မင်းလားကွ ကဗျာဆရာ 🖌️
1.56K subscribers
843 photos
15 videos
21 files
2 links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။

-အမ်ကေဆိုနီ
Channel Admin @Saw_Kyi71
Download Telegram
ကျွန်မရဲ့လက်တွေကပဲ
တိုလွန်းနေလို့လား။
မမီမကမ်းဖြစ်ခဲ့ရသော
ချစ်ခြင်းမေတ္တာနှင့်လည်း
လွဲခဲ့ရဖူးပြီ။


-ဂျူး
💔203
" တစ်ယောက်ကို တစ်ယောက်က
ချစ်တယ်ဆိုတာ
ဘုရားစိုက်တဲ့ ပန်းကလေး
ပွင့်လာတာပါ...တဲ့ "

- တာရာမင်းဝေ
❤‍🔥1810
တိတ်ဆိတ်ခြင်းမှာ တရားရှိတယ်
ငါ့နှလုံးခုန်သံကြောင့်
ဘယ်သူမှအကုသိုလ် မဖြစ်စေရ။

-ကြည်ဇော်အေး
💔194
သူဌေးလေးရဲ့မေတ္တာနဲ့စေတနာကိုလည်း
နားလည်ပါတယ် ဒါပေမယ့်
သူဌေးလေးပြောသလိုတော့
သူဇာလုပ်နိုင်မှာမဟုတ်ဘူး။ အထူးသဖြင့်
သူဌေးလေးနဲ့ လက်ထက်ရမယ့်အရေးကိုပေါ့
"ဘာဖြစ်လို့လဲသူဇာ၊
သူဇာကခန္ဓာသည်တစ်ယောက်ဖြစ်နေလို့လား"
"မဟုတ်ဘူး..."
"သူဇာမှ သူဌေးလေးကိုမချစ်နိုင်တာ"


*အကြင်သူသည်
*သိုးဆောင်း
💔215
မထိရက်မကိုင်ရက်သည်မှာ
မချစ်၍မဟုတ်
မြတ်နိုးလွန်း၍ဖြစ်သည်။

-တက္ကသိုလ်ဘုန်းနိုင်
26💔5❤‍🔥4
အသက်ကိုနောက်မှရှုမယ်
ကော်ဖီကိုအရင်သောက်မယ်
ငါ့ကိုယ်ငါအရင်ချစ်လည်း
မင်းကို ချစ်တာအရင်ဖြစ်ခဲ့တယ်

*စိုင်းဝင်းမြင့်
*ကျေးဇူးတော်လမ်း
❤‍🔥225😭1
ချစ်သူဆီကအပြန်
ဖိနပ်မှတ်လို့ချစီးလာတာ
ငါ့မာနတွေဖြစ်နေတယ်
သတိထားမိတဲ့အချိန်
တော်တော်တောင်ပါးနေပြီ

-တာရာမင်းဝေ
28💔10🔥1
အဆင့်အတန်းအလွှာမတူတဲ့ကြားက
ဖြစ်ပေါ်လာတဲ့ အချစ်ဟာ
ပိုင်ဆိုင်ခြင်းမဟုတ်ဘူး
စိတ်ချမ်းသာအောင်ထားပေးခြင်းပဲ။

-သွယ်မြိတ်
20💔5❤‍🔥1
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်း
မင်းကတော့ငါ့ကိုမေ့သွားမှာပါ။

#တာရာမင်းဝေ
❤‍🔥17💔5😢2
စောင့်နေတာကတော့ ဟုတ်ပါပြီ သိန်းမောင်ရာ
တစ်ချိန်ကျ မရွေးချယ်သွားခဲ့ရင်
ရှက်စရာကြီးဖြစ်နေမှာပေါ့ ။

-အောင်ချိမ့်
💔18😢75
တတ်နိုင်သမျှတော့ သတိမရအောင်
မေ့မေ့ပျောက်ပျောက် ဖြစ်အောင် နေတယ်

မတတ်နိုင်တော့တဲ့အခါတော့
မမုန်းရက် မမေ့ရက်တော့လည်း
လွမ်းလိုက်တာပါပဲ....။

-တက္ကသိုလ်ဘုန်းနိုင်
😢145💔5
"ကမ္ဘာကြီးကိုငါစိတ်ဆိုးတယ်"

-

ခါးကြားမှာ"သေနတ်"ချိတ်ပြီး
အော်လားငေါက်လားလုပ်နေတဲ့ လူတွေနဲ့လည်း
ငါ စကားပြောချင်စိတ်မရှိဘူး
-
-
တတိုင်းတပြည်လုံးမွဲနေတဲ့အချိန်မှာ
ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်ပြီး
ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့လူစားမျိုးတွေတွေ့ရင်
ငါစိတ်ကုန်တယ်
-
-
မြန်မာပြည်ကလူတွေကိုကြည့်ကြည့်ပြီး
ဘယ်သူ့ကိုစိတ်ဆိုးလို့ဆိုးရမှန်းမသီ
လူတွေအားလုံးနဲ့ - -
အဆင်ပြေအောင်နေချင်စိတ်လည်း ငါ့မှာမရှိ
-
-
တခါက - -
"ဆိုကရေးတီး"ပြောခဲ့ဘူးတဲ့
"မြို့ပြနိုင်ငံတော်"ဆိုတာမျိုးကြီးဟာလည်း
ဒီလိုကမ္ဘာမျိုးမှာ
ဘယ်တော့မှပေါ်ပေါက်လာမှာ မဟုတ်ဘူး
-
-
ငါတယောက်ထဲ - -
လမ်းဘေးအုဋ်ခုံလေးတခုပေါ်ထိုင်နေမိ တာ
ငါ့ကိုယ်ငါပဲ အော်ဆဲပစ်လိုက်တော့တယ်
ဟေ့ - - ဒီမှာ
- - "ကမ္ဘာကြီးကို ငါစိတ်ဆိုးတယ်"
-
-
( အပိယေဟိ သမ္ပယောဂေါ ဒုက္ခော)
မချစ်မနှစ်သက်သောသူတို့နဲ့
နှစ်ကာလများစွာ
အတူနေထိုင်နေရတဲ့အတွက်
- -ကမ္ဘာကြီးကို ငါစိတ်ဆိုးတယ် - -ကွာ
- - - - - ဟုတ်ပြီလား

-နိုင်မြန်မာ
❤‍🔥104💯2
သူက
ပန်းပွင့်ကလေးကို နမ်းတယ်။
ငါ...
လူစင်စစ်က ပန်းပွင့်ဖြစ်စေသား...လို့
ကျွန်တော် ဆုတောင်းမိပါတယ်။

-တာရာမင်းဝေ
❤‍🔥166
အခြားလူကို ပန်းပေးရင်
အရင်ဆုံး ကိုယ့်လက်မှာ
ရနံ့တွေ ကျန်ရစ်သတဲ့...

ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ် ။

*နိုင်းနိုင်းစနေ
13❤‍🔥5💯2
တကယ့်ကို
ပါးပါးလွှာလွှာလေး လွဲချော်ခဲ့တာပါ
ဒါနဲ့ပဲတို့တစ်ဘဝလုံး ဝေးခဲ့ကြရ..

-ပိုင်စိုးဝေ
💔13😢71
ချစ်တတ်ပြန်တော့လဲ
သူ့ ငယ်ဘဝအကြောင်းလေးပြောရင်တောင်
အဲ့ဒီကလေးလေးထိ ကိုယ်ကလှမ်းချစ်တာ ။

-တီအားမိုရ်
23❤‍🔥1
ပန်း တစ်ပွင့်ကို
နွမ်းလို့ပစ်ဖူးချင် ပစ်ဖူးမယ်
လူတစ်ယောက်ကို လွမ်းဖို့
ဘယ်သူ ချစ်ဖူးပါသတဲ့ လဲ

- လွမ်းဖို့သက်သက်မချစ်ရက်ပါ
- မောင်စိန်ဝင်းပုတီးကုန်း
18😭1
ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာကို ပြန်ရပေလိမ့် ။

-မောင်ချောနွယ်
❤‍🔥212
ဘဝဟာ
❝ ကျွန်မ မရှိမှ သိမယ် ❞
ဒီစကားဟာ မှန်ပါတယ်။
သံပန်းတွေဟာ
လှပေမယ့် မာကျောမှန်း ငါသိပါတယ်။

•ဝင်းမြင့်
💔19❤‍🔥7😢6
ကိုယ့်ကိုယ်ကိုယ်
သတ်သေသွားတဲ့သူဆိုတာမရှိဘူး

ပတ်ဝန်းကျင်အလိုကျ
သေဆုံးပေးလိုက်ရသူတွေပဲ ရှိတယ် ။

#ဂန္ဓမာ
#ဒုတိယဗင်းဆင့်
16💯14💔7