ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
""ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ တောင်းဆိုမှုကို စစ်တပ်ဘက်က မတုံ့ပြန်""

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ တောင်းဆိုမှုကို စစ်တပ်ဘက်က မတုံ့ပြန်ဘူးလို့ ကိုထိန်လင်းက ပြောဆိုပါတယ်။

"ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ သူတို့ကိုတောင်းဆိုခဲ့ပါတယ် ။ ကျွန်တော့် မေမေ နဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်ဟာ မေမေ့ရဲ့ သားတယောက်ဖြစ်တယ်။ သားတယောက်ရဲ့အခွင့်အရေးကိုပေးပါ။ လူ့ဂုဏ်သိက္ခာကို အနည်းငယ်လေးပေးပါဆိုပြီး တောင်းဆိုခဲ့တယ်"လို့ ဆိုပါတယ်။

ဒီလိုတောင်းဆိုတာကို စစ်တပ်ဘက်က ဘာမှပြန်ပြောမလာတာကြောင့် အခုလို နေရာအနှံ့သွားပြီး ပြောဆိုနေတာဖြစ် ကြောင်း နိုင်ငံရေးသမားတယောက်အနေနဲ့ မ ဟုတ်ဘဲ၊ သားတယောက်အနေနဲ့ ပြောရတာဖြစ်ကြောင်း ပြောပါတယ်။

အခုလိုပြောဆိုတာတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုအောက်မှာ နေထိုင်နေရတဲ့ မြန်မာပြည်သူများအတွက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကမ္ဘာကြီးက မျက်ကွယ်ပြုနေပေမယ့် မြန်မာပြည်သူတွေအနေနဲ့ မျှော်လင့်ချက်တွေ မဆုံးရှုံးသေးကြောင်း သူတို့ရဲ့ သတ္တိနဲ့ စွမ်းအားက တရားမျှတမှု၊ လွတ်လပ်ခြင်းနဲ့ လူ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ဖို့ အားလုံးကို သတိ ပေးနေကြောင်း ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နဲ့ နိုင်ငံရေးအကျဉ်းသားအား လုံးလွတ်မြောက်ပြီး မြန်မာပြည်သူတွေအတွက် ကြောက် ရွံ့မှုကင်းလွတ်တဲ့နေ့ကို မရောက်မချင်း အေးအေးဆေး ဆေး နေနိုင်မှာမဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

#VOS

7Starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
 

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ