ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from U U Aung Pwel ️
၁၀၂၇ စစ်ဆင်ရေးကာလမှာ တအာဝ်းအမျိုးလွတ်မြောက်ရေးတပ်-TNLA တပ်က တပ်မ ၁၀၁ တပ်တွေ နဲ့ နယ်မြေခံတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တအာဝ်းဒေသမြို့နယ် ၇ ခုကို သိမ်းပိုက်နိုင်ခဲ့သလို တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ကို အရှင်ဖမ်းဆီးနိုင်ခဲ့တာကြောင့် လက်ကျန်တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်တွေဟာ ဘေးလွတ်ရာမြို့နယ်တပ်စခန်းတွေကို ထွက်ပြေးခဲ့ကြတာပါ။

အလင်းဝင်စစ်ကောင်စီတပ်သားဟာ လက်နက်တွေနဲ့အတူထွက်ပြေးလာတာဖြစ်ပြီး ၎င်းထံက မောင်းပြန်ရိုင်ဖယ် MA 1 ၁ လက်၊ ၅.၅၆ မမ ကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၄ ခု၊ Vest တထည်၊ ကျည်ကာ ၁ ထည် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ သူ့ကို လုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီးဖြစ်ကာ အဆိုပါတပ်သားဟာ တပ်ရင်းမှာ ရှိနေစဉ်အတွင်း စစ်ကောင်စီတပ်အရာရှိနဲ့ စစ်သားတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ စောင့်ကြည့်တဲ့အခါ သူ့ကို ပြန်ပို့မှာတွေ၊ သတ်ပစ်မှာတွေ အရမ်းကြောက်စိတ်ဖြစ်တယ်။ ညဆို ကယောင်ကတမ်းနဲ့ တယောက်ထဲ စကားပြောတာတွေ၊ စကားတခွန်းကို ထပ်ခါထပ်ခါ ပြောတာတွေ၊ အလိုလိုစိတ်အားငယ်တာတွေ ကြောက်တာတွေ တွေ့ရတယ်။ သူကသာမာန်လူ တယောက်လိုပဲ နေချင်တယ်၊  လက်နက်တွေလည်း မကိုင်ချင်တော့ဘူးလို့ တောင်းဆိုထားတယ်”လို့ ဗိုလ်ကြီး AKက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမှတ် ၂ စစ်ကြောင်းမှာ စစ်ဘက်နဲ့ ရဲဘက်ကနေ CDMပြုလုပ်ပြီး တာဝန်ထမ်းဆောင်နေသူတွေရှိပေမယ့် အလင်းဝင်လာတာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#MLAT
#HlaingInfo
Forwarded from U U Aung Pwel ️
စခန်းကိုလက်နက်ကြီးတွေနဲ့ ပြန်ပစ်ချိန် စစ်ကောင်စီအဖွဲ့တွေရောက်နေတဲ့ စခန်းနဲ့ မိုင်းကွင်းထဲကို လက်နက်ကြီး တွေကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွား တယ်လို့ဆိုပါ တယ်။

အဆိုပါ မနက် ၇ နာခန့်မှာ ဇီးတောကျေးရွာကနေ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူပြီးပြန်လာတဲ့ အင်အား ၁၀ ဦးပါ စစ်ကောင်စီအဖွဲ့ကို ဇီးတောကျေးရွာအထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးစလုံး သေဆုံးပြီး သေနတ် ၉ လက်ရလာတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာ ၃ ရွာစလုံးမှာ အင်အားဖြန့်ခွဲပြီး တပ်စွဲထားတယ်လို့ သိရပါ တယ်။

စစ်ကောင်စီအဖွဲ့တွေဟာ  ဇီးတောကျေးရွာကို ဝင်ရောက်ချိန် မီးရှို့ခဲ့လို့ အိမ်ခြေ  ၂၀  ကျော် မီးလောင်ပျက်စီး သွားပါတယ်။

ကျောက်ထပ်ကျေးရွာကို ဝင်ရောက်ချိန် ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးသွားသလို စစ်ကြောင်းဝင်ချိန် မပြေးနိုင်တဲ့ ကျေးရွာ ၃ ရွာစလုံးက ဒေသခံ ၁၀၀ ကျော်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာက ဒေသခံတထောင်ကျော် ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဆိုပါကျေးရွာ ၃ ရွာမှာ စစ်ကောင်စီတပ်တွေရှိနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ နေရယူထားတာကြောင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေထပ် ဖြစ်လာနိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်။

ဧပြီ ၆ ရက်က ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ် ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ပန်းဒိုင်ခြုံကျေးရွာအကြား ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ လက်နက်ခဲယမ်းတွေသယ်လာတဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကားတွေ ပစ်ခံရ ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံးသွားတယ် သိရပါတယ်။

#MLAT
#HlaingInfo