ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
စစ်ရေးတိုးချဲ့ဖို့နဲ့ ရရှိတဲ့နယ်မြေတွေ ထိန်းသိမ်းဖို့ MBT တပ်သားသစ်ခေါ်ယူ (ရုပ်/သံ)

ရေစကြို၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ Myingyan Black Tiger-MBT မြင်းခြံခရိုင် တပ်ရင်း ၉ က စစ်ရေးနယ်မြေတွေတိုးချဲ့ဖို့နဲ့ ရရှိတဲ့နယ်မြေတွေကိုဆက်ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ပြီး ဇန်နဝါရီ ၈ ရက်ကစလို့ ရက်အကန့်အသတ်မရှိ တပ်သားသစ်တွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

MBT တပ်ဖွဲ့ဟာ End Point ကမ်ပိန်းကို ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီးနောက် တပ်သားအသစ်တွေ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါ ဝယ်ယူဖြည့်တင်းထားကာ တပ်သားအသစ်တွေကို တပ်ဆင်ပေးသွားမယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တပ်သားသစ်တွေခေါ်ယူတဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ လူမျိုးဘာသာမရွေး၊ နယ်မြေ ခွဲခြားထားတာလည်းမရှိဘဲ လက်နက်ကိုင်တော်လှန်ရေးကို ဝင်လိုသူတိုင်းလက်ခံသွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ အမျိုးသားတွေကိုပဲ ခေါ်ယူသွားမယ်လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဟာ နေရာအနှံ့ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုလုပ်ဆောင်နေတာကြောင့် အသက် မပြည့်သေးတဲ့ လူငယ်တွေကိုတော့ နားလည်မှုနဲ့ လက်ခံသွားမယ်လို့သိရပါတယ်။

MBT တပ်ဖွဲ့မှာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေအတွက် တပ်သားအင်အားရှိပေမယ့် ရထားတဲ့ စစ်စခန်းတွေနဲ့ နယ်မြေတွေကို ဆက်ထိန်းထားဖို့အပြင် စစ်တပ်ရှိတဲ့နေရာတိုင်းကို ထိုးစစ်ဆင်ဖို့ဆိုရင် တပ်သားအင်အားနဲ့ လက်နက်ခဲယမ်းက လိုနေသေးတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် ခုခံစစ်တွေအားနည်းလာကာ ပြန်ပေးလိုက်ရတဲ့ စစ်စခန်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ငါန်းမြာကြီးရဲစခန်းအပါအဝင် ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်တွေက စစ်ကောင်စီစခန်း ၇ ခုလောက်ကို မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် အားလုံးကိုပြန်လက်လွှတ်လိုက်ရတာလို့ ဆိုပါတယ်။

တပ်သားသစ်တွေကို အခြေခံစစ်သင်တန်းတွေ နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုပါသင်ကြားပေးမှာ ဖြစ်ပြီး စစ်ရေးပိုင်းကိုတော့အဓိကထားသင်ကြားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ လက်နက်ခဲယမ်းမလုံလောက်လို့ ရထားပြီးသား စစ်စခန်းတွေကို မထိန်းထားနိုင်ဘဲ ပြန်ပေးလိုက်ရတာတွေ၊ စခန်းတွေကို အပြီးပြတ်မသိမ်းပိုက်နိုင်တာတွေ အဲဒီအားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်နေပြီး ထိုးစစ်တွေနဲ့ မကွေးနယ်ထဲမှာ နယ်မြေတွေသိမ်းထိန်းနိုင်ဖို့ Myingyan Black Tiger-MBT က သင်တန်းသားအသစ်တွေနဲ့ အားသစ်လောင်းနေတာ ဖြစ်ပါတယ်။

အင်တာဗျူး - ဒိန်းဂျား၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#စစ်ရေး #နယ်မြေ #ထိန်းသိမ်းဖို့ #တပ်သားသစ် #MBT

https://youtu.be/yhQu7uaGa0s