ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
စ-စ်အုပ်စုရဲ့ ရှေ့ပွိုင့်ကာကင်းများ အောင်ချမ်းသာရွာနားထိ ရောက်လာ

30.10.2025 ၊ကလေးတောင်ပိုင်း

အင်အားအလုံးအရင်းနဲ့ ထိုးးစစ်ဆင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက စစ်ကြောင်းဟာ ယနေ့ညမှာ ချောင်းခွရွာမှာ ညအိပ်ရပ်နားနေတယ်လို့သိရပါတယ်။

ရှေ့ပွိုင့်ကာကင်းအချို့ကတော့ ချောင်းခွရွာရဲ့တောင်ဖက် အောင်ချမ်းသာရွာအနီးအထိ ရောက်ရှိနေကြပြီဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောပါတယ်။

ဤပုံအတိုင်းဆိုလျှင် အောင်ချမ်းသာရွာကို အချိန်မရွေးစစ်ကြောင်းဝင်ရောက်နိုင်ပါတာကြောင့် ဟဲလုပ်ရွာအပါဝင် အနီးနားကျေးရွာက ပြည်သူများကြိုတင်သတိထားဖို့လိုအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct 30 , 8:26PM

#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
တံတားဦး - မန္တလေးတိုင်း

7:50pm(7 Oct)

တံတားဦး လေတပ်မှ စစ်ထောက်ပို့တိုက်ခိုက် Y-12 (1) စီး အနောက်တောင်ဘက်သို့ ပျံတက်။

 မန်း မကွေး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
⚠️ပေါက်

(7:30)PMအချိန်ပေါက်နယ်အရှေ့တောင်ပိုင်းသို့ဝင်ရောက်နေစစ်ကြောင်းသည် ရိုးကြီးစာသင်နားတဖွဲ့၊စက္ကူပန်းပင်နဲ့ကိုလှမြင့်အိမ်မှာတဖွဲ့၊ရှားပင်ရေရွာအနောက်ဘက် ကျစ်လိမ်ကွေ့နားရေနံမှော်ဟောင်းနားတဖွဲ့၊ကန်တောရွာ စခန်းဟောင်းမှာတဖွဲ့၊စခန်းသစ်နားတဖွဲ့၊နေခွဲတပ်ဖြန့်ထားပြီး ပြည်သူပိုင်၊ကြက်၊ဝက်၊များကို ချက်ပြုတ်စားသောက်နေကြောင်း သတင်းရရှိပါတယ်
သို့ဖြစ်ပါ၍
ပုတီးရွာ၊ချက်ကန်ရွာနဲ့ရန်ကင်းရွာရှိ မိဘပြည်သူများ ကြိုတင်ပြင်ဆင်နိင်ကြစေရန် အသိပေးအပ်ပါတယ်

ပေါက်နယ်အရှေ့တောင်ပိုင်းသို့ဝင်ရောက်နေသော စစ်ကြောင်းသည် ရိုးကြီး ဦးမြင့်နွယ်အိမ်နဲ့အနီးနားအိမ်တွေမှာပဲ တပ်ဖြန့်ပြီး ဒီည ချက်ပြုတ်စားသောက်ကြောင်း သတင်းရရှိပါတယ်

အနီးနားရှိ မိဘပြည်သူများ သိရှိစေရန်

#နတ်ဆိုး
MRSN
Oct 30 , 8:30PM


မကွေးတိုင်း ပေါက်မြို့နယ်


ပေါက်မြို့နယ် အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများဖြင့်တောင်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်းသိရ..။


#MRSN
Oct -30,10:04 PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
#UpdateNews
30.10.2025 / 31.10.2025

မနေ့ကမနက်ပိုင်းက ပခုက္ကူမြို့နယ် တဲကုန်းရွာကိုဝင်ရောက်ခဲ့တဲ့ အင်အား 300 ခန့်ပါ
စစ်ကောင်စီတပ်တွေဟာ
နေ့လည်ပိုင်းမှာ ကန်တော်ရွာကို ဝင်ရောက်ခဲ့ပြီး
ကန်တော်ရွာကနေတစ်ဆင့် ညနေ 6:30 ဝန်းကျင်မှာ
ညောင်ဂျစ်ပင်ရွာကို အင်အားနှစ်ရာခန့်
ဖောင်ကျောင်းရွာကို တစ်ရာခန့်
ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

မနေ့ကမနက် 10:00 ကျော်ခန့်က ပခုက္ကူမြို့နယ်
ညောင်ဂျစ်ပင်ရွာကနေထွက်လာပြီး
ဖောင်ကျောင်းရွာ ဘုန်းကြီးကျောင်းကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ညဦးပိုင်းအချိန်ထိ
အဲ့ဒီမှာပဲ ရှိနေတယ်လို့ သိရပါတယ်။

ဆိတ်ဖြူကပစ 22 က ထွက်လာတဲ့
စစ်ကောင်စီတပ်တွေဟာ
ကန်တောရွာကနေတစ်ဆင့် ရှားပင်ရေရွာကို
ရောက်ရှိခဲ့ပြီး ညဦးပိုင်းအချိန်ထိ
အဲ့ဒီရွာနဲ့ အနီးပတ်ဝန်းကျင်မှာပဲ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာပျူစခန်းကို
မိတ္ထိလာလေတပ်မှ Y 8 စစ်ထောက်ပို့လေယဉ်ဖြင့်
မနေ့ကနေ့လည် ( 12:00 / 1:00 ) ဝန်းကျင်က
ရိက္ခာနဲ့ ခဲယမ်းများ ချပေးသွားတယ်လို့
သိရပါတယ်။

မနေ့ကညနေ 3:56 / 3:57 အချိန်က
မြိုင်မြို့နယ်မြောက်ပိုင်း
ကံကြီးရွာနဲ့ အုပ်ဖိုရွာအကြားအား
ပခုက္ကူတပ်မ 101 မှ စက်တပ်လေထီးနှစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့
သိရပြီး
ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို
မသိရပါ။

ချစ်သော အညာမြေ . ( We Love Myaing )
#MRSN
Oct 31 , 2:30AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
AS-365(Eurocopter)

စကစ အကြီးပိုင်းများသွားလာရေး၊ လူနာ၊ပစ္စည်း သယ်ပို့၊အရေးကြီးကိစ္စရပ်များတွင်အသုံးပြုသည်။

နေ့ညမရွေး၊ရာသီဉတု​မရွေး သွားလာလှုပ်ရှားနိုင်သည်။ ပစ်ခတ်ဗုံးကြဲနိုင်ရန် ပြင်ဆင်ထားခြင်းမရှိသလို၊ ပစ်ခတ်ဗုံးကြဲသည့်အထောက်အထားလည်း မရှိသေးပါ။

ကိုယ်ထည်အဖြူရောင်နှင့် ဗိုက်အပြာရောင်ဖြစ်သည်။ ရှေ့ထိပ်ချွန်သည်။ ​ေနာက်မြီးတိုသည်။ အမြီးတွင်အဝိုင်းပါနေသည်က ထူးခြားချက်ဖြစ်သည်။ အသံကျယ်ပြီး အခြားရဟတ်ယာဥ်များနှင့် အနည်းငယ်ကွဲသည်။

အာဏာသိမ်းကာလအတွင်း ကရင် ပြည် နယ်နှင့် မှော်ဘီလေတပ်အနီးတွင် (2) စီးပျက်ကျခဲ့သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
လေကြောင်းသတင်းချန်နယ်
မကွေးတိုင်း ပေါက်မြို့နယ်


ပေါက်မြို့နယ် အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများဖြင့်တောင်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်းသိရ..။
Update (လေးကြိမ်မြောက် ရမ်းသမ်းပစ်ခတ်)

#MRSN
Oct -31,6:25 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
🔴 ပေါက် 🔴

​ပေါက်နယ် တနေရာသို့ မကွေးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့​ဗုံးကြဲလေယာဉ် ၁စီး ဖြင့် (6:24) AM ခန့်အချိန်မှ စတင်ပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်းသိရပါသည်။

#WaiHin #AS
Oct 31,7:26 AM
📫သတင်းပို့ရန်
@WaiHinScout_Bot
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ဖေါင်ကျောင်းရွာဘုန်းကြီးကျောင်းရောက်ရှိစခစစ်ကြောင်းမှ အနောက်ဘက်သို့စတင်ထွက်ခွာနေကြောင်းသိရ။
(6:38AM)

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰

#MRSN
Oct -31, 7:32 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
မကွေးတိုင်း ပေါက်မြို့နယ်


ပေါက်မြို့နယ် အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများဖြင့်တောင်အရပ်သို့ ထပ်မံရမ်းသမ်းပစ်ခတ်နေကြောင်းသိရ..။


#MRSN
Oct -31,8:14 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
🔴 ပေါက် -မကွေးတိုင်း

11:22am(31Oct)

တံတားဦးလေတပ်တက် Jet Fighter(1) စီး ပေါက်နယ်ပေါ်ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
စ-စ်အုပ်စုစစ်ကြောင်း ကလေးနယ်တောင်ပိုင်းက ကမ်းပါးနီ ကိုဦးတည်လာနေ

၁၁ လပိုင်းအတွင်း ဂန့်ဂေါမြို့ကို ရောက်ရန် ခရီးပြင်းးချီတက်နေ

31.10.2025 ၊ကလေး-ဂန့်ဂေါ

ယမန်နေ့ညက အောင်ချမ်းသာရွာမှာ ညအိပ်ရပ်နားတဲ့ အင်အား ၂၀၀ ကျော်ပါ အကြမ်းးဖ-က် မီးးရှို့ စစ်ကြောင်းဟာ ယနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း ဟဲလုပ်ရွာနဲ့ခွေကျိန်ရွာကိုဖြတ်ကာ ကမ်းပါးနီစခန်းဖက်ကိုဦးတည်ရွေ့လျားလာနေပြီလို့သိရပါတယ်။

ထိုစစ်ကြောင်းဟာ ထိုမာ GTC ကနေ ယခုအောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ တောင်ဖက် ကလေး-ဂန့်ဂေါ အာရှလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးးလာခဲ့တာဖြစ်ပါတယ်။စစ်ကြောင်းဝင်ရောက်ရာ ကျေးရွာအားလုံးနီးပါးက လူနေအိမ်များကိုလည်း မီးးရှို့ ဖျ-က်ဆီးး ပစ္စည်းခိုးးယူတာတွေလုပ်ပါတယ်။

လာရာလမ်းတောက်လျှောက်မှာလည်း ဒေသခံပြည်သူ့တော်လှ-န်ရေး အဖွဲ့များနဲ့ နေ့သဥ် ထိတွေ့တို-က်ပွဲများလည်းဖြစ်ပေါ်ခဲ့ပါတယ်။ယမန့်နေ့က နတ်ချောင်းရွာနဲ့ နတ်မြောင်းရွာတွေဖက်မှာ ထိတွေ့တို-က်ပွဲ အချိန်အတော်ကြာဖြစ်ပွားခဲ့ပြီး စ-စ်အုပ်စုဖက်က အများအပြား ​ထိ ခို-က် ​ေ သဆုံးမှုတွေရှိတယ်လို့ စစ်သတင်းရင်းမြစ်ကပြောပါတယ်။ ထိ ခို-က်​ေ သဆုံးး၊ဒ-ဏ်ရာရ စစ်သည်များကို ဖောကားတစ်စီးနဲ့တင်ဆောင်ပြီး ထိုမာရွာဖက်ကိုပို့ဆောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောပါတယ်။

ကလေးစစ်ကြောင်း စစ်ကြောင်းထိုးးရာမှာ အချိန်ဆွဲမနေဘဲ မြန်မြန်ဆန်ဆန်ဖြင့် ခရီးပြင်းးနှင်နေတဲ့အနေအထားကိုတွေ့ရပါတယ်။စစ်ကြောင်းဟာ လာမည့် ရွေးကောက်ပွဲအမီ နိုဝင်ဘာလအတွင်း မကွေးတိုင်း၊ဂန့်ဂေါမြို့ကိုအရောက် သွားရမှာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲကာလအတွက် ဂန့်ဂေါမြို့နဲ့၅ မိုင်ပတ်လည်ကို နယ်မြေရှင်းးလင်းးရေးလုပ်ဆောင်ရမှာ ဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။

#စစ်ကြောင်းကြောင့် ကလေး-ဂန့်ဂေါ ကားလမ်းမကြီးအတွင်းက ကျေးရွာ ၁၀ ရွာထက်မနည်းက ပြည်သူတစ်သောင်းကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးးတိမ်းးရှောင်နေကြရပါတယ်။

မိဘပြည်သူများနဲ့ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးဘေးဝဲယာကျေးရွာနေပြည်သူများ ကြိုတင်ပြင်ဆင်သတိထားပေးကြရန်နဲ့ ရိက္ခာ လိုလို့ နောက်တခေါက်ရွာပြန်မယူရအောင် စီစဥ်ထားကြရန်လိုအပ်ပါတယ်။ရောက်ရာရွာကို မီးးရှို့၊ခိုးးယူတတ်တာကြောင့် မိမိရဲ့အရေးကြီးပစ္စည်းများကိုပါ ကြိုတင်စီစဥ်ထားကြရန်လည်းလိုအပ်ပါတယ်။


စ-စ်အုပ်စု မီးးရှို့စစ်ကြောင်း သံဖိုရွာကို ဝင်ပြီ

31.10.2025၊ ကလေးတောင်ပိုင်း

ယနေ့အောက်တိုဘာလ ၃၁ ရင်နေ့ ကလေးမြို့နယ်တောင်ပိုင်း အောင်ချမ်းသာရွာကနေစထွက်ခဲ့တဲ့ အကြမ်းးဖ-က် မီးးရှို့ စစ်ကြောင်းဟာ ယနေ့ ၁၁ နာရီ ၂၂ မိနစ်ခန့်မှာ သံဖိုရွာကို စတင်ဝင်ရောက်နေပြီလို့သိရပါတယ်။

လတ်ရှိ ​​စစ်ကြောင်းဟာ ကမ်းပါးနီစခန်းကို လျင်မြန်စွာဦးတည်သွားလာနေတာဖြစ်ပြီး ၎င်းစခန်းမှာ ခေတ္တရပ်နားကာ ဂန့်ဂေါနယ်ဖက်ကိုဆက်လက် ထိုးးစစ်ဆင်လာနိုင်ပါတယ်။

မိဘပြည်သူများနဲ့ အနီးနားကျေးရွာကပြည်သူများ ကြိုတင်သတိထားနေထိုင်ပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct -31, 11:36 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
Forwarded from WES Inform
⚠️မြေပြင်

ပခုက္ကူ မကွေးတိုင်း

ညောင်ဂျစ်ပင်(ပျူ)ရွာမှ ထွက်လာသော စကစ စစ်ကြောင်းသည် ထန်းစုချောင်းဘုန်းကြီးကျောင်းမှတဆင့် ကန်တော်ရွာသို့ ရောက်ရှိသွားပြီးဖြစ်ကြောင်း သတင်းရရှိ။

#WES
12:20pm,Oct 31
🔴ပေါက်- မကွေးတိုင်း

2:05pm(31 Oct)

တံတားဦးလေတပ်တက် Jet Fighter (1) စီး ပေါက်နယ်ပေါ် ပျံဝဲနေ။(2 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ပေါက်-မကွေးတိုင်း

2:26pm (31 Oct)

မုံရွာနမခတက် Gyrocoptor (2)စီး ပေါက်နယ်ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
🔴ပေါက်-မကွေးတိုင်း

2:55pm (31 Oct)

မ‌ကွေးလေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် Y-12(1)စီး ပေါက်နယ် ပေါ် ပျံဝဲနေ။(2 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
🔴 ပေါက်-မကွေးတိုင်း

3:11pm (31 Oct)

မ‌ကွေးလေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် Y-12(1)စီး ပေါက်နယ် ပေါ် ပျံဝဲနေ။(7 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
⚠️မြေပြင်

ပုလဲ စစ်ကိုင်းတိုင်း

ပုလဲနယ် အင်မထီး(ပျူ)ရွာမှ စကစ စစ်သား ၇၀ခန့် ပုလဲနယ် မင်းတိုင်းပင်ကျေးရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#WES
2:30pm,Oct 31
MIG-29 (Jet Fighter)

Coup အစမှသည် ပြည်သူကိုလေကြောင်းဖြင့် တိုက်ခိုက်ဗုံးကြဲမှုများတွင် YAK-130 နည်းတူအများဆုံး တိုက်ခိုက်ဗုံးကြဲခဲသည့် ဂျက်ဖိုက်တာအမျိုးအစားဖြစ်သည်။

နေ့ညမရွေး၊ရာသီဉတု​မရွေး သွားလာလှုပ်ရှားနိုင်သည်။ တောင်ပံအောက်တွင်ဗုံး၊ ဒုံးကျည်ချိတ်ဆွဲထားသည်။ စက်သေနတ်နှင့်မြေချဗုံးများလည်းတပ်ဆင်ထားနိုင်သည်။ ပေါင် 1000 ဗုံး(1)လုံး၊ 500 ဗုံး(2)လုံးချိတ်ဆွဲနိုင်သည်။အနီ အောက်ရောင်ခြည်အာရုံခံစနစ်၊ ရေဒါစနစ်၊ကာ ကွယ်ရေးစနစ် အလွန်ကောင်းမွန်သည်။ပစ်မှတ်ကိုသေချာချိန်ရွယ်ပစ်လေ့ရှိသည်။ လေထဲတွင်(3)နာရီကြာမောင်းနှင်နိုင် သည်။

မိုးပြာရောင်ပြောက်ကျားနှင့် ဗိုက်အပြာရောင်ဖြစ်သည်။ အပေါ်ဦးခေါင်းပိုင်းငှက်နှုတ်သီးပုံစံရှိသည်။ လည်ပင်အောင်ခြေ ဦးမော့နေသည့်ပုံရှိသည်။ Body အနည်းငယ်ရှည်သည်။ အမြီးနှစ်ခွနှင့် တောင်ပံမှာငှက်တောင်ပံလို အနောက်ကိုယိမ်းပြီး မြေပြင်မှကြည့်လျင်သိသာသည့်အချက်ဖြစ်သည်။ တွေမြင်ရလျင်အမြန်ဆုံးသတင်းပို့ရန်လိုသည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။(လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
လေကြောင်းသတင်းချန်နယ်
YAK-130 (Jet Fighter)

Coup အစမှသည် ပြည်သူကိုလေ ကြောင်းဖြင့် တိုက်ခိုက်ဗုံးကြဲမှုများတွင် ကြိမ်ရေအများဆုံးပါဝင်သည့် ဂျက်ဖိုက်တာအမျိုးအစားဖြစ်သည်။

နေ့ညမရွေးသွားလာနိုင်သည်။ တောင်ပံအောက်တွင်ဗုံး၊ ဒုံးကျည်ချိတ်ဆွဲထား သည်။ စက်သေ နတ်နှင့်မြေချဗုံးများလည်းတပ်ဆင်ထားနိုင်သည်။ ပစ်မှတ်ကိုသေချာချိန်ရွယ်ပစ်လေ့ရှိသည်။ လေထဲ သုံးနာရီကြာမောင်းနှင်နိုင်သည်။

မိုးပြာရောင်ပြောက်ကျားနှင့် ဗိုက်အပြာရောင်ဖြစ်သည်။ အပေါ်ဦးခေါင်းပိုင်းအခုံးပုံစံရှိသည်။ Body အနည်းငယ်တိုသယောင်ရှိသည်။ တောင်ပံနှင့်အမြီးအောက်ပိုင်းသည် မျဥ်းဖြောငိပုံအတန်းလိုက်ဖြစ် သည်။မြေပြင်မှကြည့်လျင်သိသာသည့်အချက်ဖြစ်သည်။ တွေမြင်ရလျင်အမြန်ဆုံးသတင်းပို့ရန်လိုအပ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
လေကြောင်းသတင်းချန်နယ်