Forwarded from Ko War
Breaking Newsဖားဆောင်းတိုက်ပွဲလာသည့် အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်ပြော
မေလ 0️⃣6️⃣ရက်
ကရင်နီပြည်နယ် ဖားဆောင်းမြိုနယ်တိုက်ပွဲတွင် စစ်ကောင်စီ ၏ ရဟတ်ယာဉ်တစ်စီးကို ကရင်နီပူးပေါင်းတပ်ဖွဲက ယနေ့(မေလ ၆ရက်) နံနက်တွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
"စက်နဲ့ ပေါက်လာတယ်တဲ့။ သေချာပြီတဲ့။ အဲဒီမှာ ဖုန်းလိုင်းမရဘူး။ စက်ကြီးနဲ့ ဆက်သွယ်တာ သေချာတယ်တဲ့။ နေရာက ဖားဆောင်းမြိုနယ်ထဲမှာပဲ။ ဘီလူးချောင်းက ဘောလခဲကနေ ဆင်းလာပြီးမှ ဖားဆောင်းမဝင်ခင်မှာ ထူးချောင်းနဲ့ သွားဆုံတယ်။ ထူးချောင်းနဲ့ ပွန်ချောင်းနဲ့ ပေါင်းပြီး သံလွင်ထဲ ဝင်တာ အဲဒီထဲမှာ"
ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပွန်ချောင်းအတိုင်း ဖားဆောင်းမြိုသိုလာသည့် ရဟတ်ယာဥ်တစ်စီးကို ရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF)ဗျူဟာ(၁)မှ နံနက် ၁၁နာရီခွဲတွင် ပစ်ချခဲ့ခြင်းဟု People’s Spring၏ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
ရဟတ်ယာဉ်ပျက်ကျအောင် ပစ်ချနိုင်မှု အခြေအနေကို ညနေပိုင်းတွင် အချက်အလက်များ ပိုမိုရရှိနိုင်သည်ဟုလည်း ပြောပြသည်။
"သူတို(စစ်ကောင်စီ ရဟတ်ယာဉ်)က အောက်ဖက်သွားတာက အခုက ဖာဆောင်းမြိုသိမ်းနေတာ။ အဲဒီဘက်ကို သွားတာဆိုတော့ သွားပစ်တာဖြစ်မယ်။ သူတို ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ချပေးတာဖြစ်မှာပေါ့။ ကျနော်တို သိရတာက တိုက်ခိုက်ရေးလာတယ်။ သူတို ရိက္ခာတွေက စုထားတာကြာပြီ"
ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
၂၀၂၃ ဇွန် ၃၀ရက်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ပစ်ချခဲ့ပြီး ကရင်နီပြည်နယ် ဘောလခဲမြိုနယ် ရွာသစ်မြိုနယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပျက်ကျခဲ့ကြောင်း ကလလတအဖွဲက ပြောထားသည်။
#PeopleSpring
#KyimyindaingNetworks

Forwarded from Hlaing People Channel
နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဘေးဘယာကင်းဝေးပါစေဟု စစ်ခေါင်းဆောင်ပြောပြီး နာရီပိုင်းအတွင်း မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်
ဧပြီ ၁၇၊၂၀၂၅
ယနေ့ (ဧပြီ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့တစ်နေရာကို လေလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
" ကြဲသွားပြီဗျာ။ ဒီလိုနေ့ကြီး။ လူတွေ ဘုရားသွား ကျောင်းတက်နေတာကို ကြဲတာဗျာ"ဟု မြို့ခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်တိုက်ကျောင်းအနီးနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။
ယခုသတင်းရေးသားနေချိန် နံနက် ၁၁နာရီတွင် နောက်ထပ် ဂျက်ဖိုက်တာတစ်စီး မိုးကုတ်မြို့ပေါ်၌ ပျံသန်းနေ၍ မြို့ခံများက စိုးရိမ်နေကြသည်။
စစ်ကောင်စီခေါင်းဆောင်က ဝါဒဖြန့်မီဒီယာများမှတဆင့် ယနေ့နံနက်ပိုင်းက ဆုတောင်းစကားပြောဆိုပြီးနောက် ဗုံးကြဲခြင်းဖြစ်သည်။
#PeopleSpring
#HPC