Forwarded from စစ်ခွေးသင်္ချိုင်း
တော်လှန်ကဗျာဆရာတွေ နဲ့ ဆုံမဲ့ည 💟
ကဗျာဆန်ဆန် တော်လှန်ကဗျာညဆိုပါတော့။
"မန်းတောင်ရိပ်ခို အောင်ပွဲကြို" ဖို့ တော်လှန်ကဗျာဆရာတွေနဲ့ အတူတူ ဝန်းရံကြစို့ တော်လှန် ထောက်ပို့ပြည်သူတို့။ 💟
"ငါတို့ဟာ
ကဗျာဆရာတွေပါ။
ကဗျာဆရာတွေရဲ့ရင်အုံ
ဒေါ်လာငါးထောင်မက
တန်တယ်။
ငါတို့ရင်ခုန်သံတန်ကြေး
နှစ်ဒေါ်လာဘယ်ကပါ့မလဲ။
ဟောဒီရင်အုံတွေက
ထုတ်လုပ်လိုက်တဲ့
သေနတ်တွေမှာ
စနိုက်ပါ ပါတယ်။
.......
........
အခုနွေဦးမှာ
ငါတို့ကဗျာတစ်ပုဒ်ဟာ
စစ်ခွေးတစ်အုပ်ပေါ့။
တော်လှန်ရေးမှာ
ကဗျာပါတယ်
ကဗျာဟာငါတို့လက်နက်။"
ဆရာကြီးအောင်ဝေးရဲ့ ကဗျာအတိုင်းပေါ့။
အတိတ်သမိုင်းရဲ့ လူထုတော်လှန်ရေးတိုင်းမှာ ကဗျာဟာ အင်အားကြီးတစ်ခု ဖြစ်ခဲ့ပါရဲ့။
ကဗျာဆရာတွေဟာ ကဗျာလက်နက်နဲ့ ခေတ်ရဲ့ အလင်းအမှောင်တွေကို ထင်ဟပ်ပစ်ခတ်ပြခဲ့ပါရဲ့။ အဓမ္မကိုတော်လှန်ပုန်ကန်ခဲ့ကြပါရဲ့။
ကဲ...ကိုယ့်လူတို့...8.12.2024 (Sunday)...တော်လှန်ကဗျာဆရာတွေရဲ့ တော်လှန်ကဗျာတွေကို တော်လှန်ရေး နှလုံးသားတွေနဲ့ နားသောတဆင်ရင်း....
ငါတို့လူထုရဲ့ တော်လှန်သွေးတွေ နွေးပူနေဆဲ ဖြစ်ကြောင်း ထောက်ပို့အင်အားပြကြရအောင်လား။ ဆုံတွေ့ကြမယ် သွေးချင်းတို့ရေ...💟
#MDYPDF
#မန်းတောင်ရိပ်ခိုအောင်ပွဲကြို