“အရင်ရက်ပိုင်းက တို့ရွာမှာလည်း ငလျင်ဒဏ်ခံစားခဲ့ရပြီးတော့ ဘုန်းကြီးတို့ ပရဟိတကျောင်းလေးက ပြိုကျပျက်စီးသွားခဲ့ပြီးတော့ ရွာတွေက လူနေအိမ်တွေတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီနေ့က ကျောင်းမှာရှိကြတဲ့ မိဘမဲ့ကလေးတွေထဲက ကလေးငယ် ၈ ယောက်လည်း ဒဏ်ရာရခဲ့တယ်။ အခုလည်း လေယာဥ်နဲ့ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းကလည်း မီးရှို့သွားလို့ ရွာလုံးကျွတ်လောက် မီးလောင်ကုန်ပါတယ်။ ဘုန်းကြီးတို့နဲ့ ကလေးတွေကော ရွာသားတွေကော အခုထိ တောထဲမှာ နေနေကြရပါတယ်။ အရမ်းဆိုးရွားလှပါတယ်။
မတ် ၃၀ ရက် ညနေပိုင်းအထိ ရွာသစ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ရှိနေသေးပြီး ငလျင်ဒဏ်ကြောင့် အဆိုပါ ပရဟိတကျောင်း ပျက်စီးသွားသလို လူနေအိမ်တွေ မီးရှို့ခံရတဲ့ အတွက်လည်း ဒေသခံပြည်သူအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
#DVB #news #ပေါက်မြို့နယ် #ငလျင်ဘေးသင့်ဒေသ #စစ်တပ် #လေကြောင်းတိုက်ခိုက် #ဗုံးကြဲတိုက်ခိုက် #မီးရှို့ဖျက်ဆီး