ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
MBT တပ်ဖွဲ့မှာ မီးလောင်ဗုံးကို အောင်မြင်စွာထုတ်လုပ် (ရုပ်/သံ)

ရေစကြို၊ မေ ၁၂၊၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် အခြေစိုက် Myingyan Black Tiger - MBT တပ်ဖွဲ့က မီးလောင်ဗုံးအမျိုးအစားတခုကို စမ်းသပ်ထုတ်လုပ်ခဲ့ရာ အောင်မြင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီမီးလောင်ဗုံးကို မေလအစောပိုင်းမှာ စမ်းသပ်ထုတ်လုပ်ရာ ၂ လကျော်အချိန်ကြာမြင့်ခဲ့ပြီး စစ်တပ်စခန်းတွေကို အဓိကထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

"**စခန်းတွေနဲ့ **ပျူရွာတွေကို တိုက်ခိုက်ဖို့ ထုတ်တာပါ။ တဖြည်းဖြည်းချင်း မီးစွဲလောင်တဲ့ ဗုံးမျိုးပေါ့။ မီးငြှိမ်းသတ်လေ လောင်အား ပိုကောင်းလေပဲ" လို့ MBT တပ်ဖွဲ့ဖောက်ခွဲရေးတာဝန်ခံ ရဲဘော်ချစ်ဦး ကပြောပါတယ်။

မီးလောင်ဗုံးထုတ်လုပ်ရာမှာလည်း ရဲဘော်ချစ်ဦး အနေနဲ့ သင်ဆရာ၊ မြင်ဆရာတွေရဲ့ လမ်းညွှန်ကူညီမှုနဲ့အတူ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြင်းခြံ #မီးလောင်ဗုံး #ထုတ်လုပ်အောင်မြင် #MyingyanBlackTigerMBT

https://youtu.be/ygIPDYap71c
Forwarded from စစ်သတင်း
ယနေ့ ရှမ်း/မြောက်ကို ကျနော်ကွင်းဆင်းခဲ့ပါတယ်
မန္တလေး အုန်းချောကနေစပြီး ရဲ ၁၀၀၀Ks စစ်သား ၁၀၀၀Ks မော်တော်ပီကယ်1-2000Ks ပေးရင်း တစ်ဂိတ်ပြီးတစ်ဂိတ် ၆ထပ်ကွေ့မှ ပြင်ဦးလွင်ထိတက်လာရင်း
နောင်ချိုစဝင်ပြီဆိုကထဲက
TNLA 500Ks.-1000Ks နဲ့ပေးလာရာ
TNLA တစ်ဂိတ်
SSPP/SSA တစ်ဂိတ်နဲ့
TNLAက ဆပ်ကြေးမဆောင်ရသေးသောကားများကို
၅ သောင်းမှ ၁ သိန်းထိပေးရပြီး ကျသင့်တဲ့ အခွန်ကြေးငွေပေးလိုက်ရင်Okပါပြီ စကားတွေထွေထွေထူးထူးမပြောရပါဘူး။

SSPP/SSA ယနေ့ ကားများကိုဘီးလိမ့်ခွန်ဆိုပြီး တစ်သိန်းမှ တစ်သိန်းခွဲစီကောက်ခံပါတယ်။
တစ်နှစ်စာပေါ့

ဒီလိုနဲ့ လာလိုက်တဲ့တစ်လမ်းလုံး အရစ်ဆုံးက ကိုရွှေဗမာဂိတ်များဖြစ်တဲ့ တပ်မတော်ဂိတ်က တစ်ချို့သဘောကောင်းပြီးတစ်ချို့တွေ ပေးတာနဲရင်မကိုက်ဘူးဆိုတာပြောသေးတယ်။
ကျ​နော်မေးခွန်းထုတ်ချင်တယ်ခင်ဗျားတို့ကို😁😁
ခင်ဗျားတို့ဂိတ်မှာ စစ်ဆေးဖို့လုံခြုံရေးအရချပေးထားတာ လာသမျှကားတစ်နေ့ကိုအစင်းရေ ထောင်ချီတယ် တစ်စင်းကို 1000 အနဲဆုံးတွက် လိုက်ရင် ဆယ်သိန်း သိန်းအသာလေးကျန်ပြီနော် ဒါတစ်ဂိတ်တစ်ဂိတ် တစ်ရက် ဝင်ငွေကိုပြောနေတာ
မော်တော်ပီကယ်ကတစ်မျိုး
ရဲကတစ်မျိုး
စစ်သားကတစ်မျိုးတွေ မြင်တွေ့ရတာစိတ်ထဲတစ်မျိုးကြီးဖြစ်မိတယ် လဖ္ဘက်ရည်ဖိုးပေးပါအုံးလို့ပြောရင်တော်သေးတယ် စေတနာကြေးလေးပေးခဲ့လို့ရတယ်။
မကိုက်ဘူးဆိုတာကို မေခွန်းပြန်ထုတ်ရရင် ဘာတွေများအရင်းနှီးလုပ်ရလို့လဲဗျာ့လို့ပြန်မေးချင်ပါတယ်။

ဒီအကောက်တော်ကြေးတွေကအပေါ်မရောက်ဘူး
အောက်မှာဘဲဝေစားမျှစားလိုက်ကြတာမဟုတ်ဘူးလား????

ကျန်သေးတယ် ၅/နဲ့-၈/ ပြီးတော့် 11/ တရားဝင်စာထုတ်ပြန်လိုက်ပါ ဒီလိုခရီးသွားတွေထောက်ခံစာနဲ့တကွသွားရန်ဆိုပြီး။
လမ်းရောက်လို့စစ်လိုက်တော့် ထောက်ခံစာမပါလို့ ဘာလ်ု့ညာလို့ဆိုပြီး ရစ်ကြေးက ၂၀၀၀ မှ ၅၀၀၀ ပေါက်သေးတယ်။

တံတားဖြတ်ခတွေကျန့သေးတယ် ၂သောင်း၃သောင်းတွေ

ဒီပုံစံအတိုင်း သွားလျှင်ရေရှည်မှာ ခရီးသွားတွေတကယ်မွဲကိန်းဆိုက်မှာ။

ပလောင်ကတစ်မျိုး
တပ်ကတစ်မျိုး
ရှမ်းကတစ်မျိုး
ဒါတောင် ကချင်ရှိတဲ့ဒေသတွေကျန်သေးတယ်။

ခင်ဗျားတို့ လက်နက်ကိုင်တွေရှော့ရှော့ပေါ့ပေါ့လုပ်ပေးကြပါ။
ပြည်သူတွေအရမ်းခက်ခဲနေပါတယ်
လိုင်းဆွဲတဲ့ကားဆရာတွေပို၍ သနားဖို့ကောင်းပါတယ်
ကိုယ်ချင်းလဲစာမိတယ် ကုန်ကားဆရာတွေ အမျိုးမျိုးသောခရီးသွားတွေပေါ့ဗျာ။

တစ်တိုင်းပြည်လုံးက လက်နက်ကိုင်တွေကိုတောင်းဆိုချင်တာ ပြည်သူလူထုအရမ်းခက်ခဲနေပါတယ်ဗျာ မလုပ်ကြပါနဲ့ အခွန်ကြေးဆိုပြီး တစ်နှစ်စာ၅သောင်းလောက်ဆိုလက်ခံနိုင်တယ်။
ပြီးတော့်တစ်ဖွဲ့ထဲလဲမဟုတ်ဘူး အဖွဲ့ပေါင်းများစွာကိုပေးနေရတာ
တရားဝင်ကိုဆပ်ကြေးတွေပေးနေရတာ
မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် ဖြစ်သည်။

သေအံ့မူးမူး ဖြစ်နေသော စစ်သားတစ်ယောက်အား
သူနာပြု ဆရာမလေးမှ ၎င်း၏ နောက်ဆုံးဆန္ဒကို လိုက်လျောပေးချင်သည့်အတွက်-

(ဆရာမလေး)
ဒီမယ်ရှင့်...
ရှင့်အနေနဲ့ နောက်ဆုံး ဘာလုပ်ချင်တဲ့ ဆန္ဒများ ရှိပါသလဲ..??

(စစ်သား)
ကျနော် မသေခင်မှာ ရာဇဝင်မှာ ထင်ရှားခဲ့ကြတဲ့ စစ်ခေါင်းဆောင်ကြီးတွေကို အလေးပြုချင်လိုက်တာဗျာ...

ထိုအခါ သူနာပြု ဆရာမလေးမှာ ထိုစစ်ခေါင်းဆောင်များ၏ ရုပ်ပုံများကို အလွယ်တကူ မရနိုင်၍ ရုတ်တရက် အကြံရပြီး ၎င်း၏ ပေါင်နှစ်ဖက်တွင် ပုံနှစ်ပုံ ရေးဆွဲလိုက်လေသည်။

(လူနာမှာ သေခါနီး အချိန်မို့ မျက်လုံးများပြာဝေပြီး သေချာမမြင်ရတော့မှန်း သိနေသောကြောင့်)

ထို့နောက် စစ်သား၏ အရှေ့တွင်ရပ်ပြီး စကပ်ကို လှန်ပြ၍ ...

ကဲ... ဒီမှာ ရှင်တွေ့ချင် အလေးပြုချင်တဲ့ စစ်ခေါင်းဆောင်ကြီးတွေ..
အလေးပြုနိုင်ပါပြီ..

(စစ်သား)
ညာဖက်က ဘယ်သူလဲဗျ..??

(ဆရာမလေး)
ဒါက ကမ္ဘာကျော် စစ်ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ ပေါ့ရှင်...

(စစ်သား)
ဟာ... လေးစားတယ်ဗျာ..
(လက်ဖြင့်သေချာစွာ အလေးပြု၏)

ဒါနဲ့ ဘယ်ဘက်က ဘယ်သူတုန်းဗျ..??

(ဆရာမလေး)
ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် စစ်သူရဲကောင်းကြီး နပိုလီယံ ပေါ့ရှင်...

(စစ်သား)
ဟာ... အရမ်းကို လေးစားပါတယ်ဗျာ..
(အလေးပြုပြန်၏)

ထို့နောက်.. စစ်သားမှ...

ဒါနဲ့ .. အလယ်ခေါင်က နှုတ်ခမ်းကြီးစူနေတာ ဘယ်သူလဲဗျ..??

(ပုံက ဘယ် ညာ နှစ်ပုံထဲ ဆွဲထားတာ)

ဆရာမလေးမှာ ကြောင်သွားပြီး ရုတ်တရက် တွေးမိလိုက်သည့် ဖြတ်ထိုးဥာဏ်ဖြင့်-

ဒါကတော့..
မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံလေ...

(စစ်သား)
သူက ဘာလို့ နှုတ်ခမ်းကြီး စူနေရတာလဲဗျ..

(ဆရာမလေး)
သြော်... သူ့ခမျာ အာဏာသာ သိမ်းလိုက်ရတာ ပြည်သူတစ်ယောက်ကမှ လက်မခံပဲ ဝိုင်းဆဲနေကြလို့ မကျေမနပ်ဖြစ်ပြီး စူနေရတာပေါ့ရှင်...😁😜

#Credit

(ဤတွင် ရဲဘော် ဖားပြုတ် မှာ အလယ်က နှုတ်ခမ်းစူစူကြီးအား ဂုဏ်ယူစွာ အလေးပြုရင်း ဆန့်ငင်ဆန့်ငင် အသက်ထွက်သွားလေ၏)

#4C_TruthNews
Forwarded from U U Aung Pwel ️
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း တနိုင်ငံလုံးအရှုံးစစ်မျက်နှာဖွင့်တိုက်နေရသည့်အချိန် ဖြစ်နေခြင်းနှင့် စစ်မျက်နှာအားလုံးတွင် အခြေအနေမကောင်းခြင်းတို့ကြောင့်စိတ်ဖိဆီးမူ့များက ညဖက် အိပ်မပျော်ဖြစ်နေသည်မှာ ဖြစ်နိုင်ကြောင်းလဲ ဆရာဝန်ကြီးအချို့ကမှတ်ချက်ပြု့သည်။

အိပ်ဆေးအား ညစဉ်သောက်အိပ်ပါက ဆေးယဉ်ပါးဖြစ်ပြီးနောက်ပိုင်းဆေးမတိုးတမျိုးထိဖြစ်နိုင်ကြောင်းလဲ ဆရာဝန်အချို့ကဆိုသည်။

#SLP
#HlaingInfo
ဒီပဲယင်းက ရေရှားတဲ့ ကျေးရွာမှာ ရေလျှံတွင်းတူးဖော်နေ (ရုပ်/သံ)

ဒီပဲယင်း၊ မေ ၁၆၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတရွာမှာ နှစ်စဥ်ရေရှားပါးနေတဲ့အတွက် ဧပြီလနှောင်းပိုင်းကစပြီး ရေလျှံတွင်းတတွင်း တူးဖော်ပေးနေတယ်လို့ S&C မီးဘေး၊စစ်ဘေး၊ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

နွေရာသီရောက်တိုင်း ကျေးရွာနေပြည်သူတွေ သောက်သုံးရေအပြင် တိရစ္ဆာန်သောက်ရေအတွက်ပါ ရှားပါးမှုနဲ့ကြုံတွေ့နေတဲ့အတွက် ရေလျှံတွင်း တူးဖော်နေတာ ဖြစ်ပါတယ်။

ရေတွင်းတူးရာမှာ ပေ ၁၈၀၀ ခန့်တူးရသလို အလျားပေ ၂၀၊ အနံ ၁၅ ပေနဲ့ အမြင့် ၁၃ ပေခွဲရှိ ရေလှောင်ကန်ပါ တည်ဆောက်နေပြီး ရေဂါလံ စုစုပေါင်း ၃၅၀၀၀ ဂါလံ သိုလှောင်ထားနိုင်ကာ နေ့စဥ် ၂၄ နာရီ ရေလျှံထွက်နေမယ့် ရေတွင်းမျိုးဖြစ်တယ်လို့ S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

ရေလျှံတွင်းက ထွက်ရှိလာမယ့် ရေတွေကိုအိမ်ထောင်စုပေါင်း ၃၅၀ ကျော်အတွက် သောက်ရေ၊သုံးရေ၊ချိုးရေ အတွက်သာမကဘဲ စိုက်ပျိုးရေးအတွက်ပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ရေတွင်း၊ ရေကန် တူးဖော်တည်ဆောက်ရာမှာ ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ တည်ဆောက်နေတာဖြစ်ပြီး ကျေးရွာများရှိ ဒေသခံတွေကလည်း ဝိုင်းဝန်းလုပ်အားပေးလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ရေလျှံတွင်းတူးဖော်ရာမှာ ယခင်နှစ်က ကျပ်သိန်း ၁၀၀ - ၁၂၀ ကျော်ကုန်ကျစရိတ်ရှိခဲ့ပေမယ့် ယခုနှစ်တူးဖော်ရာမှာ အထွေထွေကုန် ကျစားရိတ်အပါအဝင် သိန်း ၂၀၀ ကျော် ကုန် ကျမှာဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေအရ နောက်ထပ်တူးဖော်ဖို့ မလုပ်ကိုင်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ရေတွင်းဟာတူးဖော်နေဆဲဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ ပြီးတော့မယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #ရေရှားပါး #ရေလျှံတွင်းတူးဖော် #S&C

https://youtu.be/i2jAAP0sTS4
"စွမ်းမယ်ထင်ရင် လုပ်ကြည့်လေလို့ ပြန်စိန်ခေါ်တဲ့ အုပ်ကြီး ပစ်သတ်ခံရ"

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်ရှုံးကောင်စီ အလိုကျ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ ကို မေလ ၁၅ ရက်နေ့မှာ ဒေါင်းစစ်သည် ရဲဘော်တွေက သူ့အိမ်ရှေ့မှာပဲ ပစ်ခတ် ရှင်းလင်းခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး အောင်ကို အနေနဲ့ စစ်တပ်အားကိုးနဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် တိုက်တွန်းတာတွေကို ရပ်တန်းကရပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လုံးဝ လက်မခံပဲ စွမ်းမယ်ထင်ရင် လုပ်ကြည့်လေဟု ပြန်လည် အာချောင် စိန်ခေါ်ခဲ့တာကြောင့် တစ်လကျော်အကြာမှာ အခုလို သွားရောက် ရှင်းလင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူတို့ဘာသာသူတို့တောင် ပြေးမိပြေးရာ ကိုယ်လွတ်ရုန်းပြီး ခွေးပြေးဝက်ပြေး ပြေးနေရတဲ့ စစ်ရှုံးကောင်တွေ အားကိုးနဲ့ အာချောင်မိတဲ့ အုပ်ကြီးလဲ အခုတော့ သေရှာပါပြီ။

#4C_TruthNews
"ဟုတ်ပါ့မလား ဖြစ်ပါ့မလား"
----------------------------

လွန်ခဲ့တဲ့ (၃) နှစ်က ဒီလိုအချိန် အညာဒေသက PDF စခန်းဆိုတဲ့ ထန်းလက်တဲလေး (၃) လုံး ထိုးထားတဲ့ နေရာတစ်ခုကို ရောက်သွားတော့ မညီမညာ ဘယ်ညာနင်းပြီး စစ်ရေးပြ လေ့ကျင့်နေကြတဲ့ လူငယ် တသိုက်ကို တွေ့ရတယ်။ တချို့က တက္ကသိုလ် ကျောင်းသားအရွယ် လူငယ်လေးတွေ၊ တချို့က ဘွဲ့ရပြီး ကိုယ်စီ လုပ်ငန်းခွင် ဝင်နေကြတဲ့ လူငယ်တွေလဲပါရဲ့၊ အများစုက သူတို့ရွာတွေမှာပဲ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတဲ့ ကျေးတောသားတွေ။

KIA မှာ စစ်သင်တန်း သွားတက်နေပြီး ပြန်လာမယ့် ခေါင်းဆောင် လူငယ်တွေကို စောင့်မျှော်ရင်း ဒေသခံ လူငယ်တွေက ကြိုတင်စုဖွဲ့ လေ့ကျင့်နေကြတာလို့ ဆိုတယ်။ မတတ်တဲ့သူက မသိတဲ့သူကို သင်ပြပေးနေတဲ့ စစ်အခြေခံသင်တန်း ဆိုတော့ တကယ့်ကို ကိုးယို့ကားယားပါပဲ။

ခဏနေတော့ ယာယီခေါင်းဆောင် ဆိုတဲ့ လူငယ်က ချင်းတောင်က နည်းပညာနဲ့ သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ တူမီးသေနတ် တစ်လက်ကို တဲထဲကနေ ထုတ်ချလာတယ်။ စစ်သင်တန်း တက်နေတဲ့ လူငယ်တွေ အားလုံးရဲ့ မျက်လုံးအရောင်တွေက ဝင်းလက်သွားတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ်ကာလမှာ သူတို့ရဲ့ သူငယ်ချင်းတွေ မိဘဆွေမျိုးတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ကျွန်စစ်သားတွေကို ဒီတူမီးနဲ့ ဇီဝိန်ချုပ်ပေးနိုင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ။

ကိုက် ၁၀၀ ခန့် အကွာမှာရှိတဲ့ ပစ်မှတ်ကို စပစ်တယ်။ ဒိန်း.. ဆိုတဲ့ ကျယ်လောင်တဲ့ ယမ်းပေါက်ကွဲသံကြီးနဲ့အတူ လူငယ်လေးတွေရဲ့ ဝမ်းသာအားရ လက်ခုပ်သံတွေ၊ တစ်ယောက်တစ်ပေါက် ပြောဆိုငြင်းခုံသံတွေ ဆူညံသွားတယ်။

ဟုတ်ပါတယ်။ တူမီးထဲကို ထည့်ထား ခဲစေ့လေးတွေက အလွန်ကြီးမားတဲ့ ပစ်မှတ်ကြီးကို တစ်စေ့လေးမှတောင် မထိခဲ့ပါဘူး။ ဒါနဲ့ နောက်တစ်ချက် ပစ်မယ်ပေါ့။ သူတို့တွေ တူမီးထဲကို ယမ်းထောင်းထည့်နေချိန် မသိမသာ အချိန်မှတ်ထားလိုက်တယ်။ စုစုပေါင်း ၅ မိနစ်ကျော် ကြာတယ်။ တူမီးကိုင် လူငယ်က ပစ်မှတ်ကို သေသေချာချာ ချိန်ပြီး အသက်ရှုအောင့်ကာ ပစ်တယ်။ ဒီတစ်ချက်လဲ မထိပါဘူး။

အဲ့လိုနဲ့ အဲ့နေ့က ၄ ချက်လားပဲ စမ်းပစ်ကြည့်လိုက်တာ စုစုပေါင်း နာရီဝက်လောက် ကြာသွားတယ်။ အဲ့အချိန်မှာ စဉ်းစားမိတာက မောင်းပြန်သေနတ်တွေ ကိုင်ထားပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ ကျည်အချက်ရေ ရာချီပြီး အတွဲလိုက် ပစ်အားရှိတဲ့ စစ်ခွေးတပ်ကို ဘယ်လို ရင်ဆိုင်ပြီး တိုက်နိုင်ပါ့မလဲ တွေးမိတော့ မသိမသာ သက်ပြင်းချမိတယ်။ ဒါပေမယ့် တူမီး သေနတ်လေးကိုပဲ သူတို့ဘဝရဲ့ လွတ်မြောက်ရာ ကယ်တင်ရှင် လက်နက်ကြီးသဖွယ် အားကိုးတဲ့ မျက်ဝန်းတွေနဲ့ ကျေနပ်အားရနေတဲ့ လူငယ်တွေကို မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို ဘယ်လို အားအင်တွေနဲ့ ပြောထွက်ရက်ပါ့မလဲ။

အဲ့သလို ခြေဗလာ လက်ဗလာနဲ့ စခဲ့ကြတဲ့ ဒီတော်လှန်ရေး။

မဖြစ်နိုင်ဘူး ဆိုတဲ့ စကားလုံးဟာ တော်လှန်ရေး လူငယ်တွေရဲ့ အဘိဓာန်မှာ ပါခဲ့ပုံမရဘူး။ တူမီးမှသည် လက်လုပ်မိုင်းတွေနဲ့ တရွေ့ရွေ့ ချီတက်လာခဲ့ကြတာ ဒီကနေ့ ဆိုရင် သူတို့ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရယ်လို့ အခိုင်အမာ ဖွဲ့စည်း တည်ထောင်လာခဲ့တာ ၃ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သလို ဒီကာလတွေ အတွင်းမှာ စစ်ခွေးရဲခွေးနဲ့ ငပျူပေါင်း ရာဂဏန်းအထိ ငရဲကို ပို့ပေးနိုင်ခဲ့ပြီလို့ သိရတယ်။

အခုတော့.. ယူနီဖောင်း အပြည့်အစုံ မောင်းပြန်ကိုယ်စီနဲ့ လိုအပ်တဲ့ မွမ်းမံ စစ်သင်တန်းတွေကလဲ အဆင့်ဆင့် ပေးခဲ့ကြပြီးပြီ။ ဒီလူငယ်တွေနဲ့ အောင်မြင်ခဲ့တဲ့ တိုက်ပွဲပေါင်း များစွာကိုလဲ ဖန်တီးနိုင်ခဲ့ကြပြီ ဖြစ်သလို ဟိုတလောက ဆိုရင် စနိုက်ပါ ၂ လက် တပ်ဆင်ထားနိုင်ခဲ့ပြီး ဈေးဦးတောင် ဖောက်ထားခဲ့ပါပြီ။ RPG တွေ ဆုံလည် 79 တွေ အပြင် ၆၀ မမ စိန်ပြောင်းတွေပါ တပ်ရင်းထဲမှာ အောတိုက်လို့။ ဒါက တူမီးကနေ စတင်ခဲ့တဲ့ အညာဒေသ PDF တပ်ရင်း တစ်ခုရဲ့ အနေအထား။ အောင်နိုင်သူတို့ရဲ့ ထုံးစံအတိုင်း စိတ်ဓာတ်တွေကလဲ တက်ကြွတဲ့ ကြက်ဖတွေ။ ဒီလို တပ်ရင်းတွေက မြန်မာပြည် တနံတလျားမှာ ထောင်ချီပြီး ရှိနေခဲ့ပြီ။

ဒီလောက်ဆို ဒီတော်လှန်ရေး အောင်ပါ့မလား ဆိုတဲ့ အဖြေက ထွေထူးပြီး ပြောဖို့လိုတော့မယ် မထင်..။

#4C_TruthNews
Forwarded from U U Aung Pwel ️
ဒီ စစ်ရေး လိုအပ်ချက် တွေကို ကြိုတင် ပြင်ဆင်ဖို့ အတွက် ယခုလို သင်တန်းမျိုးတွေကို နေ ရာ အနှံ့မှာ စီစဉ် ဖွင့်လှစ်နေခြင်း ဖြစ်တယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် ပြည်သူလူထုလိုလားသော ဖက်ဒရယ် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှု တို့ကို ဖော်ဆောင်နိုင်ရန်လည်း အဆုံးသတ်တိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

“မကြာခင်ကာလမှာ ပြည်သူ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့လွတ်လပ်မှု၊ တရားမျှတမှု နဲ့တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ဖို့ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့မှာ ဖြစ်တယ်။ ရဲဘော် တို့အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးစားအားထုတ်ကြဖို့ အသိပေးလိုတယ်။” ဟု  NUGကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်နက်မရှိ၊ စစ်ပညာ မသိ၊ စစ်ရေး အတွေ့အကြုံမရှိသည့် အခြေနေမှ ပြည်သူလူထုတစ်ရပ်လုံး၏ ပံ့ပိုးကူညီမှု၊ တပ်မှူး၊ တပ်သားများ ၏ စွန့်လွှတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအနှံ လှုပ်ရှားတိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

“ယခုသင်တန်း တက်ရောက်တဲ့ ရဲဘော်တို့ဟာ စစ်မြေပြင် အတွေ့အကြုံ အသီးသီး ရှိနေသူများ ဖြစ်တဲ့အတွက် ဒီ သင်တန်းကနေ လက်တွေ့အသုံးချ သင်ခန်းစာများကို ပို့ချနိုင်မယ်လို့ ယုံကြည် တယ်။ ရဲဘော်တို့အနေနဲ့ နှစ်ဆင့်မြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်ဖို့ အမြဲအစဉ်သင့် ပြင် ဆင်လေ့လာ သင်ယူနေကြဖို့ လိုတယ် ဆိုတာလည်း အသိပေးလိုတယ်။” ဟု ဦးရည်မွန်က ရှင်းပြသည်။

စစ်အမိန့်နှင့် စစ်စည်းကမ်းများကို ရဲဘော်များက လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံရာတွင်လည်း ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာကာ လေးလေးစားစား ဆက်ဆံကြရန် လိုအပ်ကြောင်း၊ ယခုတော်လှန်ရေးတစ်ခုလုံးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည် ကို အစဉ်သတိရှိဖို့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက မှာကြားသည်။

ဓာတ်ပုံ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရှေ့တန်းရောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။
#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
“ဒီနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ကနေ စပြီးတော့ PDF စခန်းကို အဓိကဝင်စီးတာ။ ဝင်လာတဲ့အချိန် မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်သေးတယ်။ PDF တွေက နောက်ဆုတ်ပြီး လက်နက် ကြီးနဲ့ ပြန်ပစ်တဲ့အချိန်မှာ စစ်ခွေးတွေထိတာ။ PDF တွေက ဆုတ်သွားပြီးတော့ စစ်ခွေးတွေဝင်စီးနေတဲ့ ကိုယ့်စခန်းထဲကို ကိုယ်ပစ်တဲ့အချိန်မှာ စစ်ခွေးတွေထိတာ။ စခန်းထဲဝင်လာတဲ့ စစ်ခွေးမှန်သမျှ သေတဲ့သူသေ။ ဒဏ်ရာရတဲ့သူမှန်သမျှ ဒဏ်ရာရ၊ ခြေပြတ်၊လက်ပြတ်တွေဖြစ်ကုန်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF စခန်းကို ဝင်ရောက်စီးနင်းပြီးချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်ရန် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် PDF စခန်းအတွင်းမှ ဆိုင်ကယ် ၅ စီးဖြင့် ရှေ့ပြေး ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၁၀ ဦးလုံးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသွးတဲ့ စစ်ခွေးအရေအတွက် ၃၀ ကျော်ရှိတယ်ဗျ။ အနီးကပ်ပစ်သတ်လိုက်တာက ၁၀ ကောင်၊ လက်နက်က ၉ လက်ရတာ။ စခန်းထဲမှာ လက်နက်ကြီးနဲ့ပစ်လို့ သေတဲ့ခွေးတွေက ကားနဲ့ ခေါက်တုန့်ခေါက်ပြန်သယ် ကြတာ။ ၆၀ မမ ၂ လုံးစာမိတာကို အယောက် ၂၀ နီးပါးသေတယ်၊ ဒါကထိခိုက်ဒဏ်ရာရတဲ့ စာရင်း မပါသေးဘူး။” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ထပ်ကျေး ရွာမှ ပြည်သူ အမျိုသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ပြည်သူအများအပြားကိုလည်း ဓားစာခံ ဖမ်းဆီးသွားကြောင်း၊ ထို့အပြင် သဲတောကျေးရွာမှ အပြည်သူများကိုလည်း ဓားစာခံဖမ်းဆီးသွားပြီး ဇီးတောကျေးရွာကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
စခန်းကိုလက်နက်ကြီးတွေနဲ့ ပြန်ပစ်ချိန် စစ်ကောင်စီအဖွဲ့တွေရောက်နေတဲ့ စခန်းနဲ့ မိုင်းကွင်းထဲကို လက်နက်ကြီး တွေကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွား တယ်လို့ဆိုပါ တယ်။

အဆိုပါ မနက် ၇ နာခန့်မှာ ဇီးတောကျေးရွာကနေ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူပြီးပြန်လာတဲ့ အင်အား ၁၀ ဦးပါ စစ်ကောင်စီအဖွဲ့ကို ဇီးတောကျေးရွာအထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးစလုံး သေဆုံးပြီး သေနတ် ၉ လက်ရလာတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာ ၃ ရွာစလုံးမှာ အင်အားဖြန့်ခွဲပြီး တပ်စွဲထားတယ်လို့ သိရပါ တယ်။

စစ်ကောင်စီအဖွဲ့တွေဟာ  ဇီးတောကျေးရွာကို ဝင်ရောက်ချိန် မီးရှို့ခဲ့လို့ အိမ်ခြေ  ၂၀  ကျော် မီးလောင်ပျက်စီး သွားပါတယ်။

ကျောက်ထပ်ကျေးရွာကို ဝင်ရောက်ချိန် ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးသွားသလို စစ်ကြောင်းဝင်ချိန် မပြေးနိုင်တဲ့ ကျေးရွာ ၃ ရွာစလုံးက ဒေသခံ ၁၀၀ ကျော်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာက ဒေသခံတထောင်ကျော် ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဆိုပါကျေးရွာ ၃ ရွာမှာ စစ်ကောင်စီတပ်တွေရှိနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ နေရယူထားတာကြောင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေထပ် ဖြစ်လာနိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်။

ဧပြီ ၆ ရက်က ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ် ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ပန်းဒိုင်ခြုံကျေးရွာအကြား ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ လက်နက်ခဲယမ်းတွေသယ်လာတဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကားတွေ ပစ်ခံရ ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံးသွားတယ် သိရပါတယ်။

#MLAT
#HlaingInfo
ကိုယ့် နေရာကိုယ် မနေ၊ ကိုယ့်အလုပ်လည်း ကိုယ်မလုပ်နိုင်တဲ့ မိုးကြိုးပစ်စိ စတန်းဒက်အာမီ

မနေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဘက်က PDF စခန်းတစ်ခုကို ပခုက္ကူမြို့ တပ်မ ၁၀၁ ရဲ့လက်အောက်ခံ တပ်ရင်း ၂၃၅ ၊ ၂၅၇ နဲ့ ၂၅၈ က အင်အား ၃၀၀ ခန့်နဲ့ ဝင်ရောက်စီးနင်းရာမှာ PDF တွေရဲ့ပြန်လည် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်က ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

EROs တွေလို သက်တမ်းမကြာသေးပဲ အာဏာရှင်စနစ် မကြိုက်လို့ မနေ့တနေ့ကမှ လက်နက်ထကိုင်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်လေးကို နှစ်(၇၀) လောက် သေနတ်ကိုင် ပြည်သူကို အနိုင်ကျင့်လာတဲ့ စစ်တပ်က တပ်ရင်းသုံးရင်စာ အင်အားနဲ့ တက်သိမ်းတာ (၃၀) သေပြီး (၉)လက်ပါသွားကာ တပ်ပါဆုတ်ပြေးရသတဲ့ ERO ဒေသတွေမှာ ဒီကောင်တွေ စစ်ရှုံးတာ ဘာဆန်းလို့လဲ။

အရင်ကဆို စစ်ကိုင်း၊ မကွေးဘက်က လက်နက်မပြည့်စုံသေး သက်တမ်းမကြာသေးတဲ့ PDF စခန်းတွေကို စစ်တပ်က အခုလိုအင်အားနဲ့ လာထိုးတိုင်း PDF တွေက ဆုတ်ခွာ‌ပေးနေရတဲ့အနေအထားကနေ ယနေ့ ပြန်တီးနိုင်တဲ့ အခြေအနေ ရောက်နေပြီဆိုတာ သတိပေးလိုက်တာပါပဲ။

အဲ့တော့ စစ်တပ်ထဲက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကောင်တွေ အ‌ခြေအနေမှန်ကို သိကြဖို့ကောင်းပြီး။ မင်းတို့ အရင်ကလို ERO ဒေသတွေ မသွားရအောင် ပြည်မမှာပဲနေလို့ရအောင် လာဘ်ထိုးရပေမဲ့ ဒီနေ့အချိန်မှာ ပြည်မမှာလည်း မင်းတို့ကို တီးမဲ့ ဗမာတွေ အားကောင်းနေပြီ။ အသက်ရှင်ချင်သေးရင်၊ မိသားစုနဲ့ တွေ့ချင်သေးရင်၊ အိမ်ကမယား လင်ငယ်ယူမှာ ကြောက်ရင် ပြည်သူနဲ့ ရပ်တည်ပြီး စစ်တပ်က ကိုယ့်အလုပ်ကို professional ဖြစ်အောင်လုပ်ဖို့ နိုင်ငံရေးမှာမပါဖို့ ဝိုင်းတွန်းရင်း တိုင်းပြည်အတွက် ပြန်ကူညီသင့်ပြီ။ အဲ့ဒါက စစ်တပ်ထဲက လက်ရှိကျန်နေတဲ့ သူတွေအတွက် နောက်ဆုံးအခွင့်အရေး ထွက်ပေါက်ပဲလို့ မင်းတို့ကို အကြုံပြုတယ်။
တိုက်တိုင်းရှုံး စစ်ရှုံးကောင်တွေက

သရက်ကုန်းမှာ ပိတ်ထားတယ်ဆိုတဲ့

ဦးရည်မွန်ကို မင်းအောင်လှိုင် မသွားရဲ

တဲ့ စစ်ကိုင်း ရောက်နေတဲ့ပုံ တင်ပေးပြီး

ဘောမတန်း ကလိလိုက်တာ လေးတန်း

မအောင်တွေကို တန်းပြီး ဂျင်းထည့်ဖို့

လုပ်တော့တာပဲ ဦးရည်မွန် စစ်ကိုင်း

ရောက်တာ ‌‌လေးတန်းမ‌အောင် ဘောမ

တွေ မြင်ရင် သရက်ကုန်းမှာ ပိတ်ထား

တယ် စစ်သီချင်းတွေ ဖွင့်ပြထားတယ်

ဘာညာ အာချောင်တဲ့ စစ်လော်ဘီ

ကောင်တွေ အဆဲခံရတော့မှာဆိုတော့

ချက်ချင်းကြီး သရက်ကုန်း သိမ်းတယ်

ဦးရည်မွန် မိတယ်လုပ်တော့တာပဲ။

ဒဂဲ့ကောင်တွေ လူလိင်တွေ🤣
‼️Breaking News - ဘူးသီးတောင်မြို့ တစ်မြို့လုံး မီးလောင်ပြာကျ‼️

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ တစ်မြို့လုံး ဒီကနေ့ မနက်မှာ မီးလောင်ပြီး ပြာကျသွားပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်‌ကျော်မိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မေလ ၁၈ ရက်နေ့ ဒီကနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ဖော်ပြခဲ့ပါတယ်။

စစ်ပွဲမှာ စည်းကမ်းဥပဒေ ရှိတယ် “War has rules” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသား ဖော်ပြထားတာ ဖြစ်ပြီး မြေပြင်က ရိုဟင်ဂျာ တချို့နဲ့ စကားပြောပြီး ပြန်လည် တင်ပြထားတာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်က အာရက္ခတပ်တော် AA ကနေ ဘူးသီးတောင်မြို့က ရိုဟင်ဂျာ လူကြီးတွေကို ခေါ်ပြီး အစည်းအဝေးလုပ်ကာ မြို့ပေါ်မှာ ရှိတဲ့လူတွေ အိမ်တွေက ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

AA အနေနဲ့ ဘူးသီးတောင်မြို့ကို သိမ်းယူတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေက သူတို့မှာ သွားစရာနေရာ မရှိတဲ့အတွက် ထွက်သွားမှာ မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၇ ရက်နေ့ ည ၁၀ နာရီခန့်မှ စတင်ကာ မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက် အစောပိုင်းအထိ ဘူးသီးတောင်မြို့ တစ်ခုလုံး မီးလောင်ခဲ့ပြီး ပြာပုံဖြစ်သွားကာ ဒေသခံတွေဟာ မောင်တောနဲ့ ဘူးသီးတောင် လမ်းတလျှောက် လယ်ကွင်းတွေထဲကို ရောက်ရှိနေပါတယ်။

ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့ပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝ လုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေမှာ ဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆိုပါတယ်။

#4C_TruthNews
‼️Breaking News - ဘူးသီးတောင်ရှိ စစ်ရှုံးကောင်စီ တပ်ရင်း ဌာနချုပ် အားလုံးကို အာရက္ခတပ်တော် သိမ်းပိုက်‼️

ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ရှုံးကောင်တွေကို လိုက်လံရှင်းလင်း သုတ်သင်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ရှုံးကောင်စီ တပ်ရင်း ဌာနချုပ်တွေနဲ့ ဘူးသီးတောင် ဗျူဟာကို အာရက္ခတပ်တော်က မေလ ၁၇ ရက်နေ့ ညပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်အရ သိရပါတယ်။

လက်ရှိတွင် တပ်ပျက်ပြီး ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာ ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ရှုံးကောင်စီ တပ်သားတွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်း ချေမှုန်း သုတ်သင်နေတာကြောင့် မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ရှုံးကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံပစ်ခတ်နေကြောင်း သိရှိရပါတယ်။

#4C_TruthNews
စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူ၊ မေ ၁၈၊ ၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက်လမ်းမပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို မေ ၁၆ ရက် ညနေ ၄ နာရီကစပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဒရုန်းနဲ့ ဖျက်အားပြင်း အီနာဂါဗုံးသီး ၂၀ လုံးပစ်ချရာမှာ စစ်ဆေးရေးဂိတ်က ဘန်ကာတွေပေါ်ကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ဗေကြီးက ပြောပါတယ်။

ဗုံးထိမှန်ခဲ့တာကြောင့် ဘန်ကာတွေပြိုကျပြီး ပျူစောထီး ၂ ဦးသေသလို ပျူစောထီး သန့်ဇင်အပါ ဒဏ်ရာရသူ ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဂိတ်ဟာ ပခုက္ကူတမြို့နယ်လုံးမှာ အဆိုးဆုံးဂိတ်ဖြစ်ပြီး ဒေသခံတွေကို နှိပ်စက်နေသလို ခရီးသွားကားတွေကိုလည်း ငွေကြေးတောင်းချင်သလိုတောင်းနေကာ အင်အား ၈၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့ ပြောပါတယ်။

ဗုံးကြဲခံရပြီး ပျူစောထီးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra (ကမ္မတပ်ပေါင်းစု) ၊ DMG (ဓားမင်းကြီး) ၊ PKU Thurein အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ပခုက္ကူ #စစ်ဆေးရေးဂိတ် #ဒရုန်း #တိုက်ခိုက် #ပျူစောထီး

https://youtu.be/P6FUZXX29fc
စစ်အုပ်စု တပ်စွဲထားတဲ့ နေရာ ၂ ခု တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မြိုင်၊ မေ ၁၈၊ ၂၀၂၄။

မကွေးတိုင်း၊ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်နဲ့ မီးသတ်ရုံးကို မေ ၁၇ ရက် ညနေ ၅ နာရီကနေ ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်အုပ်စု တပ်စွဲထားတဲ့ မီးသတ်ရုံးမှာ အင်အား ၁၅ ဦးဝန်းကျင်၊ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်မှာ အင်အားက ၁၀ ဦးခန့် ရှိကာ အဲဒီဂိတ်က စစ်သားတွေဟာ မကြာသေးမီကပဲ လာရောက်တပ်စွဲနေတာလို့ ဆိုပါတယ်။

"ဒေသအခေါ်က အောင်ဇော်မိုးဂိတ်လို့ ခေါ်တယ်။ သူက ထိုင်ထားတာမကြာသေးဘူး၊ ကိုးဆောင်ဂိတ်က ဆုတ်ခွာပြီး အသစ်လာထိုင်တဲ့ စစ်သားတွေပါ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ကျားပေါက်က ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၁ ဦးကျည်ထိမှန်ပြီး ဒဏ်ရာရရှိလို့ ပြန်ဆုတ်ခွာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ကျားပေါက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ကျားသစ်နက်တပ်မတော် Black Leopard Army၊ ဗိုလ်မိုက်ခဲပြည့်သူကာကွယ်ရေးတပ်ဖွဲ့၊ GOE ပြောက်ကျားတပ်ဖွဲ့ ၊ လရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်ထိရှ ပြည်သူ့ကာကွယ်တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြိုင် #အောင်ဇော်မိုးဂိတ် #မီးသတ်ရုံး #တိုက်ခိုက် #စစ်သား #ထိခိုက်

https://youtu.be/tUKTPwel4Yk
Forwarded from U U Aung Pwel ️
မြန်မာနိုင်ငံဟာ တိုင်းပြည်အနေနဲ့ တစ်ခုတည်းဖြစ်နေသေးသော်လည်း de factoအားဖြင့်  အစိတ်ိစတ် အမွှာမွှာဖြစ်နေပြီး တစ်နေရာနဲ့ တစ်နေရာ မတူဘဲ ကိုယ့်ဒေသကိုယ် အုပ်ချုပ်တဲ့ သဘော ဖြစ်နိုင်ပါတယ်။ နယ်မြေတစ်ခုချင်းစီမှာ လွှမ်းမိုးအားကောင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်ကိုင်မယ့် လက်နက်ကိုင် တပ်တစ်ခုစီရှိပြီး ဒီနယ်ရဲ့ လုံခြုံရေးကို အကာအကွယ်ပေးထားတဲ့ အိမ်နီးချင်းနဲ့ အဓိက စီးပွားဖက်တွေလည်း ရှိလာနိုင်ပါတယ်။

ဒီမျှခြေအသစ်ဟာ အခြေကျလာတာနဲ့အမျှ တည်ငြိမ်မှု အတိုင်းအတာတစ်ခုအထိ ရလာနိုင်ပြီး တဖြည်းဖြည်းအသားကျလာတဲ့ အခြေအနေအသစ်ကို တည်ထောင်လာနိုင်ကြမယ်။ ဒီကနေ့ ဆီးရီးယားနဲ့ တူပါတယ်။ (မြန်မာနဲ့ ဆီးရီးယားနဲ့ ကွာခြားတာကတော့ မြန်မာက ကွဲထွက်သွားမယ့် အစိတ်အပိုင်းပိုများတာပါ။)

ဒီအနာဂတ် မှန်းဆချက် လေးခုလုံးရဲ့ ဖြစ်လာနိုင်ခြေ အနာဂတ် မှန်းဆချက်  ၁- စကစ ပြိုကျဖို့ ဖြစ်လာနိုင်သလို ဖြစ်ဖို့အကြောင်းလည်းရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဒီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို အရောက်ပို့မယ့်သူ တစ်ယောက်မှ တက်ကြွစွာလှုပ်ရှားနေတာမရှိပါဘူး။ ဘယ်နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုတလေကမှ လောက်လောက်လားလား သံတမန်နည်း၊ နိုင်ငံရေးနည်း၊ ဘဏ္ဍာရေး နည်းလမ်းတွေနဲ့ ဒီလမ်းကြောင်းပေါ်လာအောင် ကူနေတာမရှိပါဘူး။ ဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် ပြည်တွင်းက လူတွေအပေါ်ဘဲ လုံးဝမှီတည်နေပါတယ်။

ပြင်ပက အကူအညီကို မရတာက ခုချိန်မှာ အဟန့်အတားဖြစ်စေပါတယ်။ ပြည်တွင်းမှာ စစ်တပ်ကို တော်လှန်နေတဲ့သူတွေကတော့ စစ်တပ်ကို နိုင်ငံရေးအာဏာကနေ ဖယ်ရှားဖို့ သန္နိဌာန်ခိုင်နေတုန်းပဲ ဖြစ်ပါတယ်။ (စစ်အာဏာရှင်ကို ဖယ်ရှားနိုင်ဖို့အတွက်) စိတ်ခိုင်မာနေတာကြောင့် စစ်တပ်ပြိုကျ သွားတယ်ဆိုတာလည်း ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။

ဒီလိုပြိုကျဖို့ဆိုရင် NUG နဲ့ EROs တွေဘက်က နိုင်ငံတလွှားမှာရှိတဲ့ စစ်တပ်တွေကို စစ်ရေးအရ ဖိအားပေးတာကို စနစ်တကျ စိတ်ရှည်ရှည်နဲ့ လက်ရှိ အတိုင်းဆက်လုပ်သွားကြဖို့လိုပါတယ်။ မဟာမိတ် လွတ်မြောက်ရေးတပ်တွေနဲ့ စစ်ရေးအားဖြင့် ပူးပေါင်းဆောင်ရွက်တာကို  မဟာဗျူဟာ နောက်တစ်ဆင့်ဆီ ရောက်အောင်သွားနိုင်ရင် စကစ ပြိုတဲ့ဆီရောက်ဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မဟာဗျူဟာအရ နောက်တစ်ဆင့်တက်ပြီး စစ်ရေးဖိအားမပေးနိုင်ရင်တော့ ပြည်မမှာ အခိုင်အမာ ရှိနေတဲ့ စစ်တပ်ကို ဖြိုချဖို့အတွက် လုံလုံလောက်လောက် အင်အားဖြစ်ထွန်းမှာမဟုတ်ပါ။

စစ်တပ်အ‌ပေါ် စစ်ရေးဖိအားတွေ ပေးနိုင်တာနဲ့ တပြိုင်နက်တည်းမှာပဲ NUG နဲ့ မဟာမိတ် EROs တွေဟာ စစ်တပ်အလွန် နိုင်ငံရေးအကူးအပြောင်းကို ဘယ်လိုသဘောတူညီချက်တွေနဲ့ အတူတကွ စီမံကြမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီးလေးနက်ပြီးရှင်းလင်းတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိလာကြဖို့ တက်ကြွစွာ ထိရောက်စွာ ဆောင်ရွက်ကြဖို့ လိုပါတယ်။

အခြားလက်နက်ကိုင်နဲ့ နိုင်ငံရေးသမားတွေကလည်း မဟာမိတ် ထဲ ဝင်လာကြဖို့ လိုပါတယ်။ ကိုယ်ကျိုး ကို ပဓာန ပြုတာတွေ၊ တရားဝင်မှုရှိတယ် ဆိုတဲ့အချက်အပေါ် အသည်းအသန်ယှဉ်ပြိုင်လိုစိတ်တွေ နဲ့ အာဏာရယူလိုစိတ်တွေကို  လုံးဝ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းယှဉ်ပြိုင်တာ၊ တစ်စုနဲ့ တစ်စု ပြိုင်ဘက်လို သဘောထားတာ၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ရဲ့ လက်အောက်က နယ်မြေထဲမှာ သွားပြီး နယ်မြေရယူဖို့ ကြိုးစားတာတွေကို တားဆီးကြရပါမယ်။

ဒီလိုပြဿနာတွေ ပေါ်လာတာနဲ့ ချက်ချင်း အရေးပေါ် ကိစ္စအနေနဲ့ ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်လိုတာကိုပဲ ရှေ့တန်းတင်တာကို ရှောင်ရှားကြမှ လိုရာရောက်နိုင်ပါမယ်။ (မိမိဘက်က အများဆုံးရအောင် တစ်ဖက်ကို တွန်းတိုက်တာ၊ အမြင့်ဆုံး‌ တောင်းဆိုတာတွေလည်း မလုပ်သင့်တဲ့အထဲပါပါတယ်။ တစ်ဖက်ဖက်က ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတွေ တောင်းဆိုလာတဲ့အခါ လူတိုင်းဟာ သူ့ရဲ့ ရပိုင်ခွင့်ကို အလေးအနက် အသိအမှတ်ပြုပြီး ကျေနပ်အောင်ကြိုးစားပေးကြရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မဟာမိတ်လွတ်မြောက်ရေးတပ်ဖွဲ့တွေထဲက နိုင်ငံရေး ကိုယ်စားလှယ် တွေဟာ မိမိတို့ မဟာမိတ်ဖြစ်မှုက မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို ဆောင်ကြဉ်းနိုင် လောက်အောင် ခိုင်မာကြောင်း အတူပြကြဖို့ အစီအစဉ်တွေလုပ်ဖို့ လိုပါတယ်။ ဒီလို မဟာမိတ်အဖြစ် အတူရပ်တည်နိုင်ဖို့ စိတ်ရှည်သည်းခံမျိုးတွေ လိုအပ်သလို  စစ်တပ်ကို နည်းဟောင်း အတိုင်း စဉ်းစားပေးတာဟာ အဖြေမဟုတ်ကြောင်း နိုင်ငံတကာဆက်ဆံရေးမှာလည်း စိတ်ရှည်ရှည်နဲ့ အိမ်နီးချင်းတွေ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေကို နားချဖို့လိုပါတယ်။

စစ်အာဏာရှင် သက်ဆိုးရှည်အောင် ကူတာနဲ့ မြန်မာပြည်အတွက် အဖြေရှာတာနဲ့ကို ရောမသွားကြဖို့၊ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့နဲ့ ပြန်နလံထူနိုင်ဖို့ကိုလုပ်နိုင်တာဟာ မဟာမိတ်အင်အားစုတွေသာဖြစ်ကြောင်း ပြောဆို သိမ်းသွင်းဖို့ ဆက်ဆံရေးတွေလိုပါတယ်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လူငယ်များက စစ်ကောင်စီ၏ အလံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်ကြစဉ်။
#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
ကျောက်တံတားရွာမှာ တိုက်ပွဲဖြစ်နေချိန် စစ်အုပ်စုက မတ္တရာ - မန္တလေးကားလမ်းကို ပိတ်ဆို့ထားပြီး မန္တလေးတော်ငခြေအနီးက ရွှေကျင်မြို့အဝင်ဂိတ်မှာ မြို့အထွက်ကိုသာ လက်ခံပြီး မြို့ထဲ အဝင်မလံဘဲ ပိတ်ဆို့ထားတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက MFP ကို ပြောပါတယ်။

"မနက်က မန္တလေး သွားတော့ ဝသုန္တရ(ရွာ)မှာ ပိတ်မိနေတာ၊ ကျောက်တံတားနဲ့ လင်းမြွေချောင်း(ရွာ) ကြားလေ၊ ဝသုန္တရကို မြကံသာလို့လည်း ခေါ်တယ်၊ အဲ့နားမှာ ပိတ်မိတာ၊ အဲ့နားက မြို့ရှောင်လမ်းဘက်က မောင်းခဲ့ရတာ၊ မနက်(၄)နာရီ လောက်ထဲက ဖြစ်တယ်ကြားတယ်၊ ကျောက်တံတားမှာ၊ အခုတော့ ငြိမ်သွားပြီ၊ ကျောက် တံတား လမ်းဆုံ အရှေ့ဘက်က ချောင်းမကြီး အကျော်လေ၊ ချောင်းမကြီးရဲ့ ဘေးမှာ သူက ဘုန်းကြီးကျောင်းမှာ စစ်တပ်က တပ်စွဲထားတာ၊ အဲ့မှာ ဖြစ်တာ၊ စစ်တပ်ဘက်က အကျအဆုံး များတယ် ကြားတယ်"

တိုက်ပွဲဖြစ်စဉ်နဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှု တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေတွေ ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မတ္တရာမြို့ အဝင်အထွက်ကိုလည်း ပိတ်ထားဆဲ ဖြစ်ပြီး မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း - မိုးကုတ် ကားလမ်းတလျှောက် တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်ဆို့နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့ရဲ့ မြောက်ဘက်၊ မတ္တရာနဲ့ ပုသိမ်ကြီးနယ် ကျေးရွာတွေမှာ အင်အား ဖြန့်ကျက်ထားသလို မန္တလေး - မေမြို့ ကားလမ်း တလျှောက်မှာလည်း စစ်အုပ်စုက ဂိတ်တွေ တိုးချဲ့ဖွင့်ထားပြီး ကားလမ်းဘေးမှာ တစ်စုကို ငါးယောက်နှုန်း၊ (၁၀)ယောက်နှုန်းနဲ့ တပ်ဖျောက်ကာ နေရာယူထားယ်လို့ ဆိုပါတယ်။

ဇွန်(၂၅)ရက်မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဖော်ဆောင်နေပြီး မတ္တရာမြို့အနီးက ရေနံ့သာ ရဲစခန်း အပါအဝင် မတ္တရာနယ်ထဲက စစ်အုပ်စု စခန်း(၂၆)ခုကို သိမ်းပိုက် ရရှိထားပြီး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ထုတ်ပြန် ထားပါတယ်။

ဇူလိုင်(၁၄)ရက် ဒီမနက် တိုက်ပွဲဖြစ်တဲ့ မန္တလေး - မတ္တရာ ကားလမ်းပေါ်က ကျောက်တံတားရွာ/Photo – G
#MFP
#HlaingInfo
တရုတ်က ညီနောင်(၃)ဖွဲ့လုံးကို တွေ့ပြီး ခဏ
အပစ်ရပ်ဖို့ တောင်းဆိုတာပါ (ဖိအားပေးပုံရပါတယ်)

လက်ရှိလောလောဆယ် ကိုးကန့်ကတော့ လားရှိုးတစ်ဝိုက်အပစ်ရပ်မယ်ဆိုထားပါတယ်။ ရန်စတာတို့ လာတိုက်တာတို့ဆို ပြန်ခုခံပိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ဒီည (၁၂)နာရီစပြီး အကျုံးဝင်ပါမယ်။
တိုက်ပွဲရပ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ထားတဲ့ အနေထားတော့ ရှိနေအုန်းမယ့် သဘောပါ။ နောက်ပြန်ဆုတ်တာ မဟုတ်ပါဘူး။ တိုက်ပွဲနားပီဆိုပြီး သွားသွားလာလာ မလုပ်သင့်ပါဘူး။

ကျန် AA ၊ TNLAတော့ ဘာမှ မပြော၊ မထုတ်ပြန်သေးပါ။

တရုတ်ကို စကစသွားပြီးနောက်ပိုင်း ဒီအခြေနေဖြစ်လာတဲ့ သဘောလို့ ယူရပါတယ်။

Crd MaiN
"နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ လွှတ်လို့ ကြွေးကြော်ပြီး လားရှိုး အကျဥ်းထောင်ကို ဖွင့်ပေးခဲ့တဲ့ စကခ (၁၄) တပ်မမှူး သူရဇော်လွင်စိုး"

MNDAA တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် လားရှိုးမှာ ဘယ်လိုမှ အခြေအနေ မဟန်တော့တဲ့ စစ်တပ် အနေနဲ့ ၎င်းတို့ မဆုတ်ခွာမီမှာ လားရှိုးအကျဥ်းထောင်ကို ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို လားရှိုးအကျဥ်းထောင်ကို ဖွင့်ပေးတဲ့ နေရာမှာ စကခ (၁၄) ရဲ့တပ်မမှူး သူရဇော်လွင်စိုးက အဓိက ဖွင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်မမှူး သူရဇော်လွင်စိုးရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဘာ့ကြောင့် ဒီလို လွှတ်ပေးခဲ့တယ် ဆိုတာကို Breaking Brainwashed က ကိုထက်မြတ် တင်ဆက်ထားတာပါ။

အင်တာနက် လိုင်းဖြတ်ဒေသက တော်လှန်ပြည်သူတွေပါ နားဆင်လို့ရအောင် အသံဖိုင် ပြန်တင်ပေးလိုက်ပါတယ်။

#4C_TruthNews