ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့

မနက် ၁၀ ခွဲမှစ၍ အမှတ် ၄ ဖောင်တော်ဦးဘုရား ကွင်းပြင်မှ အရှေဘက် မြောင်နယ်အတွင်းသို့ မအလ ခွေးများ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်‌နေပြီး ပေကုန်းကျေးရွာမှ ဘက်စုံအထိ ခွေးကင်းပုန်းများချ စစ် ဆေးနေကြောင်း၊ ရုံးပေါင်းစုံနှင့်ရဲစခန်းများတွင် သေနတ်သံများကြားနေရကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၆
11:30 am

#InfoCoommitteeYesagyo

မြိုင် 3 Star

http://t.me/+m2nQSzdXozljZmM1
Forwarded from MPANews
[Fact Check]
အိုင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံးဗုံးကြဲမှုကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုအား PDF ၅၀ ကျော်သေဆုံးဟု သတင်းအမှားဖြန့်

6 Nov 2024 By Haythar/ MPA

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ လေးဦးသေဆုံးမှုအား PDF ၅၀ ကျော်သေဆုံး၍ ၂၈ ဦး ထိခိုက်ဒဏ်ရာရဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား ပျံ့နှံ့လျက်ရှိသည်။

Subscriber ၂၅,၀၀၀ ကျော်ရှိသည့် Truth Media တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် “ ပုလဲ မြို့နယ် အိုင်းမနွေဦးပဒက်ရွာ လွတ်မြောက်နယ်မြေကို လေကြောင်းဗုံးကြဲတိုက်ခိုက်သုတ်သင်ခံရပြီး၅၀ကျော် သေ၂၈ဦးဒဏ်ရာရ” ( မူရင်းရေးသားချက်အတိုင်း) ဟု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့သော လူနေ အိမ် ဓာတ်ပုံများကို အသုံးပြု၍ ရေးသားဖြန့်ဝေထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://mpapress.com/factcheck/55694/
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် တိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃  လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း 8+ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ရှိုင်းလေးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြိုပစ်ခတ်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး MA 16 အမျိုးအစား သေနတ် ၂ လက်၊ G3 အမျိုးအစား သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၁၈၀ ၊ G3 ကျည် အတောင့် ၈၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူတို့က အရင်ကတည်းက ထွက်နေကြ၊ အဲဒါကို ကြိုစောင့်ပစ်ခဲ့တာ၊ မျက်မြင်ကတော့ ၃ ဦး သေ တယ်၊  ကျနော်တို့က ဦးအောင်ပစ်ရတာ၊ ပြန်ပစ်တာက နည်းနည်းတော့ရှိတယ်။ အင်အားက ဘယ် လောက်ထွက်လာလဲ အတိအကျ မသိလိုက်ရဘူး” ဟု 8+ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ရှိုင်းလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို 8 + အညာမြေ တပ်ပေါင်းစုဖြစ်သည့် M.V.P Revolution Force ၊ အလင်း တန်းပြောက်ကျားတပ်ဖွဲ့-မြိုင်၊ UAV Fighter ၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix People Defense Force ၊ Scorpion People Defense Force ၊ ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နှင့် ဇာမဏီ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။http://t.me/+m2nQSzdXozljZmM1
မြိုင်3Star
စတားလင့် ဂျမ်သရီး အသစ်ပါကင် ရချင်သူများ ရှိရင် ဆက်သွယ်ပါ
ရေစကြိုမြို့

နံနက် ၁၀ နာရီတွင် မအလ စခများ ကား ၂ စီး လူအပြည့်ဖြင့် ရုံးပေါင်းစုံအတွင်း ဝင်လာကာ မနက်ကတည်းစစ်ကြောင်း၂ ကြောင်းဖြင့် မြို့ပတ် မွှေနေပြီး ညနေ ၅ နာရီတွင် သင်္ခြိုင်း အဆင်း ဦးကြံအောင် မိသားစု တစ်စုလုံးကို ဖမ်းဆီးသွားကြောင်း၊ မွန်းလွဲပိုင်း ရွာသစ်၊ ညောင်စောက် လမ်းတစ်လျောက် တောရိုးများ‌မွှေ‌နေပြီး ညပိုင်း ကင်းပုန်းများချထားကြောင်း၊ အယ်ဖာဘက်စ်ကား ၂ စီးဖြင့်မြို့ထဲမွှေနေကာ အာဏာရူး မိစ္ဆာကောင် မင်းအောင်လှိုင်၏ ကျွန်ရူး ခွေးရူးများ သင်္ခြိုင်းရှာနေကြပြီး ပြည်သူကို ဆင်းရဲဒုက္ခမျိုးစုံ ပေးနေကြောင်း သိရှိရပါသည်။

(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ဆုံးကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၆

#infocoommitteeyesagyo

မြိုင် 3 Star
Forwarded from Hlaing Info
ပခုက္ကူမြို့နယ်၊ နှောကုန်းရွာတွင်  စစ်ကောင်စီတပ်သားများက ဦးမောင်မင်းစိန်ဆိုသူအား ပစ်သတ်ခဲ့ကြောင်း

နိုဝင်ဘာလ ၆ ရက်

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ နှောကုန်းရွာတွင် နိုဝင်ဘာလ ၅ ရက်နေ့၌  စစ်ကြောင်းထိုးလာသည့်   စစ်ကောင်စီတပ်သားများက ဦးမောင်မင်းစိန်ဆိုသူအား ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

ပခုက္ကူ မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ရွာထိပ်ရှိ ယာခင်းထဲတွင် စိုက်ပျိုးရေး လုပ်ဆောင်နေသော ကျေးရွာနေပြည်သူ ဦးမောင်မင်းစိန်ကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#HlaingInfo
Forwarded from Z Fighter News [︎]
မင်းအောင်လှိုင် ၏ တရုတ်ခရီးစဉ် နိုင်ငံတော် အဆင့် မဟုတ်ဆိုသော သတင်းစကားရရှိပြီး မြောက် ပိုင်းမဟာမိတ်များအပေါ် တရုတ်၏ဖိအားပေးမှု အကျိုးမရှိနိုင်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို

🔴 Z Fighter Nov 5 🔴

အကြမ်းဖက်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်သည် နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်ဘဲ ပြည်နယ်အဆင့်တွင် ပြုလုပ်သည့် ဒေသတွင်း စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

မည်သို့ပင်ဆိုစေကာမူ တော်လှန်ရေး၏ လမ်းကြောင်း ဦးတည်ရာသည် ပြောင်း လဲသွားမည်မဟုတ်ကြောင်း ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲ သတင်း စာရှင်းလင်းပွဲတွင် ၎င်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။[Khit Thit Media][Z-F]

ဓာတ်ပုံ- ယနေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်။

https://telegra.ph/Z-Fighter-11-06-70

#Adm_2
#KhitThitMedia
#z_fighter
Forwarded from Shwe Moe
မင်းဘူး ခရိုင် တပ်ရင်း_၃ ဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့ ချင်ပြည်နယ်တို့ ထိစပ်ထားတဲ့ နေရာမှာရှိပါတယ်။

အခုလို ဆောင်းရာသီရောက်ရင် ရာသီဥတုက အရမ်းအေးတဲ့အရပ်ပါ။ ဒီနှစ်ဆောင်းက ခါတိုင်း နှစ်တွေနဲ့ မတူပဲ နှောင်းမိုး ကောင်းတာ ကြောင့် အရင့်အရင် နှစ်တွေ ထက် ပိုအေးပါတယ်။

ဒါကြောင့် တပ်ရင်းကို အနွေးစောင် တစ်
ထည်— ( ၂၅၀၀ ကျပ်) နှုန်းနဲ့ အထည် (၃၀၀)
အရေးတကြီး လိုအပ်နေပါတယ်။

ဆက်သွယ်ရန်— ပြည်သူ့ လွတ်မြောက်ရေး အင်အားစု စေတုတ္တရာ ( https://www.facebook.com/profile.php?id=100080038587871&mibextid=LQQJ4d ) သို့တိုက်ရိုက်ဆက်သွယ်လှူဒါဏ်းပေးပါရန်။

ကူညီပေးကြပါဦးရှင်။ ကျေးဇူးတင်ပါတယ်။

November 8th, 2024.
#MaShweMoeKorea
ကျမတို့ လုပ်နေတဲ့လုပ်ငန်း မအောင်မြင်ရင်တော့
ကျမတို့ တိုင်းပြည်တပြည်လုံးပျက်မှာနော် ...

ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး မရှိဘူးဆိုရင်
ဒီနိုင်ငံက နိုင်ငံသူနိုင်ငံသားအားလုံးဟာ
တနေ့မဟုတ် တနေ့ပျက်စီးမှာပဲ ...

ဥပဒေစိုးမိုးရေးမရှိတဲ့နိုင်ငံဟာ တရားမျှတမှုမရှိတဲ့နိုင်ငံ လူစဉ်မှီမှီမနေနိုင်တဲ့နိုင်ငံပဲ ...

ကျမတို့ လူနဲ့တူအောင်နေနိုင်မှာမဟုတ်ဘူး ...

လူနဲ့တူအောင်မနေနိုင်တဲ့နိုင်ငံမှာ နေရတော့ နေရကျိုးလည်း မနပ်ပါဘူး ...

အဲဒီကြောင့်မို့ သတ္တိရှိရှိနဲ့ ကျမတို့ရဲ့လမ်းစဉ်
အောင်မြင်ရေးအတွက်လုပ်ကြပါ ...

ညွှန်ကြားချက်စောင့်ပြီးတော့ လုပ်တဲ့အလုပ်မျိုးကိုလည်း မလုပ်ကြပါနဲ့ ...



       ▪️ဒေါ်အောင်ဆန်းစုကြည်
ပခုက္ကူမြို့နယ်

မြစ်ခြေ ဘက်မှလာသော အကြမ်းဖတ် စစ်ခွေး ကား (3)စီး ပခုက္ကူမြို့နယ် အနောက်မကြီးကန်ရွာသို့ ရောက်ရှိနေကြောင်းသိရပါသည်။

7.11.2024/1:00PM

ပခုက္ကူ ပ.က.ဖ တပ်ခွဲး 4 ရဲမာန်

မြိုင် 3 Star

http://t.me/+m2nQSzdXozljZmM1
တိုက်ပွဲးသတင်း

ယနေ့မနက် 6:00ကျော်က
မကွေးတိုင်း၊ မြိုင်မြို့‌ပေါ်သို့ ဈေးဝယ်ထွက်လာသော ရဲသုံးပွင့်ဗိုလ်နှင့်တပ်သားတို့ကို PDF များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံးသေဆုံးပြီး MA - 3 သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ​သိရပါသည်။

7.11. 2024

မြိုင်3 Star

http://t.me/+m2nQSzdXozljZmM1
ရေစကြို မြို့နယ်
ရေလယ်ကျွန်းဒေသ မင်းရွာမှ မအလ စခနှင့် ပျူခွေးများ ရိက္ခာပြတ်လပ်နေသောကြောင့် အနီးရှိ နေရင်းကျေးရွာကို နိုဝင်ဘာ ၆ ရက်နေ့ကဝင်ရောက်လာပြီး ပြည်သူများ၏ ပစ္စည်းဥစ္စာများနှင့် စားသောက်ကုန်များကို ခိုးယူလုယက် သယ်ဆောင်ကာ ညနေပိုင်း ၄ နာရီကျော်အချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။
ယနေ့ နိုဝင်ဘာ ၇ ရက်နေ့တွင်လည်း ထပ်မံဝင်ရောက်လာကာ ညနေ ၃ နာရီခွဲအချိန်တွင် နောက်ထက်တစ်ကြိမ်မီးရို့ဖျက်ဆီးနေကြောင်း သိရှိရပါသည်။
မင်းရွာကျေးရွာတွင် ဆင်ချောင်းသား စိုးမောင်၏ လက်ပါးစေ ပျူခွေး မျိုးဝင်းခိုင် ဦးဆောင်နေပြီး စခများနှင့်ပေါင်းကာ ရွာထဲရှိလူငယ်များကို အတင်းအဓမ္မ ပျူထဲဝင်ခိုင်းပြီး ရေလယ်ကျွန်းဒေသတွင် ရမ်းကားယုတ်မာနေကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေးကြပါစေ)

ရေစကြို၊ နိုဝင်ဘာ ၇

#InfoCommitteeYesagyo

မြိုင် 3 Star

http://t.me/+m2nQSzdXozljZmM1
(၀၇.၁၁.၂၀၂၄) ရက်နေ့ နံနက် (၀၆ ၂၅) အချိန်တွင် မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြို့ပေါ်သို့ ဈေးဝယ်ထွက်လာသော စစ်ခွေး (၂) ကောင်အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ခွေး (၂) ကောင် သေဆုံးခဲ့ပါသည်။ မော်တော်ဆိုင်ကယ် (၁) စီး စီးနင်းလာပြီး ရဲသုံးပွင့်ဗိုလ် ချစ်စမ်းမောင်နှင့်အတူ ရခ (၁) ကောင်အား ပစ်ခတ်တိုက်ခိုက်မှုတွင် MA -3 သေနတ် (၁) လက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အဆိုပါတိုက်ခိုက်မှုတွင် မြိုင်မြို့နယ် ပကဖတပ်ရင်း (၁) ခြဲ (၃) နှင့်အတူ Joker ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းစီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။
http://t.me/+m2nQSzdXozljZmM1

မြိုင်~3Star
ယနေ့ နံနက်ပိုင်း မအလ ကျွန်ရူးများ အမှတ် ၁ ရပ်ကွက်တွင် သန်းခေါင်စာရင်းများ ကောက်ယူသွားကြောင်း ထိတ်ထိတ်ပြာပြာနှင့် ကောက်ယူနေခြင်းဖြစ်ပြီး အချက်အလက်များကိုလည်း ပါပြီးရော မှားလည်းဘာမှမဖြစ်ဘူး ဟုဆိုကာ ပြီးစလွယ် ကောက်ယူသွားကြကြောင်း သိရှိရပါသည်။

ရေစကြို၊ နိုဝင်ဘာ ၇

#InfoCommitteeYesagyo

မြိုင် 3 Star

http://t.me/+m2nQSzdXozljZmM1
Forwarded from လူထုခေတ်
မြိုင်မြို့ပေါ်တွင် စစ်ဗိုလ်နှင့်တပ်သားကို PDF ဝင်ပစ်၊ ၂ ဦးလုံးသေပြီး သေနတ်တစ်လက်ရ(ရုပ်/သံ)

နိုဝင်ဘာ ၊ ၇ ၊၂၀၂၄။
လူထုခေတ်

မကွေးတိုင်း၊မြိုင်မြို့ပေါ်တွင် ကင်းချိန်းသည့် စစ်သား ၂ ဦးကို ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရာ စစ်ဗိုလ်ချစ်စမ်းမောင်နှင့်တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရမိကြောင်းး Joker ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ၊၇)နံနက် ၆ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းနှင့်မီးသတ်ရုံကြားတွင် ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့က ကျနော်တို့ရှေ့ရောက်လာတာကတော့ ဆိုင်ကယ် တစ်စီးနဲ့ခွေး(စစ်သား)၂ကောင် MA-3 တစ်လက်ပါတာပဲရှိတယ်။ကျန်တာတွေကတော့ မီးသတ် က စစ်သားတွေ ပစ်ကူပေးတာမျိုးရှိတယ်။အထက-၁ ကစစ်သားတွေကတော့ သေနတ်ဖောက်တာလောက်ပဲရှိတယ်။သူတို့လည်းစွတ်တက်မလာရဲပါဘူးဗျ။ကျနော်တို့လည်း မြို့တွင်းဆိုတော့ ချက်ခြင်းပစ်၊ချက်ခြင်းကောက် ပြန်ဆုတ်လာခဲ့တာပါ။ကျနော်တို့ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး”ဟု Joker ပြောက်ကျားတပ်ဖွဲ့ မှ ခေါင်းဆောင် ကိုဘလိတ်က လူထုခေတ်ကို ပြောသည်။

ယင်းပစ်ခတ်မှုအတွင်း အထက်တန်းကျောင်းနှင့်မီးသတ်ရုံးတို့မှ စစ်သားများက ပစ်ကူပေးခဲ့ကြောင်းသိရသည်။

“သူတို့ ဘယ်ကထွက်လာတာလည်းဆိုတာတော့မသိဘူး။မြို့ထဲကပဲ သူတို့တပ်စွဲတဲ့ဂိတ်ကနေ ကူးတဲ့သဘော။စျေးဝယ်ထွက်တာလည်းဖြစ်ချင်ဖြစ်မယ်။ကျနော်တို့ သတင်းရတာတော့ ကြာနေပါပြီ”ဟု၎င်းကဆိသည်။

အဆိုပါပစ်ခတ်မှုကို မြိုင်(ပကဖ)တပ်ရင်း၁၊တပ်ခွဲ-၃ နှင့်Jokerပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

#မကွေး #မြိုင် #စစ်ကောင်စီ #ပစ်ခတ် #PDF

အောက်ပါလင့်ခ်တွင် ရုပ်/သံကို ဝင်ရောက်ကြည့်ရှုနိုင်သည်။

https://youtu.be/8KA3D1TPVCg
မြိုင်မှာ PDF တွေ သေနတ်တစ်လက် သိမ်းဆည်းရရှိတဲ့မှတ်တမ်း...။

စစ်ခွေးတွေအတွက် အေးရာအေးကြောင်း နေစရာမရှိတော့ဘူး။

တပ်ဝန်းထဲက အပြင်ထွက်ရင် စစ်မြေပြင်ဖြစ်နေသလို ဟိုနားဒီနား ထွက်ရင်းလည်း သေချင်သေနိုင်တယ်ဆိုတာ သိဖို့လိုနေပြီ။

သိပ်မကြာခင် အချိန်တွေမှာ စစ်ခွေးတွေ ဘယ်နားနေနေ အလင်းမဝင်ရင် သေလမ်းချည်းပဲ ရှိတော့တယ်...။

သဘောပေါက်နားလည်ကြ...
http://t.me/+m2nQSzdXozljZmM1
မြိုင်.3Star
တရုတ်ဝန်ကြီးချုပ် လီချန်းက မင်းအောင်လှိုင်ကို စောက်ရှက်ခွဲပြီ...။

နယ်စပ်ကုန်သွယ်ရေး စခန်းတွေဟာ စကစ လက်အောက်မှာပဲ ရှိရမယ်...တဲ့...။

မှန်တာပေါ့...  စကစ လက်အောက်မှာ ရှိရမယ်... မင်းပြန်ယူလေ... မင်းနဲ့ပဲ ကုန်သွယ်မယ်...ဒီသဘော။

တရုတ်က မင်းအောင်လှိုင်ကို အသိအမှတ်ပြုသလိုလိုနဲ့ နယ်စပ်ဂိတ် မဖွင့်ရတာ မင်းစောက်သုံး မကျလို့ပေါ့ကွာ... ပြန်ဖွင့်ချင်ရင် ရအောင်တိုက်ပေါ့ လို့ ပြောနေသလို့ပါပဲ။

မင်းအောင်လှိုင် စစ်ခွေးတပ်ဟာ အရည်အချင်းမရှိတာလည်း သိတယ်။ တိုက်လို့ပြန်မရနိုင်တာလည်း သိတယ်။ ဒါကို နယ်စပ်တွေပိတ်ထားပေးမယ် တိုက်တိုက်လို့ တိုက်တွန်းနေတာဟာ တိုက်တိုင်းသေနေတဲ့ စစ်ခွေးတပ်ကို သေတွင်းထဲ တွန်းချနေတာပါပဲ...။ ကြည့်ရင်တော့ တရုတ်က မင်းအောင်လှိုင်ကို ထောက်ခံနေသလိုပါပဲ။ အရင်တစ်ခေါက်က နိုင်ငံကို မထိန်းနိုင်မှန်းသိလို့ အနုနည်းနဲ့ ထွက်သွားဖို့ ပြောပြီးပါပြီ။ မင်းအောင်လှိုင်က အသိဥာဏ်နည်းစွာ ငြင်းဆန်တာကြောင့် စွတဂျီပြောင်းပြီး ခြေလှမ်းပြန်စနေတဲ့ သဘောပါ။ 

မင်းအောင်လှိုင်က ငတုံး...။ သူပြောတာ မရတဲ့သူကို သူဘာလုပ်မလဲ။ ဒီတိုင်းထားမှာလား။ တိုက်ရိုက်ရှင်း။ သွယ်ဝိုက်ရှင်း ဘယ်နည်းသုံးပြီး ရှင်းမလဲ။ ဒါပဲ စဥ်းစားမှာလေ။ အသိအမှတ်ပြုရင် အရင်ကတည်းက ထွက်ဖို့ ပြောပါ့မလား။

တရုတ်ထောက်ခံချက်ရတယ်လို့ ထင်နေတဲ့ မအလဟာ အစည်းအတားမရှိ ဗုံးတွေကြဲလာသလို တစ်ရက်တည်းနဲ့ ဒေသအသီးသီးမှာ နေအိမ်ထောင်ချီပြီးကို မီးရှို့နေပါတယ်။ ပြည်သူကို ကြောက်လန့်ပြီးနေစရာမရှိအောင် ထိုးနှက်နေတာပါ။ 

ဒီလို လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေ ကြောက်လန့်ငြိမ်သက်သွားမှာလား..။ 

ဝေးပါသေးတယ်။ မင်းအောင်လှိုင် တစ်ယောက်တည်း ဒေါသရှိတာ မဟုတ်ပါဘူး။ လူတိုင်း တန်ပြန်ချင်တဲ့ ဒေါသစိတ် ကိုယ်စီရှိကြပါတယ်။ အခုချိန်မှာ မင်းအောင်လှိုင်ဟာ စစ်ရှုံးတယ်ဆိုတဲ့ တန်ပြန်အကျိုးဆက်ကို စ ခံစားနေရပါပြီ။ ပြည်သူတွေက လေယာဥ်မရှိလို့ မင်းအောင်လှိုင်ကို စိတ်လိုက်မာန်ပါ ဗုံးပြန်မကြဲနိုင်ပေမယ့် လုပ်လို့ရသလောက် စုပေါင်း လုပ်ဆောင်နေကြပါတယ်။ 

တနေ့ စစ်တပ်ပြိုလဲသွားတဲ့အချိန်မှာ ပြည်သူတွေ ပါဝင်ပြီး ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာ ပေါ်လာပါလိမ့်မယ်။ အခုချိန်ထိ ကျဆုံးခဲ့တဲ့ ပြည်သူတွေရဲ့ အသက်တွေကလည်း တနေရာရာကနေ နိုင်ရာတာဝန်ထမ်းခဲ့တာ သိလာရပါလိမ့်မယ်။

အခုဆိုရင် မင်းအောင်လှိုင်ဟာ ပြည်သူကို ရက်ရက်စက်စက် သေကြေပျက်စီးအောင် အငြိုးအတေးနဲ့ လုပ်ဆောင်နေတာကြောင့် ပြည်သူနဲ့ ပိုပို ဝေးကွာသွားပါပြီ...။

မတရားဘက်က လုပ်ဆောင်ချက်တွေဟာ အခိုက်အတန့် အားကြီးနိုင်ပေမယ့် အမြဲတမ်း အောင်မြင်တာမျိုး မရှိပါဘူး။ ဒီစကားမှန်ပါတယ်။

ဒါကြောင့် မတရားမှု ချုပ်ငြိမ်းဖို့အတွက်က တဖြည်းဖြည်း လုပ်ဆောင်ချက်တွေ မှန်သလိုလို ထင်ရပေမယ့် အချိန်တန်ရင် မှားလာတာ ကျရှုံးတာ မျိုးပါပဲ။

ဗုံးကြဲတာ၊ စစ်ပွဲအတွက် လူသစ်စုတာ၊ စီးပွားရေး ချုပ်ကိုင်တာ၊ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားတာ၊ အခု တရုတ်ကို သွားတာ... ဒါတွေဟာ ဟုတ်သလိုလိုရှိပေမယ့် ရေရှည်မှာ ကျရှုံးဖို့ပါပဲ။

တော်လှန်ရေးကို ဆက်ကြပါ။ လေးနှစ်နားတောင်ရောက်နေပြီ။ နောက် ဘယ်လောက် လိုအုံးမှာလဲ။

မြို့တွေသိမ်းပြီး အောင်ပွဲတွေမြင်နေရတာပဲ ဘာစိုးရိမ်စရာရှိလဲ။ 

သင်တို့ဟာ တော်လှန်သူ စစ်စစ်ဆိုရင် ဒီအခြေအနေကနေ နောက်ပြန်လှည့်မှာလား။ ဆက်တော်လှန်မှာလား။

ကျွန်တော်ကတော့ အဆုံးထိ ဆက်တော်လှန်မှာပါ။ မြန်မာပြည်ထဲရော ပြင်ပမှာရော တော်လှန်ပြည်သူ ၉၅% ရှိနေပါတယ်။

ကျွန်တော်တို့က ဘာကို စဥ်းစားနေရအုံးမှာလဲ။

တော်လှန်ရေးက မုချ အောင်ကို အောင်မှာ ယုံကြည်ထားလိုက်....။
http://t.me/+m2nQSzdXozljZmM1
မြိုင် 3Star
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတိုနှင့်အတူ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း/

3Starအဖွဲ့တော်သားများမှ ကတိပြုပါသည်

မြိုင်~အရှေ့ပိုင်းဇုန် တိုက်နယ် {၂ }

http://t.me/+m2nQSzdXozljZmM1

3 Star

သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
T.N.T.P
🌻မင်္ဂလာနံနက်ခင်းလေးပါ🌻

အနယ်နယ်အရပ်ရပ်မှ
မြေပြင်သတင်းများ
ပေးပို့ကြသော ပြည်သူနှင့်ရဲဘော်များ မြေပြင်သတင်းများ
ကူးယူကာ ရဲဘော်များထံသို့ ပြန်လည် ဖြန့်ဝေပေးသူ/
ကြည့်ရှု့သူ ရဲဘော်နှင့် ပြည်သူ
မိသားစုများ အားလုံးကို
ကျွန်တော်တို့ 3 Star ချန်နယ်မှ
အထူးကျေးဇူးတင်ရှိပါတယ်။

အားလုံးရဲ့ ကျေးဇူးကြောင့်
တော်လှန်ရေးအတွတ် လုပ်ဆောင်ရာမှာ ကျွန်တော်တို့ ပို၍ အားဖြစ်ရတယ်ဗျ

အားလုံးကို လေးစားစွာ
အလေးပြုဂုဏ်ပြုအပ်ပါတယ်
ဗျ
ပခုက္ကူ မြို့နယ်

ပခုက္ကူ​မြို့နယ် ပေါင်လောင်ကန်ရွာသို့ စစ်​ခွေး စစ်ကြောင်း ရောက်ရှိနေကြောင်းသိရပါသည်။
8.11.2024/ 11:20AM
Y.S.O-Y-3
မြိုင် 3 Star

http://t.me/+m2nQSzdXozljZmM1