ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
၀၃၊ ၀၃၊၂၀၂၅ရက် မနက် ၀၁း၀၀ မှ ၀၂း၀၀ နာရီ အချိန်ခန့်တို့တွင် ပခုက္ကူခရိုင် ၊ မြိုင်မြိုနယ် ၊

၁။ ဆိတ်ချေးရွာ အနီး Y-12ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၂။ ဂျုတ်ကုန်းရွာ အနီး Y-12ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၃။ ဘောင့်ဘင်ရွာ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်

၄။ ညောင်ကုန်းရွာ ဘုန်းကြီးကျောင် ၌ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၅။ ဆူးဝင်းရွာ အနီး jet frighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၆။ တောရွာ အနီး လယ်ကွင်းပြင်၌ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၀၃၊ ၀၃၊၂၀၂၅ရက် မနကျ၁း၁၅ ချိန်ခန့် ပခုက္ကူခရိုင် ၊ ပေါက်မြိုနယ် ၊

၇။ လက်ပံတိုရွာ အနီး jet frighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၈။ သရက်ကန်ရွာ အနီး jet frighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်

၉ll ရေနံမှော်ကျောက်လမ်း မေမေ့မေတ္တာ ကုန်စုံဆိုင်အနီ jet fighterနှင့်လေကြောင်းတိုက်ခိုက်မူ တစ်ကြိမ်

စကစဘက်မှ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု နေရာ (၉) နေရာ ပြုလုပ်ခဲ့ပြီး ပြည်သူများ သေဆုံးမှု (၁၂ဦး)ရှိပြီး၁၅ဦးထက်မနည်းထိဒဏ်ရရှိမူများရှိဟု ကနဦး သတင်းရရှိထားပါသည်#

မိဘပြည်သူများ ဗုံးခိုးကျင်းတူးထားရန်နှင့်လေကြောင်းရန်ကြိုတင်ပြုလုပ်ရန် အထူးသတိပေးအပ်ပါသည်ခင်ဗျာ။

#Pauk #Myaing
MRSN
Mar 3 , 11:33 AM

@myaing3starbot


https://t.me/https3starmyaing
ချင်းပြည်နယ် -ယောနယ် ထိစပ်သတင်း

3.3.2025 ၊ ချင်း-ယော

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မြို့သိ-မ်း-တို-က်-ပွဲ-က အ-ရှ-င်ဖ-မ်း-ဆီးးရမိကာ ပြည်သု့တော်-လှ-န်-ရေးအဖွဲ့များက ယာယီထိ-န်း-သိ-မ်းးသောင့်ရှောက်ထားတဲ့ စ-စ်-သုံ့-ပန်း-များစွာအနက်ထဲကမှ ယနေ့မတ်လ ၃ ရက်နေ့မနက်အစောပိုင်း နံနက် ၃ နာရီခန့်က စ-စ်-သုံ-ပ-န်း ၈ ဦးဟာ အစောင့်တွေရဲ့လ-က်-န-က် များကို လုယူကာ နယ်ခြင်းထိစပ် ယောနယ်ဖက်ကိုထွ-က်-ပြေးးးသွားကြ တယ်လို့ အတည်ပြုဆဲသတင်းအရ သိရပါတယ်။ ထွ-က်ပြေးးစဥ် လမ်းမှာတွေ့တဲ့ပြည်သူ ၂ ဦးကိုလမ်းပြအ ဖြစ် ခေါ်-ဆော-င်သွားတယ်လို့လည်းသိရပါတယ်။

အကယ်၍ သတင်းအမှန်ဖြစ်နေပါက များစွာအ-န္တရာ-ယ် ရှိလှတာကြောင့် လူ-စိ-မ်းတွေကိုတွေရှိ၊မြင်တွေ့ပါက နီးစပ်ရာ ပြည်သူ့တော်-လှ-န်ရေးအဖွဲ့များထံ အချိန်နဲ့တပြေးညီ ဆက်သွယ်အကြောင်းကြားပေးကြပါရန် အသိပေးအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Mar 3 , 11:55AM

@myaing3starbot


https://t.me/https3starmyaing
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
မိဘတွေအပိုဝင်ငွေရအောင် ပဲကောက်ထွက်တဲ့ ၁၂ နှစ်ကလေး မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်တောက်

ရေတာရှည်၊ မတ် ၃၊ ၂၀၂၅ ။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာအနီးပဲခင်းမှာ ပဲကောက်ထွက်တဲ့ အသက် ၁၂ နှစ် ယောက်ျားလေး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်တောက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေမြှုပ်မိုင်းနင်းမိသူဟာ ကျွန်းတောကုန်းကျေးရွာနေ မူလတန်း(G 3) ကျောင်းသား မောင်ကြယ်စင်ဟိန်းဖြစ်ပြီး မတ် ၂ ရက် မနေ့ညနေ ၃ နာရီကျော်မှာ ကျေးရွာအနီးပဲခင်းကိုပဲကောက်ထွက်ချိန် အင်းစပ်အနီးမှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"ကလေးက ၃ တန်းကျောင်းသားလေး။ လိမ္မာတော့ ကျောင်းအားတဲ့အချိန်မှာ မတ်ပဲ ကောက်သင်း ကောက်ပြီးတော့ ၁,၀၀၀ (ကျပ်) ရရ ၂,၀၀၀ (ကျပ်) ရရ အမေမိဘကိုပြန်ပေးတာ။ သူတို့ရွာနား မတ်ပဲကောက်တဲ့လယ်ကန်သင်းနားလေးနဲ့ အင်းနားလေးမှာ ရေဆင်းသောက်တာမှာ ထိသွားတာ။"

myaelattathan
#HPC
Breaking News- မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မတ်လ ၃ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃ ရက် နံနက် အစောပိုင်း ၁ နာရီမှ ၂ နာရီအထိ မြိုင်မြို့နယ်၊ ဆိပ်ချေးကျေးရွာအနီး၌ Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဂျုတ်ကုန်းကျေးရွာအနီး Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဘောင့်ဘင်ရွာကို Y12 လေယာဉ်ဖြင့် ၂ ကြိမ်၊ ညောင်ကုန်းရွာဘုန်းကြီးကျောင်းကို Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဆူးဝင်း ရွာအနီး၌ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ တောရွာအနီးလယ်ကွင်းပြင်၌ Y12 လေ ယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပေါက်မြို့နယ်၊ လက်ပံတိုရွာအနီး၌ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ သရက် ကန်ရွာအနီး၌ ဂျက် ဖိုက်တာဖြင့် ၁ ကြိမ် စုစုပေါင်း ၉ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း သိရပါသည်။

#3SM