ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ဒီပဲယင်းက ရေရှားတဲ့ ကျေးရွာမှာ ရေလျှံတွင်းတူးဖော်နေ (ရုပ်/သံ)

ဒီပဲယင်း၊ မေ ၁၆၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတရွာမှာ နှစ်စဥ်ရေရှားပါးနေတဲ့အတွက် ဧပြီလနှောင်းပိုင်းကစပြီး ရေလျှံတွင်းတတွင်း တူးဖော်ပေးနေတယ်လို့ S&C မီးဘေး၊စစ်ဘေး၊ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

နွေရာသီရောက်တိုင်း ကျေးရွာနေပြည်သူတွေ သောက်သုံးရေအပြင် တိရစ္ဆာန်သောက်ရေအတွက်ပါ ရှားပါးမှုနဲ့ကြုံတွေ့နေတဲ့အတွက် ရေလျှံတွင်း တူးဖော်နေတာ ဖြစ်ပါတယ်။

ရေတွင်းတူးရာမှာ ပေ ၁၈၀၀ ခန့်တူးရသလို အလျားပေ ၂၀၊ အနံ ၁၅ ပေနဲ့ အမြင့် ၁၃ ပေခွဲရှိ ရေလှောင်ကန်ပါ တည်ဆောက်နေပြီး ရေဂါလံ စုစုပေါင်း ၃၅၀၀၀ ဂါလံ သိုလှောင်ထားနိုင်ကာ နေ့စဥ် ၂၄ နာရီ ရေလျှံထွက်နေမယ့် ရေတွင်းမျိုးဖြစ်တယ်လို့ S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

ရေလျှံတွင်းက ထွက်ရှိလာမယ့် ရေတွေကိုအိမ်ထောင်စုပေါင်း ၃၅၀ ကျော်အတွက် သောက်ရေ၊သုံးရေ၊ချိုးရေ အတွက်သာမကဘဲ စိုက်ပျိုးရေးအတွက်ပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ရေတွင်း၊ ရေကန် တူးဖော်တည်ဆောက်ရာမှာ ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ တည်ဆောက်နေတာဖြစ်ပြီး ကျေးရွာများရှိ ဒေသခံတွေကလည်း ဝိုင်းဝန်းလုပ်အားပေးလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ရေလျှံတွင်းတူးဖော်ရာမှာ ယခင်နှစ်က ကျပ်သိန်း ၁၀၀ - ၁၂၀ ကျော်ကုန်ကျစရိတ်ရှိခဲ့ပေမယ့် ယခုနှစ်တူးဖော်ရာမှာ အထွေထွေကုန် ကျစားရိတ်အပါအဝင် သိန်း ၂၀၀ ကျော် ကုန် ကျမှာဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေအရ နောက်ထပ်တူးဖော်ဖို့ မလုပ်ကိုင်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ရေတွင်းဟာတူးဖော်နေဆဲဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ ပြီးတော့မယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #ရေရှားပါး #ရေလျှံတွင်းတူးဖော် #S&C

https://youtu.be/i2jAAP0sTS4
မြိုင်မြို့နယ်

လင်းကတောရွာ
ရောက်စခ လင်ကတေားရွာမှာဘဲးရှိသေးကြောင်းသိရ။

Jan/31/8:00AM
#S
#3SM

Star Myaing

သတင်းပေးပို့ရန်
@myaing3starbot

https://t.me/m2nQSzdXozljZmM1