Forwarded from Magway Regional Scout Network (YU ATARASHI)
ခိုးကြောင် ခိုးဝှက်နဲ့ မြို့တွင်းက စခ၊ရခ၊ပခ များထံ ရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများ ရပ်တန်းကရပ်ကြပါ
24.1.2024 ၊ထီးလင်း
စခ၊ရခ၊ပခ၊Non Cdm များနဲ့အိုးအိမ်စည်းစိမ်ကိုဖက်တွယ်နေတဲ့ပြည်သူအချို့သာကျန်ရှိနေတော့တဲ့ ထီးလင်းမြို့တွင်းသို့ အနီးနားကျေးရွာတွေက မ-သ-မာ-လောဘနဲ့မောဟပွားကာ ဘောမပြီး ဆန်၊ဆီ၊ဆား၊ဆေးလိပ်၊ကွမ်းယာပစ္စည်းစသဖြင့်ရိက္ခာများကို ပို့ဆောင်ရောင်းဝယ်ဖောက်ကားနေကြတဲ့ လူအချို့ရှိနေကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များထံကသိရပါတယ်။စခ၊ရခ၊ပခ များကို ဒေသခံကာကွယ်ရေးအဖွဲ့များက ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ထားခဲ့သည်မှာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ မြို့တွင်းမှာ ရိက္ခာလိုအပ်ချက်ကြီးကြီးမားမားဖြစ်ပေါ်နေသည်ကိုအခွင့်ကောင်းယူကာ မြို့နီးနားကျေးရွာများက လူတချို့ဟာ အမြတ်ကြေးငွေများရယူလျက် ပို့ဆောင်ရောင်းဝယ်နေသည်ကိုတွေ့ရှိနေရကြောင်းနဲ့ လက်ပူးလက်ကြပ်ဖမ်းမိပါက ထိရောက်စွာအရေးယူမည့်အကြောင်းကိုလည်း ယခင်ကတည်းကသတိပေးတားမြစ်ထားကြောင်း ထပ်မံသတိပေးပြောကြားလာပါတယ်။
ယနေ့ ထီးလင်းမြို့ပေါ်မှာ အခြေခံ စားသုံးကုန်အချို့ရဲ့ကုန်စျေးနှုန်းများ
#စပါး တစ်တင်း ကျပ် ၅၀၀၀၀
#စားဆီ ဆယ်ပိဿာ တစ်ပုံး ကျပ် ဆယ်သိန်းခန့်
(၁၀၀၀၀၀၀)
#ဆားတစ်ပိဿာ ကျပ် ခြောက်ထောင်
#Gas မီးခြစ်တစ်လုံး ကျပ် ငါးထောင်
#ကွမ်းသီးတစ်ပိဿာ ကျပ် တစ်သိန်းငါးသောင်း
#ကွမ်းရွက်တစ်ဆယ်သား ကျပ်ငါးထောင်
#ဆေးလိပ်(ဖက်ကြမ်း) တစ်စည်း ကျပ် နှစ်သောင်းငါးထောင် စသဖြင့် အသီးသီးစျေးပေါက်နေကြောင်းသိရပါတယ်။
ရွှေထီးခန်းမက စခ၊ပခ တွေဟာ အခုလတ်တလောအခြေအနေမှာညဖက် လ-က်-န-က်-ကြီးများရမ်းသမ်းထုနေတာကလွဲရင် စစ်ကြောင်းမထွက်ငြိမ်နေလျက်ရှိကာ မြို့စွန်တွေကို ကင်းပုန်းများအထူးကြပ်မတ်ချထားလျက်ရှိကြောင်းလည်းသိရပါတယ်။
#ထီးလင်းမြို့တွင်းက Non Cdm များ၊စခ၊ရခ၊ပခ များအမြန်အလင်းဝင်ကြပါ
#မြို့တွင်းကိုရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများရပ်တန်းကရပ်ကြပါ
#မိဘပြည်သူများနဲ့မြို့နားနီးကျေးရွာများက ပြည်သူများစစ်ရေးသတိအမြဲရှိနေပေးကြပါ။
@မင်းဒဿ
ယောအလင်းတန်း
MRSN
Jan 24 , 1:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot