မင်းလားကွ ကဗျာဆရာ 🖌️
1.55K subscribers
805 photos
15 videos
21 files
2 links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။

-အမ်ကေဆိုနီ
Channel Admin @Saw_Kyi71
Download Telegram
ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး
နောက်နောင်နွေမှာလည်း
ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး ။

*အောင်ချိမ့်
💔113😢2
" လမ်းခွဲ "

ဘာမှမဖြစ်ပါဘူးဆိုပေမယ့်
ဘာမှမဖြစ်ဘူးတော့မဟုတ်ဘူး
ဒါပေမယ့် ဘာမှမဖြစ်ပါဘူး ။

ပျော်စရာတွေဆီသွားမလို့မဟုတ်လား။

ငါ့နာမည် ထိပ်ဆုံးမှာရေးပြီး
သေချာပေါက်မေ့ပစ်လိုက်ရမှာတွေကို
စာရင်းလုပ်ပေးလိုက်တယ်
မပျောက်စေနဲ့ဦး ။

ဘာပဲပြောပြော စောင့်နေမိမှာမို့
ဘာမှမပြောနဲ့ ရတယ် ။

တကယ်ပျော်အောင်နေ ကြားလား ။

နင်လမ်းလျှောက်တဲ့အခါ
ခဏခဏခလုတ်တိုက်မိရင်လည်း ဆောရီး
လွမ်းနေမှာတော့ သိတယ်မလား ။

ဘိုင့် . . . ။

- ယဉ်ဝယ်ထက်
13❤‍🔥1
တစ်ယောက်တည်းနေတတ်ပြီဆို
တစ်ယောက်ယောက် ရောက်လာတယ်
သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ
အဲ့တစ်ယောက်ယောက်က အဝေးကြီးထွက်သွားတယ်။

ငါ့မှာတစ်ယောက်တည်း ပြန်နေသားကျအောင်
ပြန်ပြီးပုံသွင်းယူရတယ်။

အရာရာကို ဘဝကြီးနဲ့ချီပြီး
မျှော်လင့်တတ်တဲ့ငါ့အတွက်တော့
တော်တော်လေးအလုပ်ရှုပ်ပါတယ်။

-လင်းညီ
21
ကျွန်တော့်ကိုယ် ကျွန်တော်
ဘဝင်မြင့်နေတာဆိုလို့
ခင်ဗျားကို ကျွန်တော်ကလွဲရင်
တခြားတစ်ယောက်ယောက်က
ဂရုမစိုက်နိုင်ဘူး
အကာအကွယ်မပေးနိုင်ဘူး
ကျွန်တော့်လောက် မချစ်ပေးနိုင်ဘူးပဲ
ထင်နေတာ
ခင်ဗျားက ကျွန်တော်မရှိလည်း အေးဆေးပဲဆိုတာ
မေ့မေ့သွားတယ်
ဒါဟာ ဘယ်လောက်ရူးသွပ်တဲ့ခံစားချက်လဲ။

- လင်းမာအို
12🍓2
ငါ့ထက်အပုံကြီးသာတဲ့ရည်းစားရလို့တဲ့

ငါ့ကိုလာမော်ကြွားတယ်

မယ်မင်းကြီးမက ။

အေးလေ ဝမ်းသာပါတယ်။

“ မိဘအသိုင်းအဝိုင်းတောင့်တယ်

ချမ်းသာတယ် ရုပ်ချောတယ်

ယောက်ျားပီသတယ် ” တဲ့

ငါကအေးအေးဆေးဆေးပဲလူသေကောင်လို

ငါကလူသေကောင်လိုအေးအေးဆေးဆေးပဲ။

“ နင့်ကောင်ငါ့လိုကဗျာရေးတတ်ရင်ခက်မယ် ”

အေး ခက်မယ် ။

- အောင်ချိမ့် -
17
ကျွန်တော့်ဘဝမှာ
စိတ်ကြီးဝင်စရာ ဘာမှမရှိပါဘူး
ဒါပေမဲ့
သူမရဲ့အသံလေးကို
နားနဲ့ဆက်ဆက်ကြားရတဲ့အချိန်မျိုးမှာတော့
ကျွန်တော်ဟာ ဘဝမေ့တတ်ပါတယ် ။

~ မောင်သိန်းဇော်
14🍓1
တယ်လီဖုန်းမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး

တစ်ယောက်နဲ့တစ်ယောက် ချစ်တာ
အချစ် မပါတော့ဘူး။

*သုခမိန်လှိုင်
17💔7
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။

-လှသန်း
15😢3
ကမ္ဘာသာ
ဖြည်းဖြည်းလေး လည်ခဲ့ရင်
မင်းအနားမှာ အချိန်ကြာကြာရှိခဲ့ဦးမှာ ။

*ဂန္ဓမာ
💔125
ဒီနေ့ကားသမားက
အသည်းကွဲလာပုံရတယ်

လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်

ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏပြောနေရတယ်

ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံး အသည်းကွဲလာပုံရတယ်....။     ။

-မြကျေး
16
၀မ်းနည်းစရာဆိုတာ
ဆုံးရှုံးလိုက်ရမှမဟုတ်ပါဘူး
ကိုယ်သံယောဇဥ်ထားမိတဲ့လူက
ပေါ့ပေါ့တန်တန်ဆက်ဆံတဲ့အခါ
သူအလိုလိုဖစ်ပေါ်လာတတ်ပါတယ် ။

#အကြည်တော်
13
တကယ်ချစ်မိပြီဆိုရင်
ဆောင်းတွင်းမှာလည်း ငိုရတယ်
မိုးတွေရွာရင်လည်း ငိုရတယ်
နေပူကြီးထဲလည်း ငိုရတယ်။    ။

-မောင်ဆောင်းခ
16
ငါတို့နှစ်ယောက်ကြားကတိတ်ဆိတ်ခြင်းကို
ဘယ်စကားလုံးနဲ့ ပြန်အသက်သွင်းမလဲ။
မင်းကနေနိုင်တယ်၊ ငါကမနေနိုင်ဘဲ
နေနိုင်ချင်ယောင်ဆောင်တယ်။
တကယ့်ငရဲပဲ ။.....။

*လင်းမာအို
💔95
ခင်ဗျားဟာ
ဘာအတွက် ဒီသံသရာကို ရောက်ရှိလာခဲ့သလဲ
ကျွန်တော်ကတော့
ပန်းကလေးတွေကို ငေးဖို့သက်သက်
ရောက်ခဲ့ပါတယ်
မိုးထဲ လေထဲ ။ ။

*ပြည့်စုံဝင်း
*စိတ်ကူး - ၂
9
အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံးကန်းဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။

မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားတရားတွန်းရှာ
အဆုံးမှာ ကိုယ့်အမည်ကိုယ်ပြန်သတိရ
ဒီ့ထက်စိတ်ချရတာ ဘာရှိသေးလို့လဲ။

ဒီလိုနဲ့ သူဟာ
သီချင်းတွေကိုချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်

".... .... ..." ကိုချစ်ခဲ့တယ်။

- လှသန်း
11
“အခက်အခဲတွေကြားက
တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့။

ဘာမှမရှိတဲ့ ဘဝထဲကို
ဘာမှမကြည့်ဘဲ ဝင်ရဲတယ်ဆိုတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။

-ဂျူး
17
မပြည့်စုံသူတွေအတွက်
တစ်စုံတစ်ခုဟာ
ပြည့်စုံသူတို့ရဲ့အလုံးစုံထက်
ပိုတန်ဖိုးကြီးပါတယ်။

-ဖော်ဝေး
14
မင်းဘက်က ကြည့်ရင်
ငါက နေနိုင်တယ် နေတတ်တယ်
အဆင်ပြေ‌နေတဲ့ပုံပေါက်တယ်လို့ မြင်တယ်

တကယ်တမ်း ငါ့မှာ‌တော့
ဘယ်သူမှ မသောက်ပဲ
မီးညှိထားတဲ့ စီးကရက်တစ်လိပ်လို
လေတိုက်ရင်တောင် ပြာဖြစ်နေရတယ် ။

-ခွန်းသွေးသစ်
14
မပျော်တဲ့အလုပ်ခွင်ကနေ
မျှော်နေသူမရှိတဲ့
အခန်းကျဥ်းလေးထဲ
ပြန်ရတာလောက်
နာကျင်စရာရှိပါအုန်းမလား။

- လင်းမာအို
9😢1
ဝေးချင်ပြီဆိုမှဖြင့် မနီးအောင်နေပေးရုံပေါ့ အချစ်ရယ်
ဆန္ဒတွေမပါတဲ့အခါ
အသံကုန်ခြစ်အော်လည်း မကြားနိုင်တော့ဘူး မဟုတ်လား
တိတ်ဆိတ်ခြင်းဖြင့် မြတ်နိုးကြောင်းပြပါ့မယ်။

*ရိပ်ငြိမ်
6💔2