ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
‼️Breaking News - ဘူးသီးတောင်မြို့ တစ်မြို့လုံး မီးလောင်ပြာကျ‼️

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ တစ်မြို့လုံး ဒီကနေ့ မနက်မှာ မီးလောင်ပြီး ပြာကျသွားပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်‌ကျော်မိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မေလ ၁၈ ရက်နေ့ ဒီကနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ဖော်ပြခဲ့ပါတယ်။

စစ်ပွဲမှာ စည်းကမ်းဥပဒေ ရှိတယ် “War has rules” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသား ဖော်ပြထားတာ ဖြစ်ပြီး မြေပြင်က ရိုဟင်ဂျာ တချို့နဲ့ စကားပြောပြီး ပြန်လည် တင်ပြထားတာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်က အာရက္ခတပ်တော် AA ကနေ ဘူးသီးတောင်မြို့က ရိုဟင်ဂျာ လူကြီးတွေကို ခေါ်ပြီး အစည်းအဝေးလုပ်ကာ မြို့ပေါ်မှာ ရှိတဲ့လူတွေ အိမ်တွေက ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

AA အနေနဲ့ ဘူးသီးတောင်မြို့ကို သိမ်းယူတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေက သူတို့မှာ သွားစရာနေရာ မရှိတဲ့အတွက် ထွက်သွားမှာ မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၇ ရက်နေ့ ည ၁၀ နာရီခန့်မှ စတင်ကာ မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက် အစောပိုင်းအထိ ဘူးသီးတောင်မြို့ တစ်ခုလုံး မီးလောင်ခဲ့ပြီး ပြာပုံဖြစ်သွားကာ ဒေသခံတွေဟာ မောင်တောနဲ့ ဘူးသီးတောင် လမ်းတလျှောက် လယ်ကွင်းတွေထဲကို ရောက်ရှိနေပါတယ်။

ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့ပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝ လုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေမှာ ဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆိုပါတယ်။

#4C_TruthNews
‼️Breaking News - ဘူးသီးတောင်ရှိ စစ်ရှုံးကောင်စီ တပ်ရင်း ဌာနချုပ် အားလုံးကို အာရက္ခတပ်တော် သိမ်းပိုက်‼️

ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ရှုံးကောင်တွေကို လိုက်လံရှင်းလင်း သုတ်သင်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ရှုံးကောင်စီ တပ်ရင်း ဌာနချုပ်တွေနဲ့ ဘူးသီးတောင် ဗျူဟာကို အာရက္ခတပ်တော်က မေလ ၁၇ ရက်နေ့ ညပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်အရ သိရပါတယ်။

လက်ရှိတွင် တပ်ပျက်ပြီး ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာ ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ရှုံးကောင်စီ တပ်သားတွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်း ချေမှုန်း သုတ်သင်နေတာကြောင့် မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ရှုံးကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံပစ်ခတ်နေကြောင်း သိရှိရပါတယ်။

#4C_TruthNews
စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူ၊ မေ ၁၈၊ ၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက်လမ်းမပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို မေ ၁၆ ရက် ညနေ ၄ နာရီကစပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဒရုန်းနဲ့ ဖျက်အားပြင်း အီနာဂါဗုံးသီး ၂၀ လုံးပစ်ချရာမှာ စစ်ဆေးရေးဂိတ်က ဘန်ကာတွေပေါ်ကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ဗေကြီးက ပြောပါတယ်။

ဗုံးထိမှန်ခဲ့တာကြောင့် ဘန်ကာတွေပြိုကျပြီး ပျူစောထီး ၂ ဦးသေသလို ပျူစောထီး သန့်ဇင်အပါ ဒဏ်ရာရသူ ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဂိတ်ဟာ ပခုက္ကူတမြို့နယ်လုံးမှာ အဆိုးဆုံးဂိတ်ဖြစ်ပြီး ဒေသခံတွေကို နှိပ်စက်နေသလို ခရီးသွားကားတွေကိုလည်း ငွေကြေးတောင်းချင်သလိုတောင်းနေကာ အင်အား ၈၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့ ပြောပါတယ်။

ဗုံးကြဲခံရပြီး ပျူစောထီးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra (ကမ္မတပ်ပေါင်းစု) ၊ DMG (ဓားမင်းကြီး) ၊ PKU Thurein အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ပခုက္ကူ #စစ်ဆေးရေးဂိတ် #ဒရုန်း #တိုက်ခိုက် #ပျူစောထီး

https://youtu.be/P6FUZXX29fc
စစ်အုပ်စု တပ်စွဲထားတဲ့ နေရာ ၂ ခု တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မြိုင်၊ မေ ၁၈၊ ၂၀၂၄။

မကွေးတိုင်း၊ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်နဲ့ မီးသတ်ရုံးကို မေ ၁၇ ရက် ညနေ ၅ နာရီကနေ ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်အုပ်စု တပ်စွဲထားတဲ့ မီးသတ်ရုံးမှာ အင်အား ၁၅ ဦးဝန်းကျင်၊ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်မှာ အင်အားက ၁၀ ဦးခန့် ရှိကာ အဲဒီဂိတ်က စစ်သားတွေဟာ မကြာသေးမီကပဲ လာရောက်တပ်စွဲနေတာလို့ ဆိုပါတယ်။

"ဒေသအခေါ်က အောင်ဇော်မိုးဂိတ်လို့ ခေါ်တယ်။ သူက ထိုင်ထားတာမကြာသေးဘူး၊ ကိုးဆောင်ဂိတ်က ဆုတ်ခွာပြီး အသစ်လာထိုင်တဲ့ စစ်သားတွေပါ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ကျားပေါက်က ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၁ ဦးကျည်ထိမှန်ပြီး ဒဏ်ရာရရှိလို့ ပြန်ဆုတ်ခွာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ကျားပေါက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ကျားသစ်နက်တပ်မတော် Black Leopard Army၊ ဗိုလ်မိုက်ခဲပြည့်သူကာကွယ်ရေးတပ်ဖွဲ့၊ GOE ပြောက်ကျားတပ်ဖွဲ့ ၊ လရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်ထိရှ ပြည်သူ့ကာကွယ်တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြိုင် #အောင်ဇော်မိုးဂိတ် #မီးသတ်ရုံး #တိုက်ခိုက် #စစ်သား #ထိခိုက်

https://youtu.be/tUKTPwel4Yk
Forwarded from U U Aung Pwel ️
မြန်မာနိုင်ငံဟာ တိုင်းပြည်အနေနဲ့ တစ်ခုတည်းဖြစ်နေသေးသော်လည်း de factoအားဖြင့်  အစိတ်ိစတ် အမွှာမွှာဖြစ်နေပြီး တစ်နေရာနဲ့ တစ်နေရာ မတူဘဲ ကိုယ့်ဒေသကိုယ် အုပ်ချုပ်တဲ့ သဘော ဖြစ်နိုင်ပါတယ်။ နယ်မြေတစ်ခုချင်းစီမှာ လွှမ်းမိုးအားကောင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်ကိုင်မယ့် လက်နက်ကိုင် တပ်တစ်ခုစီရှိပြီး ဒီနယ်ရဲ့ လုံခြုံရေးကို အကာအကွယ်ပေးထားတဲ့ အိမ်နီးချင်းနဲ့ အဓိက စီးပွားဖက်တွေလည်း ရှိလာနိုင်ပါတယ်။

ဒီမျှခြေအသစ်ဟာ အခြေကျလာတာနဲ့အမျှ တည်ငြိမ်မှု အတိုင်းအတာတစ်ခုအထိ ရလာနိုင်ပြီး တဖြည်းဖြည်းအသားကျလာတဲ့ အခြေအနေအသစ်ကို တည်ထောင်လာနိုင်ကြမယ်။ ဒီကနေ့ ဆီးရီးယားနဲ့ တူပါတယ်။ (မြန်မာနဲ့ ဆီးရီးယားနဲ့ ကွာခြားတာကတော့ မြန်မာက ကွဲထွက်သွားမယ့် အစိတ်အပိုင်းပိုများတာပါ။)

ဒီအနာဂတ် မှန်းဆချက် လေးခုလုံးရဲ့ ဖြစ်လာနိုင်ခြေ အနာဂတ် မှန်းဆချက်  ၁- စကစ ပြိုကျဖို့ ဖြစ်လာနိုင်သလို ဖြစ်ဖို့အကြောင်းလည်းရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဒီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို အရောက်ပို့မယ့်သူ တစ်ယောက်မှ တက်ကြွစွာလှုပ်ရှားနေတာမရှိပါဘူး။ ဘယ်နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုတလေကမှ လောက်လောက်လားလား သံတမန်နည်း၊ နိုင်ငံရေးနည်း၊ ဘဏ္ဍာရေး နည်းလမ်းတွေနဲ့ ဒီလမ်းကြောင်းပေါ်လာအောင် ကူနေတာမရှိပါဘူး။ ဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် ပြည်တွင်းက လူတွေအပေါ်ဘဲ လုံးဝမှီတည်နေပါတယ်။

ပြင်ပက အကူအညီကို မရတာက ခုချိန်မှာ အဟန့်အတားဖြစ်စေပါတယ်။ ပြည်တွင်းမှာ စစ်တပ်ကို တော်လှန်နေတဲ့သူတွေကတော့ စစ်တပ်ကို နိုင်ငံရေးအာဏာကနေ ဖယ်ရှားဖို့ သန္နိဌာန်ခိုင်နေတုန်းပဲ ဖြစ်ပါတယ်။ (စစ်အာဏာရှင်ကို ဖယ်ရှားနိုင်ဖို့အတွက်) စိတ်ခိုင်မာနေတာကြောင့် စစ်တပ်ပြိုကျ သွားတယ်ဆိုတာလည်း ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။

ဒီလိုပြိုကျဖို့ဆိုရင် NUG နဲ့ EROs တွေဘက်က နိုင်ငံတလွှားမှာရှိတဲ့ စစ်တပ်တွေကို စစ်ရေးအရ ဖိအားပေးတာကို စနစ်တကျ စိတ်ရှည်ရှည်နဲ့ လက်ရှိ အတိုင်းဆက်လုပ်သွားကြဖို့လိုပါတယ်။ မဟာမိတ် လွတ်မြောက်ရေးတပ်တွေနဲ့ စစ်ရေးအားဖြင့် ပူးပေါင်းဆောင်ရွက်တာကို  မဟာဗျူဟာ နောက်တစ်ဆင့်ဆီ ရောက်အောင်သွားနိုင်ရင် စကစ ပြိုတဲ့ဆီရောက်ဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မဟာဗျူဟာအရ နောက်တစ်ဆင့်တက်ပြီး စစ်ရေးဖိအားမပေးနိုင်ရင်တော့ ပြည်မမှာ အခိုင်အမာ ရှိနေတဲ့ စစ်တပ်ကို ဖြိုချဖို့အတွက် လုံလုံလောက်လောက် အင်အားဖြစ်ထွန်းမှာမဟုတ်ပါ။

စစ်တပ်အ‌ပေါ် စစ်ရေးဖိအားတွေ ပေးနိုင်တာနဲ့ တပြိုင်နက်တည်းမှာပဲ NUG နဲ့ မဟာမိတ် EROs တွေဟာ စစ်တပ်အလွန် နိုင်ငံရေးအကူးအပြောင်းကို ဘယ်လိုသဘောတူညီချက်တွေနဲ့ အတူတကွ စီမံကြမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီးလေးနက်ပြီးရှင်းလင်းတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိလာကြဖို့ တက်ကြွစွာ ထိရောက်စွာ ဆောင်ရွက်ကြဖို့ လိုပါတယ်။

အခြားလက်နက်ကိုင်နဲ့ နိုင်ငံရေးသမားတွေကလည်း မဟာမိတ် ထဲ ဝင်လာကြဖို့ လိုပါတယ်။ ကိုယ်ကျိုး ကို ပဓာန ပြုတာတွေ၊ တရားဝင်မှုရှိတယ် ဆိုတဲ့အချက်အပေါ် အသည်းအသန်ယှဉ်ပြိုင်လိုစိတ်တွေ နဲ့ အာဏာရယူလိုစိတ်တွေကို  လုံးဝ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းယှဉ်ပြိုင်တာ၊ တစ်စုနဲ့ တစ်စု ပြိုင်ဘက်လို သဘောထားတာ၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ရဲ့ လက်အောက်က နယ်မြေထဲမှာ သွားပြီး နယ်မြေရယူဖို့ ကြိုးစားတာတွေကို တားဆီးကြရပါမယ်။

ဒီလိုပြဿနာတွေ ပေါ်လာတာနဲ့ ချက်ချင်း အရေးပေါ် ကိစ္စအနေနဲ့ ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်လိုတာကိုပဲ ရှေ့တန်းတင်တာကို ရှောင်ရှားကြမှ လိုရာရောက်နိုင်ပါမယ်။ (မိမိဘက်က အများဆုံးရအောင် တစ်ဖက်ကို တွန်းတိုက်တာ၊ အမြင့်ဆုံး‌ တောင်းဆိုတာတွေလည်း မလုပ်သင့်တဲ့အထဲပါပါတယ်။ တစ်ဖက်ဖက်က ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတွေ တောင်းဆိုလာတဲ့အခါ လူတိုင်းဟာ သူ့ရဲ့ ရပိုင်ခွင့်ကို အလေးအနက် အသိအမှတ်ပြုပြီး ကျေနပ်အောင်ကြိုးစားပေးကြရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မဟာမိတ်လွတ်မြောက်ရေးတပ်ဖွဲ့တွေထဲက နိုင်ငံရေး ကိုယ်စားလှယ် တွေဟာ မိမိတို့ မဟာမိတ်ဖြစ်မှုက မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို ဆောင်ကြဉ်းနိုင် လောက်အောင် ခိုင်မာကြောင်း အတူပြကြဖို့ အစီအစဉ်တွေလုပ်ဖို့ လိုပါတယ်။ ဒီလို မဟာမိတ်အဖြစ် အတူရပ်တည်နိုင်ဖို့ စိတ်ရှည်သည်းခံမျိုးတွေ လိုအပ်သလို  စစ်တပ်ကို နည်းဟောင်း အတိုင်း စဉ်းစားပေးတာဟာ အဖြေမဟုတ်ကြောင်း နိုင်ငံတကာဆက်ဆံရေးမှာလည်း စိတ်ရှည်ရှည်နဲ့ အိမ်နီးချင်းတွေ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေကို နားချဖို့လိုပါတယ်။

စစ်အာဏာရှင် သက်ဆိုးရှည်အောင် ကူတာနဲ့ မြန်မာပြည်အတွက် အဖြေရှာတာနဲ့ကို ရောမသွားကြဖို့၊ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့နဲ့ ပြန်နလံထူနိုင်ဖို့ကိုလုပ်နိုင်တာဟာ မဟာမိတ်အင်အားစုတွေသာဖြစ်ကြောင်း ပြောဆို သိမ်းသွင်းဖို့ ဆက်ဆံရေးတွေလိုပါတယ်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လူငယ်များက စစ်ကောင်စီ၏ အလံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်ကြစဉ်။
#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
ကျောက်တံတားရွာမှာ တိုက်ပွဲဖြစ်နေချိန် စစ်အုပ်စုက မတ္တရာ - မန္တလေးကားလမ်းကို ပိတ်ဆို့ထားပြီး မန္တလေးတော်ငခြေအနီးက ရွှေကျင်မြို့အဝင်ဂိတ်မှာ မြို့အထွက်ကိုသာ လက်ခံပြီး မြို့ထဲ အဝင်မလံဘဲ ပိတ်ဆို့ထားတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက MFP ကို ပြောပါတယ်။

"မနက်က မန္တလေး သွားတော့ ဝသုန္တရ(ရွာ)မှာ ပိတ်မိနေတာ၊ ကျောက်တံတားနဲ့ လင်းမြွေချောင်း(ရွာ) ကြားလေ၊ ဝသုန္တရကို မြကံသာလို့လည်း ခေါ်တယ်၊ အဲ့နားမှာ ပိတ်မိတာ၊ အဲ့နားက မြို့ရှောင်လမ်းဘက်က မောင်းခဲ့ရတာ၊ မနက်(၄)နာရီ လောက်ထဲက ဖြစ်တယ်ကြားတယ်၊ ကျောက်တံတားမှာ၊ အခုတော့ ငြိမ်သွားပြီ၊ ကျောက် တံတား လမ်းဆုံ အရှေ့ဘက်က ချောင်းမကြီး အကျော်လေ၊ ချောင်းမကြီးရဲ့ ဘေးမှာ သူက ဘုန်းကြီးကျောင်းမှာ စစ်တပ်က တပ်စွဲထားတာ၊ အဲ့မှာ ဖြစ်တာ၊ စစ်တပ်ဘက်က အကျအဆုံး များတယ် ကြားတယ်"

တိုက်ပွဲဖြစ်စဉ်နဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှု တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေတွေ ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မတ္တရာမြို့ အဝင်အထွက်ကိုလည်း ပိတ်ထားဆဲ ဖြစ်ပြီး မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း - မိုးကုတ် ကားလမ်းတလျှောက် တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်ဆို့နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့ရဲ့ မြောက်ဘက်၊ မတ္တရာနဲ့ ပုသိမ်ကြီးနယ် ကျေးရွာတွေမှာ အင်အား ဖြန့်ကျက်ထားသလို မန္တလေး - မေမြို့ ကားလမ်း တလျှောက်မှာလည်း စစ်အုပ်စုက ဂိတ်တွေ တိုးချဲ့ဖွင့်ထားပြီး ကားလမ်းဘေးမှာ တစ်စုကို ငါးယောက်နှုန်း၊ (၁၀)ယောက်နှုန်းနဲ့ တပ်ဖျောက်ကာ နေရာယူထားယ်လို့ ဆိုပါတယ်။

ဇွန်(၂၅)ရက်မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဖော်ဆောင်နေပြီး မတ္တရာမြို့အနီးက ရေနံ့သာ ရဲစခန်း အပါအဝင် မတ္တရာနယ်ထဲက စစ်အုပ်စု စခန်း(၂၆)ခုကို သိမ်းပိုက် ရရှိထားပြီး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ထုတ်ပြန် ထားပါတယ်။

ဇူလိုင်(၁၄)ရက် ဒီမနက် တိုက်ပွဲဖြစ်တဲ့ မန္တလေး - မတ္တရာ ကားလမ်းပေါ်က ကျောက်တံတားရွာ/Photo – G
#MFP
#HlaingInfo
တရုတ်က ညီနောင်(၃)ဖွဲ့လုံးကို တွေ့ပြီး ခဏ
အပစ်ရပ်ဖို့ တောင်းဆိုတာပါ (ဖိအားပေးပုံရပါတယ်)

လက်ရှိလောလောဆယ် ကိုးကန့်ကတော့ လားရှိုးတစ်ဝိုက်အပစ်ရပ်မယ်ဆိုထားပါတယ်။ ရန်စတာတို့ လာတိုက်တာတို့ဆို ပြန်ခုခံပိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ဒီည (၁၂)နာရီစပြီး အကျုံးဝင်ပါမယ်။
တိုက်ပွဲရပ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ထားတဲ့ အနေထားတော့ ရှိနေအုန်းမယ့် သဘောပါ။ နောက်ပြန်ဆုတ်တာ မဟုတ်ပါဘူး။ တိုက်ပွဲနားပီဆိုပြီး သွားသွားလာလာ မလုပ်သင့်ပါဘူး။

ကျန် AA ၊ TNLAတော့ ဘာမှ မပြော၊ မထုတ်ပြန်သေးပါ။

တရုတ်ကို စကစသွားပြီးနောက်ပိုင်း ဒီအခြေနေဖြစ်လာတဲ့ သဘောလို့ ယူရပါတယ်။

Crd MaiN
"နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ လွှတ်လို့ ကြွေးကြော်ပြီး လားရှိုး အကျဥ်းထောင်ကို ဖွင့်ပေးခဲ့တဲ့ စကခ (၁၄) တပ်မမှူး သူရဇော်လွင်စိုး"

MNDAA တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် လားရှိုးမှာ ဘယ်လိုမှ အခြေအနေ မဟန်တော့တဲ့ စစ်တပ် အနေနဲ့ ၎င်းတို့ မဆုတ်ခွာမီမှာ လားရှိုးအကျဥ်းထောင်ကို ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို လားရှိုးအကျဥ်းထောင်ကို ဖွင့်ပေးတဲ့ နေရာမှာ စကခ (၁၄) ရဲ့တပ်မမှူး သူရဇော်လွင်စိုးက အဓိက ဖွင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်မမှူး သူရဇော်လွင်စိုးရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဘာ့ကြောင့် ဒီလို လွှတ်ပေးခဲ့တယ် ဆိုတာကို Breaking Brainwashed က ကိုထက်မြတ် တင်ဆက်ထားတာပါ။

အင်တာနက် လိုင်းဖြတ်ဒေသက တော်လှန်ပြည်သူတွေပါ နားဆင်လို့ရအောင် အသံဖိုင် ပြန်တင်ပေးလိုက်ပါတယ်။

#4C_TruthNews
Forwarded from လူထုခေတ်
ပခုက္ကူတွင် လက်နက်နှင့်အလင်းဝင်လာသည့် ပြည်သူ့စစ်တစ်ဦးကို ဆုငွေသိန်းသုံးဆယ်ချီးမြှင့်

ဇူလိုင် ၊ ၃၁ ၊၂၀၂၄။
လူထုခေတ်

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊စက်မှုဇုန် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့စစ် ၁ ဦးလက်နက်နှင့်အတူအလင်းဝင်လာကြောင်း ယနေ့(ဇူလိုင်၊၃၁)တွင် Souther YSO PDF မှထုတ်ပြန်သည်။

ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် ပခုက္ကူမြို့နယ်၊စက်မှုဇုန် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့စစ် ကိုရဲနီသည် MA-3 ၁ လက်၊ကျည်ဘောက် ၁ ခု နှင့် ကျည်ဆံ ၂၀ တောင့်တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် ပြည်သူ့စစ် ကိုရဲနီ ကို ဂုဏ်ပြုဆုငွေ သိန်း ၃၀ ကျပ်ချီးမြှင့်ခဲ့ကြောင်းလည်းသိရသည်။

စစ်ကောင်စီအတွက် အသက်ပေး၊ဘဝပေး လက်နက်ကိုင်နေကြသော ရဲဘော်များ အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်ဆီ ခိုလှုံကြဖို့ကိုလည်း Southern YSO PDF မှ တိုက်တွန်းထားသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး MA-3 ၁ လက်ဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။
#ပခုက္ကူ #အလင်းဝင် #ပြည်သူ့စစ်
Forwarded from လူထုခေတ်
ရေစကြိုတွင် ရဲတပ်ကြပ် ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

ဇူလိုင် ၊ ၃၁ ၊ ၂၀၂၄။
လူထုခေတ်

မကွေးတိုင်း၊ရေစကြိုမြို့နယ်တွင် လက်နက်ခဲယမ်းနှင့်အတူအလင်းဝင်လာသည့် ရဲတပ်ကြပ် ၁ ဦးကို ဆုငွေ သိန်း ၃၀ ချီးမြှင့်ကြောင်း Royal Eagle PDF မှထုတ်ပြန်သည်။

ဇူလိုင် ၃၀ ရက်နေ့ တွင် ရေစကြိုမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ရတဖ-၁၉ မှ ရဲတပ်ကြပ် အောင်မြတ်သူသည် M-16 ၁လက်နှင့်အတူ 5.56 ကျည် ၂၀၀တောင့် ယူလာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအလင်းဝင်လာသည့် ရဲတပ်ကြပ်ကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

#အလင်းဝင် #ရေစကြို #မကွေး #ရ
Forwarded from Khit Thit Media
ဆားလင်းကြီးမြို့နယ်။ ညောင်ပင်ကြီး စစ်ကောင်စီတပ်ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၄ လက်ရရှိ

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၄ လက်ရရှိကြောင်း ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လက်ရုံးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ စစ်ကောင်စီတပ်ဂိတ်ကို ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များ၏ သေနတ် ၄ လက်ကိုလည်းရရှိပြီး သေနတ်အမျိုးအစားများမှာ G3 ၃ လက်နှင့် အူဇီ ၁ လက် တို့ ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ အထိအခိုက် မရှိကြောင်း သိရှိရသည်။
Forwarded from Khit Thit Media
အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်အထိ စံချိန်တင်စျေးမြင့်တက်လာပြီး အခေါက်ရွှေစျေး သိန်း ၆၉ သိန်းဝန်းကျင်သို့ စံချိန်ချိုးရောက်ရှိ၊ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေ

ရန်ကုန်၊ ဩဂုတ် ၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၅၀၀ ကျော်အထိစံချိန်တင် စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေစျေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ၆၉ သိန်းဝန်းကျင်သို့ စံချိန်ချိုးရောက်ရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ကမ္ဘာ့ရွှေစျေးမှာ ရွှေတစ်အောင်စလျှင် ၂၄၀၀ ပတ်ချာလည်တွင်ပင် အတက်အကျ အနည်းငယ်ရှိနေပြီး မြန်မာ့ရွှေစျေးမှာမူ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၉ သိန်းဝန်းကျင်တွင် စျေးနှုန်းတွက်ချက် ပေါက်စျေးရှိနေကြောင်း၊ အရောင်းအဝယ်အနေဖြင့် အဝယ်သာရှိပြီး အရောင်း နည်းပါးကာ စျေးကွက်တွင် စျေးထိုးတက်နေခြင်းကြောင့် အရောင်းအဝယ်မဖြစ် ဖြစ်နေကြောင်း သိရှိရသည်။

"ရွှေစျေးက နေ့စဉ် တက်နေတာဆိုတော့ ၀ရုန်းသုန်းကားဖြစ်နေတာမျိုး။ အဝယ်က ရှိပေမယ့် အရောင်းမရှိဘူး။ အတက် အကျ ကြမ်းတော့ အဝယ်အရောင်း ခက်တယ်။ စျေးနှုန်းနဲ့ အခြေအနေစောင့်ကြည့်တာများတယ်။ အလားအလာကတော့ ဆက်တက်ဦးမယ်လို့မှန်းတယ်။ သိန်း ၇၀ တစ်ပတ်ချာလည်လောက်အထိ ရောက်မယ်လို့ မှန်းတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာမှာလည်း ဆက်လက် မြင့်တက်နေပြီး အဓိကအားဖြင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျနေခြင်းဖြစ်ကြောင်း၊ မကြုံစဖူး ကျပ်ငွေတန်ဖိုး တဟုန်ထိုး ထိုးကျနေခြင်းဖြစ်သည်ဟု နိုင်ငံခြားငွေလဲဒိုင်များက သုံးသပ်ကြသည်။

"အရွက် တစ်နေ့တစ်ခြားတက်လာတာက ကျပ်ငွေတန်ဖိုး ထိုးကျနေတာ။ စီးပွားရေးကျနေတာ၊ စစ်ဘေးဂယက်၊ ငွေစက္ကူတွေ အတောမသတ်ရိုက်နေတာကြောင့်လို့ထင်တယ်နော်။ အားလုံးစုပြုံပြီး ကျပ်တန်ဖိုးထိုးကျနေတာလို့ ထင်တယ်။ ဒီအကျ ဘယ်လောက်ထိ ကျဦးမလဲတော့ မသိဘူး။ စျေးအပြောင်းအလဲအရမ်းမြန်နေတယ်" ဟု ရန်ကုန်မှ ဒေါ်လာဝယ်ရောင်းလက်ကြီးတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ဝိသမလောဘသားများ၏ စျေးကစားမှုကြောင့် ရွှေစျေးနှင့်ငွေစျေးနှုန်းများ ကမောက်ကမဖြစ်ရသည်ဟုဆိုကာ မကြာခဏ ဆိုသလို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုတစ်ခေါက် ကျပ်ငွေတန်ဖိုးနှင့်စျေးနှုန်းများ ဆက်တိုက် ကျဆင်းမှုမှာမူ စံချိန်တင် ဆက်တိုက် ထိုးဆင်းနေခြင်းဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။
ပုလဲမြို့နယ်တွင်းက ကျွန်းသစ် ခိုးထုတ်သူတွေကို ဖမ်းမိ (ရုပ်/သံ)

ပုလဲ၊ သြဂုတ် ၁၊ ၂၀၂၄။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃၊ တပ်ရင်း ၁၄ က ပုလဲမြို့နယ်အတွင်းက သစ်တောကြိုးဝိုင်းတနေရာမှာ သစ်ခိုးထုတ်နေတဲ့သူတွေကို ဇူလိုင် ၂၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

ABSDF စစ်ကြောင်းက ကင်းလှည့်နေစဉ်မှာ သစ်ခိုးထုတ်နေတာကိုတွေ့ပြီး လိုက်လံဖမ်းဆီးခဲ့တာလို့ ABSDF စစ်ကြောင်း ၃၊ တပ်ရင်း ၁၄ တပ်ရင်မှူး ရဲဘော်ဇေယျက ပြောပါတယ်။

သစ်ခိုးသမားတွေကို အဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ သစ်ခိုးထုတ်နေသူ ၃ ဦးနဲ့ နွား ၂ ကောင်အပါ ခုတ်လက်စ ကျွန်းသစ် ၁ တန်နီးပါကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ပစ္စည်းတွေကို ပုလဲမြို့နယ် ပကဖ၊ ပအဖတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

NUG က ၂၀၂၃ ဇန်နဝါရီလ ၁၃ ရက်က ဒေသတွင်း တရားမဝင် သစ်ခိုးထုတ်မှုတွေကို တားဆီဖို့ မြို့နယ်တိုင်းက ပကဖ၊ ပအဖ တွေကို စာပို့အကြောင်းကြားထားပါတယ်။ ပုလဲနယ်ထဲမှာတော့ ၂၀၂၄ နှစ်စပိုင်းကစလို့ သစ်ခိုးထုတ်တာတွေဟာ ပိုပြီးများလာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

သတင်း - အောင်ကောင်းလင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#ပုလဲ #သစ်ခိုးထုတ် #ကျွန်းသစ် #ဖမ်းဆီးမိ #ABSDF

https://youtu.be/RUsQww91Cxo
ပျူစောထီးသားအဖ ၂ ဦးနဲ့ မိသားစုဝင် ၇ ဦး ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာ (ရုပ်/သံ)

မြိုင်၊ ဩဂုတ် ၁၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာက ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင် သားအဖ ၂ ဦးနဲ့ မိသားစုဝင် ၇ ဦး အလင်းဝင်ရောက်လာတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၄ ရက်က အလင်းဝင်ရောက်လာတာဖြစ်ပြီး စားဝတ်နေရေးအခက်အခဲဖြစ်တဲ့အပြင် ပြည်သူ့ဘက်ကို ရပ်တည်ချင်တဲ့စိတ်ကြောင့် အလင်းဝင်လာတာလို့ သိရပါတယ်။

ပျူစောထီးမိသားစုကို လုံခြုံတဲ့နေရာမှာ ပြုစုစောင့်ရှောက်ထားပြီး သာမန်ပြည်သူလူထုတွေလိုပဲ လုပ်ကိုင်စားသောက်ကြမှာဖြစ်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။

အလင်းဝင်လာသူတွေထဲမှာ အသက် ၄၀ နှစ်အရွယ် မြင့်ဇော်နဲ့ အသက် ၁၆ နှစ်အရွယ် မျိုးမင်းခန့်တို့ဟာ လက်နက်ကိုင်တွေဖြစ်ပြီး ကျန် ၇ ဦးမှာ မိသားစုဝင်တွေ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

သရက်ကွကျေးရွာက ပျူစောထီးတွေအနေနဲ့ အလင်းဝင်ရောက်လိုပါက အာမခံချက်ပေးကာ ဖိတ်ခေါ်မှာဖြစ်ပြီး အလင်းဝင်ကြဖို့ကိုလည်း တိုက်တွန်းတယ်လို့ ဗိုလ်မီးပွားက ဆိုပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြိုင် #သရက်ကွကျေးရွာ #အလင်းဝင် #ပျူစောထီး #သားအဖ၂ဦး

https://youtu.be/fMj68BuxJno
ဧရာဝတီ ရေပြင်🔴

အထက်ဘက်မှ စုန်လာသော စခသံခွန် ၁၆ စီး နှင့် စစ်သင်္ဘော ၂စီးသည် ကျောက်မြောင်းသို့ ရောက်ရှိနေကြောင်းသိရ။

ဘေးဝဲယာသို့ ရမ်းသမ်းပစ်ခက်နေပါသောကြောင့် မိဘပြည်သူများ ဂရုစိုက်ကြပါရှင့်။🙏
Aug 1 , 5:40PM
ဧရာဝတီ ရေပြင်

ညနေ ၄ နာရီ ၃၀ မိနစ် ခန့်က ဆီမီးခုံရေနက်ဆိပ်ကမ်း မှာ မြစ်အောက်ပိုင်းမှ ဆန်တက်လာသော စခ စစ်သင်္ဘော ၁ စီး နှင့် ဖလက်ခွံ ၁ စီး ဆိုက်ကပ်သွားပြီး ၄င်း သင်္ဘော ၂ စီး ပေါ်မှ စခ အင်အား ၇ဝ ခန့် ပါလာဟု သိရ။

#ဆီမီးခုံသတင်း
#YayPyin
Aug 1 , 6:38PM

📫သတင်းပို့ရန် @Yaypyin0bot
မြိုင်နယ် တွင်းမပျူရွာမှပျူများ အိုရင်ရွာဘက်သို့လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်နေကြောင်းသိရ
2.8.24
3 star
ပခုက္ကူနယ်
ပခုက္ကူလေယာဥ်ကွင်းစခအင်အား(၇၀) မြောက်လူးကန်ရွာ ရောက်ရှိသိရ
2-8-24-6:12pm
3 star
တံတားဦး

တံတားဦးလေတပ်သို့ ​ကျောက်မဲမြို့နယ်တွင် (6:10PM) ခန့်မှစ၍ ခဲယမ်း ​ဆေးဝါးများ ချ​ပေးခဲ့သော Beech 1900D Military Transport Aircraft (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
Aug 2, 7:18PM
📡သတင်းပို့ရန် @infonas
"မတူညီတဲ့ ပျူဘုန်းကြီး ၂ ပါး"

စကားဦးကတော့ အခေါ်အဝေါ်အကြောင်းပေါ့။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓရဲ့ ဝိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်တဲ့ ပုဂ္ဂိုလ်ကို ရဟန်းလို့ သုံးနှုန်းပြီး တစ်ပါးထက် ပိုရင် သံဃာလို့ သုံးနှုန်းတယ်။ ဘုန်းကြီး ဆိုတာက အရပ်ခေါ်၊ ဝိနည်းသိက္ခာနဲ့ မညီလဲ ဘုန်းကြီးလို့ ခေါ်လို့ရတယ်။ ထားပါတော့။

စစ်တပ်ထောက်ခံတဲ့ ပျူဘုန်းကြီး (၂) ပါးရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်ရည်ကို ကြည့်ရအောင်။

၅၅၀ ဝါသဝက သူ့နယ်မှာပဲ အခြေချတယ်၊ ငပျူတွေကို ကိုယ်တိုင် ဦးဆောင်တယ်၊ လက်နက်၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့စရိတ်တွေ ရရှိအောင် စစ်တပ်ဆီကနေ တောင်းပေးတယ်။ လိုင်းပေါ်မှာ အချိန်ဖြုန်းမနေပဲ သူ့အလုပ်ကို (မကောင်းသည့်တိုင်) သူလုပ်နေတယ်။ သူ့ဒေသက ငပျူတွေနဲ့အတူ စားရအတူ၊ ငတ်အတူ နေထိုင်တယ်။ သေရင်လဲ အတူ သေမယ့်သဘောလို့ ယူဆရတယ်။ သေလဲ သေမှာပါပဲ။

ငပေါက်ဆိုတဲ့ ပေါက်ကတုံးက တော်လှန်ရေး အစကတည်းက အွန်လိုင်းကနေ အာချောင်တယ်။ နှစ်ဘက်စလုံးကို စောက်ဖောင်းထုတယ်။ ပေါက်မြို့နယ်မှာ စစ်တပ်က ဖမ်းမယ်လုပ်တော့ ခွေးပြေးဝက်ပြေး ထွက်ပြေးတယ်။ သူ့နယ်မှာ ဒီကောင့် အားကိုးပြီး ပျူဖြစ်လာတဲ့ ငပျူတွေ ကျန်နေခဲ့ပေမယ့် စားကောင်း သောက်ကောင်းလောက်ပဲ အဝေးကနေ အာချောင်ပေးတယ်။ သူကိုယ်တိုင်ကတော့ လုံခြုံတဲ့ နေရာမှာ ပတ်ရှောင်ပုန်းပြီး အိပ်လိုက် စားလိုက် အာချောင်လိုက် ဇိမ်နဲ့ နှပ်နေတယ်။

ငပေါက်ရဲ့ စောက်ကျင့်က လူသိထင်ရှား ဖြစ်ချင်တယ်။ တလောက မဘသတွေရဲ့ တပ်ထောက်ခံ အာချောင်ပွဲမှာ ကာချုပ်ကို ဖောင်းထုမိလို့ အစိခံရတယ်။ ဆိုလိုတာက ဒီကောင်က လေသမား။ လက်တွေ့မှာ ဘာမှ စောက်ဖြစ်ရှိတဲ့ကောင် မဟုတ်ဘူး။ ယုတ်စွအဆုံး လိုင်းပေါ်ကနေပဲ အာချောင်ရတာကို ပျော်ပါးနေတဲ့ကောင်။ ဒီအဆင့်ထက် မပိုဘူး။

ဆိုတော့ ဝါသဝနဲ့ ပေါက်ကတုံး အကြောင်းကို 4C ရေးပြသလောက် လူတိုင်း သိကြတယ်။ တော်လှန်ရေး ဘက်ကလဲ သိကြသလို ဘောမ ရပ်ကွက်မှာလဲ သူတို့ကောင်တွေအကြောင်း သူတို့ သိကြတယ်။

အခု အပေါ်မှာ Poll လုပ်တယ်။

ဘောမရပ်ကွက်ကပဲ vote လုပ်လို့ ရအောင် (၂) မျိုးပဲ တမင် ထည့်ပေးခဲ့တာ။ ဒီနှစ်ကောင်ရဲ့ လုပ်ရပ်တွေကို သိနေကြတာတောင် vote ပေးထားတဲ့ ရလဒ်က 60% နဲ့ 40% တဲ့ 😅

ဆိုတော့ ငပေါက်ကို ဘယ်သူတွေက မဲပေးမယ် ထင်လဲ?

သူ့လိုပဲ စိတ်တူကိုယ်တူ လိုင်းပေါ်ကနေ အွန်ချောင် လိမ်စားနေတဲ့ လော်ဘီငဖား အသိုင်းအဝိုင်းနဲ့ အချောင်ခို ဘောမတွေပဲပေါ့။ ကိုယ်တွေဘက်မှာတင် Gen L33 တွေ ရှိတာ မဟုတ်ဘူး။

သူတို့ဘက်မှာလဲ ဂျီးလန်တွေရော ဖွတ်ပုန်းတွေရော အချောင်ခို အောက်ဆွဲတွေရော အကုန်ရှိတာ။ ရှိစုမဲ့စု ဖွတ်ပဲ့ အသိုင်းအဝိုင်းလေးထဲမှာ အဲ့လိုကောင်တွေက 40% တောင် ရှိနေတာ။

အာ့ကြောင့်မို့လဲ ဒီကောင်တွေ ခွက်ခွက်လန်အောင် စစ်ရှုံးနေတာ.. 😄

#4C_TruthNews