ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from U U Aung Pwel ️
ယခုလိုလှူဒါန်းသည့် ပုလဲမြို့နယ်၊ ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်သည် ယခင်ကလည်း ကျားသစ်နက်တပ်မတော်သို့ ငွေကြေးနှင့်ထောက်ပို့ပစ္စည်းများ မကြာခဏလှူဒါန်းနေသူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"သူတို့ ဘာကြောင့်လှူဒါန်းလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဒီနေ့တော့ အင်မထီးရွာထဲကို လေယာဥ်ဆင်းတယ်။ ဒီဘက်ထိုးနေတဲ့ စစ်ကြောင်းကို ပြန်တင်သွားပြီး ကနီဘက်ကိုချတယ်လို့ သိရတယ်။ ကနီကိုက PDF တွေသိမ်းလိုက်ပြီကိုး"ဟု ပုလဲမြို့နယ်တွင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကားသွားယူသည့်အချိန်တွင် ရှေ့ကင်းထောက် ၃ ဆင့်ထား၍ စစ်ကောင်စီလာနိုင်သည့်လမ်းကြောင်းများကို မြို့တဝက်အထိပိတ်ကာ အထိအခိုက်မရှိ ယူဆောင်လာနိုင်ခဲ့ကြောင်း ဗိုလ်ဥက္ကာကဆိုသည်။

"သူတို့(စကစ)က သုံးယောက်လောက်ထွက်လာသေးတယ်။ ဒါပေမယ့် ရှေ့အထိ တိုးမလာဘူး။ ပြန်ဆုတ်သွားတယ်"ဟု ၎င်းကထပ်လောင်းပြောသည်။

ကျားသစ်နက်တပ်မတော်(Black Leopard Army)သည် ယင်းမာပင်ခရိုင် တပ်ရင်း (၁၁)နှင့် ပခုက္ကူခရိုင် တပ်ရင်း (၁၅)တို့ကို ပူးပေါင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုဖြစ်ပြီး ပုလဲမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အဓိကစစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - ကျားသစ်နက်တပ်မတော် (ပုံစာ- ကြံ့ခိုင်ရေးပါတီကလှူဒါန်းသည့်ကားအားတွေ့ရစဥ်)
#MPA
#HlaingInfo
Forwarded from U U Aung Pwel ️
ထိုးစစ်စတင်သည့် ပထမနေ့တွင်ပင် ဂီလာနစစ်တပ်၏ စခန်းကြီး ၃ခု နှင့် စခန်းငယ် ၁၀ခုတို့ကို ကေ အိုင်အေနှင့်မဟာမိတ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ယင်းကို နောက်တစ်မျိုးဖွင့်ဆိုရသော် ပြေး ဝင်လာသော မြားမှာ စစ်ကောင်စီ ရင်ဝတည့်တည့် စိုက်ဝင်ကာ သွေးစိမ်းရှင်ရှင် ကျနေခြင်းပင်ဖြစ်သည်။ ဆက်လက်ပြီး ၃ရက်တာ ထိုးစစ်အတွင်း ကချင် ပြည်နယ်ရှိ စစ်တပ်စခန်း ၁၆ခုကို ကေအိုင်အေက သိမ်း ပိုက်နိုင်ခဲ့ကြောင်း သတင်းများကဆိုသည်။

ဂီလာနစစ်တပ်၏ အစဉ်အလာအတိုင်း ထိုးစစ်စတင်ပြီး ၂၄နာရီခန့်အကြာတွင် အလံဖြူ ထောင်ခြင်း အမှုကို ညီညီညာညာ ပြုလုပ်ကြတော့သည်။ ဒေါ့ဖုန်းယန်မြို့အခြေစိုက် ခလရ -၁၄၂တပ်ရင်း ဖြစ် သည်။  ခလရ-၁၄၂ မှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် စစ်ရေးအရ အရေးပါသော တပ်စခန်းဖြစ်ပြီး လိုင်ဇာအ နီးတစ်ဝိုက် အကြီးဆုံး တပ်စခန်းလည်း ဖြစ်သည်။

မင်းအောင်လှိုင် နားထဲ သံရည်ပူနှင့် လောင်းချလိုက်သော အလံဖြူထောင်လက်နက်ချခြင်းတွင် စစ် သားများတင်မက သူတို့၏ မိသားစုဝင်များလည်း ပါသည်။ နေပြည်တော် ကျည်လုံမှန်ခန်းထဲမှနေ၍ နောက်မ ဆုတ်စတမ်း တိုက်ပွဲဝင်ကြရန် ညွှန်ကြားနေသော စစ်ဗိုလ်ချုပ်တို့မှာ အောက်ခြေစစ်သားတို့၏ အသက်ကို ၎င်းတို့ အာဏာရရှိရေးအတွက် ထိုးကျွေးပစ်ရန်သာ ဆန္ဒရှိကြသည်။ အကာအကွယ်ပေး ကယ်ထုတ်ခြင်းမရှိ၊ အသေခံလိုက်ကြရန်သာ အသံမဲ့ တောင်းဆိုနေသဖြင့် အောက်ခြေစစ်သားတို့က အလံဖြူထောင်ကာ ကိုယ့်အ သက်ကိုယ် ရွေးနှုတ်ကြရခြင်းမှာ ရှမ်းမြောက်ဒေသ ၁၀၂၇စစ်ဆင်ရေးစတင်ကတည်းကဖြစ်သည်။

မတ်လ ၇ရက်တွင် မြောက်ပိုင်းကချင်၌ ထိုးစစ်စတင်ခြင်းနှင့်အတူ တောင်ပိုင်းကရင်တွင်လည်း KNLA နှင့် PDF ပူးပေါင်းတပ်က တိုက်ပွဲခေါ်သံ မိုးထိညံသွားခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ကြိုတင်ချိတ်ဆက် စီစဉ်မှုဟု နားလည်မိသည်။

မတ်လ၇ရက်တွင် ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ကန်းညီနောင်ဗျူဟာကုန်းကို ကာပေးထားသော တပ်ရင်း၃ခုအား စတင်တိုက်ခိုက်ခဲ့သည်။ မတ်လ၈ရက်၌ ခမရ-၃၅၅ ကို သိမ်းပိုက်နိုင်ခဲ့ကာ မတ်လ၉ ရက်၊နံ နက် ပိုင်းတွင် သင်္ကန်းညီနောင်ရဲစခန်းကို ထပ်မံသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။သင်္ကန်းညီနောင်သည် မြဝ တီမြို့နှင့် ၁၀မိုင်ခန့်သာ ဝေးပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးဘေးတွင် တည်ရှိသည်။

ကေအိုင်အေ၊ KNLA နှင့် မဟာမိတ်တို့၏ ထိုးစစ်အရှိန်သည် အချိန်မည်မျှကြာ အားကောင်းကောင်း ဖြင့် ရှေ့ဆက်မလဲဆိုသည်နှင့် မြို့မည်မျှ သိမ်းပိုက်နိုင်မလဲဆိုသည်ကို ခန့်မှန်းရန် စောနေသေးသော်လည်း ထိုးစစ်အရှိန်မှာ ယခင်ကထက် ပိုမိုအားကောင်းနေသည်မှာ သေချာသည်။ထို့ကြောင့် ကချင်နှင့်ကရင် စစ် ရေးအရှိန် ၂ခုပေါင်းမှာ ၁၀၂၇ ရှမ်းမြောက်အဟုန်ကို အမီလိုက်နိုင်မည်ဆိုပါက မင်းအောင်လှိုင် ရင်ဘတ်စည် တီးရဦးမည်သာဖြစ်သည်။

ထိုသို့ ကချင်နှင့် ကရင်တွင် စစ်မီးအရှိန်ကို မြှင့်တင်လိုက်ချိန်တွင် ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည် နယ်အတွင်းရှိ မြို့၇မြို့ကို သိမ်းပိုက်ပြီးဖြစ်သလို မြို့တော်စစ်တွေသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ ခွက်ခွက် လန် ရှုံးနေသော ရခိုင်စစ်မျက်နှာတွင် လတ်တလောစစ်ကောင်စီ လုပ်နိုင်နေသည်မှာ ကျောက်ဖြူမြို့အနီး မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ်များကို အရေးပေါ်စစ်သင်တန်း အဓမ္မပေးကာ သေတွင်းထဲ တွန်းပို့ရန် ခြေလှမ်းပြင်နေခြင်းပင်ဖြစ်သည်။

ယခုလိုအချိန်မျိုးတွင် တရုတ်ဖိအားကြောင့် အပစ်ရပ်ထားသော ရှမ်းမြောက်ဒေသ၌ တိုက်ပွဲခေါ်သံ ကို ပြန်လည်စတင်မည်ဆိုပါက ရှမ်းမြောက်နှင့် ကချင်မှ ဆင်းလာမည့် တော်လှန်ရေးတပ်တို့သည် မန္တလေး ၌ ဆုံရန် အချိန်သိပ်ကြာမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ၊ ကချင်နှင့်ကရင် ပြင်းအားမြှင့်စစ်မီးသည် အရှုံးကြီးရှုံးနေသော စစ်တပ်ကို အလုံး ကြီး တစ်လုံးပြီး တစ်လုံး ထပ်ပစ်တင်လိုက်ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်တို့ ရုရှားပြေးနိုင်ရေး အသင့်ပြင် အထုပ် ပိုက်ထား ရန် တပ်လှန့်လိုက်ခြင်းလည်း ဖြစ်သည်။

#MPA
#HlaingInfo
Forwarded from U U Aung Pwel ️
"မြိုပေါ်က ဝန်ထမ်းတွေပါ ကျနော်တို့ကို ဆက်သွယ်ပြီး ထွက်ပြေးလာတာတွေရှိတယ်" ဟု ၎င်းကပြောသည်။

ပြည်သူလူထုကိုမျက်နှာမူပြီး လုပ်ကိုင်နေသော တော်လှန်ရေးရဲဘော်များကို ငဲ့ညှာသောအားဖြင့် စစ်မှုမထမ်းဘဲ တော်လှန်ရေးနယ်မြေများသို့ လာရောက်ခြင်းသည် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း မြိုင်မြို့နယ်၊ ရပ်ကျေးပကဖတာဝန်ခံတစ်ဦးကပြောသည်။

"စစ်မှုထမ်းဥပဒေပြဌာန်းပြီး ဒီကာလမှ ဝင်လာတဲ့သူတွေကိုလည်း ထွေထွေးထူးထူးမမြင်ပါဘူး။ ရန်သူဆီပါမသွားဘဲ ကိုယ့်ဘက်ကိုဝင်လာတော့ အကောင်းဆုံးတော့ လုပ်ပေးရတာပေါ့။ တော်လှန်ရေးကို အစကတည်းက မပါခဲ့သည့်တိုင် အခုလိုအရှိန်ကောင်းနေတဲ့ အချိန်မှာ သူတို့(စစ်ကောင်စီ)ဆီ ပါမသွားဘဲ ကျနော်တို့နဲ့ လာပေါင်းတာတော့ အကောင်းဆုံးပါပဲ" ဟု ၎င်းကပြောသည်။

စစ်မှုမထမ်းလိုသူများအနေဖြင့် မြိုင်ပကဖထံ တပ်သားအဖြစ်ဝင်ရောက်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်သလို ခိုလှုံသူအနေဖြင့်လည်း လာရောက်ခိုလှုံနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - မြိုင်ပကဖ / ပုံစာ - မြိုင်ပကဖ ရဲဘော်များ
#MPA
#HlaingInfo
Forwarded from Hlaing Info
မန္တလေးကျုံးဘေးမြင်ကွင်း

မတ်လ ၃၁ ရက်

မန္တလေးတွင် ဆက်တိုက်ဆိုသလို နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နေသေးသဖြင့် မန္တလေးပြည်သူများသည် တိုက်များနှင့် လွတ်ကင်းရာမြေကွက်လပ်များ၊​ ကျုံးအနောက်ဘက် ပလပ်ဖောင်းများသည် အကောင်းဆုံး ငလျင်ရှောင်နေရာတစ်ခုဖြစ်လာသည်။

နေထိုင်ရေးအတွက် ယာယီအဆင်ပြေနေသော်လည်း ခြင်ယင်ပြဿနာများနှင့်လည်းရင်ဆိုင်နေကြရသည်။

ယင်းအပြင် အပေါ့အပါးသွားလာမှု ခက်ခဲခြင်း၊ လျှပ်စစ်အားဓာတ်အားသွင်းရန်ခက်ခဲခြင်း၊ သောက်သုံးရေးခက်ခဲခြင်းတို့နှင့်အတူ ဖုန်းလိုင်း၊ အင်တာနက်လှိုင်းရရှိမှုမှာလည်း ဆိုးရွားလျှက်ရှိသည်။

#MPA
#HlaingInfo