Forwarded from U U Aung Pwel ️
လက်ရှိမှာ ပတ်ဝန်းကျင်အနှံ့ကူးစက်ပျံ့နှံ့တဲ့အန္တရာယ်မရှိသေးဘဲ မွေးမြူရေးလုပ်သားဟာ ပိုးရှိတဲ့ နွားနဲ့ တိုက်ရိုက်ထိတွေ့ ရက ကူးစက်ခံရတာဖြစ်ပေမယ့် လူရဲ့ ခုခံအားစနစ်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းမရှိလို့ သေဆုံး နှုန်းအလွန်များပြားခြင်းက အထူးသတိထားရမယ့် အရေးဖြစ်ပါတယ်။
တစ်ကမ္ဘာလုံး လူသားတွေကို ကူးစက်ပျံ့နှံ့ သွားရင် သေဆုံးနှုန်းက ကိုဗစ်ထက် အဆ ၁၀၀ ပိုးဆိုးနိုင်ကြောင်း ပစ်ဘတ်စ်ငှက်တုပ်ကွေး စူးစမ်းလေ့လာသူ ဆာရက်ရှ်ကူချီပူဒီက New York Post မှာ သတိပေးပြောကြားသွားပါတယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ဖြစ်စမှာ သေဆုံးနှုန်း၂၀ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပေမယ့် နောက်ပိုင်း ကူးစက်သူရဲ့ ၀ . ၁ ရာခိုင်နှုန်းသာ သေဆုံးနှုန်းရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၃ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာ ကြက်ငှက်တုပ်ကွေးကူးစက်ခံရသူထဲမှာ သေဆုံးနှုန်းက ၅၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အတွက် ပိုမိုပျံ့နှံ့နိုင်သလို သေဆုံးနှုန်းလည်း ပိုမြင့်တက်လာနိုင်တဲ့ ကြက်ငှက်တုပ်ကွေး မျိုးစိတ်သစ် A (H5N1) ကနေ တစ်ဆင့်ထပ်ပြီး မျိုးခွဲသစ်တွေအဖြစ် ခွဲထွက်လာမယ့် ဗိုင်းရပ်စ်တွေသာ ကမ္ဘာအနှံ့ပျံ့နှံ့သွားရင် အဆိုးရွားဆုံး ရောဂါကပ်ဘေးဆိုက်နိုင်တယ်လို့ ဆာရက်ရှ်ကူချီပူဒီက သတိပေးထုတ်ပြန်သွားပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လက်ရှိမှာ ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးထုတ်နိုင်ဖို့ စမ်းသပ်မှု အဆင့်တစ်ခုရှိတဲ့ အဖွဲ့ ၂ ဖွဲ့ကို ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ အမိန့်ပေးစေခိုင်းထားကြောင်း Washington Post မှာ ဖော်ပြခဲ့ပါတယ်။
Ref:New York Post
#MKN
#HlaingInfo

Forwarded from Hlaing Info
နျူကလီးယား ဗုံးကြဲလေယာဉ် ပေါက်ကွဲပျက်ကျလို့ ပူတင် ကြေကွဲရပြန်
သြဂုတ်လ ၁၇ ရက်
ယူကရိန်းကိုသာမက ဥရောပကိုပါ ခြိမ်းခြောက်နိုင်တဲ့ မဟာဗျူဟာ နျူကလီးယား ဗုံးကြဲလေယာဉ်အဖြစ် ရုရှား တီထွင်ထုတ်လုပ်ထားတဲ့ TU-22 တစ်စင်း ရုရှားနိုင်ငံတွင်း ဆိုက်ဘေးရီးယားဒေသမှာ ကောင်းကင်ပေါ် မီးလုံးကြီး အဖြစ် ပေါက်ကွဲပျက်ကျသွားတဲ့ ရုပ်သံဗီဒီယို ထွက်ပေါ်လာပြန်ပြီး ဒီလေယာဉ်တစ်စီးတန်ကြေးဟာ ဒေါ်လာ သန်း ၄၀ ရှိတာကြောင့် ပူတင်အတွက် ထပ်မံ ကြွေကွဲရမှုဖြစ်ခဲ့ပါတယ်။
သတင်းတွေအရ TU-22M3 ဗုံးကျဲလေယာဉ်ဟာ မော်စကိုမြို့ရဲ့အရှေ့ဘက် ၃၃၀၀ မိုင်အကွာက ဆိုက်ဘေးရီး ယားဒေသ အာကက်ဆတ်ဒေသမှာ ပေါက်ကွဲပျက်ကျတာဖြစ်ပြီး လေယာဉ်ပေါ်ပါသူ ၄ ယောက်ကတော့ လုံခြုံရေး ခလုတ်နှိပ်ပြီး လွတ်မြောက်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်နာရီ မိုင် ၁၅၀၀ နှုန်းအထိ သွားနိုင်သလို နျူကလီးယားဒုံးကျည် ၁၅ လုံး တင်ဆောင်နိုင်တဲ့ ဒီလေယာဉ်ဟာ ပူတင်ရဲ့ နျူကလီးယားပစ်မှတ်တွေကို ဖော်ဆောင်ပစ်ခတ်ရာမှာ အဓိက အားထားအသုံးပြုနိုင်တဲ့ လေယာဉ်ဖြစ် ပါတယ်။
ရုရှား အစိုးရပိုင်မီဒီယာကတော့ နည်းစနစ်ချွတ်ယွင်းမှုကြောင့်လို့ ထုတ်ပြန်ပေမယ့် ရှင်းလင်းတဲ့ ထုတ်ပြန်ချက်မျိုး ရေရေရာရာ မထုတ်ပြန်ခဲ့ပါဘူး။
လက်ရှိ ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်း ၃၅ ကီလိုမီတာအထိ ဝင်ရောက်သိမ်းပိုက်ကာ ကက်ရှ်ဒေသမှာ စစ်အခြေစိုက် စခန်းကိုပါ ထူထောင်ထားလို့ ပူတင်အတွက် အရှက်ရစေခဲ့ပါတယ်။
ဒါကြောင့် ယူကရိန်းနဲ့ အနောက်အုပ်စုကို ဘောလ်တစ်ပင်လယ်ပြင်မှာ ခြိမ်းခြောက်နိုင်ရေး နျူကလီးယား စစ်ရေးလေ့ကျင့်မှုအဖြစ် TU-22 ဗုံးကျဲလေယာဉ် ၂ စီး၊ နော်ဝေဂျီယံပင်လယ်ပြင်ဆီ ဗြီတိန်မြောက်ပိုင်းကနေ ဖြတ်သန်းမောင်းနှင်ခြင်းအဖြစ် MiG-31 တိုက်လေယာဉ်တွေခြံရန်ထားတဲ့ TU-95 မဟာဗျူဟာ နျူကလီးယားဗုံးကျဲလေယာဉ် ၂ စီး စေလွှတ်ပျံ သန်းခဲ့တာဖြစ်ပါတယ်။
ဒီအထဲကမှ ဘီလာရာလေဆိပ်ကနေ တင်သွားတဲ့ TU-22 ဗုံးကျဲလေယာဉ်ဟာ ဆိုက်ဘေး ရီးယားမှာ ပေါက်ကွဲပျက်ကျသွားခဲ့ရတာဖြစ်ပါတယ်။
ဒီရက်ထဲမှာပဲ ယူကရိန်းဟာ ကက်ရှ်ဒေသကို ရုရှားတပ်တွေ လက်နက် ရိက္ခာပို့ရာမှာ အဓိကကျတဲ့ တံတားကြီး တစ်စင်းကို အမေရိကန်က ထောက်ပံ့ထားတဲ့ ဟိုင်းမားစ် ဒုံးကျည်နဲ့ ပစ်ခတ်လိုက်လို့ တံတားထက်ပိုင်းကျိုးသွား ခဲ့ရပါတယ်။
ဒါကြောင့် ပူတင်ဘက်က အမာခံရပ်တည်ပြီး ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ် ဝါဒဖြန်သူလည်း ဖြစ်တဲ့ ကာရန်ရှက်ခ်နာဇာရော့ဗ်ကိုယ်တိုင်က နိုင်ငံပိုင်ရုပ်သံမှာ ဒီလိုဆက်ပြီး ဆုံးရှုံးမှုတွေရှိနေခဲ့ရင်၊ စစ်ဗျူဟာ မပြင် ဆင်နိုင်ခဲ့ရင် ယူကရိန်းကို စစ်ရှုံးနိုင်တယ်လို့ပါ ပြောသွားခဲ့လို့ ရုရှားပြည်သူတွေအကြား ဂယက်ရိုက်နေခဲ့ပြီဖြစ်ပါ တယ်။
Ref:Thesun

တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအား ရှမ်းပြည်ဘက်ကို ဦးတည်
ဒီဇင်ဘာလ ၃ ရက်
တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအားဟာ ရှမ်းပြည်အတွင်းကိုဦးတည်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ချေရှိပြီး ပြောင်းစျေးအတက်ဘက်မှာရှိနေတယ်လို့ ပြောင်းကုန်သည်တွေကပြောကြပါတယ်။
မြန်မာပြည်က စိုက်ပျိုးတဲ့ပြောင်းမျိုးတွေက မျိုးရိုးဗီဇ မပြုပြင်ထားတဲ့ NonGMO မျိုးတွေ ဖြစ်နေလို့ တိရစ္ဆာန်အစာစပ် စက်ရုံတိုင်းလက်ခံလိုချင်ကြပါတယ်၊ တရုတ်ရဲ့ ပြောင်းဆံလိုအပ်ချက်ဟာ တန်ချိန်ပေါင်း ၂၆ သန်းကျော်အထိရှိနေပေမယ့် မြန်မာတစ်နိုင်ငံလုံး ပြောင်း ထွက်အားဟာ တန်ချိန်ပေါင်း ငါး သန်းမပြည့်တာကြောင့် တရုတ်ဝယ်လိုအားကိုပြည့်မှီအောင်မဖြည့်နိုင်ပါဘူး၊
တရုတ်နိုင်ငံက နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Eastwind International Trade Co..Ltd Non-GMO Corn ကမြန်မာပြောင်းဆံကို ဝယ်ယူလိုကြောင်း အကြောင်းကြားလာလို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ရှမ်းပြည်နယ်ကတင်ပို့လိုသူတွေ UMFCCI နဲ့ ဆက်သွယ်လုပ်ဆောင်ဖို့စာထုတ်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ကုန်းတွင်းပိတ် ယူနန်ဒေသဟာ နစ်စဉ်ပြောင်းဆံလိုအပ်ချက် ရှိနေပြီး ယူနန်ကို တရုတ် ကမ်းစပ်ကနေ ပြောင်းဆံ သယ်ယူရင် မိုင် ၂၀၀၀ ကျော် သယ်ယူရလို့ သယ်ယူခ စားရိတ်ကြီးတာကြောင့် မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ မှုဆယ် ၊ နမ့်ခမ်း ၊ ကျင်စန်းကြော့ နဲ့ ချင်းရွှေဟော်လမ်းကြောင်း တွေက မိုင် ၃၀၀ လောက်နဲ့ ယူနန်နယ်ထဲ စရိတ်သက်သာစွာ သယ်ယူရတာကိုသာ ယူနန်ဒေသခံတွေက ဆန္ဒရှိနေကြတာလို့ ပြောင်းစိုက်အသင်းဝင်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
လက်ရှိတရုတ်ပြည်တွင်း ပြောင်းဆံ ဈေးနှုန်းမှာ ၅၀ kg ( ပိဿာ ၃၀.၆၂၃ ) ကို တရုတ် ယွမ်ငွေ ၁၃၅ ယွမ် မှ ၁၄၅ ယွမ် အထိတရုတ်အစာစပ် စက်ရုံအရောက်ဈေး ဖြစ်နေတယ်လို့ပြောပါတယ်။
တရုတ်ရဲ့ ပြောင်းလိုအပ်ချက်က တစ်နှစ်ထက်တစ်နှစ် ပိုကြီးမားလာကာ ထိုင်းတိုက်ရိုက် ၊ ထိုင်း မှ တစ်ဆင့် လာအို ၊ လာအိုကတရုတ် စတဲ့ကုန်းတွင်းလမ်းတွေကနေ စီစဉ်နေပေမယ့် လိုအပ်ချက် ကိုပြည့်မှီနေခြင်းမရှိပါဘူး၊ အာဆီယံနိုင်ငံတွေ အနက် မြန်မာ ဟာလမ်းကြောအတိုဆုံးနဲ့ ဖြေလျှော့မှု့အနည်းဆုံးဖြစ်တာကြောင့် ရှေးယခင် နစ်ပေါင်း ၄၀ ကျော်ကပင်ရှမ်းပြည်မြောက်ပိုင်းလမ်းကြောင်း ကုန်သွယ်မှုဟာ အဓိကဖြစ်ခဲ့ပြီး ဧရာ၀တီပြောင်း ဆံတွေကိုတောင်ရှမ်းပြည်ကနေ တရုတ်ကိုရောင်းချခဲ့ရတာလို့ ရှင်းပြပါတယ်။
“ဒီနှစ်က ကျနော်တို့ဒေသ မှာကိုပဲ ပြောင်းစိုက်ဧက သုံးချိုး နှစ်ချိုးလောက်လျော့တယ်၊ တိုက်ပွဲတွေ၊ မျိုးစေ့ စျေးနှုန်းမြင့်မားမှု၊ လုပ်သားစရိတ်၊ ယူရီးယားသွင်းအားစုတွေ စျေးနှုန်းမြင့်မားမှုတွေကြောင့်ရယ်ပေါ့.”လို့ ရှမ်းတောင်ပြောင်းကုန်သည်တစ်ဦးကပြောပါတယ်။
မနေ့က( ဒီဇင်ဘာ ၂) ရှမ်းတောင် အေးသာယာပြောင်းဆံ ဂိုထောင်ကတစ်ပိဿာ ၁၄၄၀ ကျပ်နဲ့ ဝယ်နေပြီး ရန်ကုန် ဒဂုံဆိပ်ကမ်းဂိုထောင်ချ စျေး ၁၆၁၀ကျပ်ရှိနေကာ အစိုဓာတ် ၁၅ဒသမ၅ အောက်နဲ့ (ပြောင်းအကောင်း ၉၀ရာခိုင်နှုန်း + မှို၊ အကျိုးအကြေနဲ့အခြားပစ္စည်း ၁၀ရာခိုင်နှုန်း) ကိုလက်ခံပြီး တွဲကားငါးစီးနဲ့အထက်ကို စျေးပိုပေးနေတယ်လို့သိရပါတယ်။
လက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားသလို မြန်မာဘက်က ပိတ်ထားပေမယ့် ဒီဇင်ဘာ ၁ရက်မှာ မူဆယ်ဆင်ဖြူပေါက်ကစားသောက်ကုန်တွေ ဖွင့်ပေးခဲ့ပြီး MNDAAထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၈ ရက်က ပြောင်းသယ်ဖို့အဓိက ဖွင့်ထားခဲ့ပြီးဖြစ်ပါတယ်။