ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
တောင်ကြီးတွင် ရဲတပ်သား ထက်ကိုငြိမ်းက လူငယ်များကို အလုပ်ပေးမည်၊ အလည်ပို့ပေးမည်ဟုဆိုကာ စစ်တပ်ထဲသို့ ခေါ်သွင်း ၊ တောင်ကြီးထွေ/အုပ်က လစဉ် စစ်မှုထမ်းမည့် လူအရေအတွက် မပြည့်၍  လူကြိုစုဆောင်းရန် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြား

ဒီဇင်ဘာလ ၁၄ ရက်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ရဲတပ်သား ထက်ကိုငြိမ်းက လူငယ်များကို အလုပ်ပေးမည်၊ အလည်ပို့ပေးမည်ဟုဆိုကာ လိမ် လည်ပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းနှင့် စစ်ထဲသို့ သွင်းနေမှုများ လုပ်ဆောင်နေပြီး လူ ၂၀ ဦးထက်မနည်း လိမ်လည်ခေါ်ဆောင်ခံရကြောင်း  ခေါ်ဆောင်သွားခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိတ္ထီလာမြို့ အမှတ် ၃၅ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား ထက်ကိုငြိမ်းဆိုသူသည် တောင်ကြီးမြို့၊ အေးသာယာသို့ ရောက်ရှိလာပြီး လူငယ်များကို အလုပ်အကိုင်ပေးမည်၊ အလည်သွားကြမည်ဟုဆိုကာ စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းခြင်း၊ တပ်သားသစ်တချို့ကို နေပြည်တော်ရှိ စစ်သား စုဆောင်းရေးတပ်ထံသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်ကြောင်း၊ရဲတပ်သား ထက်ကိုငြိမ်းက လူငယ်များကို ရင်းနှီးအောင် လုပ်ဆောင်ကြောင်း၊ ယင်းနောက် လစဉ်  လူငယ် ၆ ဦးခန့်ကို မြို့ကြီးများတွင် အလုပ်ရှာပေးမည်ဟုဆိုကာ တပ်သားသစ်စုဆောင်းခြင်းဖြစ်ကြောင်း၊ နေပြည်တော်နှင့် အခြားမြို့ကြီးများသို့ တပ်သားသစ်များကို ရဲတပ်သားထက်ကိုငြိမ်းက ပို့ဆောင်ပြီး စရိတ်ကိုမူ ၎င်းက ကျခံကြောင်း သိရှိရသည်။

"ရဲတပ်သား ထက်ကိုငြိမ်းက အေးသာယာမှာ သူက လာနေတယ်။ အဲဒီမှာ လူငယ်တွေနဲ့ ရင်းနှီးအောင်ပေါင်းတယ်။ သူရောက်တာတော့ လနဲ့ချီနေပြီ။ ပြီးတော့ လူငယ်တွေကို အလုပ်ရှာပေးမယ်၊ အလည်သွားကြမယ်ဆိုပြီး စစ်ထဲပို့တာ။ နေပြည်တော်ကို ပို့တယ်။ သူရောက်လနဲ့ချီပြီကြာနေပြီ။ တစ်လ ကို ၆ ဦး အနည်းဆုံးရှာပြီး ပို့နေတာ" ဟု လိမ်လည်ပို့ဆောင်ခံရသူ လူငယ်တစ်ဦး၏ မိခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် တောင်ကြီးတွင် စစ်တပ်အတွက် စစ်မှုထမ်း  လူသစ်စုဆောင်းမှု ခက်ခဲကြောင်း။. ထိုသို့ ခက်ခဲမှုကြောင့် တေင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို စစ်မှုထမ်း အပတစ်ဉ် ၈ မှ ၁၀ အထိ  လူငယ်တပ်သားသစ်စုများ စုဆောင်းထားရန်၊ လိုအပ်သည်နှင့် စစ်မှုထမ်း သင်တန်းများ ချက်ချင်းစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် ညွှန်ကြားနေကြောင်းသိရှိရသည်။

တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဝင်းက ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရပ်ကွက်အတွင်းမှ လူငယ်များကို ယခု စစ်မှုထမ်း အပတ်စဉ် ၈ ၊ အပတ်စဉ် ၉ နှင့် အပတ်စဉ် ၁၀ အတွက် တပ်သားသစ်များအဖြစ် စစ်မှုထမ်းရန် ဆင့်ခေါ်ထားကြောင်း သိရှိရသည်။

"တောင်ကြီးမှာ လူမရလို့ ပေါ်တာဆွဲတွေလည်း ခဏခဏ ကြားနေရတယ်။ အေးသာယာဘက်မှာလည်း ဆွဲလို့ လူငယ်တွေ ပါသွားတာများနေပြီ။ ညဘက်ထွက်ရင်းနဲ့ အဆွဲခံရတာ" ဟု တောင်ကြီးမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#KTM
#HlaingInfo

#3SM
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ဇန်နဝါရီလ ၂၇ ရက်

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

#KTM
#HlaingInfo
#3SM
Hlaing Info
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာတွင်  စစ်တပ်နှင့် ပျူစောထီးများက အဖမ်းအဆီးလုံး၀ မရှိစေရဟု ကြေညာကာ လောင်းကစား ၀ိုင်း ကြီးများ အကြီးအကျယ် ဖွင့်လှစ်နေပြီး နေ့စဉ် လောင်းကြေးငွေ သိန်းရာထောင်ချီ လည်ပတ်လောင်းကစားခွင့်ပြု ▪️ နိုင်ငံရေးမလုပ်ရန်နှင့် လက်နက်မကိုင်လျှင်…
အဆိုပါ လောင်းကစားဝိုင်းများကို ၁ လ တိတိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းလောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကို ဒေသပြည်သူများက သက်ဆိုင်ရာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ တိုင်ကြားချင်သော်လည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက သိရှိသွားပါက ဖမ်းဆီး သတ်ဖြတ်မည်ကိုလည်း စိုးရိမ်နေကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လောင်းကစားဝိုင်းကို လာရောက်သော သူများနှင့် အနီးအနားရှိ ကျေးရွာများမှ လူငယ်များ၏ မှတ်ပုံတင် နှင့် အိမ်ထောင်စု စာရင်းများကို လိုက်လံ ကောက်ခံမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

"ပေါင်မြို့နယ် ထန်ပင်ချောင်ရွာမှာ လောင်ကစားဝိုင်းတွေ ဖွင့်ထားတာ ၁ လ လောက်ရှိပြီး ဘယ်သူမှ အရေးမယူပေးဘူး။ စစ်ခွေးရော ပျူစောထီးရော ဦးဆောင်ပြီး ဖွင့်နေတာ တစ်လ တိတိဖွင့်မယ်လို့ပြောတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ လောင်းကစားလုပ်ချင်သူများ လာရောက် လောင်းကစားကြရန် ကြေညာခိုင်းနေကြောင်း၊ နိုင်ငံရေးမလုပ်ရန်၊ လက်နက်မကိုင်ရန်သာ အဓိကဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ ကြိုက်ရာ လုပ်နိုင်သည်ဟု စစ်တပ်က အသိပေး ပြောဆိုနေကြောင်း သိရှိရသည်။

#KTM
#HlaingInfo
#3SM
ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ပြီး မြေစွန်းတော်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီး၊ ဇရပ်နီရွာနှင့် သာဂေါင်လေးရွာ ဆက်လက် မီးရှို့ ဖျက်ဆီးနေ

မတ်လ ၅ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ပြီး မြေစွန်းတော်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးကာ ဇရပ်နီရွာကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့ပေါ်မှ ရောက်ရှိလာသော အကြမ်းဖက် စစ်သားများနှင့် ရေလယ်ကျွန်းဒေသတွင်ရှိသော စစ်ကြောင်းများ ပူးပေါင်းကာ မြေစွန်းတော်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ယင်းနေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိသော မြေစွန်းတော်ရွာသည် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ကျန်းမာရေး မကောင်း၍ နေအိမ်တွင် ကျန်ရှိသူများကို မီးရှို့သတ်ဖြတ်ခြင်းကြောင့် ရွာသစ်ကျေးရွာ၊ မြေစွန်းတော်ကျေးရွာနှင့် မာလကာခြံကျေးရွာတို့မှ အရပ်သား ပြည်သူ ၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် ဇရပ်နီရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သာဂေါင်လေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း Yesagyo Township Info Committee အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေလယ်ကျွန်း ဒေသအတွင်းရှိ ကျေးရွာများတွင် ဆက်လက် တပ်စွဲထားပြီး ကင်းပုန်း အများအပြား ချထားသောကြောင့် မြေပြင် အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

"ဒီနေ့ စစ်ခွေးတွေ ဇရပ်နီရွာကိုမီးဆက်ရှို့နေပါတယ်။ စစ်ခွေးတွေ မီးရှို့လို့ မြေစွန်းတော်ရွာကတော့ တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရပါတယ်။ ရွာသစ်ကျေးရွာနဲ့မြေစွန်းတော်ကျေးရွာတွေမှာ အသတ်ရတဲ့ ပြည်သူတွေရှိတယ်လို့ သိရတယ်။ နောက်ပြီး လက်နက်ကြီးကြောင့်သေတာ မီးရှို့နေတုန်း ကျန်းမာရေးကြောင့် သေဆုံးရတာတွေရှိတယ်လို့ ကြားသိနေရပါတယ်။ မာလကာခြံကျေးရွာမှာလည်း သတ်ခံရတဲ့ ပြည်သူရှိတယ်လို့ သိထားရတယ်။ ပြည်သူတွေကတော့ စစ်ရှောင်နေရဆဲဖြစ်ပါတယ်။ အခုမြေပြင် သတင်းအရ စစ်ခွေး သတ်ဖြတ်ထားတာ အနည်းဆုံး ပြည်သူ ၅ ဦး လောက်ရှိမယ်ထင်တယ်။ ဘုန်းကြီးတစ်ပါးလည်း သေတယ်ကြားထားရပေမယ့် အတည်မပြုနိုင်သေးဘူး။ မြေစွန်းတော်ရွာက အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရွာပါ တစ်ရက်တည်းကို စစ်ခွေးတွေက စိတ်ကြိုက် မီးရှို့ ဖျက်ဆီးသွားတာ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
#3SM
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
Photo
ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

မတ်လ ၁၇ ရက်

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက် ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ညောင်ဂျစ်ပင်ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ရော့ကတ် ၇ လုံးသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော အဆောက် အဦးပေါ်နှင့် ကာကင်းများ အနီ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ လက်ရှိချိန်တွင် ညောင်ဂျစ်ပင် ပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က အောင်သာပျူစောထီးရွာမှ အင်အား ၃၀ ခန့် ထပ်မံဖြည့်တင်းထားကြောင်း သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ်အတွင်းရှိ တွင်းမရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ ကျနော်တို့ အရေအတွက်ကို ဆက်လက် စုံစမ်းနေပါတယ်။ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်သွားမှာမို့လို့ တော်လှန် ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ တပ်ဖွဲ့တွေကို ထောက်ပို့မှုလေး လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ဘာမထီ.ကိုဆုံကြီး အဖွဲ့ ၊ PLC ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု၊ Black Cobra Force Pakokku ၊ ကမ္မတပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
#3SM

https://t.me/https3starmyaing
Forwarded from Hlaing Info
Update - နေပြည်တော်လေဆိပ် အပျက်အစီးများပြားပြီး လေယာဉ်ပြေးလမ်းလည်း ထိခိုက်ထား၊ လေကြောင်းထိန်းသိမ်းရေး တာဝါမျှော်စင်ပြိုကျမှု ဝန်ထမ်း ၅ ဦးသေဆုံး

မတ်လ ၂၈ ရက်

ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်လေဆိပ်တွင်လည်း အပျက်အစီးများပြားနေပြီး လေယာဉ်ပြေးလမ်းလည်း ထိခိုက်ထားကြောင်း သိရှိရသည်။

"လေယာဉ်ပြေးလမ်းတွေ အကုန် ပျက်ကုန်တယ်။ ခင်းထားတဲ့ ကွန်ကရစ်တွေ အက်ကွဲပြီး မြေကြီးတွေပေါ်နေတယ်။ တချို့နေရာတွေ အပိုင်းလိုက် ပြတ်ထွက်ကုန်တယ်။ လေယာဉ်အတက်အဆင်းလုပ်မရတော့ဘူး။ လေဆိပ်ကတော့ ပိတ်ထားရမှာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေးမျှော်စင် ငလျင်ကြောင့် ပြိုကျ မှုအတွင်းတွင်လည်း ယင်းလေကြောင်းထိန်းသိမ်းရေးမျှော်စင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
Forwarded from Hlaing Info
မန္တလေး လေဆိပ်အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတား ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကားတချို့ ပြုတ်ကျမှုရှိ

မတ်လ ၂၈ ရက်

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတား ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကားတချို့ ပြုတ်ကျမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတားလည်း ပြိုကျခဲ့ပြီး တံတားပေါ်တွင် မောင်းနှင်နေသည့် ကားတချို့ ပြုတ်ကျခဲ့ကာ လူထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"တံတားဦး မန်းလေးက တံတားပါ။ အမြန်လမ်းမိုင်တိုင် ၃၅၈/၁ ဖာလုံက တံတားပါ။ တံတားပေါ် မောင်းနေတဲ့ကားတွေ ပြုတ်ကျတာရှိတယ်လို့ သိရတယ်။ လူထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
Photo
မန္တလေးမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲ

မတ်လ ၂၈ ရက်

မန္တလေမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့ အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် မန္တလေးမြို့ပေါ်ရှိ အဆောက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။

ထို့ပြင် လက်ရှိချိန်ထိ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ပြီး ဝိုင်းဝန်း ကယ်ထုတ်နေဆဲဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု အရေအတွက်လည်း များပြားပြီး လက်ရှိချိန်ထိ စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"စိန်ပန်း ၈၈ လမ်းနဲ့ ၈၉ လမ်း ကြား ၄၂လမ်း ဦးမှန်ကြီးကုန်စုံဆိုင်ပြိုကြ ဆိုင်ပိုင်ရှင်သေတယ်လို့ သိရတယ်။ ၄၂လမ်း ၈၇လမ်းထောင့်ဇမ္ဗူအောင်လက်ဖက်ရည်ဆိုင်ပြိုကြတာ လူတစ်ယောက်သေတယ်လို့ကြားတယ်။ သာသနာပိုင်ဘက်က ကျောင်းပြိုကြတာ အသေအပျောက်များတယ်။ သေဆုံးထိခိုက်မှုက တော်တော်များတယ်။ လက်ရှိချိန်ထိတော့ စာရင်းတော့ အတည်ပြုနိုင်ဖို့ ခက်နေပါတယ်။ မြို့ပေါ် ကယ်ဆယ်ရေးတွေ အခုထိ လုပ်နေတုန်းပဲ အပျက်အစီးတွေထဲမှာ ပိတ်မိနေတာတွေရှိနေတုန်းပဲလို့ သိရတယ်" ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
#3SM

https://t.me/https3starmyaing
Forwarded from Aung Pwel Info
စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူပေးရန် Fortify Rights တောင်းဆို

မေလ ၂ ရက်

အကြမ်းဖက် စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူပေးရန် Fortify Rights က တောင်းဆို လိုက်ကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ယာယီ အပစ်ခတ် ရပ်စဲရေးကို အကြမ်းဖက် စစ်ကောင်စီက ကြေညာခဲ့ပြီး ထိုကာလ အတွင်းတွင် ငလျင်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများ  ခိုလှုံနေသည့် ဘာသာရေး အဆောက်အအုံများ အပါအဝင် ပြည်သူများနှင့် ပြည်သူပိုင် နေအိမ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ထပ်မဖြစ်စေရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနှင့် လက်နက်များ တင်ပို့မှုများ ပိတ်ဆို့အရေးယူရန် ချက်ချင်းချမှတ်သင့်ကာ အကူအညီ လိုသူများဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိတ်ပင်တားဆီးမှုမရှိဘဲ ဆက်လက်ရောက်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Fortify Rights အနေဖြင့် ငလျင်ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအပြီး အသက်ရှင်ကျန်ရစ်သူ၊ မျက်မြင်ကြုံတွေ့ရသူများအပါအဝင် ပြည်သူ ၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၉ ဦးကို ဆက်သွယ်၍ ပြောဆိုစုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများကို ဗုံးကျဲ တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်သည် ငလျင်ဒဏ်ခံ စစ်ကိုင်းတိုင်းတွင် ဒီပဲယင်း၊ ရွှေဘိုနှင့် ကနီမြို့နယ်များကို ဗုံးကျဲ တိုက်ခိုက်မှုများစွာ ဆက်လက် လုပ်ဆောင်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးကြောင်း ကြေညာပြီး နောက်တစ်ရက်ဖြစ်သည့် ဧပြီလ ၂၃ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်လှုပ်ကျေးရွာမှ ဒေသခံတစ်ဦးက လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်အတွက် အသက် ၁၃ နှစ်အရွယ်ကလေး တစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရမှုကို Fortify Rights ကို အတည်ပြုပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်း အတွင်း ဧပြီလ ၈ ရက်မှ ၁၉ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် အများဆုံး စံချိန်တင်ခဲ့ကြောင်း ၊ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့တွင်မူ စုစုပေါင်း ၂၄ ကြိမ်ခန့် ဂျက်ဖိုက်တာ၊ Mi 35 ၊ Y 12 ၊ Yellow Cat UAV ဒရုန်း၊ လေထီးနှင့် ဗုံးချခြင်းများ မျိုးစုံသုံး၍ လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ဗုံးမိုးရွာသကဲ့သို့ ဖြစ်ပြီး မည်သည့်နေရာကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟူ၍ အတည်တကျမထားဘဲ မိုးရွာသကဲသို့ ကျဲချခဲ့ခြင်းဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးတပ်သားကို မေးမြန်း၍ ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ငလျင်ကြောင့် နေအိမ်များ ပျက်စီးပြီးနောက် အရပ်သားပြည်သူများ ခိုလှုံနေကြသည့် ဘုန်းကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း အိုင်တိုင်ကျေးရွာတွင် ငလျင်ဒဏ်သင့်သူများကို ကုသပေးနေသည့် ရွေ့လျားဆေးကုသရေးအဖွဲ့ စခန်းချကုသမှုပေးနေသည့် အင်းတိုင်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ဒေသခံများ အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ ခုထက်မနည်းကိုလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုက်ဆောင်ခဲ့ပြီး မင်းတပ်မြို့ရှိ မြို့မ နှစ်ခြင်းဘုရားကျောင်းနှင့် ဖလမ်းမြို့ရှိ ခရစ္စတူးဘုရင် ကက်သလစ်ဘုရားရှိခိုးကျောင်း၊ မင်းတပ်မြို့ရှိ Assembly of God ဘုရားကျောင်းတို့သည်လည်း ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ခံခဲ့ရကြောင်း မျက်မြင်သေသေများကို ကိုးကား၍ Fortify Rights က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်သည် အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးထားသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း ၅၁ ခုထက် မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်းထုတ်ပြန်ထားသည်။

#KTM
#Aungpwel
Forwarded from Hlaing Info
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းကျခြင်းနှင့် မိုးသီးကြွေမှုတို့ကြောင့်  အဆောက်အဦးပြိုကျခြင်းနှင့် အမိုးများ လွှင့်ကျခြင်းတို့ဖြစ်ပွားကာ လူတချို့ ထိခိုက်

မေလ ၁၀ ရက်

မန္တလေးတွင် ယနေ့ မွန်းလွဲပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းကျခြင်းနှင့် မိုးသီးကြွေမှုတို့ကြောင့်  အဆောက်အဦတစ်ခုပြိုကျခြင်းနှင့် အမိုးတချို့ လွှင့်ကျခြင်းတို့ဖြစ်ပွားကာ  လူတချို့ ထိခိုက်ခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် လူမှုကွန်ရက်တွင် သတင်းများဖော်ပြထားမှုကြောင့် သိရှိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီအချိန်မှစတင်၍ မန္တလေးတစ်မြို့လုံးတွင် မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ မိုးသီးများ ကြွေခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ထိုသို့ မိုးလေကျစဉ် ၇၄ လမ်း ၃၇×၃၈ လမ်းအနီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသော အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး လူတချို့ ထိခိုက်ခဲ့ကြောင်း၊ ၁ ဦးမှာမူ စိုးရိမ်ရကြောင်း ၊ ထို့ပြင် အိမ်အမိုးသွပ်ပြားများ လွင့်ပျံသွားခြင်းကြောင့်လည်း လူတချို့ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

"လေရော မိုးရောချတာတအားပဲ။ မိုးသီးတွေလည်းကြွေတယ်။ အိမ်ခေါင်မိုးကို အရှိန်ပြင်းပြင်းနဲ့ မိုးသီးတွေ ရိုက်တာ။ ၇၄ လမ်း၊ ၃၇နဲ့ ၃၈ လမ်းမှာ ငလျင်ထိထားတဲ့ အဆောက်အအုံ အပေါ်တစ်ထပ် အမိုးကြီးတစ်ခုလုံး ပြိုကျတယ်လို့သိရတယ်။ လူ  ၂ ဦး ပိမိတာ ဒဏ်ရာရတာမှာ  ၁ ဦးက စိုးရိမ်ရတယ်လို့ သိရတယ်။ ငလျင်ပြီးတော့ မိုးတွင်းဒုက္ခတွေ ရောက်ရဦးမယ်" ဟု မန္တလေးမြို့၊  ၃၇ နှင့် ၃၈ လမ်းအနီး နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့်ပြောဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးတိမ်တောင်များဖြစ်ထွန်းနေသဖြင့် မိုးတိမ်တောင် ရွေ့လျားရာ တစ်လျှောက်တွင် မိုးရွာသွင်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များကြောင့် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားဦးစီးဌာနက ခန့်မှန်းထားသည်။

Photo- CJ ။
#KTM
#HlaingInfo
ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို အနီးကပ်ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ဇွန်လ ၁ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြိုပေါ်ရှိ ခရိုင်မီးသတ်ရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး​သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေရာကို ပခုက္ကူမြို့ပေါ်ရှိ တပ်မ ၁၀၁ နှင့် လက်အောက်ခံ တပ်စခန်းများမှ စစ်ကူများ လာရောက်သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

"ပခုက္ကူမြိုပေါ်က မိဘ ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်စခန်းတွေ စစ်ကောင်စီ တပ်သားတွေ ပျူစောထီးတွေနဲ့ ဝေးဝေးနေပေးဖို့ မေတ္တာရပ်ခံလိုပါတယ်" ဟု  Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae PDF နှင့် ပခုက္ကူ ပကဖ တပ်ရင်း ၁ ၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၄) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

#KTM
#HlaingInfo
#3SM
ပေါက်မြို့နယ်ရှိ ကပစ ၂၄ နှင့် ပျူစောထီးရွာများကို ရိက္ခာလာပို့သည့် ကားအစီးရေ ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ ပြည်သူ ၂၀၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရ

ဇွန်လ ၆ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ ၂၄ နှင့် ပျူစောထီးရွာများကို ရိက္ခာလာပို့သည့် ကားအစီးရေ ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ ပြည်သူ ၂၀၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့ လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၇ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ ပျူစောထီးရွာများနှင့် ကပစ ၂၄ လက်နက်စက်ရုံများကို ရိက္ခာပို့ဆောင်ရန်အတွက် ပခုက္ကူ တပ်မ ၁၀၁ မှ ရှေ့ပြေး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀၀ ခန့်ဖြင့် ကျေးရွာများကို စတင် စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ ရိက္ခာကားတန်း ၁၀၀ ကျော် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀၀ ခန့် လိုက်ပါလာသည့် စစ်ကြောင်းက ပေါက်န-ပခုက္ကူ ကားလမ်းပိုင်းကို စတင်ရောက်ရှိလာပြီး လမ်းတလျောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာ ၂၅ ရွာမှ ပြည်သူ ၁၇၀၀၀ ကျော်သည် ယနေ့အချိန်ထိ နီးစပ်ရာ တောတောင်များတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

"ပြည်သူတွေ ဖမ်းဆီးခံရတာ ရှိတယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးဘူး။ လက်ရှိချိန်ထိ ပြည်သူတွေက ဆက်လက် တိမ်းရှောင်နေရတုန်းပဲ ရက်ကြာလာတော့ ပြည်သူတွေလည်း စာနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်" ဟု ပေါက်မြို့ လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင် ပြည်သူများသည် ရက်ရှည် စစ်ဘေးတိမ်းရှောင်နေရသည့်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် ပေါက်မြို့ လူသားစာနာဌာနက မေတ္တာရပ်ခံထားသည်။

#KTM
#HlaingInfo
Forwarded from Hlaing Info
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာလုယူ ဖမ်းဆီးထောင်ချထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်များကို ထိန်းသိမ်းရမည်ဟု ဆိုပြန်

ဇူလိုင်လ ၁၉ ရက်

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာလုယူ ဖမ်းဆီးထောင်ချထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်များကို ထိန်းသိမ်းရမည်ဟု ဆိုပြန်သည်။

ယမန်နေ့ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်များ(ခေါ်) ဝန်ကြီးများရုံးသို့ သွားရောက်လေ့လာသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံ ခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့်တိုက်နှင့် အထူးအစည်းအဝေးခန်းများအတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့်စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မင်းအောင်လှိုင်က  ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်အား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်း ဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်က  ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက် အအုံသို့ ရောက်ရှိ ဗိုလ်ချုပ် အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံသည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်ဟု သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် အကြမ်းဖက် မင်းအောင်လှိုင်သည် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရထံမှ အာဏာလုယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်အရေးယူထားသည်။

#KTM
#HlaingInfo
Forwarded from Hlaing Info
မြိုင်မြို့နယ် ကျောက်ခွက်မှော်နှင့် ဝဲတူးမှော် အနီးသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာလ ၁၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်း ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးကာ၊ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁နာရီ ၂၃မိနစ်အချိန်နှင့် နံနက်  ၁၁နာရီ ၃၁မိနစ်အချိန်တို့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ (Paramotor) ၂စီးဖြင့် မြိုင်မြို့နယ် အနောက်ခြမ်း ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း မှော်အတွင်း အလုပ်လုပ်ကိုင်နေသည့် ထနောင်းကုန်းရွာတွင် နေထိုင်သော အမျိုးသမီး ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၃ ဦး၏ ကျေးရွာများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

"သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက်အရွယ်ကတော့ မသိရဘူး။ ထနောင်းကုန်းဇာတိလို့ ပြောပါတယ်။ ရေနံခက်တဲ့  မိန်းကလေးပါ။ထိခိုက်ဒဏ်ရာရတဲ့သူကတော့ ပြည်သူ၃ ဦးကတော့ ဘယ်ကျေး ရွာကလဲဆိုတော့ မမေးလိုက်ဘူး။ စစ်ခွေးတွေက အကြောင်းမဲ့ သက်သက် လာကျဲနေတာ ဒီနေ့နဲ့ဆိုရင် ၂ရက်ဆက်တိုက်ရှိပြီ။ ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်နဲ့ မနေ့ကဆိုရင် ဆူးဝင်းရယ် အရှေ့ မြောက်ဘက် အကြောင်းမဲ့ သက်သက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာပါ"ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

လတ်တလော စစ်တပ်က မြိုင်မြို့နယ်အတွင်းသို့ မကြာခဏဆိုသလို ကင်းထောက် လေယာဉ်များ ပျံဝဲခြင်း၊ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက် ခိုက်မှုများလည်း မကြာခဏဆိုသလိုလုပ်ဆောင်နေကြောင်း၊ မြေပြင်တွင်လည်း စစ်ကြောင်း ထိုးမှုများ စစ်တပ်က လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

"စစ်ဘေးရှောင်တာကတော့ လေယာဉ်တွေ ကင်းထောက်ရင် အကုန်တောထဲ ခဏရှောင်ရတာပဲ။ အဓိက လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရတာပါ။ လေကြောင်းတိုက်ခိုက်မှုကလည်း ရွာတွေနဲ့ လူအုံတဲ့နေရာတွေကို ကျဲချတာဆိုတော့ ပြည်သူတွေက လေယာဉ်ကင်းထောက်တာနဲ့ ရှောင်ကြတယ်" ဟု မြိုင်မြို့နယ်မှစစ်ဘေးရှောင်ကူညီရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တစ်ဦးက ရှင်းလင်း ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မြိုင်မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်တစ်ခုအဖြစ် ကြေညာထားသည်။

#KTM
#HlaingInfo
""ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက  ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ အပြင်းအထန်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာ၊  ရွှေ၊ငွေ၊ ဖုန်းနှင့်ဆိုင်ကယ်ကိုလည်း စစ်သားများက လုယက်""

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများက  ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ နှိပ်စက်ညှဉ်းပန်းခံထားရသော ဒဏ်ရာအပြည့်ဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက် စစ်သားများက ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာမှ တန့်ဆည်နယ်ဘက်သို့  ကထိန်ခင်းရန် သွားသော ဦးကျော်မျိုးနှင့် ဒေါ်အေးမာဦးတို့ လင်မယား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ဒေါ်အေးမာဦး ဝတ်ဆင်ထားသော ဆွဲသီးပါ ရွှေဆွဲကြိုး ၂ ခု ၊ ၁ ကျပ်သားရွှေအခဲ ၁ ခု ၊ နားကပ် ၁ ခု၊ လက်ကောက် ၁ ခု စုစုပေါင်း​ ရွှေ ၃ ကျပ်သားနှင့် ငွေသား ၇ သိန်း ၊ ဖုန်း ၃ လုံး ၊ ဆိုင်ကယ် ၁ စီး တို့ကို လုယက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ခင်ပွန်းဖြစ်သူ ဦးကျော်မျိုးကိုလည်း စစ်တပ်က  ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊  ဒဏ်ရာများရရှိထားသော ဦးကျော်မျိုးမှာ စံပယ်နံ့သာ ပျူစောထီး အထိုင်စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းထံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယင်းကဲသို့ ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူနေသဖြင့်  ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အကြမ်းဖက် စစ်တပ် တပ်စခန်းများရှိရာ နေရာများကို သတိပြု ရှောင်ရှားသွားလာကြပါရန် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက သတိပေးပြောဆိုသည်။
#KTM
#BDG
7Starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
 

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ