ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Magway Regional Scout Network (YU ATARASHI)
ခိုးကြောင် ခိုးဝှက်နဲ့ မြို့တွင်းက စခ၊ရခ၊ပခ များထံ ရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများ ရပ်တန်းကရပ်ကြပါ

24.1.2024 ၊ထီးလင်း

စခ၊ရခ၊ပခ၊Non Cdm များနဲ့အိုးအိမ်စည်းစိမ်ကိုဖက်တွယ်နေတဲ့ပြည်သူအချို့သာကျန်ရှိနေတော့တဲ့ ထီးလင်းမြို့တွင်းသို့ အနီးနားကျေးရွာတွေက မ-သ-မာ-လောဘနဲ့မောဟပွားကာ ဘောမပြီး ဆန်၊ဆီ၊ဆား၊ဆေးလိပ်၊ကွမ်းယာပစ္စည်းစသဖြင့်ရိက္ခာများကို ပို့ဆောင်ရောင်းဝယ်ဖောက်ကားနေကြတဲ့ လူအချို့ရှိနေကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များထံကသိရပါတယ်။စခ၊ရခ၊ပခ များကို ဒေသခံကာကွယ်ရေးအဖွဲ့များက ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ထားခဲ့သည်မှာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ မြို့တွင်းမှာ ရိက္ခာလိုအပ်ချက်ကြီးကြီးမားမားဖြစ်ပေါ်နေသည်ကိုအခွင့်ကောင်းယူကာ ​မြို့နီးနားကျေးရွာများက လူတချို့ဟာ အမြတ်ကြေးငွေများရယူလျက် ပို့ဆောင်ရောင်းဝယ်နေသည်ကိုတွေ့ရှိနေရကြောင်းနဲ့ လက်ပူးလက်ကြပ်ဖမ်းမိပါက ထိရောက်စွာအရေးယူမည့်အကြောင်းကိုလည်း ယခင်ကတည်းကသတိပေးတားမြစ်ထားကြောင်း ထပ်မံသတိပေးပြောကြားလာပါတယ်။

ယနေ့ ထီးလင်းမြို့ပေါ်မှာ အခြေခံ စားသုံးကုန်အချို့ရဲ့ကုန်စျေးနှုန်းများ

#စပါး တစ်တင်း ကျပ် ၅၀၀၀၀
#စားဆီ ဆယ်ပိဿာ တစ်ပုံး ကျပ် ဆယ်သိန်းခန့်
(၁၀၀၀၀၀၀)
#ဆားတစ်ပိဿာ ကျပ် ခြောက်ထောင်
#Gas မီးခြစ်တစ်လုံး ကျပ် ငါးထောင်
#ကွမ်းသီးတစ်ပိဿာ ကျပ် တစ်သိန်းငါးသောင်း
#ကွမ်းရွက်တစ်ဆယ်သား ကျပ်ငါးထောင်
#ဆေးလိပ်(ဖက်ကြမ်း) တစ်စည်း ကျပ် နှစ်သောင်းငါးထောင် စသဖြင့် အသီးသီးစျေးပေါက်နေကြောင်းသိရပါတယ်။

ရွှေထီးခန်းမက စခ၊ပခ တွေဟာ အခုလတ်တလောအခြေအနေမှာညဖက် လ-က်-န-က်-ကြီးများရမ်းသမ်းထုနေတာကလွဲရင် စစ်ကြောင်းမထွက်ငြိမ်နေလျက်ရှိကာ မြို့စွန်တွေကို ကင်းပုန်းများအထူးကြပ်မတ်ချထားလျက်ရှိကြောင်းလည်းသိရပါတယ်။

#ထီးလင်းမြို့တွင်းက Non Cdm များ၊စခ၊ရခ၊ပခ များအမြန်အလင်းဝင်ကြပါ

#မြို့တွင်းကိုရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများရပ်တန်းကရပ်ကြပါ

#မိဘပြည်သူများနဲ့မြို့နားနီးကျေးရွာများက ပြည်သူများစစ်ရေးသတိအမြဲရှိနေပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Jan 24 ,  1:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot