာနမှ သုံးသပ်ထားသည်။

ဆက်လက်၍ ရေးသားထားရာတွင် စစ်မြေပြင်တွင် အရေးနိမ့်လာမှုများကြောင့် စစ်ကောင်စီအတွင်း ဂဏမငြိမ် ဖြစ်လာပြီး ပြိုကွဲသွားနိုင်သည့် အလားအလာများ ရှိနေသည်ဟု ဆိုသည်။ စစ်ကောင်စီဖက်မှ ဗိုလ်ချုပ်အဆင့်ရှိ ဆယ်ဦး အပါအဝင် ၅,၅၀၀ ခန့် ကျဆုံးခဲ့သည်ဟု ခန့်မှန်းထားသည်။

ဆုံးရှုံးသွားသော နယ်မြေများကို ပြန်၍ သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် လူထု၏ ထောက်ခံမှု တနေ့တခြား ဆုံးရှုံးလာနေပြီ ဖြစ်သည်။ စစ်အင်အား တနေ့တခြား ပြုန်းတီးလာနေသည်ကို ပြန်၍ အင်အားဖြည့်တင်းရန် ၎င်းတို့အတွက် နိုင်ငံ‌ရေးအရ လွန်စွာ အန္တရာယ်များလှသည့် စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်လာခဲ့ရသည်။

လက်ရှိတွင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား စစ်တပ်ကို ဖယ်ရှားနိုင်ရေးဆိုသည့် အဓိက ဦးတည်ချက်မှလွဲ၍ တိုင်းပြည်၏ အနာဂတ်အရေးနှင့် ပတ်သက်၍ သဘောထား အမျိုးမျိုး ရှိနေ၍ အာဏာခွဲဝေ ကျင့်သုံးရေးတွင် အခက်အခဲများ ရှိလာနိုင်ပေသည်။