ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
နှစ်စဥ်စက်တင်ဘာလဆန်းကနေ အောက်တိုဘာ လကုန်ဟာသူတို့ဆင်းလာတဲ့ရာသီပါ။ ဧပြီဆိုရင် ပြန်သွားတတ်ကြပါတယ်။ သူတို့နိုင်ငံတွေရဲ့စစ်တမ်းတွေအရ ကမ္ဘာတောင်ပိုင်းကို ဆင်းသွားတဲ့အကောင်ရေထက် ပြန်ရောက်လာတဲ့ အကောင်ရေဟာ နည်းသွားတယ်လို့ဆိုပါတယ်။ လမ်းတလျောက်သူတို့နားခိုတဲ့စားကျက်ဝန်းကျင်ကသူတွေ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေခံခဲ့ရပါတယ်။ သူတို့ဘယ်နိုင်ငံရောက်တယ်၊ ကီလိုမီတာဘယ်လောက်ထိပျံသန်းခဲ့တယ်ဆိုတာ သုတေသန ပညာရှင်တွေက မှတ်တမ်းယူဖို့ အချို့အကောင်တွေကို  စက်ကိရိယာလေးတွေ GPS လေးတွေချိတ်ပေးလိုက်တတ်ပါတယ်။

မြန်မာကိုလာရောက်ဆောင်းခိုတဲ ငှက်တွေက
ရေဘဲ၊ စာဝါကျား၊ ရေညှောင့်နှုတ်ဝိုင်း၊ နှုတ်တိုရှဘ်ငှက်၊ နော်မန်ခြေစိမ်းငှက်၊ ဒေါင်းလန်းခြေထောက်၊ ရေကြက်ဒုံ စသဖြင့်ရှိပါတယ်။  ဒီထဲမှာအရှားပါးဆုံက ရေညောှာင့်နှုတ်ဝိုင်းငှက်ဟာ တကမ္ဘာ လုံးမှာမှကောင်ရေ 300 လောက်ပဲကျန်ပါတော့တယ်။

မြန်မာပြည်မှာ ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေ Ramsar Site (အရေးကြီးရေတိမ်ဒေသ) တွေ သတ်မှတ်ထားပါတယ်။
(1)မုတ္တမပင်လယ်ကွေ့( မွန်ပြည်နယ်)
(2)အင်းတော်ကြီးကန်(ကချင်ပြည်နယ်)
(3)မိုးယွန်းကြီးအင်း(ပဲခူးတိုင်း)
(4)နံသာကျွန်း(ရခိုင်ပြည်နယ်)
(5)မိန်းမလှကျွန်း(ဧရာဝတီတိုင်း)
(6)အင်းလေးကန်(ရှမ်းပြည်နယ်) တို့ဖြစ်ပါတယ်။

ရခိုင်ပြည်နံ့သာကျွန်းမှ  Spoon-billed Sandpiper(ရေညှောင့်နှုတ်ဝိုင်းငှက်တွေလာတာများပါတယ်) ရှားပါမျိုးစိတ်ဖြစ်နေလို့ တွေရင်မသတ်ကြဖို့ ပြောလိုပါတယ်။

2000 ပြည့်လွန်နှစ်များဆီက အခြေခံပညာကျောင်းများမှာ Iran နိုင် Ramsar Association နဲ့ Myanmar Birds and Nature Society တို့ ပူးပေါင်းပြီး ကလေးဘဝထဲက ငှက်ကလေးတွေအကြောင်းသိဖို့၊ ငှက်လေးတွေကိုချစ်တတ်ဖို့ ထိန်းသိမ်းဖို့ ပညာပေးဟောပြော အစီးအစဥ်တွေလုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ မြန်မာ နိုင်ငံအနှံသွားပြီး ငှက်ဝါသနာရှင်တွေနဲ့ အပျော်တမ်းလေ့လာရေးအဖွဲ့တွေ ၊ပညာရှင်တွေပေါင်းပြီး  Bird Watching Trip တွေ လုပ်ခဲ့ကြပါတယ်။အနာဂတ်ကိုယ့်နိုင်ငံရဲ့ Eco-Tourism လုပ်ငန်းတခုအဖြစ်အောင်မြင်နိုင်မယ် ရေပျော်ဆောင်းခိုငှက်ကလေးတွေ ရှားပါးမျိုးစိတ်ငှက်တွေကိုတွေ့ရင်မသတ်ပဲ ထိန်းသိမ်းပေးသင့်ပါတယ်။-----။

#WES (Micchan)
လေကြောင်းသတင်းချနိနယ်
⚠️ပခုက္ကူ

ရေမျက်ရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ ညောင်ဂျစ်ပင်ပျူရွာသို့ပြန်လယ်ဝင်ရောက်သွားကြောင်းသိရ.(8:03)AM

⚠️ပေါက်နယ်အရှေ့တောင်ပိုင်း ရေထွက် ကျေးရွာ မှာညအိပ်နားခဲ့တဲ့ အကြမ်းဖက် စကမ စစ်ကြောင်းခန့်မှန်း၁၇၀ ခန့်ဟာ ပေါက် ဆိတ်ဖြူ လမ်းအတိုင်း မြောက်အရပ် ကိုထွက်ခွာလာပီး ပေါက်တောင်ပိုင်း ကန်တောရွာ အနီး သို့ရှေ့ပြေးများရောက်ရှိနေဟုသိရ.

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
MRSN
Oct 30 , 8:30AM


မကွေးတိုင်း ပေါက်မြို့နယ်


ပေါက်မြို့နယ် အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေကြောင်းသိရ..။


#MRSN
Oct -30,9:35 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
30.10.2025

မနေ့ညက ကမ္မဒေသ ရေမျက်ရွာမှာ ညအိပ်ခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 8:00 ဝန်းကျင်မှာ
ညောင်ဂျစ်ပင်ရွာကို ပြန်ဝင်သွားတယ်လို့ သိရပြီး
9:50 ဝန်းကျင်မှာ
ညောင်ဂျစ်ပင်ရွာကနေ အရှေ့မြောက်ဘက်ကို
ဦးတည်ထွက်လာတယ်လို့ သိရပါတယ်။

ယနေ့မနက်စောက ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာအနီးက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေက
9:00 ကျော်ခန့်မှာ တဲကုန်းရွာကို ရောက်ရှိခဲ့ပြီး
10:00 ဝန်းကျင်မှာ ကန်တော်ရွာတောင်ဘက်ကို
ရောက်နေတယ်လို့ သိရပါတယ်။

ဆိတ်ဖြူ ကပစ 22 ကထွက်လာပြီး
မနေ့ညက ဆိတ်ဖြူ / ပေါက်နယ်အစပ် ရေတွက်ရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 8:00 ကျော်လောက်မှာ
ဆိတ်ဖြူ / ပေါက် လမ်းအတိုင်း မြောက်ဘက်ကို
ဦးတည်ရွေ့လျားနေတယ်လို့ သိရပါတယ်။

မိဘပြည်သူများ စစ်ကြောင်းသတင်းများကို
နားစွင့်ပြီး သတိဝရိယနဲ့ နေထိုင်ကြပါရန်။

ချစ်သော အညာမြေ .
#MRSN
Oct -30, 10:25 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်


ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူခွေးခြံမှအရှေ့မြောက်အရပ်သို့ထွက်လာသော စစ်ခွေး/ပျူခွေး များသည် ဖောင်ကျောင်းရွာ၏အရှေ့ဘက်သို့ ရောက်ရှိနေကြောင်းသိရ..။

# အလင်းတန်းဌာနေ
#PKK News
Oct -30, 10:10AM


ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ဖောင်ကျောင်းရွာ၏ အရှေ့ဘက်သို့ ရောက်ရှိနေသော ညောင်ဂျစ်ပင်ပျူခွေးခြံမှထွက်လာသည့် အကြမ်းဖက် စစ်ခွေး/ပျူခွေးစစ်ကြောင်းသည် ဖောင်ကျောင်းရွာ ဘုန်းတော်ကြီးကျောင်းထဲသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

# အလင်းတန်းဌာနေ
#PKK News
Oct -30, 10:18AM

#MRSN
Oct -30, 10:29AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
30.10.2025

ယနေ့မနက် 9:50 ဝန်းကျင်က ကမ္မဒေသ
ညောင်ဂျစ်ပင်ပျူစခန်းက ထွက်လာတဲ့
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းနှစ်ခုခွဲပြီး
10:20 ဝန်းကျင်မှာ ဖောင်ကျောင်းရွာဘုန်းကြီးကျောင်းကိုတစ်ဖွဲ့
ဇီးပင်ကံရွာအနီးကို တစ်ဖွဲ့
ရောက်နေတယ်လို့ သိရပါတယ်။

We Love Myaing.
#MRSN
Oct -30, 10:44AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ဆိပ်ဖြူ ⚠️

ဆိပ်ဖြူ ကပစ ၂၂ကမှ ထွက်လာသော ခွေးကား ၁၀စီး သည် မုန်တိုင် ချောင်းသို့ရောက်ရှိနေကြောင်း သတင်းရ။

#MRSN
Oct 30, 11:03 AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
🔴 မြဝတီ - ကရင်ပြည်နယ်

1:00pm(30Oct)

မြဝတီမြို့နယ်ပေါ် စစ်ထောက်ပို့ တိုက်ခိုက် Y-12(1)စီး ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
မြိုင်-မကွေးတိုင်း

1:08pm(30 Oct)

စစ်ထောက်ပို့ Y-8 (1)စီး မြိုင်မြောက်ပိုင်းပေါ်ပျံဝဲနေ။ (4ကြိမ်မြောက်အထုပ်ချ)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
အကြမ်းးဖက်စ-စ်အုပ်စုက နတ်မြောင်းရွာကိုမီးးရှို့နေ

30.10.2025 ၊ကလေး

ယမန်နေ့ညက စည်သာရွာမှာ ညအိပ်ရပ်နားခဲ့ပြီး ယနေအောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာကိုဝင်ရောက်ခဲ့တဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းးဖက်စ- စ်အုပ်စု စစ်ကြောင်းဟာ ယခုအခါ ကျေးရွာတွင်းက ပြည်သူ့နေအိမ်များကို မီးးရှို့ ဖျ-က်ဆီးးနေကြတယ်လို့သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးဝဲ၊ယာအတိုင်း တောင်အရပ်ကိုဆက်လက်ကွေ့လျားနေတာကြောင့် ပြည်သူများကြိုတင်သတိထားနေထိုင်ပေးကြပါ။

ဓာတ်ပုံ- အကြမ်းးဖက်စ-စ်အုပ်စုက နတ်မြောင်းရွာကိုမီးးရှို့နေစဥ်

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct 30, 1:32 PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာအနီးမှထွက်လာသည့် အကြမ်းဖက် စကစ စစ်ကြောင်းဟာ ပခုက္ကူမြို့နယ် ကန်တော်ရွာမှတဆင့် အနောက်ရပ်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

# အလင်းတန်းဌာနေ
#PKK News
Oct -30, 12:35PM

#MRSN
Oct 30, 1:34PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ရွာမှ ထွက်လာသည့် အကြမ်းဖက် စကစ စစ်ကြောင်းဟာ ပခုက္ကူမြို့နယ် ပုတီးတွင်း အရှေ့ဘက်ရှိ တင်းကန်သို့ ရောက်ရှိနေဖြစ်ကြောင်း ထပ်မံသတင်းရရှိထားပါသည်။

# အလင်းတန်းဌာနေ
#PKK News
Oct -30, 1:35PM

#MRSN
Oct 30, 1:53PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
⚠️ပခုက္ကူ

တဲကုန်းရွာမှ ထွက်ခွာလာသော စခစစ်ကြောင်းမှ (ဒေသအခေါ် သင်ကန်) မှတဆင့်အနောက်မြောက်ဘက်သို့ထွက်ခွာနေကြောင်းသိရ..

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Oct 30 , 2:00PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
အကြမ်းးဖ-က်စ-စ်အုပ်စုက ကလေးနယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးးနေ

30.10.2025 ၊ကလေး

ယခုရက်ပိုင်းတွေမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် တောင်ပိုင်းကို စ-စ်အုပ်စုဖက်က စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးးနေတယ်လို့သိရပါတယ်။

ကျေးရွာတစ်ရွာကို ဝင်ရောက်တော့မည်ဆိုလျှင် စစ်ကြောင်း သုံးကြောင့်ခွဲကာ ကျေးရွာတွင်းကို ဝင်ရောက် မီးးရှို့ဖျ-က်ဆီးး ခိုးးယူမှုတွေပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

ယနေ့ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာကို မီးးရှို့နေတဲ့ စစ်ကြောင်းဟာ ယမန်နေ့ညကနေ နတ်မြောင်းရွာကို စည်သာရွာကတဆင့်ဝင်ရောက်လာတာဖြစ်တယ်လို့သိရပြီး အနီးနားရှိ နတ်ချောင်းရွာကို ယနေ့မနက်မှ အချို့တဝက် ဝင်ရောက်တာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။

"ကလေး-ဂန့်ဂေါ အာရှလမ်းမကြီးအတိုင်းက တဖွဲ့၊ လမ်းမကြီးအရှေ့ဖက်က တဖွဲ့နဲ့ ရွာအနောက်ဖက် တောင်ခြေဖက်ကတဖွဲ့ စုစုပေါင်း ၃ ဖွဲ့ခွဲ ပြီး လာကြတာပါ၊ လမ်းမကြီးအတိုင်းလာတဲ့စစ်ကြောင်းက ဟန်ပြ တယ်၊နောက်ပြီးဘေး ၂ ဖက် စစ်ကြောင်း ၂ ခုက ရွာကို ဝိုင်းညှပ်ပြီးမှ ဝင်ရောက်လာကြတာပါ " လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကြောင်းတွေဟာ လ-က်-န-က်ကြီးများ၊ဒ-ရုန်းးများနဲ့ စက်လတ်ခေါ် ငါးကြင်းမြီးများကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုပြီးမှ ကျေးရွာတွင်းတွေကို ဝင်ရောက် ဖျ-က်ဆီးးကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

ထိုနည်းတူ စ-စ်အုပ်စု တပ်ဖွဲ့ဝင်များကို ဝင်ရောက်ပြီးရွာများမှာလည်း နောက်ချန်အင်အားများ ချန်ထားခဲ့ကြပြီး သာယာကုန်းရွာ၊ထောက်ကြန့်ရွာနဲ့ စည်သာရွာတွေမှာပါ ကျန်ရှိနေခဲ့ကြောင်းသိရပါတယ်။

လက်ရှိအနေအထားမှာ စ-စ်အုပ်စုဖက်က ကလေးနယ်တောင်းရှိ ထိုမာ GTC မှာ စစ်သည်၊ရိက္ခာ၊ လ-က်-န-က်အင်အား အများအပြားပို့ဆောင်ထားကာ အခိုင်အမာ ခြေကုပ်ရယူထားတာလည်းဖြစ်တယ်လို့သိရပါတယ်။

ကလေး- ဂန့်ဂေါ အာရှလမ်းမကြီး ဘေးဝဲ၊ယာအတိုင်း တောင်ဖက် ကိုဆက်လက်ရွေ့လျားလာနိုင်ပါသဖြင့် မိဘပြည်သူများအနေနဲ့ ကြိုတင်သတိထားနေထိုင်ပေးကြဖို့လည်း လိုအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct 30 , 2:59PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
မြိုင်⚠️

ပခုက္ကူ တပ်မ ၁၀၁ တက်  Paramotor အင်ဂျင်တပ်လေထီး (2)စီး မြိုင်နယ် အနောက်ခြမ်းဖြတ်၍ အနောက်မြောက်အရပ်သို့ ပျံသန်း။

#Threestarsmyaing
3:43Pm
🔴မြိုင်- မကွေးတိုင်း

3:56pm(30 Oct)

ပခုက္ကူတပ်မ ၁၀၁တက် Paramotor (2) စီး မြိုင်နယ်ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
မိတ္ထီလာ - မန္တလေးတိုင်း

4:05pm(30 Oct)

မိတ္ထီလာလေတပ်မှ Jet Fighter   (1) စီး မြောက်ဘက်သို့ ပျံတက်။

 မန်း မကွေး ကချင် ရှမ်း  သတိပြု။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
မိတ္ထီလာ - မန္တလေးတိုင်း

4:25pm(30 Oct)

မိတ္ထီလာလေတပ်မှ တတိယ Paramotor (1)စီး   အနောက်‌တောင်ဘက်သို့ ပျံတက်။

မလှိုင် တောင်သာ နွားထိုးကြီးမြင်းခြံ နတ်မောက် ကျောက်ပန်းတောင်းသတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
နေပြည်တော် ⚠️

4:30pm(30 Oct)

နေပြည်တော်လေတပ်မှ Jet Fighter  (1) စီး အနောက်တောင် ဘက်သို့ ပျံတက်။

⚠️  ရခိုင် ပဲခူး ချင်း မကွေး ကရင် သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
စ-စ်အုပ်စုက နတ်ချောင်းရွာကို ဝင်ရောက်မီးးရှို့

30.10.2025 ၊ကလေး

ယမန်နေ့ညက နတ်မြောင်းရွာကိုဝင်ရောက်ညအိပ်ရပ်နားခဲ့ပြီး ယနေ့မှာ နတ်ချောင်းရွာဖက်ကိုဝင်ရောက်လာခဲ့တဲ့ စ-စ်အုပ်စုစစ်ကြောင်းဟာ နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်မှာ နတ်ချောင်းရွာက ပြည်သူ့လူ​နေအိမ်များကို မီးးရှို့ ဖျ-က်ဆီးးနေကြောင်းသိရပါတယ်။

အလားတူ ယနေ့ နေ့လည်အသောပိုင်းကလည်း အနီးနားနတ်မြောင်းရွာက လူနေအိမ်များကို မီးးရှို့ဖျ-က်ဆီးးပြီး ရိက္ခာပစ္စည်းများကိုခိုးယူခဲ့ကြကြောင်းသိရပါတယ်။

အဆိုပါစစ်ကြောင်းမှာ စစ်သည်အင်အား ၂၀၀ ကျော်ပါရှိတယ်လို့သိရပြီး ဝင်ရောက်ပြီးကျေးရွာတွေမှာပါ နောက်ချန်အင်အား ချန်ထားခဲ့တယ်လို့လည်းသိရပါတယ်။

အနီးနားကျေးရွာကမိဘပြည်သူများ စစ်ရေးးသတိအမြဲရှိနေပေးပြီး ကြိုတင်ပြင်ဆင်ကြရန် လိုအပ်ပါတယ်။


စစ်အုပ်စု စစ်ကြောင်း ချောင်းခွရွာကိုဝင်ပြီ

30.10.2025 ၊ကလေး

ယနေ့ နတ်ချောင်းရွာနဲ့နတ်မြောင်းရွာကို ဝင်ရောက်မီးးရှို့ခဲ့တဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ယခုအခါ တောင်ဖက်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွရွာကို ဝင်ရောက်နေကြပြီလို့သိရပါတယ်။

အခုရောက်နေတဲ့ ချောင်းခွရွာနေတဆင့် တောင်ဖက်ကိုသွားရင် ခုံတိုး- မြို့သာရွာ၊ကမ်းပါးးနီစခန်းဖက်ကို သွားနိုင်သလို၊ အနောက်ဖက်ကိုသွားရင် ဟားခါးလေးရွာဖက်ကိုသွားနိုင်တယ်လို့သိရပါတယ်။

အတည်ပြုဆဲသတင်းအရ စစ်ကြောင်းမှာ အင်အား ၂၀ ခနွပါရှိပြီး တောင်ဖက်မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ဟံသာဝတီရွာကမှတဆင့် အနည်းဆုံးတောင်ခင်ရန်းရွာအထိ ပြန်လည် တ-ပ်စွဲစခန်းထိုင် နိုင်ရန်နဲ့ ကလေး- ဂန့်ဂေါ ကားလမ်းမကြီးကို အားလုံးအပြည့်အဝ ထိန်းးချုပ်ရန်ဖြစ်တယ်လို့သိရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct 30 , 5:00PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ရွာမှ စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်လာသော အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာသို့ စစ်ကြောင်း (၁)ကြောင်းဝင်ရောက်သွားပြီး နောက်ထပ်စစ်ကြောင်း (၁) ကြောင်းမှာ ပခုက္ကူမြို့နယ် ဖောင်ကျောင်းရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိပါသည်။

အနီးအနားရှိ ပြည်သူများနှင့် တော်လှန်ရဲဘော်ညီအစ်ကိုမောင်နှမများအနေဖြင့် စစ်ခွေးများ၏လှုပ်ရှားမှုများကို သတိဝရိယရှိစွာဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါတယ်ဗျ။

# အလင်းတန်းဌာနေ
#PKK News
Oct -30, 6:45PM

#MRSN
Oct 30 , 7:14PM

#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot