Forwarded from U U Aung Pwel ️
ရက္ခိုင့်တပ်တော် AA က ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော် AA ပါဝင်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့ပြီး ရခိုင်ပြည်ကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် AA က စတင်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က ရခိုင်ရှိ မြို့များကို တမြို့ပြီး တစ်မြို့ သိမ်းပိုက်လာခဲ့ပြီးနောက် အခြားမြို့များကို သိမ်းပိုက် ရရှိနိုင်ရေး ထိုးစစ်ဆင်း တိုက်ခိုက်နေကာ နှစ်ဖက် တိုက်ပွဲများလည်း လက်ရှိတွင် ပြင်းထန်နေသည်။
သို့သော်လည်း တစ်ခြားတစ်ဖက်တွင် ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် မြို့များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ ရှိနေသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တိုက်ပွဲများ ပြင်းထန်လာလျှင် ပြည်သူများကို အထိခိုက် နည်းစေချင်သည့် ဆန္ဒကြောင့် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ရခိုင့်နိုင်ငံရေး သုံးသပ်သူတစ်ဦးက Western News ကို ပြောဆိုသည်။
"ဗိုလ်ချုပ်ပြောလိုတဲ့ အဓိက အချက်ကတော့ ပြည်သူတွေကို အထိအခိုက် မရှိစေချင်ဘူး။ စစ်ကောင်စီတပ်ကတော့ သူတို့မှာ ဘယ်သူသေသေ သိပ်ဂရုစိုက်တာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် AA တပ်မှူးချုပ်က အရင်စလို ပြည်သူတွေကို ရှောင်ခိုင်းတဲ့သဘောပါပဲ။ ကိုယ့်ပြည်သူတွေကို အထိအခိုက်နည်းစေချင်တယ်။ အပျက်အစီးနည်းစေချင်တယ်။ ဒါပါပဲ"ဟုပြောသည်။
#WN
#HlaingInfo

Forwarded from Hlaing Info
Media is too big
VIEW IN TELEGRAM
အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးဖို့ သားဖြစ်သူ တောင်းဆို (ရုပ်သံ)
ဖေဖော်ဝါရီလ ၁ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ရေးထားသောစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက ယူကေမှာရှိသည့် မြန်မာနိုင်ငံသံရုံးကို သွားပေးခဲ့ကြောင်း သိရသည်။
ယူကေမှာ ရှိသော မြန်မာနိုင်ငံသံရုံးကမူ တံခါးမဖွင့်ပေးသလို စာကိုလည်း လက်မခံသလို သံရုံးထဲကို ထည့်ပေးတဲ့စာကို သားဖြစ်သူကဖတ်ကြားခဲ့ကြောင်း သားဖြစ်သူ ၎င်း၏ လူမူကွန်ရက် စာမျက်တွင် ရေးသားထားသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က စစ်အာဏာသိမ်းနေ့တွင် ဖမ်းဆီးခံလိုက်ရပြီး ၄နှစ်တိတိ ကြာမြင့်ချိန်မှာ ပြန်လည်လွတ်မြောက်ရေးအတွက် တွေ့ခွင့်ပေးဖို့ သားဖြစ်သူက တောင်းဆိုခြင်းဖြစ်သည်။